ဘူးသီးတောင်နယ်မှ အကြမ်းဖက်ခံရသူ ခမီးတိုင်းရင်းသူနှင့် မိဘများပါအကျယ်ချုပ်ဆန်စွာ ထိန်းသိမ်းခံနေရ

ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂုပ္ပီကျေးရွာအုပ်စု၊ လိပ်ရရွာနေထိုင်ပြီး စဟုန်းရွာတွင် စပါးတောင်း ဆရာမလုပ်နေသော အသက်(၂၀)ခန့်ရှိ ခမီးတိုင်းရင်းသူတစ်ဦးသည် အဖေါ်မိန်းကလေး တစ်ဦးနှင့်အတူ မိမိကျေးရွာရှိ အလှူ ပွဲတစ်ခုမှ ပြန်လာရာ စဟုန်းရွာအနီးသို့ အရောက်တွင် ဝါးခုတ်သမား ဘင်္ဂလီကုလားတစ်ဦးက အတင်းအဓမ္မပြုကျင့်ခဲ့သည်။ ၎င်းမိန်းကလေးနှင့် အတူပါ အဖေါ်မိန်းကလေးက ကြောက်လန့်ပြီး ထွက်ပြေးကာ ကျွန်းပေါက်ရွာရှိ လုံခြုံရေးစခန်းသို့ လာရောက်၍ သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရသည်။သတင်းရရှိမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါသွားခဲ့ရာ ကျူး လွန်သူ အဘူတော်ယုတ်(ဘ) ဇာဖေါ အား လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။၎င်းတရားခံအား ၂- ၈- ၂ဝ၁၄ နေ့တွင် သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရပြီး ပြုကျင့်ခံရသူ မိန်းကလေးနှင့်မိဘများမှာ ဆေးစာယူရန် ဘူးသီးတောင်မြို့သို့ ခေါ်ဆောင်လာခဲ့ရာမှ ဆွေမျိုးသားခြင်းများနှင့် အဆက်အသွယ် မရတော့ကြောင်း သိရှိရသည်။ကာယကံရှင် မိန်းကလေး၏ ဦးလေးဖြစ်သူ ဦးသာထွန်းဖြူ သည် အစ်ကိုဖြစ်သူနှင့် တူမတို့၏ အခြေအနေကို လိုက်လံစုံစမ်းခဲ့သည့် အခြေအနေကို ယခုကဲ့သို့ပြောပါသည်။ “ယခုဘူးသီးတောင်မြို့ အောင်မင်္ဂလာ ဘုရားအနားက နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ ခေါ်ယူထားတယ်လို့ကြားလို့ သွားစုံစမ်းခဲ့ပါတယ်။ ကောင်းကောင်း မွန်မွန်ရှိတယ်လို့ ပြောပါတယ်။ တွေ့ခွင့်မရခဲ့ပါဘူး။´´ ဟုရှင်းပြပါသည်။ မိသားစု အပါအဝင် မည်သူနှင့်မျှ တွေ့ဆုံမှု မရှိစေရန် ကန့်သတ်ထားရှိကြောင်းနှင့် ပြင်ပသို့လည်း ထွက်ခွင့်မရကြောင်းလည်း ပြောပါသည်။ခမီးတိုင်းရင်းသားများအား ပညာသင်ကြားပေးနေသော ဂန္ဓာရီပရဟိတကျောင်းမှ ဆရာတော် အရှင်အာဒိစ္စကလည်း “ သတင်းမရလို့ စုံစမ်းတော့ တပ်ရင်းမှာ ရှိမယ်လို့ ကြားတာနဲ့ ဒီနေ့မနက် ၁၁းဝဝနာရီလောက်က ဦးသာထွန်းဖြူ နဲ့ ဂေဟာမှူး ဦးသိန်းမောင်ကို သွားစုံစမ်းဖို့ ခိုင်းလိုက်တာပါ။ တွေ့ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ သတင်းမပေါက်ကြားအောင်၊ ပြဿ နာမဖြစ်အောင် ကာကွယ်တဲ့ သဘောဆိုရင်တော့ မပြောလိုပါဘူး။ ဒါပေမယ့် အခုလိုဘယ်သူနဲ့မှ မတွေ့ရဘူးဆိုတာ သံသယရှိတယ်။ စစ်ဆေး စုံစမ်းဖို့ လိုအပ်လို့ မြို့ပေါ်မှာ နေမှရမယ်ဆိုရင်လည်း ဒီကျောင်းမှာရော ဆွေမျိုးသားချင်းအိမ်တွေမှာပါ နေခိုင်းလို့ ရတာပဲ။ အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်သလို ဆောင်ရွက်သွားပါမယ်။´´ ဟုရှင်းပြပါသည်။ဘူးသီးတောင်မြို့ရှိ ခမီးအမျိုးသား အရေးကိစ္စများ ဆောင်ရွက်နေသူ ဦးသာဘန်းအောင်က “ကာယကံရှင် မိန်းကလေးရော မိဘတွေကိုပါ တွေ့ခွင့်ရဖို့ ကြိုးစားနေတုန်းပါပဲ။ သူတို့ကို ဘာဖြစ်လို့ အခုလိုခေါ်ထားလဲ မသိပါဘူး။ တွေ့ခွင့်ရဖို့ ကြိုးစားနေတုန်းပါပဲ´´ဟု ပြောသည်။ထိုအမှုကိစ္စကို စိတ်ဝင်စားစွာ စောင့်ကြည့်နေသူများကလည်း တရားလိုဖြစ်သူများကို ယခုကဲ့သို့ အကျယ်ချုပ်ဆန်ဆန် ထားရှိမှုကို နားမလည်နိုင်ဖြစ်ရပြီး အခြားပြဿ နာများ မဖြစ်အောင် ကြိုတင်ကာကွယ်မှု ဖြစ်နိုင်သော်လည်း ဖိအားပေးမှုများ ခံရနိုင်မည်လားဟု သံသယလည်း ရှိကြသည်။ ၂ဝ၁၂ခုနှစ်အတွင်းကလည်း အလားတူအမှုတစ်ခု ယင်းနေရာအနီး ကျောင်းတောင်အုပ်စု၊ ဇမ္မဏီးရွာတွင်လည်း ဖြစ်ခဲ့ဖူးပြီး ထိုစဉ်က တရားခံများသည် အာမခံဖြင့်ထားစဉ် အာမခံကြေးငွေ ကျပ်ဆယ်သိန်းကို ပေးလျော်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ဖူးသည်။

ဗေဒါပျံ

ငလုံး ngalone.wordpress.com

Advertisements

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s