အမေကျော် ဒွေးတော်(ဒေါ်စုကြည်) မလွမ်းဖို့

ဒိ Post ကို ရေးလိုက်တာ မည်သူ့ ကိုမှ နစ်နာစေလိုတဲ့ ၊အပုပ်ချ စော် ကားချင်တဲ့ စိတ်မရှိပါဘူး ရည်ရွယ်ချက်မရှိပါဘူး ။ ကျွန်တော်ရဲ့ အမြင် ကို အမှန်တရားတွေနဲ့ ချိန်ဆပြီး ..ရေးလိုက်တာပါ ။ဒါဟာ ကျွန်တေ့် ရဲ့ စေတနာပါ ။

ကြက်မှာ အရိုး လူမှာအမျိုး အမျိုးစစ်မှ အမျိုးချစ်မည် ဆိုတဲ့ စကားရှိပါတယ်။ ဒါဟာ ရှေးပညာရှိတွေ ထားခဲ့တဲ့စကားပါ။ ခေတ်တွေ ဘယ်လို ပြောင်းပေမယ့် အမျိုးစစ်မှ အမျိုးချစ်မည်ဆိုတာက ဘယ်တော့ မှ ပြောင်းလဲမှာ အဟုတ်ပါဘူး ။ကျွန်တော်တို့ ရခိုင်မှာ ဆိုရင်လဲ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ စကားပုံတွေ အများကြီး ရှိပါတယ် ။

ဆွေစဉ်မျိုးဆက်ဇယား

အထက်မှာ ပါတဲ့ အတိုင်း မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပုဂံ မင်းသမီးတွေ ကနေ ဆင်းသက်လာ တဲ့ ဗမာစစ်စစ်တွေပါ။ ဒါပေမယ့် နိုဘယ်ဆုရှင် မြန်မာ့ ဒိမိုကရေစီ ခေါင်းဆောင် ဒေါ်ဒေါ်စု လက်ထက်ရောက်မှ ပဲ အသားက ဖြူစပ်စပ် နီကြောင်ကြောင် ၊ မျက်လုံး က စိမ်းဖန့်ဖန့် ၊ယဉ်ကျေးမှု၊ လူမျိုး ဗမာနဲ့ တူတာဆိုလို့ ဘာမှ ကို မရှိတဲ့ နိုင်ငံ ခြားသားကို လင်လုပ်သွားခဲ့ပါတယ် ။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ မြန်မာစကားပုံ ကို မှားတယ်လို့ ပဲဆိုရမှာ လား ၊ သူတို့ နှစ်ယောက်ဟာ အသွင်မတူ ပေမယ့် အကြံ တူလို့ အိမ်သူ ဖြစ်ခဲ့တာ လားဆိုတာကို တော့ ဒေါ်ဒေါ်စုပဲ သိမှာပါ ။ ဘာဘဲ ဖြစ်ဖြစ် နယ်ချဲ့ အင်္ဂလိပ်အစိုးရ ကို ဆန့်ကျင်တော်လှန်ခဲ့ တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ ရဲ့ မျိုးဆက်ဟာ မျက်နှာဖြူ တွေ ဖြစ်လာလိမ့် မယ်လို့ စိတ်ကူး ထည့်မှာတောင် ရှိခဲ့မှာ မဟုတ်ပါဘူး။ ဒေါ်ဒေါ် စု က ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုပြောခဲ့ဖူးတာ ရှိပါတယ်။ “ကျွန်မ သာ မြန်မာနိုင်ငံမှာ နေခဲ့ ရရင် ရှင်နဲ့တောင်ရရင်ရနေမှာ” လို့ ပြောခဲ့ပါတယ် ။ စဉ်းစား ကြည့် ရင် ဒေါ်အောင်ဆန်းစု ကြည်တို့ ရဲ့ ဘ၀ ဟာ သနားစရာကောင်းတာတော့ အမှန်ပါ။ အိုးချင်းထား အိုးချင်းထိ ၊ကြိုးချင်း ထား ကြိုးချင်း ငြိဆိုသလိုပါပဲ ။ ငြိစရာမရှိ ထိစရာမရှိလို့ မျက်နှာဖြူနဲ့ ပဲ ထိရ ငြိရ တဲ့သဘောပေါ့ ။ ကျွန်တော် တို့ ရွာမှာ နွားမျက်နှာကို ကြည့် ပြီးတနေကုန်အလုပ်လုပ်ကြ ရတဲ့ လူတွေရှိပါတယ် ။တကယ်လို့ အခြေအနေ မပေးရင် သူတို့ လဲ နွားတွေနဲ့ ထိရ ငြိရ မယ့်သဘောလား။

စော်ကားတယ်လို့ မထင်ပါနဲ့ စကားအသွးအလာရဲ့ သဘောကို ပြောပြတာပါ ။ ကိုယ့်အဖေ ရဲ့ ဂုဏ်ကိုတော့ ထောက်ခဲ့ ဖို့ သင့်ပါတယ်နော့။

ဒေါ်စုတို့ ဇနီးမောင်နှံ

ဗိုလ်ချုပ် နှင့် မြေး(ဒေါ်စုသား)

မြန်မာ့ ဒိမိုကရေစီခေါင်းဆောင် နှင့် ၄င်းသား မျက်နှာဖြူ ကလေးများ

ခေါင်းဆောင် တို့ မိသားစု

စာရေးဆရာ ချစ်စံဝင်းရဲ့ မျက်နှာဖြူနဲ့ ဗမာမလေးတစ်ယောက် ညားသွားတဲ့ “ရှက်ပြုံး” ၀တ္တူ ကို မြန်မာ ယဉ်ကျေးမှုနဲ့ မကိုက်ပါဘူး လို့ ရဟန်းရှင်လူ အပေါင်း ကန့် ကွက် ဆန့် ကျင်လိုက် ကြတာ တော်တော် လေး တသောသော ဖြစ်ခဲ့ ရပါတယ် ။ အခု မျက်နှာဖြူ အင်္ဂလိပ်ရဲ့ အမျိုးသမီးကိုမြန်မာ ပြည်သူတွေ ထောက်ခံနေကြတာ တော်တော် လေးကို အံသြဖို့ ကောင်းပါတယ် ။

ဒေါစုနှင့် မျက်နှာဖြူ ကလေးများ

ခေါင်းဆောင်းကြီး

အမေစု အမေစု ခေါ်နေတဲ့ ကျွန်တော်တို့ ခေါင်းဆောင်ကြီး

နိုင်ငံရေး သမားတွေ ဟာ ထောင်ကျတာ ကိုသိက္ခာထပ်တယ်လို့ ထင်နေကြပါတယ် ။ဘာလို့ လဲဆိုတော့ ထောင် တခါကျ ရင် နိုင်ငံရေး ပါဝါတခါတက်တယ် ဆိုပဲ။ ဟုတ်လဲဟုတ်လောက်ပါတယ် ။ ကျွန်တော် သိရသလောက် မြန်မာပြည်သူတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်လုပ်ပေး ခဲ့တာဆိုလို့ ဘာမှ မရှိ သေးပါဘူး ။ သူ့ကြောင့် နစ်နာ ခဲ့ရတဲ့ လူတွေပဲတွေ့ ဖူးပါတယ် ။ 1980 ကျော်လောက်မှာ မြန်မာ နိုင်ငံ ကိုရောက်ပြီး 88 ကျောင်းသားအရေး နဲ့တွေ့တော့ ပွဲလန့်တုန်းဖျာခင်းသွားတာ က ဒေါ်ဒေါ်စုပါ ။ ထောင်ထဲ့ ကို ၀င်လိုက်ထွက်လိုက်နဲ့ ပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေး ပါဝါတွေတက် .နိုဘယ်ဆုပါ ရသွားခဲ့ပါတယ် ။

ခေါင်းဆောင်ကြီး

ဒေါ်ဒေါ် စု

2008 ဖွဲ့ စည်းပုံကို ဆန့် ကျင်တာလဲ သူပါ။ အခု လွှတ်တော်အမတ်ဖြစ်ဖို့ လျှောက်လွှာတင်တာလည်းသူပါ။ မြန်မာ နိုင်ငံ ဘယ်လို ဖြစ်လာမလဲ တော့ မသိပါ ။ ရခိုင်ပြည်နယ်မှာ လဲ ALD ကရွေးကောက်ပွဲ ၀င်လာတော့မှာ ပါ။ 2010 မှာ မဲအပြတ်အသတ်နဲ့ နိုင်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) နဲ့ ဆိုရင် နှစ်ပါတီဖြစ်လာတော့ မှာ ပါ။ကြားနေရတာ ကတော့ ရခိုင်ပြည်နယ်မှာ ပါ NLD က ရုံးတွေ လာဖွင့်မယ် ပါတီဝင်တွေ စုဆောင်း ပါမယ်တဲ့။ ဒိလို ရခိုင်တွေ ဝေစုခွဲနေတာနဲ့တင် ဘေးနား မှာ ရှိတဲ့ လဒ က ၀င်အုပ် သွား မှာ ကို လဲ စီုးရိမ်ရပါတယ်။ အမေကျော် ပြီး ဒွေးတော် မလွမ်းကြပါနဲ့ ။
အချုပ်တန်းဆရာဖေ လည်းပြောခဲ့ပါတယ်

“အမေကျော် ဒွေးတော် လွမ်း
ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျို့ ”

ရခိုင်တွေ ဒွေးတော်လွမ်းလို့ ခွေးဖြစ်ရတဲ့ အကြိမ်ပေါင်းလဲ မနည်းတော့ ပါဘူး ၊ ဒိတစ်ခါ ဒွေးတော် လွမ်းမိရင်တော့ ခွေးဖြစ်စရာနေရာကို ရှိတော့ မှာ မဟုတ်ပါဘူး ။

အမျိုးစစ်မှ အမျိုးချစ်မှာ ပါ။ အမျိုးစစ်တဲ့ လူမှ အမျိုးအတွက်လုပ်ပေးနိုင်မှာ ပါ။ လုပ်ချင်တဲ့ စိတ်လည်း ရှိမှာပါ ။

ဒွေးတော်ကို မလွမ်းကြပါနဲ့ လို့ ။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s