နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတို့၏ ရုပ်ပုံများ၊ နိုင်ငံတော်အလံပုံတို့ကို မသင့်မလျော် ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား

၉-၁၂-၂ဝ၁၄
ဘူးသီးတောင်မြို့

ဘူးသီးတောင်မြို့တွင် နိုင်ငံတော်သမ္မတရုပ်ပုံ၊ ဒုတိယသမ္မတရုပ်ပုံနှင့် နိုင်ငံတော်အလံတို့ကို ကွန်ပျူတာနည်းပညာသုံး၍ ပြုပြင်ကာ ဖြန့်ဝေနေသော ဘင်္ဂလီများကို ဖမ်းဆီးရမိ၍ အရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၉-၁၁-၂ဝ၁၄နေ့က၊ ဘူးသီးတောင်မြို့အနောက်ရပ်ကွက်တွင် မောင်တောမြို့နယ်၊ မောင်နှမကျေးရွာမှ မာမက်အီဒရိစ်၊ အသက်(၁၉)နှစ်၊ (ဘ)ဆူလ်တန်အာမက်အား မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် နယ်ထိန်းအဖွဲ့မှ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ ၎င်း၏ လက်ဝဲဘက်အင်္ကျီအိတ်အတွင်းမှ 4GB Memory Card တစ်ခုကို တွေ့ရှိရသည်။

၎င်းကဒ်ကို ကွန်ပျူတာဖြင့် စစ်ဆေးရာ ကဒ်အတွင်း သိမ်းဆည်းထားသော ဓါတ်ပုံများတွင် နိုင်ငံတော်သမ္မတ၏ ဓါတ်ပုံကို အသုံးပြု၍ နိုင်ငံသား စီစစ်ရေးကတ်ပြားပုံစံတူ ပြုလုပ်ထားပြီး အချက်အလက်များ ဖေါ်ပြရာတွင် ပုဂ္ဂိုလ်ရေး သိက္ခာထိခိုက်စေရန် ပြုပြင်ထားသောပုံတစ်ပုံ၊ ဒုတိယသမ္မတဦးဉာဏ်ထွန်း၏ ရုပ်ပုံကို အသုံးပြု၍ နှစ်ထောင်တန် ငွေစက္ကူဟု ပြုပြင်ဖန်တီးထားသောဓါတ်ပုံ၊ တစ်သိန်းတန် ငွေစက္ကူပုံစံတွင် BLACK BOMB BURNING ဟု ရေစာဖန်တီးထည့်သွင်းကာ ပြုပြင်ထားသော ဓါတ်ပုံ၊ နိုင်ငံတော်အလံပုံကို အသုံးပြု၍ သူတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများဖြစ်သည်ဟု ဖန်တီးထားသောဓါတ်ပုံတို့ကို စုစည်းထားသည်ကို တွေ့ရှိရသည်။

ထိုသို့တွေ့ရှိရသဖြင့် မာမက်အီဒရီစ်ကို ခြေချုပ်/ ခံဝန်ဥပဒေအရ အရေးယူပြီး ဆက်လက်စစ်ဆေးရာမှ ၎င်းပုံများကို လက်ဆင့်ကမ်း ကူးယူပေးသူများဖြစ်ကြသော မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်မှ ဇီယာဘူဟူဆောင်း၊ အသက်(၂၂)နှစ်၊ (ဘ)ဟာမိတ်ဟူဆိန်း၊ မောင်တောမြို့မအရှေ့ရပ်ကွက်မှ အာဘု၊ အသက်(၂၃)နှစ်၊ (ဘ)အီဆုပ်၊ မောင်တော(၂)ရပ်ကွက်မှ မော်ဂျီဘူရာမန်၊ အသက်(၂၇)နှစ်၊ (ဘ) ဆီရာဇူဟောက် တို့ကို ဆက်လက်ဖေါ်ထုတ်ရရှိသည်ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ သက်သေများနှင့်အတူ အထက်ပါပုဂ္ဂိုလ်များကို ဆက်လက်ဖမ်းဆီးပြီး သက်သေခံ ပစ္စည်းများကို သိမ်းဆည်းကာ စစ်ဆေးကြည့်ရှုရာ မာမက်အီဒရိစ်ထံတွင် တွေ့ရှိရသော ဓါတ်ပုံများနှင့် ပုံစံတူ ဓါတ်ပုံများကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မာမက်အီဒရီစ်၊ ဇီယာဘူဟူဆောင်း၊ အာဘုနှင့် မော်ဂျီဘူရာမန်တို့အား နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် IT နည်းပညာဖြင့် ဖန်တီး ပြုပြင်ပြောင်းလဲခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သဖြင့် ၈-၁၂-၂ဝ၁၄နေ့တွင် ဘူးသီးတောင်မြို့မရဲစခန်းမှ (ပ) ၁၃၇/၂ဝ၁၄၊ အီလက်ထရွန်းနစ်ဥပဒေ ပုဒ်မ ၃၃(က)/ ၃၄(ဃ)တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရသည်။

ကိုအောင်(hyacinth

ငလုံး ngalone.wordpress.com

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s