ထောင်သားများ

ထောင်သားများ (၁ ၊ ၂၊ ၃၊ ၄၊ ၅၊ ၆)

အချင်းချင်း စကားပြောနေကြသည်။

၁ – ကျနော်က အလုပ်ထဲမှာ ပြတင်းပေါက်မှန်ရိုက်ခွဲမိလို့ဗျ။
၂ – ဘယ်လောက်ကျတုန်း။
၁ – ၁၀ နှစ်။
၂ – ဟ… များလှချည်လား။
၁ – များဆို။ အလုပ်က ရေငုပ်သင်္ဘောမှာလုပ်တာကိုး။ ဒါနဲ့ခင်ဗျားကရော..
၂ – ငါးမိုင်းခွဲပြီး ငါးခိုးဖမ်းမှုဗျ။
၁ – ဘယ်လောက်ကျတုန်း။
၂ – အနှစ် ၂၀။
၁ – ဟ…. များလှချည်လား။
၂ – ဖမ်းတုန်းကတော့ ငါးပဲဗျ။ မိုင်းလဲကွဲသွားရော ရေထဲက ရေငုပ်သမား ၄ ယောက် ပေါ်လာတယ်လေဗျာ…။ ဒါနဲ့ ဟိုတစ်ယောက်ကရော..
၃ – ကျနော်က စကားသိပ်မပီလို့ အလုပ်ထဲမှာ 1 နဲ့ 2 ကို မှားပြောမိလို့ အနှစ် ၃၀။
၂ – ဟ.. စကားမပီတာပဲ။ အလုပ်ထုတ်လိုက်တော်ရောပေါ့…။ ဘယ်မှာလုပ်လို့တုန်း။
၃ – ကျည်ဆန်ရထား လမ်းကြောင်းထိန်းချုပ်ရေးအခန်းမှာ။
၎ – ကျနော်က မှပိုဆိုးတာ။ နိုင်ငံ့အကြီးအကဲ ကြီးကို ၄ တန်းတောင်မအောင်ဘူးလို့ပြောမိလို့ အနှစ် ၄၀။
၁ – ဟုတ်လား။ ဘာလဲ အသရေဖျက်မှုလား။
၎ – မဟုတ်ဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု။
၅ – ကျနော်ကျတော့ အစိုးရကို ဝေဖန်တာ မဟုတ်ဘဲနဲ့ကျတာဗျ။
၎ – ဘယ်လောက်တုန်းဗျ။
၅ – အနှစ် ၆၀။
၃ – ခင်ဗျားဟာက လူ ၁၀၀ လောက်သေတဲ့အမှုတောင် အဲဒီလောက်မကျဘူး။ ဘာလုပ်မိလို့တုန်း။
၅ – အီးမေးလ် (၄) စောင်ပို့မိတာဗျာ။ Sim card ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် ဈေးကြီးတယ်ဆိုတာရယ်၊ အင်တာနက် နှေးတယ်ဆိုတာရယ်၊ ဖုန်းပြောခဈေးကြီးတယ်ဆိုတာရယ်။
၃ – ဘာအမှုနဲ့တုန်းဗျ။
၅ – အီလက်ထရောနစ်ဥပဒေအရ နိုင်ငံတော် စီးပွားရေးလျှို့ဝှက်ချက် ပေါက်ကြားစေမှုတဲ့။ ၄ စောင် ၄မှု ၁၅ x ၄ = ၆၀ နှစ်။
၃ – အော်.. ခင်ဗျားက မင်္ဂလာစုံတွဲပေါက်တာကိုး…။ ဒါနဲ့ ဒီတစ်ယောက်က ငြိမ်နေပါလား ဘာမှ ဝင်မပြောပါလား။ ဘယ်လောက်ကျတာတုန်း။
၆ – ဘယ်လောက်ရယ်တော့ အတိအကျမရှိပါဘူး။
၃ – ဟင်… တစ်သက်တစ်ကျွန်းလား။ ဘာမှုလဲ။
၆ – အွန်လိုင်းပေါ်မှာ ခိုးကူးတွေဖြန့်ချီမှုဗျ။ ငွေဒဏ်ဆောင်ခိုင်းတာ။ မဆောင်နိုင်လို့ ထောင်ထဲဝင်နေရတာ။
၃ – ဟာ.. ခင်ဗျားကလဲ.. ငွေဒဏ်က ဘယ်လောက်တောင်မို့လို့တုန်း။
၆ – ဒေါ်လာ ၅ ဘီလျံထဲပါဗျာ… (သန်း ၁၀၀၀ = ၁ ဘီလျံ)။ နောက် ၁ နှစ်လောက် နောက်ကျပြီးမှ ဝင်ရရင် ဆောင်နိုင်လောက်တယ်ဗျာ။ ဖမ်းမိတာ စောသွားတယ်ဗျာ.. တောက်.. ။
၁၊ ၂၊ ၃၊ ၄၊ ၅ – တိန်..

credit to Myanmar Jork

Advertisements

2 responses to “ထောင်သားများ

  1. ကောင်းပါတယ် အားပေးနေပါ ရေ

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s