ဘူးသီးတောင်မြို့နယ်တွင် ရုပ်ပွားတော်တစ်ဆူ ဖျက်ဆီးသူအား ဖမ်းဆီးရမိ

ဘူးသီးတောင်
ရက်စွဲ- ၂-ဒီဇင်ဘာ၊ ၂၀၁၂
ngalone.wordpress.com (1)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊
ရေချမ်းပြင်ရွာရှိ၊ ပွိုင့်(၁၀၃) ဗုဒ္ဓရုပ်ပွါးတော်၏ လက်ဝဲဘက်နှင့်
လက်ယာဘက်လက်ချောင်းတော်များ (၁-၁၂-၂၀၁၂)နေ့တွင်
ချိုးဖဲ့ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးသူကို ချက်ချင်း ဖမ်းဆီးရမိပြီး
စစ်ဆေးအရေးယူလျှက်ရှိပါသည်။
ngalone.wordpress.com (2)

ဖြစ်စဉ်မှာ ၁-၁၂-၂၀၁၂ နေ့ ညနေပိုင်းတွင် ရေချမ်းပြင် ကျေးရွာအနီး၊
တောင်ကုန်းတစ်ခုပေါ်တွင် တည်ထားသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို
ကင်းတောင်အုပ်စုနေ လာလူး (ဘ) ဆီဒိက်အာမက်က ရိုက်ပုတ်ဖျက်ဆီးနေသည်ကို
တွေ့မြင် ရသည့် ရေချမ်းပြင်ရွာနေ အာမိန်နာခါတူ (ဘ) အဘူတာလေက
အရပ်လူကြီးများနှင့် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့ ထံသို့ သတင်း
ပေးပို့ခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့ ဆက်လက်
သတင်းပေးပို့ တိုင်ကြားခဲ့သည့် အမှုဖြစ်သည်။
၎င်းကိစ္စကို လုံခြုံရေးတာဝန်ရှိသူ အရာရှိတစ်ဦးက “ကျွန်တော်တို့ ဒီကိစ္စကို
သတင်းရလျှင်ရချင်း ကျူးလွန်သူကို ချက်ချင်းရှာဖွေပြီး
ဖမ်းဆီးရမိခဲ့ပါတယ်။ ဘူးသီးတောင်မြို့မ ရဲစခန်းကို တရားခံကို
လွှဲပြောင်းပေးပြီး ဖြစ်ပါတယ်။ လိုအပ်သလို စစ်ဆေး အရေးယူ သွားပါမယ်။” ဟု
ပြောပြပါသည်။
ဘူးသီးတောင်မြို့နယ်တွင် ဆင်းတုတော်များ ဖျက်ဆီးခံရခြင်းတို့
မကြာခဏဖြစ်ပေါ်လေ့ရှိပြီး နိုဝင်ဘာလ အတွင်းကလည်း သပြေတောကျေးရွာတွင်
ဆင်းတုတော်တစ်ဆူ ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပြီး အဖြစ်မှန်ကို
စုံစမ်းဖေါ်ထုတ်နေဆဲ ဖြစ်သည်။
ngalone.wordpress.com (3)
ngalone.wordpress.com (5)ngalone.wordpress.com (4)

ဆင်းတုတော်များ ဖျက်ဆီးခံနေရခြင်းနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့
သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တသောမက “ဒီလိုဆင်းတုတော်တွေ
ဖျက်ဆီးခံနေရတယ်ဆိုတာ ဘာကြောင့်လဲ၊ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ
ကျူးလွန်နေသလိုဖြစ်တယ်၊ နောက်ကွယ်က ဒီလိုလုပ်အောင်
တိုက်တွန်းနေတဲ့သူရှိနေသလားလို့လဲ သံသယဖြစ်မိပါတယ်၊ ဒါကြောင့်
ဦးဇင်းတို့အနေနဲ့လဲ ဒီကိစ္စကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို
စုံစမ်းဖေါ်ထုတ်ဖို့၊ ထိထိရောက်ရောက်အရေးယူပေးဖို့
တိုက်တွန်းနှိုးဆော်ထားပါတယ်” ဟုမိန့်ကြားပါသည်။
အမှုကို ပဏာမစုံစမ်းစစ်ဆေးခဲ့သူ အရာရှိတစ်ဦးကလည်း “ ဒီကိစ္စကို
စုံစမ်းသိရှိထားသလောက်တော့ အခုကျူးလွန်သူနဲ့ ရေချမ်းပြင်ရွာနဲ့
အချင်းချင်း ပြဿနာရှိထားတယ်၊ ဒါကြောင့် ကျူးလွန်သူက ဒီရုပ်ပွါးတော်ကို
ဖျက်ဆီးရင် အနီးဆုံး ရေချမ်းပြင်ရွာမှာ စုံစမ်းစစ်ဆေးတာတွေ
ရှိလာလိမ့်မယ်၊ သံသယရှိသူတွေကို ခေါ်ယူမေးမြန်းတာတွေလုပ်လာလိမ့်မယ်၊
ဒီရွာသားတွေ အခက်အခဲဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်တယ်လို့သိရပါတယ်။ ” ဟု
ရှင်းပြပါသည်။ လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် ယခုကိစ္စကို
အခြားနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာအောင် ကြိုးပမ်း ဆောင်ရွက်
နေလျှက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကိုလည်း ထိရောက်စွာ
အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံပြောပြခဲ့ပါသည်။
တရားခံကို ယခုအခါ ဘူးသီးတောင်မြို့မရဲစခန်းမှ (ပ)၁၆၅/၂၉၅(က)/၅၀၄ ဖြင့်
အမှုဖွင့်အရေးယူထားပြီး ၎င်းတရားခံမှာ ယခင်က
ပြစ်မှုဟောင်းများကျူးလွန်ထားရှိခဲ့ဖူးသဖြင့်
အလိုရှိနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါသည်။
ယခုဖျက်ဆီးခံရသော ဗုဒ္ဓရုပ်ပွားတော်မှာ ပလ္လင်တော်ပါ ဉာဏ်တော်
ရှစ်ပေခန့်ရှိသော ရုပ်ပွါးတော်ဖြစ်ပြီး ၁၉၉၄ခုနှစ်တွင် လေးမြို့ နစက
စခန်းမှ ဝန်ထမ်းများ ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်းဘုရားတစ်ဆူဖြစ်၍
နစခကစခန်းမှူး ဗိုလ်ကြီး အောင်သွင်ဦးနှင့် နစကတပ်ဖွဲ့ဝင်များ
ပြုပြင်တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားတောင်ကုန်းမှာ သရက်ပြင်အုပ်စု၊
ရေချမ်းပြင်ရခိုင်ရွာနှင့် ရေချမ်းပြင်မူဆလင်ရွာကြား လမ်းအနီးတွင်
ပွိုင့်-၁၀၃ တောင်ကုန်းပေါ်တွင် တည်ထားခြင်း ဖြစ်သည်။
၎င်းကျေးရွာအနီး စိုင်းတင်ချောင်း အနောက်ဘက်ကမ်း၊ ဒုံးသိမ်ကျေးရွာတွင်
ရခိုင်/မြန်မာသက္ကရာဇ် (၁၀၇၂)ခုနှစ်တွင် ဘုရင်စန္ဒဝိဇယရာဇာ၏သားတော်၊
ဒုံးညိုမင်းသားတည်ထားခဲ့သော ဒုံးသိမ်ပုထိုးတော်ကြီးတည်ရှိ၍
အနီးပတ်ဝန်းကျင်တွင် စေတီဟောင်းများ၊ သိမ်ရာဟောင်းများ၊
ယခုထိတွေ့မြင်နိုင်ပြီး ရခိုင်သမိုင်းဝင် နေရာများဖြစ်ပါသည်။
ယခုရေချမ်းပြင်ရွာရှိ ရုပ်ပွါးတော်သည်လည်း ၎င်းခေတ်ကပင် တည်ထားသည်ဟု
ခန့်မှန်းကြပြီး ၎င်းတောင်ကုန်းတွင် စေတီဟောင်းတစ်ဆူ၏ ဖိနပ်တော်အဝန်းကို
တွေ့မြင်နိုင်ပါသည်။
ထို့အပြင် တောင်ကုန်းသည် သရက်ပြင်ရခိုင်ရွာမှ အတန်ငယ် အလှမ်းကွာနေပြီး
ထိန်းသိမ်းစောင့်ရှောက်မည့် ဂေါပကအဖွဲ့ မရှိကြောင်းလည်း သိရှိရပါသည်။
ယခုအခါ ၎င်းရုပ်ပွါးတော်ကို လေးမြို့နစကစခန်းမှ စခန်းမှူးဦးဆောင်ပြီး
ပြန်လည်ပြုပြင် မွမ်းမံသွားရန်အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း
သိရှိရပါသည်။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s