ဘူးသီးတောင်တွင် ၁၅၀၀ တန် ဆင်းကတ်များမဲမဖောက်ဘဲဆက်သွယ်ရေးတာဝန်ခံ နှင့် ရပ်ကွက် အုပ်ချုပ်ရေးများပေါင်း၍လဘ်ယူပြီး လုပ်စား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ၁၅၀၀ တန် အဖိုးနည်း ဆင်ကတ်များကို အစိုးရမှ ချပေးလျက်ရှိရာ ပထမအသုတ် တွင် ကတ် ၂၅၀ ၊ ဒုတိယအသုတ်တွင် ကတ် ၃၅၀ ကိုချပေးခဲ့ပြီး၊ ယခုအကြိမ်အတွက် ကတ် ၃၀၀ ကို ချပေးထားသည်။ယခင် အကြိမ်ဖုန်းကတ်များချပေးရတွင် တရားမျှတစွာ မဲဖောက်ချပေးခဲ့သော်လည်း ယခု အကြိမ်တွင်မူ မဲမဖေါက်ဘဲ ဆက်သွယ်ရေးတာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပေါင်းပြီး ငွေပေးထားသူ၊ သူတို့ နှင့်နီးစပ်ရာ ဆွေမျိုး များကို သာ ဖုန်းကတ်များ ဝေမျှနေကြောင်းသိရသည်။ဘူးသီးတောင်မြို့တွင် ၁-၁၀-၁၃ နေ့မှ စပြီး ဆင်းကတ်များကို ဝေပေးလျှက်ရှိကြောင်းသိရသည်။

ဒေသခံတစ်ဦး၏ ပြောပြချက်အရ ပထမအကြိမ်တွေတုန်းက ဆိုရင် ဖုန်းကတ် ၃၀၀ ဝေမယ်ဆိုရင် မဲလိပ်သုံးရာလုပ်ပြီး ဌာနဆိုင်ရာအကြီးအကဲတွေရှေ့ မှာ မဲလိပ်ကို နှိုက် မဲဖေါက် ပြီး တရားသဖြင့် ကတ်တွေကို ပေးတာပေါ့ဗျာ။ ကတ်က နည်းနည်း အိမ်ထောင်စုတွေက များများဆိုတော့ မဲမပေါက်တဲ့လူ များတာပေါ့ ဒါပေမယ့် တရားသဖြင့်ဆိုတော့ ကိုယ်ကံမကောင်းဘူးဆိုပြီးဖြေသာပါတယ်။ ဒိတစ်ခေါက် ချပေးတာက ကတ်၃၀၀ ၊ ဌာနဆိုင်ရာအတွက် ကတ်၉၀ ဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက် ကတ် က ၂၁၀ ပဲ ရှိပါတယ်။ အဲ့ဒါကို ဆက်သွယ်ရေးတာဝန်ခံ ဦးစောစံထွေး(အငယ်တန်း အင်ဂျင်နီယာ ၂) နဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး မဲနှိုက်တဲ့ စနစ်မဟုတ်ပဲ သူတို့ ပေးချင်တဲ့လူကို ပေးနေပါတယ်။ ကြိုငွေပေးထားတဲ့လူ တွေ ၊ သူတို့ ရဲ့ဆွေမျိုးနီးစပ်တဲ့ လူတွေပဲ ရကြပါတယ်။ ၁၅၀၀ တန်ဆင်းကတ်တွေက အပြင် မှာ ၁ သိန်းကျော်ပေါက်နေပါတယ်။ ကတ်လိုချင်တဲ့လူတွေ ကလဲ များတယ် ခုလို မတရား လုပ်တာခံရတော့ လူတွေက မကျေနပ်ကြဘူး။ ဒိလိုဖြစ်နေတာကို အထက်ကလူတွေ သိစေချင်တယ် ၊အရေးယူပေးစေချင်ပါတယ်။

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s