ရှေးဟောင်း အမြောက် (၂) လက်၊ ဗမာပြည်သို့ ယူဆောင်ခြင်းကို ရခိုင်တပြည်နယ်လုံး ကန့်ကွက်သင့်

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံ အမြှောက်ဖြစ်ပါတယ်။ အဆိုပါ အမြှောက်နှစ်လက်ကို ၂၀၁၂ ခု မတ်လ ၇ ရက်နေ့က ကျောက်တော်မြို့နယ် ၀ဲကြီးချောင်းကျေးရွာ အနီး လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို မတ်လ ၉ ရက်နေ့တွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ကြေးဖြင့် ပြုလုပ်ထားသော အမြှောက်မှာ နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ သံအမြောက်မှာ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိ ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁၇ ၇ာစု ၁၈ ၇ာစုတွင် ပြုလုပ်ခဲ့ပြီး၊ ပေါ်တူဂီ၊ ဒတ်ခ်ျတို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော ရခိုင်ရှေးဟောင်း အမျိုးသားအမွေအနှစ် အမြှောက်များ ဖြစ်သည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ၀န်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား တန်းတူ အခွင့်အရေးနှင့် ဒိမိုကရေစီ စနစ်သို့ ကူးပြောင်း နေသည် ဆိုသော်လည်း တိုင်းရင်းသားလူမျိုးများမှာ ဗမာ အုပ်ချုပ်သူ များ၏ ကိုလိုနီဆန်ဆန် ဖိနှိပ် ချိုးနှိမ်မှု ဒါဏ်ကို ခံနေရဆဲ ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများမှာ လည်း ခေတ်အဆက်ဆက် ရာစုနှစ်ချီ ဗမာလူမျိုးများ၏ ဖိနှိပ် အုပ်ချုပ်မှု ၊ လူမျိုးရေး ခွဲခြားမှုနှင့် ရခိုင်တမျိုးသားလုံးနှင့် ဆိုင်သော ယဉ်ကျေးမှုအမွေအနှစ်များ ကို ဗမာပြည်သို့ ယူဆောင်ခြင်း ၊ ဖျောက်ဖျက်ပစ်ခြင်းများကို ခံနေရဆဲ ပင်ဖြစ်သည် ။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦး မြို့ ကို မ ပြုပြင် မထိန်းသိမ်း သည်သာမက မြောက်ဦးနှင့် တခြား ရခိုင်ပြည်အနှံ ရရှိသော ရခိုင်ရှေးဟောင်း အမွေအနှစ် အဖိုးတန် များသည်လဲ စာရင်းမရှိ အင်းမရှိ မှတ်တမ်းမှတ်ရာ မရှိပဲ ဖျောက်ဖျက် ခံနေကြရသည် ။ မြောက်ဦးနန်းတော်ရာ နှင့် တခြားရှေးသမိုင်း ၀င်နေရာများ ကို ပြန်လည်တူးဖေါ် လေ့လာရန်အကြောင်းပြပြီး ထူးဖေါ် ၍ ရသမျှသော ရွှေငွေ ပစ္စည်းများကို ဗမာပြည်သို့ အိတ်နှင့် လွယ် သယ်ယူသွားခဲ့ကြသည်။ ရခိုင်တို့ အတွက်ကျန်ရစ်ခဲ့သည်မှာ ကား( မြောက်ဦးနန်းတော်ရာ တွင် တခြားသမိုင်းဝင်နေရာများ) ဗမာနယ်ချဲ့တို့ သိုက်တူးသွားသော ရေမြောင်းများ၊ တွင်းများသာကျန်ရစ်ခဲ့သည်။

လူမျိုးတမျိုး၏ ယဉ်ကျေးမှု အမွေအနှစ်များကို ဖျောက်ဖျက်နေသည်မှာ လူမျိုးတမျိုး၏ သမိုင်း နှင့် ဇာတိမာန်ကို သေအောင်သတ်နေခြင်းသာ ဖြစ်ပါသည်။ ဗမာ ကိုလိုနီတို့ မည်သည့် အရာကို အလိုရှိ၍ ယခုကဲ့သို့ ပြုလုပ်နေရပါသနည်း ။ အဖြေက ရှင်းနေသည်။ ရခိုင်လူမျိုးတို့ ၏ ဇာတိမာန် ၊ ရခိုင်ဆိုသော လူမျိုးကို လက်စတုံးလုပ်လိုခြင်းသာ ဖြစ်သည်။
ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ ထိုယဉ်ကျေးမှုနှင့်ဆိုင်သော လူမျိုးတို့ ၏ လက်ဝယ်တွင်သာ ထားရှိသင့် ထိန်းသိမ်းသင့်သည် ဆိုသည်ကို သမ္မတသိန်းစိန် အစိုးရ မသိ၍လား ၊ ရခိုင်လူမျိုးတို့အား မှောက်လိုက မှောက် သွန်လိုက သွန် သူငယ်နှပ်စား များ အောက်မေ့၍ ယခုကဲ့သို့ ပြုလုပ်နေခြင်းလား ။ သေချာသည် က ပါးစပ်က ဘုရား..ဘုရား ..မြည်လျှက် ..သူများအိတ်ကို လာနှိုတ်သော လူမျိုးများသာဖြစ်သည်။

မောင်ဝိုင်းခေတ်တွင် ရခိုင်ပြည်မှ မဟာမြတ်မုနီ(ယခုမန္တလေးမဟာမုနီ)ဘုရားမှ သည် ရခိုင်ဘုရင်နန်းတော်တွင် အမိုးအဖြစ်သုံးသော မြောက်မြားလှစွာသော ကြေးပြားများ နှင့် တခြား ရခိုင်တွင် ရှိရှိသမျှသော အဖိုးတန် ပစ္စည်းများ ၊ ရခိုင်အတက်ပညာရှင် အသိပညာရှင်များ ၊ ကျမ်းဂန်တက် ရဟန်းတော်များ၊ ၊ ပိဋကတ် တော်များနှင့် တခြားမြောက်မြားစွာသော ရခိုင် ကျမ်းဂန်များ ၊ ကျန်းမာ သန်စွမ်းသော ရခိုင်လူငယ် များ စသည့် ပြော၍ မဆုံးနိုင်သော သက်ရှိ သက်မဲ့ ပစ္စည်းများကို ပြုန်းတီးအောင် ယူငင်သွားခဲ့ ပြီးဖြစ်သည်။ မြန်မာများ မော်ကြွားနေသည့် ကမ္ဘာတွင် တတိယအကြီးဆုံးဖြစ်သော ကြေးပိသာချိန်(၅၅၅၅၅)အလေးချိန်ရှိသော မင်းကွန်းခေါင်းလောင်းကြီးသည် ရခိုင်ဘုရင်နန်းတော်ကို ဖျက်ဆီး ပြီး ယူဆောင်လာသော နန်းတော်မိုး ကြေးပြားမျာဖြင့် သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ရခိုင်တို့ အတွက် အစားထိုးမရနိုင်သော ဆုံးရှုံး မှုများပင်ဖြစ်သည်။

ယခုတဖန် ရခိုင့် အမွေအနှစ် အမြောက်ကြီးနှစ်လက် ကို ဗမာပြည်သို့ ယူဆောင်ရန်ကြံ နေကြပြီ။ ပဒေသရာဇ် မောင်ဝိုင်း နှင့် ဒိမိုကရေစီ ဆိုသော ယနေ့ခေတ် မည်သည့်အရာက ထူးခြား ပြောင်းလဲသည်ဆိုသည် ကို မစဉ်းစားတက်တော့ပေ။ အရာရာကို သူတို့ လိုချင်သည် ၊ ဖျက်ဆီးချင်သည် ။ သူတို့ လိုချင်တိုင်း ရခိုင်သားများ ဒိအတိုင်းကြည့်ပေးနေမည် ဆိုလျှင် အဆုံးစွန်(ရိုင်းတယ်လို့မထင်ပါနှင့်) ကျွန်တော်တို့ ရခိုင်တွေ အီးအီးကုန်းစရာ တုတ်တံလေးတောင် ကျန်မှာ မဟုတ်ပါဘူး ဒိတိုင်း ကြည့်နေ၍ မဖြစ်ပါ။ ကျွန်တော့် အနေနဲ့ ရခိုင်အမွေအနှစ်ကို ဗမာပြည်သို့ ယူဆောင်ခြင်းကို အပြင်းအထန် ကန့် ကွက်ပါတယ် ။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s