ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီကျူးကျော်အိမ်များ ရွာများ မြို့နယ်အဝှမ်း တိုးပွားလာနေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂါလီကျူးကျော်အိမ်များသည်
မြို့နယ်အဝှမ်း တိုးပွားလာနေသည်။

image

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း
ဆင်အိုးပြင်ကျေးရွာအုပ်စု တောင်ဘဇာသွားသည့် ချောင်းနံဘေးတွင်တည်ရှိသည့်
အိုးရီးရှားစိုက်ခင်း တောင်ကပါးပေါ်တွင် ၂၀၁၃ ခုနှစ်တွင်
တဲ(၁)လုံးသာရှိသော်လည်း ယခုနှစ်၂၀၁၄တွင် အိမ်(၆)ဆောင်ဖြစ်လာနေပြီး နောက်
တိုးချဲ့ဆောက်လုပ်ရန်လည်း မြေသားများကိုပြုပြင်နေကြောင်းသိရသည်။ အလားတူ
ကျူးကျော်အိမ်များမှ ရွာအဖြစ်သို့ပြောင်းလာနေသည့် ကျူးကျော်အိမ်များကို
ဘူးသီးတောင်မြို့ ဂန္တာရီပရဟိတကျောင်း၏
တောင်ကပါးများတွင်လည်းတွေ့နေရသည်။
ထိုသို့ကျူးကျော်အိမ်များတိုးလာနေခြင်းသည် လယ်ယာမြေကို အိမ်မြေအဖြစ်
တရားမဝင် ပြုလုပ်ပေးသည့် မြို့နယ်မြေစာရင်းမှ ဝန်ထမ်းများနှင့်လည်း
သက်ဆိုင်နေကြောင်းသိရသည်။ ထိုသို့ တရားမဝင်ကျူးကျော်အိမ်များသည်
တစ်ချို့နေရာများတွင်ရွာများအဖြစ်သို့ ကြီးထွားလာနေသည်။ ထိုသို့
ကျူးကျော်အိမ်များ တိုးပွားလာနေမှုအပေါ် မျက်မြင်ဒေသခံတစ်ဦးက “ဘင်္ဂါလီတွေက
ရွာကိုချဲ့တာ၊ အိမ်ယာမြေခိုးတဲ့နေရာမှာ သိပ်လူလည်ကျတာပဲ။ အစတော့
ကိုင်းလုပ်သလိုလို၊ တောင်ယာလုပ်သလိုလိုနဲ့ တဲကလေးဆောက်ပြီး
အပင်တွေစိုက်တယ်၊ အပင်တွေကြီးလာတော့ အိမ်ကြီးဆောက်လိုက်ရော။ အစတော့
တစ်ဆောင်၊ နောက်(၂) ဆောင်၊(၃)ဆောင် နောက်တော့ ရွာဖြစ်သွားတယ်။ ဒါကို
အစိုးရတာဝန်ရှိသူတွေကလည်း မသိတာလား၊ သိလို့မသိယောင် ဆောင်နေတာလား
မပြောတတ်ဘူး”ဟုမှတ်ချက်ပေးပြောကြားသည်။ ထိုသို့ ကျူးကျော်အိမ်များ
တိုးပွားလာမှုမှသည် ရွာတန်းရှည်ကြီးများ၊ ရွာအသစ်ကြီးများအဖြစ်သို့
နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည်။ ၎င်းတို့ကို
ရွာမဖြစ်မီအရေးယူမှုပြုလုပ်ရမည်ဖြစ်ပြီး ရွာဖြစ်ပြီးနောက်ပိုင်း
အရေးယူမှုပြုလုပ်မည်ဆိုလျှင် နိုင်ငံတကာ၊ လူအခွင့်အရေး စသည်များဖြင့်
ပို၍ခက်ခဲလာစေ မည်ဖြစ်ကြောင်းသိရသည်။ ၎င်းတို့ကို အရေးယူမှုတစ်စုံတစ်ရာ
မပြုလုပ်ဘဲ အချိန်ဆွဲကြန့်ကြာနေလျှင် မြန်မာနိုင်ငံ၏နယ်နိမိတ်သည်
တစ်စတစ်စ ကျုံ့၍ ကျုံ့၍ လာနေသည်ဟုပင် ဆိုရမည်ဖြစ်ကြောင်း
ဒေသခံရခိုင်လူမျိုးတစ်ဦးက မှတ်ချက်ပေး ပြောကြားသည်

ငလုံး ngalone.wordpress.com

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s