ဘူးသီးတောင်မြို့ မြို့မပန်းခြံကို ဖျက် ပြီး ပြည်ခိုင်းဖြိုးပါတီရုံး အဖြစ် အသုံြး ပုနေကြောင်းသိရ

ဘူးသီး​တောင်

ဘူးသီးတောင်မြို့တွင် အများပြည်သူများ အပန်းဖြေနေရာတစ်ခုဖြစ်သော မြို့မပန်းခြံကို ပြည်ခိုင်းဖြိုးပါတီရုံး အဖြစ် အသုံးပြုနေကြောင်းသိရသည်။ ဘူးသီးတောင်မြို့တွင် ယခင်က ဘောလုံးကွင်းနှင့် ကပ်ရက် မြို့လယ်တွင် အများပြည်သူများ အပန်းဖြေ နိုင်စေရန် ပန်းခြံတစ်ခု ရှိခဲ့ပြီး အဆိုပါ ပန်းခြံတွင် ကလေးများ ကစားရန် ကိရိယာများ၊ အပန်းဖြေထိုင်နိုင်ရန် ထိုင်ခုံတန်းများ ၊ အလှဖန်တီးထားသော ရေကန်ငယ်နှင့် ပန်းပင်များ ဖြင့် မြို့၏အလှ ကို တန်ဆာဆင်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပန်းခြံထဲ့တွင် ရုံးဆောက်ပြီး ကြံ့ခိုင်ရေးရုံးအဖြစ် စတင်အသုံးပြုခဲ့သည်။ ပန်းခြံကို ဖျက်ဆီးပြီး ရုံးမြေအဖြစ် အသုံးပြုခဲ့သည်။ ထိုအချိန်မှ စ၍ ဘူးသီးတောင်မြို့သူ မြို့သားများအတွက် မြို့မပန်းခြံမှာ ပျောက်ဆုံးခဲ့ရသည်။ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နိုင်ငံရေးပါတီ အဖြစ် အသွင်ပြောင်းလာ ပြီး ယခုအချိန်ထိလည်း ပြည်ခိုင်ဖြိုးပါတီ ရုံးအဖြစ် အသုံးပြုနေဆဲပင်ဖြစ်သည်။ ပန်းခြံပိုင် မြေများကို ဆိုင်ရာပိုင်ရာများမှ ဆိုင်ခန်းများဆောက်ကာ လုပ်စားခဲ့သော့ကြောင့် လမ်းနှင့် ပန်းခြံ ကပ်ရက် နေရာများတွင် ဆိုင်ခန်းများဖြင့် ပြည့်နေပြီဖြစ်သည်။
ဘူးသီးတောင်မြို့ခံများ၏ ဖွင့်ဟ ပြောပြချက်ကို ပါ တင်ပေးလိုက်ပါသည်။
“ကျနော်တို့ မြို့မှာ ANP ရခိုင်အမျိုးသားပါတီ၊ ပြည်ခိုင်ဖြိုးပါတီ နောက် ကုလားပါတီတွေ ရုံးဖွင့်ထားတာတွေရှိပါတယ်။ တခြားပါတီတွေက ကိုယ့်ရုံးနေရာတွေကို ကိုယ့်ဘာသာ ရှာကြံပြီးဖွင့်ရတယ် ဒီပြည်ခိုင်ဖြိုးပါတီကတော့ စင်ပေါ်ကမင်းသားလို့ပြောရမလား ပြည်သူပိုင် ပန်းခြံတွေ၊ ရုံးအဆောက်အဦးတွေမှာ အခန့်သင့် ရုံးဖွင့်လိုက်ရုံပဲ”
“ကျွန်တော်တို့မြို့ရဲ့ ပန်းခြံကို ပြည်ခိုင်ဖြိုးအသင်းရုံးဆိုပြီး ပန်းခြံကိုဖျက်ပြီး ရုံးဆောက်လိုက်တယ်၊ ပြည်ခိုင်ဖြိုးပါတီ ဆိုပြီး ဖြစ်လာပြန်တော့လဲ ပါတီရုံးဆိုပြီး သုံးနေတုန်းပဲ။နောက်ပြီး လမ်းနဲ့ကပ်နေတဲ့ ဘက်မှာ ဆိုင်ခန်းတွေဆောက်ပြီး ရောင်းစားလိုက်သေးတယ်။ ”
“မြို့သူ မြို့သားတွေကတော့ ဘယ်ကျေနပ်မလဲ မြို့တစ်မြို့ မှာ ပန်းခြံဆိုတာ မရှိဘူးဖြစ်နေပြီ”
“နိုင်ငံရေးပါတီ တစ်ခုကနေ ဒီလို အများပြည်သူပိုင် ပန်းခြံမြေကို အပိုင်စီးနိုင်တာ ၊ ပါတီရုံးအဖြစ် အသုံးပြု နေ နိုင်တာကို က ဟုတ်ကို မဟုတ်တာ အစိုးရက ပြည်ခိုင်ဖြိုးအစိုးရ ဖြစ်နေလို့လားတော့ မဆိုနိုင်ဘူး ပေါ့နော်”
ဘူးသီးတောင်မြို့သူမြို့သားများမှာ ယခင် ပန်းခြံကို ပြန်လည်တည်ဆောက်ပေးစေလိုသော ဆန္ဒများ ရှိနေပြီး နိုင်ငံရေး ပါတီတစ်ခုမှ ယခုကဲ့သို့ ပြည်သူပိုင်ပန်းခြံအား သိမ်းပိုက်ထားမှုမှာ အစိုးရအား မေးခွန်းထုတ်စရာပင်ဖြစ်သည်။
(Photo-ပန်းခြံအတွင်းပိုင်းမြင်​ကွင်း)
ငလုံး

ngalone.wordpress.com

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s