ဘူးသီးတောင်မြို့နယ် စေတီတောင်ရွာ ဦးမောင်မောင်ညွန့် ဥပဒေမဲ့မတရားရိုက်နှက်ခံရမူ နယ်မြေရဲစခန်းမှ အမူကျေအေးပေးရန် လာရောက်ေ တာင်းဆို

၁၂.၄.၁၃ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာနေ မူလတန်းကျောင်းအုပ်ဆရာဟောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်ညွန့် အသက်(၅၃) နှစ်အား ဘူးသီးတောင်မြို့ သတင်းတပ်ဖွဲ့(SP)မှ တပ်သားကျော်လှိုင်ဦးမှ နေအိမ်ကျူးကျော်ဝင်ရောက်ပြီးဥပဒေမဲ့ ရိုက်နှက်ခဲ့သည်။
ဦးမောင်မောင်ညွန့်မှာ ဒါဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
ရိုက်နှက်ခံရသည့်အမှူအား ဦးမောင်မောင်ညွန့်၏ ဇနီးမှ နယ်မြေခံရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ ရဲစခန်းမှ အမှူတွဲရေးသားခြင်း၊
မှတ်တမ်းမှတ်ရာများယူခြင်း မပြုလုပ်ပဲ နောက်နေ့မှ
လာရန်ပြောဆိုခဲ့သည်။ထိုနေ့တွင် ပြစ်မှုကျူးလွန်သူ
ရဲသတင်းတပ်သားကျော်လှိုင်ဦး၏ နီးစပ်သူများမှ
နယ်မြေခံရဲစခန်းသို့သွားေ၇ာက်ကာ ဘီယာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းအတိအကျရရှိထားသည်။ တရားခံ ရဲသတင်းတပ်သား ကျော်လှိုင်ဦးအား အရေးယူမှူတစ်စုံတစ်ရာ မပြုလုပ်ပဲ ၁၃.၄.၁၃ နေ့တွင် စေတီတောင်ရွာ နယ်မြေရဲစခန်းမှ ဂတ်စာရေး မှ ဦးမောင်မောင်ညွန့်၏ နေအိမ်သို့လာရောက်ကာ အမှူအားကျေအေးပေးရန် လာရောက်ပြောဆိုကြောင်းသိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်ရန်အတွက်ခန့်အပ် တာဝန်ပေးထားသော ရဲ၊ရဲသတင်း တပ်ဖွဲ့ဝင်များ၏ ပြည်သူလူထုအပေါ်နိုင်ထက်စီးနင်း
ပြုမှုနေမှုများကို ထိရောက်စွာအရေးယူသင့်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲ့ဥပဒေများသည် ပြစ်မှုကျူးလွန်သော လက်နက်ကိုင် တပ်များကို အရေးယူဆောင်ရွက်ရန် မှန်ကန်မှုမရှိသေးခြင်းလော၊
တည်တံ့ခိုင်မြဲသော ဥပဒေ၊ ဘက်မလိုက်တသားတည်းကျသော ဥပဒေမရှိသေးခြင်းလော မေးခွန်းထုပ်စရာပင်။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s