ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦး ဘင်္ဂလီကုလားများ၏ တိုက်ခိုက်ခံရ

ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်တစ်ဦး ဘင်္ဂလီကုလားများ၏ တိုက်ခိုက်ခံရ (3-9-2012) ၂-၉-၂၀၁၂နေ့တွင် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအုပ်စု၊ ပြင်ရှည်ကျေးရွာနေ ရခိုင်တိုင်းရင်းသူ မရီရီသန်း (အဘ)ဦးစံကျော်လှ၊ အသက်(၁၆)နှစ်သည် အစ်ကိုဖြစ်သူ မောင်ကျော်သန်းလှိုင်နှင့် မောင်ဖြစ်သူ မောင်ကျော်နိုင်ဌေးတို့နှင့်အတူ ဧရာသျှကျေးရွာသို့ ဟင်းသီး ဟင်းရွက်များ သွားရောက်ဝယ်ယူခဲ့ကြပြီး အပြန်တွင် အုတ်တောင်ရွာအနီး၊ ဘုန်းတော်ကြီးကျောင်း ဟောင်းနေရာသို့ အရောက်တွင် ကုလား(၂၀)ဦးခန့် စုဝေးနေကြသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၎င်းကုလားများ၏ အမူအရာမှာ ပုံမှန်မဟုတ်သဖြင့် မရီရီသန့်သည် ရှေ့တွင်ရောက်နေသည့် အစ်ကိုဖြစ်သူကို မှီရန်အတွက် ခြေလှမ်းကို ခပ်မြန်မြန်လှမ်း၍ လိုက်နေစဉ် ကုလားတစ်ဦးက ဟစ်အော် ပြေးလိုက်လာကာ ဒါးဖြင့် နောက်ကျောကိုခုတ်လိုက်ရာ လွယ်လာသော ဟင်းရွက်ထည့်ပလိုင်းကို ခုတ်မိသဖြင့် ချော်လဲကျသွားခဲ့သည်။ နောက်ထပ်, ထပ်မံခုတ်သဖြင့် ဝဲဘက်ခြေဖနောင့်ကို ခုတ်မိသွားခဲ့ပြီး ခြေဖနောင့်ကြောပြတ်ရှဒဏ်ရာရရှိခဲ့သည်။ ညီမဖြစ်သူ၏ အော်သံကြားရသဖြင့် အစ်ကိုဖြစ်သူက ညီမဖြစ်သူကို ကူညီရန်ပြေးလာခဲ့ပြီး မောင်ဖြစ်သူက ကျေးရွာသို့ ပြေးကာအကူအညီတောင်းခံသဖြင့် ကျေးရွာသားများထွက်လာခဲ့ရာ ကုလားများထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်ကို ဘူးသီးတောင်မြို့နယ်၊ ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတို့သို့ တင်ပြအကူအညီတောင်းခံခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ လာရောက် စုံစမ်းစစ်ဆေးပြီး ကုလား(၅)ဦးကို ဖမ်းဆီးရမိခဲ့သည်။ ယခုအခါ မရီရီသန်းကို ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် တင်ပို့ကုသပေးထားလျှက် ရှိသည်။

ဆေးရုံရောက်နေသော မရီရီသန်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဇွန်လ (၈)ရက်နေ့ အရေးအခင်း နောက်ပိုင်းတွင် ဘင်္ဂလီတို့က ဒေသခံရခိုင်တိုင်းရင်းသားများကို နေရပ်ဒေသများကို စွန့်ခွာထွက်ပြေးစေရန် ရည်ရွယ်လျှက် နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်တိုက်ခိုက်ခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ယခုဖြစ်စဉ်သည် သီတင်း နှစ်ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၂၅-၈-၂၀၁၂နေ့တွင် ဘူးသီးတောင်မြို့နယ် ကင်းချောင်းကျေးရွာမှ ဦးထွန်းရွှေလှိုင် အသက်(၄၀)နှစ်ကိုလည်း ကုလားများ သတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ရသည်။ ယခုကဲ့သို့ တိုက်ခိုက်သတ်ဖြတ်ခံရမှုများကြောင့် ဒေသခံ တိုင်းရင်းသားများမှာ နေ့စဉ်ပုံမှန် စားဝတ်နေရေး ကိစ္စများကိုပင် ဆောင်ရွက်နိုင်ခြင်း မရှိတော့သဖြင့် အကြပ်အတည်းဖြင့်ရင်ဆိုင်နေကြရပါသည်။

မရီရီသန်းနှင့်မိခင်ဖြစ်သူ

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s