၁၂.၄.၁၃ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာနေ ဦးမောင်မောင်ညွန့် အသက်(၅၃) နှစ်အား ဘူးသီးတောင်မြို့ သတင်းတပ်ဖွဲ့မှ တပ်သားကျော်လှိုင်ဦးမှ နေအိမ်ကျူးကျော်၊
ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်းသိရသည်။ ဦးမောင်မောင်ညွန့်မှာ
မူလတန်းကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး၊
ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လည်း လုပ်ကိုင်ခဲ့သူ
တစ်ဦးဖြစ်သည်။ရဲသတင်းတပ်သားကျော်လှိုင်ဦးမှာ ဘူးသီးတောင်မြို့ သတင်းတပ်ဖွဲ့တွင် တာဝန်ကျနေသူတစ်ဦးဖြစ်ပြီး ၁၁.၄.၁၃ နေ့တွင်
စေတီတောင်ရွာသို့ရောက်လာခဲ့သူဖြစ်သည်။
၁၂.၄.၁၃ နေ့ ညနေ ၃ နာရီခန့်တွင် ရဲတပ်သားကျော်လှိုင်ဦးမှာ
ဦးမောင်မောင်ညွန့်၏ နေအိမ်သို့ရောက်ရှိလာပြီးအကြောင်းတစ်စုံတစ်ရာမရှိပဲ ”ငါ SP ကွ” ဟုဆိုကာ ဥပဒေမဲ့ ထိုးကြိတ်၊
ကန်ကျောက်ရိုက်နှက်ခဲ့ကြောင်းသိရသည်။ ဦးမောင်မောင်ညွန့်မှာ မျက်နှာ တစ်ခုလုံးဒါဏ်ရာ၊ လည်ပင်းနှင့် ခန္ဓာ ဒါဏ်ရာတို့ဖြင့် ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။ ရဲတပ်သားကျော်လှိုင်ဦးမှာ
အချိန်ပြည့်မူးယစ်နေသူတစ်ဦး ဖြစ်ကြောင်းလည်းသိရသည်။ ရဲသတင်းတပ်ဖွဲ့ဝင် တပ်သား ကျော်လှိုင်ဦး၏ ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်အား
ဦးမောင်မောင်ညွန့်၏ မိသားစုမှ စေတီတောင်ကျေးရွာ နယ်မြေရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်းသိရသည်။နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ဒိမိုကရေစီစနစ်အား အကောင်အထည်ဖော်နေချိန်တွင်
ယခုကဲ့သို့အရပ်သားပြည်သူများမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် နိုင်ထက်စီးနင်း ပြုလုပ်ခံနေရပြီး၊ သမ္မတကြီးမှ ထိရောက်စွာအရေးယူသင့်ပါသည်။
ဘူးတောင်သားငလုံး
ARAKAN LAND
စာရေးဆရာများ
ရခိုင်နဲ့ မြန်မာသတင်းတိကို Android ကနီဖတ်ဖို့ အတွက် ငလုံးရခိုင်သတင်းစုစည်းမှု APK
Facebook Friends
လူကြိုက်အများဆုံးပိုစ့်
- ကာမသိဒ္ဓိကျမ်း-ပီမိုးနင်း
- ယောက္ခမနှင့်တထောင့်တည-အကြည်တော်(စာအုပ်)
- မြန်မာစာအုပ်
- မိချော-အကြည်တော်(စာအုပ်)
- ရင်ထဲကဆောင်းရာသီ-မင်းလူ
- နတ်ချင်း-အကြည်တော်(စာအုပ်)
- ရခိုင်နဲ့ မြန်မာ သတင်းတိကို စုံစုံလင်လင်ဖတ်နိုင်ဖို့ ngalone.apk
- မာယာနှင့်သမင်လိုက်မုဆိုးများ-ကိုပိုက်
- ပျိုလေးတို့ အိမ်ခေါင်မိုး-ဂျာနယ်ကျော်မမလေး
- ပါပီလွန်နှင့်ဗင်ကို-ဦးလှဝင်း(လေသူရဲတစ်ဦး)
Advertisements