ရိုဟင်ဂျာဆိုသည်မှာ

ယခုတလော ပြည်ပသတင်းမီးဒီယာများးက “ရိုဟင်ဂျာ”ဆို သူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့် နေကြသည်။ ၎င်းတို့ကို “လှေစီးဒုက္ခသည်” များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီသွားရန် ပြင်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့ အပေါ် အကာ အကွယ် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။

ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း “ရိုဟင်ဂျာ” ဆိုသူတို့အပေါ် ဒေသ ခံရခိုင်အမျိုးသားတို့၏ အမြင်ကိုတင်ပြလိုပါသည်။

“ရိုဟင်ဂျာ” ဆိုသူတို့က မိမိတို့ကိုယ်ကို “မြန်မာတိုင်းရင်းသားများ” ဟုဆိုကြသည်။ အေဒီ (၇) ရာစုကပင် ရခိုင်ပြည်သို့ လာရောက်အခြေစိုက်ကြသော အာရပ်အနွယ်များဖြစ်သည် ဟုဆိုကြသည်။ သို့သော် ရှေးဟောင်းသမိုင်းများ၌ “ရိုဟင်ဂျာလူမျိုး”ဟူ၍ လုံးဝမတွေ့ရှိကြောင်း သမိုင်းပညာရှင် များကပယ်ချခဲ့ကြသည်။ ထိုဝေါဟာရသည် ဗြိတိသျှ ကိုလိုနီခေတ်၌ပင် မပေါ်သေးချေ။ ဗြိတိသျှ အစိုးရထုတ်ဝေခဲ့သော မှတ်တမ်းများ၌ မြန်မာနိုင်ငံသို့ ဗြိတိသျှခေတ်တွင် အိန္ဒိယနိုင်ငံသား (ဟိန္ဒူ၊ မူဆလင်)တစ်သန်းကျော် ဝင်ရောက်ခဲ့ကြသည်ဟု ဆိုထားသည်။ အိန္ဒိယသား မူဆလင်ဘခင်နှင့် မြန်မာဗုဒ္ဓဘာသာမိခင်တို့ပေါင်းသင်း၍ ပေါက်ဖွားလာသူများကို ဇာဗာဒီ(Zerbadee)များ(သို့) မြန်မာ မူဆလင်များဟု အမည်တပ်ခဲ့ကြောင်းတွေ့ရသည်။

ရခိုင်ဘုရင်တို့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်လာသော မူဆလင်များကို “ကမန်” ဟုတစ်မျိုး၊ ရခိုင်မူဆလင်ဟုတစ်မျိုး၊ ခွဲခြားအမည်တပ်ခဲ့ကြောင်း သန်းခေါင်စာရင်းများ၌ တွေ့ရသည်။ ထို့ပြင် ဗြိတိသျှခေတ်၌ပင် ၁၈၆၉ ခုစူးအက်တူးမြောင်းပွင့်ပြီးနောက် လယ်ယာမြေတိုးချဲ့စဉ်လယ်ယာ လုပ်သားအဖြစ် စစ်တကောင်းခရိုင်မှ တံခါးမရှိဓါးမရှိ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များက စစ်တကောင်းသားကျား (Chittagonian)ဟု အမည်ပေးခဲ့သည်။ ထိုအမည်ကို မစ္စတာစမတ်(R.B Smart,1917)နှင့် ဂျိန်းဘတ်စတာ(Jame Baxter,1939)တို့က ၎င်းတို့၏မှတ်တမ်းများ၌ သုံးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်ထိ “ရိုဟင်ဂျာ” ဟူသော ဝေါဟာရမပေါ်သေးချေ၊

မြန်မာနိုင်ငံလွတ်လပ်ရေးရစ၌ ရောင်စုံသူပုန် ထကြသောအခါ ရခိုင်အနောက်မြောက်ဘက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင်လည်း ဘာသာရေး အစွန်းရောက်သမားများက “မူဂျာဟစ်” (ကုလားသူပုန်) သူပုန်ထခဲ့ကြသည်။ မူဆလင်ပြည်နယ် တောင်းဆိုခဲ့ကြသည်။ ထိုသူပုန်တို့နှင့် အရပ်ရပ်မှလာရောက်ကြသော မူဆလင်ခေါင်းဆောင်များ ပူးပေါင်းပြီး မောင်တောမြို့ နယ်တောင်ပိုင်း အလယ်သံကျော်ကျေးရွာ၌ ၁၉၅၁-ခုနှစ်၊ ဇွန်လတွင် ညီလာခံကျင်းပခဲ့ကြသည်။ ထိုညီလာခံဆုံးဖြတ်ချက်အရ မြန်မာအစိုးရထံ အိတ်ဖွင့်ပေးစာရေးပြီး မူဆလင်ပြည်နယ် ဖွဲ့ပေးရေးအပါအဝင် တောင်းဆိုချက်အများအပြား တင်ပြခဲ့သည်။ ထိုစာ၌လည်း “မူဆလင်လူမျိုး” ဟူ၍သာသုံးနှုန်းခဲ့သည်။ “ရိုဟင်ဂျာလူမျိုး” ဟူ၍မသုံးနှုန်ခဲ့ခြင်းမရှိပါ။ “ရိုဟင်ဂျာလူမျိုး” ဟူ၍ မသုံးနှုန်းချေ။ ၁၉၅၁-ခုသြဂုတ်လ(၂၀)ရက်ထုတ် ဂါဒီယန်အင်္ဂလိပ်သတင်းစာ၌ “ရိုဝန်ညှာ” ဟူသော ဝေါဟာရကို စတင်သုံးစွဲခဲ့သည်။ ဘူးသီးတောင်ပါလီမန်အမတ် မစ္စတာအဗ္ဗဒူဂါဖားက ဆောင်းပါး တစ်စောင်ရေးပြီး မောင်တောနှင့် ဘူသီးတောင်မြို့နယ်များမှ မူဆလင်များမှ ရခိုင်ဝေသာလီခေတ် မဟာတိုင်းစန္ဒြားလက်ထက်ကပင် သင်္ဘာပျက်၍ရောက်လာသော အာရပ်အနွယ်များဖြစ်ကြောင်း၊ သမိုင်းလိမ်ရေး၍ တင်ပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ “ရိုဝန်ညှာ” “ရိုဟင်ဂျာ” ဝေါဟာရပေါ် ပေါက်လာပုံ သမိုင်းအစဖြစ်သည်။ ဤသမိုင်းလိမ်မှုကို ဂါဒီယန်သတင်းစာ၌ပင် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဖော်ဇံက ၁၉၅၁-ခု၊ စက်တင်ဘာလ(၆)ရက်၌ တုံ့ပြန်ချေပခဲ့သည်။ ထိုဆောင်းပါးကို ရခိုင်အမျိုးသားခေါင်းဆောင်ဦးဘစံက သမိုင်းလိမ်ဖြစ်ကြောင်း ဝေဖန်းပြီး ၎င်းတို့မှာ စစ်တကောင်သားများဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။

ဗြိတိသျှခေတ်၌ တံခါးမရှိဓါးမရှိ ဝင်ရောက်အခြေစိုက်ကြသော စစ်တကောင်းသား ဘင်္ဂါလီ တို့၏ဒဏ်ကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဒေသခံရခိုင်အများအကြီးအကျယ် ခံခဲ့ရ သည်။ စစ်အတွင်း ၁၉၄၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းဖြစ်၍ ဒေသခံရခိုင်များသေသူသေ၊ ပြေးသူ ပြေးဖြစ်ခဲ့ပြီး ထိုနယ်ကို စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များ ရာနှုန်းပြည့်အုပ်စိုးမိသွားသည်။ လွတ်လပ်ရေးခေတ်ဦး၌ မိမိကျေးရွာသို့ပြန်လာကြသော ရခိုင်တို့အား မူဂျာဟစ်သူပုန်များ မောင်းထုတ်ခဲ့သောကြောင့် ပြေးကြရပြန်သည်။ ရခိုင်ကျေးရွာ (၆၁)ရွာ ပြိုပျက်ခဲ့သည်။ ၁၉၄၂-ခုနှစ်ကာလ ရခိုင်ဒုက္ခသည်များနှင့် မူဂျာဟစ် သူပုန်ထသည့်ကာလ (၁၉၄၂-၅၈) ရခိုင်ဒုက္ခသည်များမှာ သိန်းချီရှိနေသည်။ ထို IDP များအရေးကို လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် လူ့အခွင့်အရေး ဆုံးရှုံးနေသော တိုင်းရင်းသားဒုက္ခသည် အစစ်အမှန်များ ဖြစ်သည်ဟုဆိုရပါမည်။ ထိုရခိုင်ဒေသခံတို့အား ဗြိတိသျှခေတ်၌ စစ်တကောင်းနယ်မှ တံခါးမရှိ ဓါးမရှိ ဝင်လာကြသော ဘင်္ဂါလီနယ်ချဲ့သမားတို့က အကြမ်းဖက် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု ဒေသခံရခိုင်များနှင့် အခြားတိုင်းရင်းသားမြို၊ သက်၊ ခမီး၊ ဒိုင်းနက်လူမျိုးစုအားလုံး အရေအတွက်မှာ မောင်တောမြို့နယ်၌ (၁၀%)ပင် မရှိချေ။ ဘူးသီးတောင်မြို့နယ်၌ (၁၅%)ခန့်သာ ကျန်တော့သည်။ ဤအခြေအနေမှာ ရခိုင်ဒေသခံတို့အတွက် ရင်လေးစရာဖြစ်လာသည်။ ဤသမိုင်းဖြစ်ရပ်မှန်များကို ပြင်ပသတင်းမီဒီယာများ လေ့လာတင်ပြသင့်သည်။ လူမသိသူမသိသော အမေ့ခံရခိုင်ရွာပုန်း ရွာရှောင် IDP များ၏ ခံစားချက်များကို မေးမြန်းစုံစမ်း၍ ကမ္ဘာ့မီဒီယာပရိသတ်အား အသိပေးသင့်သည်။ ထိုမီဒီယာ ပရိသတ်၏ ကရုဏာသတ်မူ၊ ကိုယ်ချင်းစာမူ ကိုရခိုင်ရွာပုန်း ရွားရှောင်များ ခံစားထိုက်သည်။ ယခု ပြောင်းပြန်ဖြစ်နေသည်။ ပြည်ပမီဒီယာ သတင်းထုတ်လွှင့် ချက်များ၌ “ရိုဟင်ဂျာ” အမည်ခံသူတို့သာ အဖိနှိပ် ခံဒုက္ခသည်များအဖြစ် ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် မီးမောင်ထိုးပြနေကြသည်။

ဒေသခံ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာများ “ရိုဟင်ဂျာ” အမည်ခံသူတိုထံ နှစ်ပေါင်း(၆၀)ခန့်ခြိမ်းခြောက်၊ အနိုင်ကျင့်၊ မောင်းထုတ်ခံခဲ့ရပုံများကိုမူ၊ တလုံးတပါဒမျှ မထုတ်လွင့်ခဲ့ကြဖူးချေ၊ ဤရခိုင်ရွာပုန်းရွာရှောင် ဒုက္ခသည်များကိစ္စ မှန်မမှန်ကို ဒေသခံ သတင်းထောက်များထံမှ တစ်ဆင့် စုံစမ်းသိရှိနိုင်ပါသည်။ ၎င်းဒုက္ခသည်တို့ မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးလာရခြင်း အကြောင်းရင်းကို စုံစမ်းကြည့်ပါက စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များကြောင့်ဖြစ်ကြောင်း၊ ထိုစစ်တကောင်းသားတို့မှာ အဖိနှိပ်ခံများမဟုတ်ပဲ လူ့အခွင့်အရေးအရေခြုံထထားသော တိုင်းရင်းသားအယောင်ဆောင် နယ်သစ်ချဲ့ထွင်သူများသာဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်ဟု ယုံကြည်ပါသည်။

“ရိုဟင်ဂျာ” အမည်ခံ သူတို့အား “နယ်သစ်ချဲ့ထွင်သူများ”ဟု သုံးနှုန်းခဲ့ခြင်းမှာ စာရေး ဆရာကြီး မောင်ထင်နောက်သို့လိုက်၍ သုံးနှုန်းခြင်းသာဖြစ်ပါသည်။ ဆရာကြီးမှာလွတ်လပ်ရေးရစ၌ ရခိုင်တိုင်းမင်းကြီးအဖြစ် အမူထမ်းခဲ့ဖူ၍ ရခိုင်ဒေသအခြေအနေကို ကောင်းစွာသိသူဖြစ်သည်။ ဆရာကြီးက “ရခိုင်ပြည်နယ်အစီရင်ခံစာ” ၌”စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ဝါဒသည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့် ကုလားပန်ဇင်း မြစ်ဝှမ်းဒေသတို့ကို နယ်မြေသစ် အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ဝါဒဖြစ်သည်”ဟု ရေးခဲ့သည်။ (မြဝတီ ၁၉၆၀ ဇူလိုင်) မှန်ပါသည်။ သူတို့နယ်ကြခြင်းသာ ကိုယ့်ရပ်ကိုယ့်ရွာများမှ အသက်လု ထွက်ပြေးလာကြရသည်။ ယခု မောင်တောနှင့်ဘူသီးတောင်မြို့နယ်များကို သူတို့လူဦးရေး လွှမ်းမိုးမူကို လက်နက်သဘွယ် အသုံးပြု၍ မြန်မာအစိုးရ အဆက်ဆက်ထံ “မူဆလင်ပြည်နယ်” ထူထောင်ပေးရန် ၎င်းတို့တောင် ဆိုခဲ့ကြသည်။ မူဂျာဟစ် သူပုန်ထခဲ့ကြသည်။ RIF, RSO အစရှိသော မြေအောက်အဖွဲ့အစည်းများ ထူထောင်၍ မြန်မာအစိုးရကို အမြဲတမ်းအနှောင့်အယှက် ပေးခဲ့ကြသည်။ ၎င်းတို့၏ ခြိမ်းခြောက် မူကြောင့် ဒေသခံတို့မှာ ကျီးလန့်စာစားဖြစ်နေရသည်။ ၁၉၈၈-ခု၊ မေလ(၁၃)ရက်နေ့၌ မောင်တောမြို့ ပေါ်ရှိ ရခိုင်ဗုဒ္ဓဘာသာတို့အား အကြမ်းဖက် သုတ်သင်ပစ်ရန် “ရိုဟင်ဂျာ” အမည်ခံသူ မူဆလင်တို့ အားထုတ်ခဲ့ကြသေးသည်။ လုံထိန်းတပ်က ကာကွယ်ကယ်တင်ခဲ့၍သာ အသက်ဘေးမှသီသီလေး လွတ်မြောက်ခဲ့ကြသည်။ ဤဖြစ်ရပ်ကိုကြည့်”ရိုဟင်ဂျာ”တို၏အန္တရာယ်မည်မျှကြီးကြောင်းမှန်းဆနိုင်သည်။

“ရိုဟင်ဂျာ”အမည်ခံသူတို့၏ အန္တရာယ်မှာ ဒေသခံ (ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်) တို့နှင့်သာဆိုင်သည်ဟုမမြင်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား အားလုံးနှင့်ဆိုင်သော”ဘုံပြဿနာ” ဖြစ်သည်ဟု မြင်ဖို့လိုပါသည်။ သို့မဟုတ်ပါက ထိုဒေသမှာ “ရိုဟင်ဂျာ”အမည်ခံတိုင်းရင်းသားအယောင်ဆောင် ဘင်္ဂါလီမူဆလင်တို့၏ လူဦးရေဆူနာမီလှိုင်းတံပိုး များအောက်၌
စုံးစုံးမြုပ်သွားမည်မှာသေချာသည်။ ထိုအန္တရာယ်ကြီးကို ညီအစ်ကို တိုင်းရင်းသားအပေါင်း လက်တွဲဟန်ံတားနိုင်ပါမှ ၎င်းတို့၏ နယ်သစ်ချဲ့ထွင်မူကို ကာကွယ်နိုင်မည်ကြောင်း တင်ပြရပါသည်။

ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်းမှကူးယူဖော်ပြသည်

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s