UN နှင့် INGO တို့၏ လုပ်ငန်းများ ရခိုင်ပြည်သူတို့ကို ဆန့်ကျင်ဘက်ပြုနေဆဲ  

၆-၁၂-၂ဝ၁၄ မောင်တော

  ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ဗန်ကီမွန်းရဲ့ စကားတစ်ခွန်းအတွက် ဆူဆူညံညံ ပွက်လောရိုက်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ အသံတွေ တစ်ပြည်လုံးမှာ လွှမ်းခဲ့ပါတယ်။ သို့သောလည်းပဲ ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ UN နှင့် INGO တွေဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေဆဲ ဖြစ်နေပါသေးတယ်။ အထူးသဖြင့်  မောင်တောခရိုင်ထဲမှာ ရှိနေတဲ့ လုပ်ငန်း စီမံကိန်းတွေဟာ ဘင်္ဂလီတွေကိုပဲ ဦးစားပေး လုပ်ကိုင်နေတုန်းပါပဲ။ ၂ဝ၁၄ နှစ်ဦးပိုင်း UN နဲ့ INGO ရုံးတွေကို တစ်နိုင်ငံလုံးမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း မောင်တောခရိုင်ထဲမှာ အဓိကဦးဆောင်သူဖြစ်တဲ့ UNHCR နဲ့ WFP တို့ရဲ့ လုပ်ငန်းတွေဟာ အခုအချိန်မှာ သိပ်သိပ်သည်းသည်း တိတ်တဆိတ်နဲ့ လူသူမရိပ်မိအောင် လျို့ဝှက်လုပ်ဆောင်နေတဲ့အသွင်ကို ပြောင်းလဲလာနေပါတယ်။ ဒီထဲမှာ UN က လက်သပ်မွေးထားတဲ့ informer သတင်းပေးတွေရဲ့ ကွန်ယက်တွေဟာလဲ ပိုပြီး အချိတ်အဆက် မိနေတာ တွေ့ရပါတယ်။ ၂ဝ၁၂ အရေးအခင်းပြီးနောက်ပိုင်း UN ရုံးတွေမှာ အသံလွှင့်စကားပြောစက်တွေ မသုံးကြတော့ပေမယ့် UNHCR ရဲ့ လူထုအခြေပြုလုပ်ငန်း ခေါင်းစဉ်တွေအောက်ကနေ ဘင်္ဂလီရွာတွေက သတင်းပေးတွေကို ဆက်သွယ်ရေးအတွက် ဖုန်းတွေထုတ်ပေးထားတာရှိနေပါတယ်။ ဒါပေမယ့် သူတို့ဆီက ပြန်ပို့တဲ့သတင်းတွေကတော့ ဝန်ထမ်းတွေရဲ့ ပုံမှန်လုပ်ငန်းတွေ ကျေးရွာတွေမှာ လုပ်နေတာကိုတောင် ဘင်္ဂလီတွေကို တမင်သက်သက် ဖိနှိပ်တဲ့ လုပ်ငန်းတွေလုပ်နေပါတယ်လို့ သတင်းတွေပို့နေတာပါပဲ။
ဒီနေရာမှာ အကြမ်းဖက်အစွန်းရောက်အဖွဲ့အစည်းတွေက ကျေးရွာတွေမှာ စေလွှတ်ထားတဲ့ အမာခံတွေနဲ့ UN သတင်းပေးတို့ရဲ့ အချိတ်အဆက်မိမိ ဆင်ကွက်ထဲမှာ UNHCR နဲ့ လက်အောက်ခံတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေကို ကောင်းကောင်း အသုံးချကြတော့တာပါပဲ။ သူတို့ရဲ့ ဖန်တီးထားတဲ့ သတင်းထွင်လုံးတွေကို UNHCR က တစ်ကမ္ဘာလုံးကို ထပ်ဆင့်ဖြန့်တော့တာပါပဲ။ အဲဒီထဲမှာ သူတို့အတွက် စားပေါက်ဖြစ်လာအောင် သူတို့ရဲ့ အာဘော်တွေလဲ ထည့်တော့တာပေါ့လေ။
ဒါကို ယုံကြည်စိတ်ချနိုင်လောက်တဲ့ အရင်းအမြစ်အဖြစ်နဲ့ ကိုးကားပြီး လုပ်ဆောင်လာတဲ့ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် တုန့်ပြန်မှုတွေဟာ တကယ်ပြည်တွင်းဖြစ်နေတာနဲ့ တော်တော်ကိုပဲ ကွဲလွဲနေတာတွေ ဖြစ်လာရတာပါ။ အဲဒီကွဲလွဲချက်တွေကြောင့်ပဲ ဆန့်ကျင်ကန့်ကွက်မှုတွေ တိုးလာရတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံတွင်းက ဗဟိုအစိုးရကနေစပြီး အောက်ဆုံး ကျေးရွာ၊ ရပ်ကွက်အဆင့် အာဏာပိုင်အထိ ဒီယိုပေါက်ကို ဘာဖြစ်လို့ မပိတ်တာလဲ။ ဒီနေ့အထိ ဒေသတွင်းမှာ သတင်းအမှောင်ချကောင်းတုန်း၊ ကိုယ်ကျိုးရှာ ဝန်ထမ်းတွေကလဲ လူမသိဘူးထင်ပြီး စားကွက်ရှာတုန်း။ နိုင်ငံတကာက စွပ်စွဲမှု ပြင်းထန်လာပြီ ဆိုတော့မှ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ယုတ္တိတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ ဖင်ပိတ်ပြီး ငြင်းတော့မယ်။ ဒါပေမယ့် အစိုးရရဲ့ တုန့်ပြန်ချက်တွေဟာ သိပ်ပြီးထိရောက်လှတယ်လို့တော့ မတွေ့မိသေးပါဘူး။ ဒီလိုပြောလို့ အစိုးရကိုပဲ အပြစ်ပုံသလိုဖြစ်နေတယ်။ ဒီနေရာမှာ အဲဒီ ရုံးတွေမှာ ရှိနေတဲ့ တိုင်းရင်းသားတွေ ပွင့်ပွင့်လင်းလင်း မပြောမဆိုရဲ ဖြစ်နေကြတာ၊ မိမိ ရရှိနေတဲ့ လစာရိက္ခာ ခံစားခွင့်တွေ ဆုံးရှုံးလေမလား စိုးရိမ်တတ်တာ၊ စတဲ့အကြောင်းတွေကလည်း တစ်ခုအပါအဝင် ဖြစ်နေတယ်။

အဆိုးဆုံးက ဒေသခံ တိုင်းရင်းသား ပုဆိန်ရိုးဝန်ထမ်းတွေကိုယ်တိုင်က (သူတို့အခေါ်) သူတို့ပထွေး အင်္ဂလိပ်တွေအကြိုက် လိုက်ပြော၊ ကုလား​​​တွေ​ပြောစကားကိုအမှန်‌လို့ အတည်‌ပြု‌ပေး စတာ‌တွေ လုပ်နေတာကို တွေ့နေရပါတယ်။ ဒါကိုလဲ အခု နောက်ဆုံး UN အတွင်းရေးမှူးချုပ် ဗန်ကီမွန်းကို ကန့်ကွက်ဆန္ဒပြပွဲ လုပ်တဲ့အချိန်မှာ ရခိုင်တွေက UN ရုံးတွေကို အကြမ်းဖက်တော့မယ်ဆိုပြီး သတင်းပေးတဲ့အထဲမှာ တိုင်းရင်းသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ အဲဒီနေ့က UN နဲ့ INGO ရုံးတွေအားလုံး တရားဝင်မကြေငြာပဲ ရုံးပိတ်ရက်လုပ်ထားခဲ့ပါတယ်။ အဲဒီ‌နေ့က ဘူးသီး‌တောင်‌ ဆန္ဒပြပွဲမှာ ထုတ်‌ပြန်‌တဲ့ ‌ကြေငြာချက်‌ UNHCR ရုံးမှာ ‌​ပေးတဲ့ပုံကို ယူ‌ဖော်‌ပြလိုက်‌ပါတယ်‌။

image

အခုဆိုရင် ဘာသာရေးဖိနှိပ်ခံထားရတယ်၊ လွတ်လပ်စွာကိုးကွယ်ခွင့် ဆုံးရှုံးနေရတယ်စတဲ့ အကြောင်းပြချက်တွေနဲ့ UN ရုံးတွေကို ဗလီအဖြစ် အသွင်ပြောင်းထားပြီဆိုတဲ့အထိ လုပ်ဆောင်လာတာကို တွေ့နေရပါပြီ။

သံတမန်အခွင့်အရေးကို အပြည့်အဝအသုံးချပြီး မြန်မာနိုင်ငံကို မကြာခင်မှာ ဘာသာရေးဖိနှိပ်မှုဆိုတဲ့ ခေါင်းစဉ်အောက်က စွပ်စွဲမှုအသစ်တွေ မြင်လာရပါတော့မယ်။ အစိုးရ ဘယ်လိုဖြေရှင်းချက်ပေးမလဲ ဆိုတာတော့ ကြည့်နေရုံပါပဲ။ WFP ရုံးထဲမှာ ဘင်္ဂလီတစ်ယောက် ဘုရားရှိခိုးနေတဲ့ ဓါတ်ပုံကို တင်ပြပေးလိုက်ပါတယ်။

image

နောက်ပြီး ဘင်္ဂလီတွေကို မွေးဖွားသည်မှ သေဆုံးသည်အထိ ခေါင်းစဉ် အမျိုးမျိုးပြပြီး ပေးနေတဲ့ အထောက်အပံ့တွေ ဘယ်ကို စီးဆင်းနေသလဲဆိုတာ တိတိကျကျ ရှာဖွေဖို့လိုပါပြီ။ အဲဒီအတွက် အဓိကတာဝန်ခံဆောင်ရွက်ရမယ့် အဖွဲ့အစည်းအဖြစ် အရေးပေါ် ပေါင်းစည်ညှိနှိုင်းရေးကော်မတီ (ECC) ရှိနေတယ်။

ဒီနေရာမှာ ECC အဖွဲ့ရဲ့ လုပ်ငန်းတွေ ဘယ်လိုပုံစံမျိုးနဲ့ လုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် အများပြည်သူကို ချပြနိုင်ဖို့တော့လိုပါမယ်။ ဒေသခံ ပြည်သူတွေရဲ့ UN, INGO စောင့်ကြည့်ရေး ကွန်ယက်တွေ မလှုပ်ရှားစေရအောင် ကာကွယ်ပေးပြီး ကိုယ့်လူ သူ့ဘက်သားအဖြစ်နဲ့ UN  အလိုကျ လိုက်လုပ်ပေးနေတဲ့ အဖွဲ့တစ်ခုအဖြစ် ရပ်တည်နေတာတော့ မကောင်းလှပါဘူး။ အဖွဲ့ထဲမှာ အမှန်တကယ် တိုင်းရင်းသား အကျိုးစီးပွားအတွက် ရပ်တည်ပေးမယ့် ပုဂ္ဂိုလ်တွေ ပါပေမယ့် အဲဒီအဖွဲ့ထဲမှာ ဒီပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်နိုင်ခွင့် အကန့်အသတ် မရှိဖို့လဲ လိုပါတယ်။ အစိုးရဝန်ထမ်းဆိုတာတော့ တာဝန်ပေးရင် တာဝန်ကျေလုပ်ကြပေမယ့် တကယ့်ဒေသခံလိုတော့ အခြေအနေကို တိတိကျကျ သိချင်မှသိမယ်။ မသိဖို့က ပိုများပါတယ်။

ဥပမာ ဘူးသီးတောင်မြို့ပေါ်က မြို့မဈေးထဲမှာ WFP ရုံးတံဆိပ်နဲ့ ထုတ်ပေးထားတဲ့ အာဟာရထုတ်တွေကို ဘင်္ဂလီဆိုင်တွေ တင်ရောင်းနေတာ တွေ့ခဲ့ရပါတယ်။ ဒါကို ဘူးသီးတောင် ECC က မသိဘူးဆိုရင် ECC ညံ့လို့ပဲလို့ ပြောရပါမယ်။ ဘူးသီးတောင်ကိုရောက်တုန်း ဈေးထဲမှာချရောင်းနေတာတွေ့ခဲ့လို့ ရိုက်ယူထားခဲ့တဲ့ ဓါတ်ပုံကို ဖေါ်ပြပေးလိုက်ပါတယ်။

image

ရခိုင်ပြည်သူတွေဟာ MSF သို့မဟုတ် AZG ကို ထွက်သွားဖို့တောင်းဆိုခဲ့ကြလို့
ရခိုင်ပြည်နယ်မှာ စီမံကိန်း လုပ်ငန်းတွေ ရပ်တန့်နေပြီလို့ ထင်နေကြပါတယ်။ ဒါလဲမဟုတ်ပါဘူး။ AZG ရဲ့ ဝန်ထမ်းတွေ မောင်တော၊ စစ်တွေဒေသတွေမှာ လုပ်ငန်းတွေလုပ်နေကြဆဲ၊ သတင်းတွေ ပို့နေကြဆဲပါပဲ။ တံဆိပ်မကပ်တဲ့ AZG ရဲ့ ကားတွေဟာ ဘူးသီးတောင်-မောင်တောလမ်းမှာ အစုန်အဆန် သွားလာလို့ ကောင်းနေတုန်းပါပဲ။ စစ်တွေမြို့ထဲမှာ အန္တရာယ်မရှိ၊ အနှောက်အယှက်မရှိ လွတ်လပ်စွာ လှုပ်ရှားနေတုန်းပါပဲ။ တံဆိပ်တစ်ခု မမြင်ရလို့ မရှိတော့ဘူး၊ ဒါမှမဟုတ် ပြန်ဝင်မလာသေးဘူးလို့ ထင်နေရင်မှားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို ရခိုင်ပြည်ထဲက AZG ဘယ်တုန်းကမှ ထွက်မသွားခဲ့သေးပါဘူး။ (ဓါတ်ပုံတွေ တင်ပြချင်ပေမယ့် ဆိုးဆိုဝါးဝါး ထိခိုက်နစ်နာသွားမယ့် ပုဂ္ဂိုလ်တွေရှိနေတဲ့အတွက် မတင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။)

အခုတင်ပြခဲ့တဲ့အချက်တွေကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်မှာ ရှိနေတဲ့ UN နဲ့ INGO တွေရဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်သူတွေ အမှန်တကယ်မျှော်လင့်နေတဲ့ အခြေအနေနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေဆဲပါပဲ။ ရခိုင်ပြည်သူတွေ တောင်းဆိုခဲ့တဲ့ ဗန်ကီမွန်းက ပြန်လည်တောင်းပန်ဖို့ဆိုတာ ဝေးစွ၊ သူတို့ဗျူဟာအတိုင်း မဖြစ်မနေ နယ်မြေသိမ်းစီမံချက်ကို ဆက်လက်ဆောင်ရွက်နေဦးမယ့် အခြေအနေပါပဲ။
ပြည်သူတွေဘက်က တောင်းဆိုချက်တစ်ခု၊ ကြေငြာချက်တစ်ခုကို ထုတ်ပြီးရင် ပြီးပြီလို့ ယူဆထားရင်တော့ ပြည်သူတွေဘက်ကပဲ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ ထပ်ပြီးတွေ့နေရဦးမယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ အဓိကအနေနဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ တောင်းဆိုချက်တွေ မရဘူး ဆိုလျင်၊ ဘာတွေဆက်လုပ်ကြမှာလဲ။ ဒါကိုလည်း လမ်းစဉ်ချမှတ်ထားဖို့လိုတယ်ဆိုတာ သတိချပ်မိစေဖို့ လက်တို့လိုက်ရပါတယ်။

မင်းသိမ်းခိုင်(စိုင်းဒင်သား)

ငလုံး ngalone.wordpress.com

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s