အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက်များအနက် သေနတ် ၁၈ လက်နှင့် ကျည်ဆန် ၃၀၀၀ ကျော် သိမ်းဆည်းရမိပြီး ဖြစ်ကြောင်း ရဲမှူးချုပ် သူရစန်းလွင်ပြောကြား

နိုဝင်ဘာ ၁

မောင်တောမြို့နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးအနီး လုံခြုံရေး ထမ်းဆောင်နေသော ရဲတပ်သား တစ်ဦးကို တွေ့ရစဉ်
အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက်များအနက် သေနတ် ၁၈ လက် နှင့် ကျည်ဆန် ၃၀၀၀ ကျော် ရှာဖွေသိမ်းဆည်း ရမိပြီးဖြစ်ပြီး ကျန်လက်နက်များမှာလည်း လုံခြုံရေးတပ်ဖွဲ့ ခြောက်ဦး တပ်စိတ် တစ်စိတ်ကိုပင် ရင်ဆိုင်နိုင်မည့် အနေအထား မရှိကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောကြားသည်။

“နိုင်ငံတော်က အပ်နှင်းထားတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ် ဆိုသော်လည်း ပါသွားတဲ့ လက်နက်တွေထဲက သေနတ် ၁၈ လက်နဲ့ ကျည်ဆန် ၃၀၀၀ ကျော် ပြန်လည်သိမ်းဆည်း ရှာဖွေဖော်ထုတ်ရမိပြီး ဖြစ်ပါတယ်။ ကျန်တဲ့ လက်နက်ခဲယမ်းတွေကို ပြန်ကြည့်တဲ့အခါမှာ ဒီလက်နက်တွေက အင်္ဂါမစုံဘူးလို့ ကျွန်တော် ပြောကြားလိုပါတယ်” ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

image

“ရန်သူ့လက်မှာ ပါသွားတဲ့ ၄၀ မမ ဗုံး လောင်ချာဟာ တကယ်ထိရောက်တဲ့ လက်နက် ဖြစ်ပါတယ်။ သို့သော် သူတို့ဆီ ပါသွားတဲ့ထဲမှာ ဗုံးသီးမပါသွားပါဘူး။ ဗုံးသီးပါမသွားတဲ့ အတွက် ဒီလက်နက်သည် တုတ်လောက်တောင် အသုံးချလို့ မရပါဘူး။ အလားတူပဲ စက်ကလေး နှစ်လက်။ ဒါလည်း တကယ့် ပစ်အားကောင်းတဲ့ ပစ်ကူပေးစက်ကလေး ဖြစ်ပါတယ်။ နှစ်လက် ဆုံးရှုံးပါတယ်။ သို့သော် ဒီသေနတ်မှာ စက်ခါးပတ် ပါမသွားပါဘူး။ ဒီလက်နက်က စက်ခါးပတ်ပါမသွားရင် တစ်တောင့်ချင်းပဲ အသုံးချလို့ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒီလို တစ်တောင့်ချင်း အသုံးချမယ် ဆိုရင်တောင် ရိုင်ဖယ်သေနတ် လောက်တောင် မထိရောက်တဲ့ သေနတ်ဖြစ်ပါတယ်။ အလားတူပဲ ပြောင်းချောသေနတ်ဆိုတာ အဓိကရုဏ်းဖြိုခွဲတဲ့ လက်နက်ပါ။ ရာဘာစေ့လေးတွေနဲ့ လူစုလူဝေးကို ဖြိုခွဲတဲ့နေရာမှာ သုံးတဲ့ပြောင်းချောသေနတ် ဖြစ်ပါတယ်။ ဒီသေနတ်က တကယ့်တိုက်ပွဲဝင် လက်နက်မဟုတ်ပါဘူး။ သူတို့ဆီပါသွားတဲ့ တိုက်ပွဲဝင်လက်နက်နှစ်မျိုး ပါသွားပါတယ်။ တစ်မျိုးက M16 သေနတ်တစ်လက်၊ သို့သော် ကျည်ကတ် တစ်ကတ်ပဲ ပါသွားတဲ့အတွက် တကယ်တမ်းပစ်ခတ် တိုက်ပွဲဝင်မယ်ဆိုရင် ဒီကျည်ကတ် တစ်ကတ် ကျည်ကုန်တာနဲ့ ကျည်ပြန်ဖြည့်ဖို့အတွက် သူတို့တိုက်ပွဲဝင်နိုင်တဲ့ အနေအထား မရှိပါဘူး။  တချို့သေနတ်တွေက တကယ်တန်းသူတို့တွေက သံထည်ပစ္စည်းတွေ စက်ကိရိယာ ပစ္စည်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က အမြဲတမ်း တပ်မတော်က လက်နက်စစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးတော့ မကောင်းတဲ့ လက်နက်တွေကို ပြန်လည်ပြုပြင်၊ တချို့လုံးဝပြင်လို့မရတဲ့ လက်နက်တွေကို အပ်နှံပြီးတော့ အစားထိုးတောင်းရတဲ့ သေနတ်တွေဖြစ်ပါတယ်။ ဒီအထဲမှာ အသုံးချလို့ မရတဲ့ သေနတ်တွေကို ပြန်လည်အပ်နှံဖို့ စုစည်းထားတဲ့ သေနတ်တွေ ပါသွားပါတယ်။ အသုံးချလို့ရတဲ့ သေနတ်တွေမှာလည်း ကျည်ပေါက်တွေ တစ်လက်ကို ကျည်ပေါက်တစ်ပေါက်နှုန်းနဲ့ပဲ ပါသွားတဲ့အတွက် တကယ်တိုက်ပွဲဝင်မယ်ဆိုရင် ထိရောက်တဲ့ လက်နက်တွေ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုအင်္ဂါမစုံတဲ့ လက်နက်တွေ တစုတစည်းတည်း ကိုင်ဆောင်ပြီးတော့ ကျွန်တော်တို့နဲ့ ရင်ဆိုင်မယ် ဆိုရင်တောင် ကျွန်တော်တို့ရဲ့ ခြောက်ယောက် တပ်စိတ် တစ်စိတ်လောက်တောင် သူတို့ ရင်ဆိုင်နိုင်မယ့် အနေအထား မရှိပါဘူး” ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

သို့သော် အကြမ်းဖက်သမားများ လက်ထဲတွင် လက်နက်ခဲယမ်းများ ရှိနေသမျှ တိုင်းရင်းသားများကို ခြိမ်းခြောက်မှု၊ ၎င်းတို့ ဘင်္ဂါလီအချင်းချင်း လက်နက်အားကိုးဖြင့် ဓားပြတိုက်မှုများကို လက်မခံနိုင်ကြောင်း ရဲမှူးချုပ်က ပြောကြားသည်။

“ကျွန်တော်တို့ ပြည်နယ်မှာ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူလူထု ဘင်္ဂါလီရွာတွေ အပါအ၀င် တည်ငြိမ်အေးချမ်းပြီးတော့မှ တရားဥပဒေစိုးမိုးအောင် ကျွန်တော်တို့က ကာကွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တပ်မတော်ကလည်း သူ့ရဲ့ Missioin ဖြစ်တဲ့ သေနတ်နဲ့ အတူရှာဖွေတွေ့ရှိခဲ့ရင် တိုက်ပွဲဝင်ချေမှုန်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကလည်း ဒီအကြမ်းဖက်ထဲမှာ ပါဝင်တဲ့ သူတွေကို စစ်ကြောချက်အရ ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ဒီလက်နက်တွေကို ရှာဖွေဖမ်းဆီး သိမ်းဆည်းမယ်။ ပြီးရင် ဥပဒေနဲ့အညီ တရားစွဲတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်း စခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ RSO အကြမ်း ဖက်အဖွဲ့နှင့် ဆက်နွှယ်သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမားများ၏ အလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည် မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည် အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရကြောင်း၊ လုံခြုံရေးတပ် ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ရှစ်ဦး၏ အလောင်းများ ရရှိခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို တစ်လက်၊ ၎င်းကျည် နှစ်တောင့်နှင့် ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယူဆောင်သွားသည့် လက်နက်ခဲယမ်းများဖြင့် အကြမ်းဖက်သမားများက မောင်တောခရိုင်အတွင်း လှည့်လည်သွားလာ၍ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ တပ်မတော်၊ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက အကြမ်းဖက်သမားများ ခိုအောင်းနေသည့် နေရာဒေသများတွင် နယ်မြေရှင်းလင်း စစ်ဆင်ရေး ဆင်နွဲခဲ့ရာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်သားငါးဦး ထပ်မံကျဆုံးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။                    
Writer:
သားရွှေဦး (ကစ္ဆပ)

ပြောချင်စွာတိရှိကေ ဒေမှာထားခပါ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s