ရယ်စရာလေးများ …

အရင်အတိုင်းဆိုလို့ 

တစ်ခါက အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီးနှင့် အဖွားကြီးတို့ မင်္ဂလာဆောင် တစ်ခုမှ ပြန်လာကြသည်။
နှစ်ဦးစလုံး လွန်ခဲ့ သော နှစ်ပေါင်းလေးဆယ်ကျော်က သူတို့ ဧ။် မင်္ဂလာဦးက အမှတ်တရ အဖြစ်အပျက်များကို
ငယ်မူပြန်လာကြသည်။
အိမ်ရောက်သော်……
အဖွားကြီး ။ ။ရှင်မှတ်မိသေးလား….အရင်တုန်းက အခွင့် အရေးရတိုင်းကျမပါးကို နေရာမလပ်နမ်းခဲ့ တာလေ…..။
ထိုအခါ အဖိုးကြီးသည် အဖွားကြီးကို တချက်စိုက်ကြည့် ပြီး ပါးကို နမ်းလိုက်သတဲ့ ….
အဖွားကြီး ။ ။ရှင်…မေ့ နေပြီလား၊ဟိုတုန်းက နမ်းရင်…ကျမကို ယုယုယယ ပွေ့ ဖက်ထားတတ်တာ….။
တခါ…အဖိုးကြီးသည် အဖွားကြီးအား…ပွေ့ ဖက်ထားလိုက်ပြန်ပါသတဲ့ …..
အဖွားကြီး ။ ။ရှင်….အရင်လိုမဟုတ်တော့ ဘူးနော်…..အရင်ကဆို….ပွေ့ ဖက်ထားရင်း ကျမရဲ့ ဂုတ်သားလေးတွေကို
မနာအောင် ဖွဖွလေး ကိုက်လေ့ ရှိတာ……
ထိုအခါ….အဖိုးကြီးသည် အဖွားကြီးအား ပွေ့ ဖက်ထားရာမှ ရုတ်တရက်လွှတ်ခါ……
အခန်းပြင်သို့ ထွက်သွားပါလေရော…..။အဖွားကြီးလည်း…နောက်မှလိုက်သွားကာ…..
အဖွားကြီး ။ ။ရှင်….ကျမကို စိတ်ကုန် နေပြီမဟုတ်လား…..
အဖိုးကြီး ။ ။ ခဏနပါအုန်းဟ…..အံကပ် ဘယ်ထားမိမှန်းမသိလို့ ရှာနေတာ……။

အမျိုးသား တယောက် စူပါ မားကတ် မှာ ဈေးဝယ်နေတုန်း အမျိုးသမီး တယောက်က လက်လှမ်းပြတာကို မြင်လိုက်တယ်..
အဲအမျိုးသမီးကို ကြည့်ပြီး ကြောင်နေတုန်း သူ့ကို ထပ်ပြုံးပြတယ်..

အဲဒါနဲ့ သူလဲ အနားကပ်သွားပြီး …
“ကျနော့် ကို သိလို့လား”
“ရှင်က ကျမ ကလေးတွေ ထဲက တယောက်ရဲ့ အဖေဖြစ်မယ် ထင်တယ်..”

သူ ပထမတော့ ကြောင်သွားတယ်..
နောက် ပြန်စဉ်းစားတော့ လွန်ခဲ့ တဲ့ နှစ် အနည်းငယ်တုန်းက အိမ်က မိန်းမ မသိအောင် သူ ဖောက်ပြန်ခဲ့ဖူးတာကို သွားသတိရလိုက်တယ်..

အဲဒါနဲ့ ဆက်မေးလိုက်တယ်..
“ဒါဆို ခု ကိုယ်တို့ ကလေးက ဘယ်အရွယ် ရောက်နေပြီလဲ ဟင်”

အမျိုးသမီးက သူ့ကို စေ့စေ့စပ်စပ် ပြန်ကြည့်ပြီး ပြောတယ်..
“ရှင် ဘာတွေ ပြောနေတာတုန်း .. ကျမ က ရှင့်ကလေး ရဲ့ အတန်းပိုင် ဆရာမ … လေ”

အင်ဂျင်ဝိုင် လဲပါ

တခါက အသက် (၈၀)ကျော်အဖိုးကြီးတဦး အမျိုသမီးငယ်လေး အားတွဲလျှက် ဆေးရုံထဲသို့ ဝင်လာဧ။် ။
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန် ။ ။မယုံနိုင်စရာပဲ…..အဘရယ်၊အဘအသက်အရွယ်နဲ့ ဒီလို………။
အဖိုးကြီး ။ ။ဘာမယုံစရာရှိလို့ လဲ ဒေါက်တာရယ်…..လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူး။
တနှစ်ခန့် ကြာသော်……..
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန်မှာ အလွန် အံ့အားသင့် စွာဖြင့်  ……..။
ဆရာဝန် ။ ။မယုံနိုင်စရာပဲ…..အဘရယ်၊အဘအသက်အရွယ်နဲ့ …….ဒုတိယအကြိမ်…ဘယ်လိုလုပ်……။
အဖိုးကြီး ။ ။ဒေါက်တာကို အရင်တခေါက်က ပြောဘူးတယ်မဟုတ်လား……လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူး။
နောက်တနှစ်ခန့် ကြာသော်……..။
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန်မှာ အလွန် အံ့အားသင့် စွာဖြင့် အဖိုးကြီးအားငေးကြည့် နေစဉ် ……..။
အဖိုးကြီး ။ ။ဒေါက်တာခု… ယုံပြီမဟုတ်လား……လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူးလို့ ။
ထိုအခါ……ဆရာဝန် စကားကြောင့် အဖိုးကြီးမှာ မူးမိုက်သွားပါသတဲ့ ။
ဆရာဝန် ။ ။အဘက အင်ဂျင်ကို တချိန်လုံးနှိုးထားပြီး အင်ဂျင်ဝိုင်လဲဖို့ မေ့ နေတယ်ထင်တယ်……ဒီတခါ ကလေးက အသားတော်တော်မဲတယ်…..တဲ့ .။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s