ရခိုင်ဒေသနှင့် အမ်ဂျီအို(အပိုင်း ၁)

ကမ္ဘာနိုင်ငံများထဲ့တွင်ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံပါ။ ပညာရေး၊စီးပွားရေး၊ ကျန်းမာရေး၊ စတဲ့နယ်ပယ်အသီးသီးမှာ ဆိုးရွားနိမ့်ကျလျက်ရှိပါတယ်။ ဒိလိုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံကို UN/NGOs အဖွဲ့တွေက ကျန်းမာရေးအကူအညီတွေ၊ ပညာရေးအကူအညီတွေ အဘက်ဘက်က ထောက်ပံကူညီ နေကြတာဟာ အလွန်ကျေးဇူးတင် ၀မ်းမြောက်စရာကောင်းပါတယ်။

ဒိလိုကျေးဇူးတင်စရာကောင်းတဲ့ UN/NGO တွေကို ရခိုင်ဒေသမှာ ကန့်ကွက်မှုတွေ ၊မကျေမနပ်ဖြစ်မှုတွေ တိုးပွားလာတာကို တွေ့ရပါတယ်။ ဒါတွေဟာ ဘာကြောင့်လဲ ဆိုတာကို သုံးသပ်အဖြေရှာဖို့လိုလာ ပါပြီ။
ရခိုင်ပြည်နယ်မြို့နယ် (၁၇)မြို့နယ်ရှိတဲ့အထဲ့မှာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စတဲ့မြို့(၃)မြို့မှာ UN/NGO တော်တော်များများဟာ အခြေချ လုပ်ငန်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မောင်တောမြို့မှာဆိုရင် UN/NGO တွေရဲ့ ဌာနချုပ်လို့ ဆိုရလောက်အောင်ကို UN/NGO အဖွဲ့တွေ များလှပါတယ်။

NGO နဲ့ ပတ်သက်ပြီး ရခိုင်ဒေသခံ လူငယ်တစ်ဦး ကိုမေးမြန်းခဲ့ပါတယ်။ သူက “ကျွန်တော်က NGO တွေကို တော်တော် စိတ်ကုန်နေပါပြီ။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ဘူးသီးတောင်-မောင်တော ဒေသမှာ အလုပ်အကိုင်ကတော်တော် ရှားပါတယ်။ Company တွေလဲ မရှိဘူး၊ အစိုးရအလုပ်ရဖို့ ကလဲတော်တော်ခက်တော့ ၊အမ်ဂျီအို တွေမှာ များ ရမလားဆိုပြီး ကြီုးစား ခဲ့ပါတယ်။ ရုံးတွေကို ချောင်းပေါက်အောင်သွားပြီး ကိုယ်နဲ့ ကိုက်တဲ့ အလုပ်ခေါ်သမျှကို လိုက်လိုက်လျှောက်တာ ( ၂-၃) နှစ်အတွင်းမှာ အကြီမ် ၆၀ ထက်မနည်းလျှောက်ခဲ့တယ်။
ACF ရုံးမှာတစ်ခါ လျှောက်တုန်းက ဆိုရင် သူတို့ရဲ့ (Vacancy Announcement) အလုပ်ခေါ်စာမှာပေါ့ computer တက်ရမယ် ဆိုပြီးပါတယ်။ ကျွန်တော်က ကိုယ်လဲ computer တက်တော့ ရမလားဆိုပြီး မျှော်လင့်ချက်လေးနဲ့ လျှောက်လိုက်တာပါ။ ဘာရမလဲ အင်တာဗျုးလေးတောင်မပါပါဘူး ၊ ခန့်လိုက်တာက တောထဲ့က ဘင်္ဂလီ လူမျိုးကို ခန့်လိုက်တယ်။ computer ဆို မြင်တောင် မမြင်ဖူးတဲ့လူကို ခန့်တာ။ သူ့တို့ ရဲ့အလုပ်ခေါ်စာမှာပါတဲ့ essential requirement နဲ့ သူတို့ခန့်တဲ့လူ ရဲ့ qualification က ဘာမှကို မဆိုင်ဘူး။

NGO မှာအလုပ်တွေလျှောက်တိုင်း ကုလားစကားမကျွမ်းကျင်လို့ မခန့်တာနဲ့၊ အင်္ဂလိပ်စာ မကောင်းလို့ မခန့်တာနဲ့ ၊အတွေ့ အကြုံမရှိလို့ မခန့်တာနဲ့ မခန့်တဲ့အကြောင်းပြချက်တွေက တော်တော်များပါတယ်။ နောက်တော့ အမ်ဂျီအို မှာ အလုပ်လျှောက်ရမှာကို စိတ်ပျက်လာတယ် လှည့်ကို မကြည့်တော့ဘူး။နောက်ဆုံးကျွန်တော် နားလည်လိုက်တာက ဒိ NGOs တွေက ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက်လာတာမဟုတ်ဘူး ၊ တိုင်းရင်းသားတွေကို ခန့်တယ် ဆိုတာက မခန့်မဖြစ်တဲ့ နေရာတွေ ဥပမာ ဆရာဝန်တွေ၊ နာစ်တွေ၊ ကျွမ်းကျင်ပညရှင်တွေ အဲ့လိုမျိးတွေမှ ခန့်တာ။ အဲ့လို ကျွမ်းကျင် ပညာရှင်တွေက လဲ ရန်ကုန်ဘက်က လာတဲ့လူများပါတယ်။ ကျနော်တို့ ဒေသခံရခိုင်တွေ ကို ခန့်တယ်ဆိုတာက ရုံးတစ်ရုံးရဲ့ ၀န်ထမ်းအင်အားရာခိုင်းနုန်းနဲ့ တွက်မယ်ဆို ရင်တော်တော် နည်းပါတယ် ”။ ရခိုင်လူငယ်လေးက ရင်ဖွင့် ပြောပြခဲ့တာပါ ။

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်ဒေသမှာရှိတဲ့ NGO တွေအလုပ်တွေရပ်နားထားပါတယ်။NGO တွေဟာ ရခိုင်နဲ့ ဘင်္ဂလီ ကို ခွဲခြားပြီးဆက်ဆံတယ် ၊ ဘင်္ဂလီ ကို မျက်နှာသာပေးတယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ခုလက်ရှိ အမ်ဂျီအိုမှာ လုပ်နေဆဲ အမ်ဂျီအို ၀န်ထမ်းတစ်ဦး ကိုမေးမြန်းခဲ့ပါတယ်။

သူပြောပြတာက “ အဖွဲ့အစည်းတွေမှာတော့ rule and regulation ဆိုတာရှိပါတယ် ။ သူတို့ပြောတာတော့ အလုပ်သမား ၀န်ကြီးဌာန နဲ့ ညှီနှိုင်းပြီး ရေးထားတာတဲ့။ ဟုတ်မဟုတ်တော့ ကျနော်လဲမသိဘူး။ တရုံးနဲ့ တရုံး ပုံစံတွေက တော့အမျိုးမျိုးပဲ။ အလုပ်သမားချင်းအတူတူ ရခိုင်တွေနဲ့ ဘင်္ဂလီတွေ ခံစားခွင့် တွေတော့ ကွဲပါတယ်။ ဥပမာ -ဘင်္ဂလီတွေ အတွက် သောကြာနေ့ ဗလီတက်ဖို့ အတွက် ACF ရုံးမှာဆို ရင် ၁၂း၃၀ ကနေ ၂း၃၀ ထိ၊ တခြားရုံးတွေမှာ ၁၂း၃၀ ကနေ ၂း၀၀ ထိ သူတို့ ဗလီတက်ဖို့ အတွက် ရုံးချိန်ကို သတ်မှတ်ပေးတယ် ။တချို့ ရုံးတွေမှာဆို ရုံးထဲ့မှာကို ဗလီတက်ဖို့ သီးသန့်အခန်းလုပ်ပေးထားတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဗုဒဘာသာတွေအတွက် ၀ါတွင်း ၃ လ တစ်ပတ်တစ်ခါ ဥပုဒ်နေ့တွေမှာ တစ်ရက်လုံး ဥပုဒ် သိလ ဆောက်တည်ဖို့ မပြောနဲ့ သီလယူဆောက်တည် ဖို့ ၁နာရီ အချိန်နည်းနည်းလေးတောင် လုပ်ပေးထားတာမရှိပါဘူး။ကျွန်တော် ဖြစ်စေချင်တာက ဥပုဒ်နေ့မှာ မနက်စောစော ဘုန်းကြီးကျောင်းကို သွား (၅)ပါးသီလဆောက်တည်ပြီးရင် ၉ နာရီလောက်ဆို ကျနော်တို့ ရုံးပြန်တက်လို့ ရပါတယ်။ဘင်္ဂလီတွေကျ တစ်နှစ်ပတ်လုံး အတွက်လုပ်ပေးထားပြီး ကျနော်တို့အတွက် ၀ါတွင်း ၃ လမှာ တစ်ပတ် ၁ နာရီလောက်ကလေးကို တော့လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။
နောက်ပြီး အမ်ဂျီအို အဖွဲ့တော်တော်များများမှာ ရုံးအတွင်းမှာ ဖြစ်ဖြစ်၊ ၀န်ထမ်းအိမ်မှာ ဖြစ်ဖြစ် ဘင်္ဂလီတွေ ရှိတဲ့ နေရာတွေမှာ ၀က်သားမစားရဘူးလို့ ပိတ်ပင်ထားပါတယ်။ ၀က်သားစား လို့ နိုင်ငံခြားသားနဲ့ ကွိုင်တက်တဲ့ ၀န်ထမ်းတွေလဲ အများကြီးပါ။ အစားမတော်လို့ အလုပ်ပါအဖြုတ်ခံရပါတယ်။နောက်ပြီး ကုလားကို ကုလား လို့ မခေါ်ရပါဘူး၊ မူဆလင်လို့ ခေါ်ရတယ် .။ကုလားလို့ခေါ်ရင် ပြသနာတက်တော့တာပဲ။လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ ပုဒ်မနဲ့ပေါ့။ မွေးကတည်း ကဒိဒေသမှာ ကုလားလူမျိုး ကုလားလို့ပဲခေါ်လာတာပဲ။ မူဆလင်လူမျိုးဆိုတာ ကြားတောင်မကြားဖူးဘူး။ ဒါပေမယ့် ngo မှာသက်ဆိုးရှည်ချင်တယ် ဆိုရင်တော့ ကိုယ် မကြားဖူးတဲ့ မူဆလင်ဆိုတဲ့ လူမျိုးကို လဲနူတ်ကျိုးအောင် ခေါ်တက်ရပါမယ်။ မဟုတ်ရင် ..။ တိုင်းရင်းသား ၀န်ထမ်းတွေက တော့ အားလုံးကို ကြောက်နေရတာပါပဲဗျာ။ရခိုင် လူမျိုးတွေ က ဘင်္ဂလီကို discrimination လုပ်တယ်လို့ အမ်ဂျီအိုက နိုင်ငံခြားသားတွေ က ပြောတယ် ၊ တကယ်တမ်း discrimination လုပ်ခံနေရတာ က ရခိုင်တွေပါ။
(ဆက်လက်ဖေါ်ပြပါမည်)

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s