မူးယစ်ယမ်းကားပြီး မိန်းမပျိုတစ်ဦအား ရိုက်နှက်သူ စစ်သားတစ်ဦးအား အရေးယူ‌ပေးရန်‌ ‌တောင်းဆိုမှု ဖြစ်‌ပွားခဲ့

၈-၁၂-၂ဝ၁၄
ဘူးသီးတောင်

“ဘူးသီးတောင်မြို့တွင် အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်သားအဆင့်ရှိ ခင်မောင်ဝင်း သည် ယမန်နေ့ (၇-၁၂-၂ဝ၁၄)နေ့ ညနေ ၆း၃ဝ အချိန်က ဘူးသီးတောင်မြို့မဈေးရှေ့တွင် ကွမ်းယာရောင်းနေသူ အမျိုးသမီး တစ်ဦးထံမှ ကွမ်းယာ၊ ဆေးလိပ်တို့ကို ဝယ်ယူပြီး ပိုက်ဆံမပေးသည့်အပြင် ကိုယ်ထိလက်ရောက် ဆဲဆို ရိုက်နှက်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မကျေနပ်မှုများကြောင့် ဈေးရှေ့တွင် လူစုလူဝေးဖြစ်လာခဲ့ပြီး အခြေအနေကို ညှိနှိုင်းထိန်းသိမ်းခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့မဈေးရှေ့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဗန်းခင်းကာ ကွမ်းယာရောင်းချသူ မဖြူဖြူသန်းထံတွင် ခင်‌‌မောင်‌ဝင်းသည်‌ ကွမ်းယာနှင့် ဆေးလိပ်များ ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူသည့်အတွက် ကျသင့်ငွေကို တောင်းခံသည့်အခါ မခြေမငံဆက်ဆံပြီး ဈေးဗန်းကို မှောက်ချပြီး မဖြူဖြူသန်းကို ရိုက်နှက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ “ သူက ကွမ်းယာဆိုင်မှာ ဆေးလိပ်နဲ့ ကွမ်းယာတွေ ဝယ်ပြီး ပိုက်ဆံမပေးဘူးလို့ ကြားပါတယ်။ ပိုက်ဆံတောင်းလို့ မကျေမနပ်ဖြစ်ပြီး ငါက တပ်မမှူးတပည့်၊ ငါ့ဆီက ပိုက်ဆံတောင်းဝံ့သလား ဆိုပြီး ဈေးဗန်းကို မှောက်ချပါတယ်။ ပြီးတော့ ဆိုင်ရှင်မိန်းကလေးကိုလဲ ရိုက်ပါတယ်၊ အရက်လဲ သောက်စားထားပါတယ်” ဟု အနီးရှိ ဈေးဆိုင်ရှင် ဦး‌မောင်‌ညွန့်‌က ‌ပြောသည်။

ထိုသို့ကျူးလွန်သည့်အတွက် မြို့နယ်ရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ရာ ၎င်းမှာ စကခ(၁၅)မှ တပ်သားတစ်ဦးဖြစ်ကြောင်း ဝန်ခံသဖြင့် သက်ဆိုင်ရာ တပ်သို့ ဆက်သွယ်အပ်နှံခဲ့သည်ဟု သိရှိရသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါကိစ္စကို ကြားသိရသောကြောင့် မြို့ပေါ်မှ အမျိုးသမီးများက သတင်းစုံစမ်းရန် ဈေးရှေ့တွင် စုရုံးလာကြရာမှ မကျေမနပ်ဖြစ်လာသဖြင့် အခြေအနေ တင်းမာမလာစေရန်အတွက် မြို့ပေါ်ရှိ လူမှုရေးလှုပ်ရှားသူများ၊ သံဃာတော်များက ဝင်ရောက်ထိန်းသိမ်းကာ သက်ဆိုင်ရာနှင့်ညှိနှိုင်းပေးခဲ့ရသည်‌။

ထိုသို့ညှိနှိုင်းပေးမှုကြောင့် နေ့လည်ပိုင်းတွင် အေးစေတီကျောင်းတိုက်သို့ သက်ဆိုင်သူ ကာယကံရှင်များကို ခေါ်ယူလာခဲ့ပြီး အရေးယူပေးမည်ဖြစ်ကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ ကျူးလွန်မှုမပြုပါကြောင်း ဝန်ခံကတိပြုခဲ့သည်ဟု ညှိနှိုင်းဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သော ဦးအောင်သောင်းရွှေက ပြောပါသည်။

“ပြစ်မှုကျူးလွန်သူကိုယ်တိုင်က အရက်မူးပြီး ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ ကျူးလွန်ခဲ့တာကိုလည်း ဝန်ခံကြောင်း၊ နောက်နောက်မလုပ်တော့ပါ၊ အရေးယူတာကိုလည်းခံပါမယ်လို့ စာနဲ့ရေးပြီး ကတိပြုပါတယ်။ စစ်သားဖြစ်တော့ စစ်စည်းကမ်းအရ အရေးယူပေးမယ်လို့တော့ သိရပါတယ်။ ဘယ်လိုအရေးယူမလဲတော့ အသေအချာ မသိပါဘူး။ သူတို့ တပ်က အရာရှိတွေလဲ ဘုန်းကြီးကျောင်းကို လာပါတယ်။ မြို့ပေါ်က ရဟန်းတော်တွေရော စစ်ဘက်ကရော နယ်ဘက်က လုံခြုံရေးအရာရှိတွေရော၊ မြို့ပေါ်က လူမှုရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ အားလုံးရှေ့မှာပဲ စာနဲ့ရေးပြီး လက်မှတ်ထိုးပေးပါတယ်။ အရေးယူမယ်လို့တော့ မျှော်လင့်ပါတယ်။ ဘယ်လိုအရေးယူထားပါပြီဆိုတာတော့ ဒီဘက်ကို ပွင့်ပွင့်လင်းလင်း အသိပေးဖို့တော့ လိုပါမယ်။ ဒီမြို့ပေါ်က သံဃာတော်တွေကို အသိပေးလျှောက်ထားလိုက်ရင်တော့ ထိရောက်ပါတယ်။ ဆရာတော်တွေက ဒကာ၊ ဒကာမတွေကို ထပ်ဆင့်ပြောပြနိုင်တာပေါ့။” ဟု သူကဆက်ပြောသည်။

“တပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူလူထုကို သူတို့က အကာအကွယ်ပေးရမှာ၊ အခုတော့ မကာကွယ်တဲ့အပြင် ကိုယ်တိုင်က အနိုင်ကျင့်နေမယ်ဆိုရင် ဒီတိုင်းရင်းသားတွေ ဘယ်လိုရပ်တည်ရမလဲ။ ဒီမိန်းကလေးတွေက ကိုယ့်စားဝတ်နေရေး အခြေအနေအရ နိုင်သလောက်လေး ရင်းနှီးပြီး ဆိုင်ရောင်းနေရတာ။ အခုလို စော်ကားတာကတော့ တော်တော်လေး လွန်လှတယ်။ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု နာရေးကူညီမှုအသင်းမှ ဦးရွှေမြင့်က ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များရှိပြီး အချို့တပ်ဖွဲ့ဝင်များ၏ အမူအယာ၊ အပြောအဆို ကြမ်းတမ်းမှု၊ ရိုင်းပျမှုတို့ကြောင့် အခြေတင်ဖြစ်ပေါ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုဖြစ်ပေါ်ခဲ့သော ပြဿနာကဲ့သို့ ကြီးထွားလာခြင်း မရှိခဲ့ဖူးပေ။ ယခု တပ်သားခင်မောင်ဝင်းကို စစ်စည်းကမ်းအရ အရေးယူ စစ်ဆေးမည်ဟု သိရှိရသည်။

မင်းသိမ်းခိုင်‌

image

၁။ ခင်‌‌မောင်‌ဝင်း ဝန်‌ခံချက်‌ လက်‌မှတ်‌‌ရေးထိုး‌ပေး‌နေပုံ

image

၂။ အခင်းဖြစ်‌ချိန်‌က ခင်‌‌မောင်‌ဝင်း

ငလုံး ngalone.wordpress.com

Advertisements

3 responses to “မူးယစ်ယမ်းကားပြီး မိန်းမပျိုတစ်ဦအား ရိုက်နှက်သူ စစ်သားတစ်ဦးအား အရေးယူ‌ပေးရန်‌ ‌တောင်းဆိုမှု ဖြစ်‌ပွားခဲ့

  1. ရ ခိုင် ပြည် နယ် တွင် ရ ခိုင် အမျိုး သ္မီး များအား စော် ကာ ခြင်း ကို လူ့ အခွင့် အေ၇း ချိုး ဖေါက် ခြင်း အဖြစ် မည် သည့် UN အဖွဲ့ အစည်း ၊ မည် သည့် မီ ဒီ ယာ ၊ မည် သည့် မြန်မာ တိုင်း ရင်း သား အမျိုး သ္မီး အဖွဲ့ ဆို သူ ကမျှ ထုတ် ဖေါ်ေ၇း သား ပြော ဆို ခြင်း မ ရှိ ကြ ခြင်း မှာ ရ ခိုင် လူ မျိုး များ နေရာ တွင် ဘင်္ဂလီ မူ ဆလင် လူ လိမ် များ ကို ရ ခိုင် လူ မျိုး များ အဖြစ် အစား ထိုး နေရာ ပေး ထား ကြ သောောကာင့် ဖြစ် ပါသ ည်။ ပြည် တွင်း ၊ ပြည် ပ မှ မြန်မာ ပြည် ကို ရောင်း စားနေကြ သည့် သေ လျှင် တီ ကောင် မျှ ပင် မဖြစ် တော့ မည် သူများ က ရ ခိုင် လူ မျိုး များ က မိမိ တို့ ကိုယ် ကို ရ ခိုင် သား များ ဟု ပြော ဆို နေ ကြ သ်ည့ စကား အ တိုင်း ဘင်္ဂလီ မူ ဆလင် များက ခေါ် ဝေါ် ခဲ့ သဖြင့် အသံ ဝဲ ၍ ရ ခိုင် သား အစား ရို ဟိုင် ဂျား / ရို ဟင် ဂျာ/ ရို ဟုန် ဂျာ / ရို ဆိုင် ဂျာ စသည် ဖြင့် ခေါ် ဝေါ် ခဲ့ ကြ ခြင်းသာဖြစ် ပါသ ည်။ ထို အခေါ် အဝေါ် များ ကို ဝန် ကြီးချုပ် ဦး နု တက် ခါ စကာ လ တိုင် အောင် ဘင်္ဂလီ စကား သာ ပြော တတ် သည့် ဘင်္ဂလီ မူ ဆလင် များ က ခေါ် ဝေါ် သုံး စွဲ ကြ ပါသ ည်။ အကြောင်း မှာ ဘင်္ဂလီ စကား ပြော နှင့် စာ အေ၇း အသားတွင် ရ၊ ခ၊ သ ဟူသည့် အက္ခ ရာ နှင့် အသံ လုံး ဝ မရှိ ဘဲ ဝေါဟာရ နဲ သောကြောင့် ထို အသံ နှင့် အနီး စပ် ဆုံး စကား များ ကို သာ အစားထိုး သုံး နုန်း ကြ ပါသ ည်။ ထို့ ကြောင့် ရ အစား ရို ကို ၄င်း ၊ ခိုင် အစား ဟိုင်/ ဟုန် / ဟင်/ ဆိုင် နှင့် သား ( လူ မျိုး) ကို မူ ကား ဂျာ / ဂျား ဟူ ၍ ခေါ် ဝေါ် ခဲ့ ကြ ပါသ ည်။ ထို အေ၇း အသားများကို လည်း ရ ခိုင် ရှင် ဘု ရင် မင်း များအုပ် ချုပ် ခဲ့ သည့် သမိုင်းများကို မှတ် တမ်း တင်ေ၇း သားကြရာ တွင် သုံး နုန်း ရေး သား ထား ခဲ့ ကြ သည် ကို တွေ့ ရှိ ကြ ရ ပါ သည်။ အထူးသဖြင့် ၁ ၆ရာ စု အကုန် ၊ ၁၇ ရာ စု အစ ခေတ် စာပေး များတွင် တွေ့ ရှိ နိုင် ပါသ ည်။ သိုက သော် ထို ရှင် ဘု ရင် အား လု့းတို့ သည် ဗုဒ္ဓ ဘာ သာဝင် ရ ခိုင် လူ မျိုး ရှင် ဘု ရင် များသာဖြစ် ကြ ပါသ ည်။

  2. အမျိုး သ္မိး များကို မူးနေ သည် ကို အကြောင်း ပြ ကာ သတ် ပုတ် လု ယက် ခြင်း သည် အမျိုး သ္မိး လူ့  အခွင့် အေ၇း ချိုး ဖေါက် ခြင်း ဖြစ် သည်။ ရန် ကုန် တွင် ရုံး ဖွင့် ထား သည့် မြန်မာ နိုင်ငံ အစိုး ရ ကို ကုယိ စာြးု့ သည့် ရ ခိုင် သား ငဖါး ဦး ရွှေ မြ ကို စာေ၇း တိုင် ကြား လိုက် ပါ ။ဘာ မျှ မ လုပ် ပေး သော် လည်း နောင် တါင် သက် သေ အထောက် အထား အပြစ် ကူ၏ိုး ကား ၍ ရ ပါ သည်။

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s