Category Archives: သတင်း

တပ်မ ၂၂ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားငါးဦးအလောင်းအား ဂျီနိုဆိုက် အဖြစ် သတ်ဖြတ်ခံထားရမှု ရှာဖွေတွေ့ရှိ

၁၉-၂-၂၀၁၉ နေ့က ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွါးခဲ့သော စစ်ပွဲတွင် ရွာသားငါးဦးကို မြန်မာ့တပ်မတော်(တပ်မ- ၂၂)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

အဆိုပါရွာသားငါးဦးသည် (၃) ရက်ခန့်ကြာမြှင့်ခဲ့သော်လည်း ရွာသို့ပြန်မရောက်ပဲ ပျောက်ဆုံးနေသောကြောင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ ယနေ့(၂၁-၂-၂၀၁၉) တွင် အလောင်းငါးလောင်းကို စုပုံပြီး မီးရှို့ထားသည့် နေရာကို တောစပ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။
လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသောရွာသားများမှာ—
(၁) ဦးထွန်းလှရွှေ၊အသက်(၆၅) နှစ်၊ရန်အောင်ပြင်ကျေးရွာ
(၂)ဦးအေးသိန်း၊အသက်(၃၄) နှစ်၊ကျားနင်းကန်ကျေးရွာ
(၃)မောင်မျိုးမင်းဇော်၊အသက်(၂၃) နှစ်၊ကျားနင်းကန်ကျေးရွာ
(၄)ဦးမောင်စိန်ဝင်း၊အသက်(၃၂)နှစ်၊ကျားနင်းကန်ကျေးရွာ
(၅)မောင်ရွှေစိုး၊အသက်(၂၉)နှစ်၊ သာစည်ကျေးရွာ တို့ဖြစ်ကြပါသည်။

မြန်မာ့တပ်မတော်
(တပ်မ-၂၂) က ဤကဲ့သို့ လူမဆန်စွာ စစ်ရာဇဝတ် ကျူးလွန်ခြင်းအား တကမ္ဘာလုံးက သိရှိနိုင်ကြရန် ဟု တောင်းဆိုသွားမယ်လို့ အရပ်ဖက် အဖွဲ့စည်းများက ဆိုနေပါတယ်။

Advertisements

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်မှ နေအိမ်များသို့ချိန်ရွယ် ပစ်ခတ်သောကြောင့် မနီနီစိုးမှာ ဦးခေါင်းကျည်ဆံထိမှန် သေဆုံးရခြင်းဖြစ်

20.2.19 နေ့ ရသေ့တောင်မြို့နယ် မင်းဖူးရွာတွင် စစ်တiပ်မှပစ်ခတ်သောကြောင့် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရသည်။ ဖြစ်စဉ်မှာ AA နှင့် အပြန်အလှန် ပစ်ခတ်မှုမရှိပဲ စစ်တပ်မှ ရွာသားများအား နေအိမ်မှအပြင်ထွက်လာကြရန် အသိပေးကြေငြာပြီးနောက် နေအိမ်များသို့သေနက်များဖြင့်ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အသက်၁၉ နှစ်အရွယ် မနီနီစိုးမှာ နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် စစ်တပ်မှပစ်ခတ်သောကြောင့် ဦးခေါင်းဖေါက်ထွက် ကျည်ဆံမှန်ခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်တွင်ကပြမည့် စောမဲကျီပြဇာတ်နှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ် ကံဒိုင်းတိုက်နယ်အသင်း (ရန်ကုန်)က ကြေညာချက်ထုတ်

ဆြာကု
စစ်တွေ၊ ဇန်နဝါရီ ၁၁

image

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၏ နှစ် (၆ဝ)ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပမည့် ပတ္တမမြားဒေဝီ စောမဲကျီသမိုင်းဖြစ်ရပ်မှန်ပြဇာတ်တွင် သမိုင်းအမှားတချို့ပါဝင်နေကြောင်း ရမ်းဗြဲမြို့နယ် ကံဒိုင်းတိုက်နယ်အသင်း (ရန်ကုန်)က ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

image

အဆိုပါဖြစ်ရပ်မှန်ပြဇာတ်အား တင်ဆက်ကပြသည့်အခါ သမိုင်းအမှန်၊ ဖြစ်ရပ်အမှန်၊ နေရာဒေသအမှန်၊ ဇာတ်လမ်းဇာတ်ကွက်အမှန်နှင့် မင်းဗာဘုရင်မင်းမြတ်အမည်နာမကိုသာထည့်သွင်းတင်ဆက်ရန် ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

image

အဆိုပါပြဇာတ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့၊ ညနေ (၇)နာရီအချိန်တွင် ရန်ကုန်ရှိ အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားဖြစ်သော အကယ်ဒမီ နေတိုး၊ ရခိုင်သူ ရတနာမိုင်၊ အကယ်ဒမီ အောင်လွင်နှင့် အကယ်ဒမီ ရန်အောင်တို့ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ဖြောင့်သေနတ်သမား လက်ချက်ဖြင့် တပ်ရင်းမှူးကျဆုံးဟု အစိုးရတပ် ထုတ်ပြန်

#DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဇန်န၀ါရီ ၇ ရက်မှာ ပထမဆုံး သတင်းထုတ်ပြန်လိုက်ပြီး အေအေတပ်ဖွဲ့လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့  စစ်တပ်က တပ်ရင်းမှူးတဦး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

image

ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်န၀ါရီ ၄ ရက်အထိ အစိုးရတပ်နဲ့ အေအေ ခေါ် ရခိုင့်တပ်မတော်တို့ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က တပ်ရင်းမှူးတဦး အပါအ၀င် အရာရှိစစ်သည်တချို့ သေဆုံးခဲ့တယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက သတင်းထုတ်လိုက်တာပါ။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရမ်းချောင်း-ရူးချောင်းနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အေအေ အဖွဲ့ထံမှ အလောင်းသုံးလောင်းနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတချို့ သိမ်းဆည်းရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်က တပ်ရင်းမှူးသေဆုံးခဲ့တာဟာ အေအေဘက်က လက်ဖြောင့်သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်မှုကြောင့်လို့ သတင်းထုတ်ပါတယ်။

ဒီနောက်မှာတော့ အေအေအဖွဲ့ဟာ အဖွဲ့ငယ်တွေ ပြန့်ကွဲဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အရပ်သားအသွင်ယူ ခိုအောင်းနေတယ်၊ အဲ့ဒီကတဆင့် မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမယ့် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုများ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သတင်းက ဆိုပါတယ်။

ဒါ့အပြင် အေအေအဖွဲ့ဟာ ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ တောင်ယာလုပ်ကိုင်နေတဲ့  အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

image

အေအေအဖွဲ့ဟာ တဖက်နိုင်ငံရှိ ကုလားဆိုးအကြမ်းဖက် အဖွဲ့အစည်းတွေ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့အဖွဲ့ကို အကူအညီပေးဖို့ တောင်းဆိုနေတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်နိုင်ငံဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်အနေနဲ့ အေအေအဖွဲ့ကို အပြီးတိုင် ရှင်းလင်းချေမှုန်း တိုက်ခိုက်သွားမယ်လို့ မြ၀တီသတင်းက ဆိုပါတယ်

မူရင်းလင့် —- http://burmese.dvb.no/archives/130037

မင်းမဲ့ စရိုတ်ထင်ရာစိုင်းနေကြသောရဲအရာရှိများ

(2-1-16)
ရခိုင်ပြည်နယ် အနောက်ဖက် မောင်တောမြို့မှ ပေးပို့လာတဲ့သတင်းပါ။
ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးနှင့် မောင် တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း၏ လက်စွဲတော် တပ်ကြပ်ကြီးလှမြင့် တို့မှာ မောင် တောမြို့တွင်မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနိုင် ရန်အတွက် ၄င်းတို့၏လုပ်ငန်းကိုအတားအဆီး ပြုလုပ်မည့် မောင်တောမြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ပြောင်းရွေ့လိုက်ပြီးယခုအခါတရားမဝင်မူးယစ် ဆေးဝါးများကို မောင်တောမြို့မှ ဘင်္ဂလီကုလား များဖြစ်သော အီတာလီယာ အနောက်ရွာမှ နူရ်ရူ နှင့် မောင်တောမြို့ ၄ ရပ်ကွပ်နေ ဟာရုံး(ခ)စိုးမြင့် တို့နှင့်ပူးပေါင်းပြီးတရားမဝင်မူးယစ်ဆေးဝါး(စိတ် ကြွဆေး)များကိုလွတ်လပ်စွာလုပ်ကိုင်နေကြပါသည်။
နူရ်ရူ ဆိုလျှင်လွန်ခဲ့သော ၂ နှစ်လောက်ကမောင် တောမြို့မဈေးတွင် အဟောင်ထည် (ဘေထုပ်) များရောင်းချနေခဲ့သူ ဘင်္ဂလီကုလားတဦးသာဖြစ် ပြီး တရားမဝင်မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ ကြောင်းသိသာထင်ရှားသည်မှာ ယခုနေထိုင် သောနေအိမ်နှင့်ခြံဝင်းတန်ဖိုးသည်ပင် သိန်းထောင်ပေါင်းများစွာတန်သောနေအိမ်ဆောက်လုပ်ပြီးနေထိုင်သည်ကိုတွေ့ရသည်မှာ သက်သေပင်ဖြစ်သည်။
၎င်း နှင့်အတူ ဟာရုံး(ခ)စိုးမြင့်မှာလည်း ရွေဇား ကုန်းနားရွာတွင်မထင်မရှားနေထိုင်သည့်ဘဝမှ ယခုအခါ မောင်တောမြို့အမှတ် ၄ ရပ်ကွက်တွင် သိန်းရာပေါင်များစွာတန်ဖိုးရှိသည့်နေအိမ် ဆောက်လုပ်နေထိုင်သည်မှာလည်းသက်သေ သာဓက ပင်ဖြစ်ကြောင်း မောင်တောမြို့သူ/ သားတိုင်းအသိပင်ဖြစ်ကြောင်း။
ယခုအခါတရားမဝင် မူးယစ်ဆေးဝါးများကိုပြည် နယ်ရဲမှူးကြီးနေမျိုး မောင်တောမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကျော်မြဝင်း နှင့်သူ၏ငယ်ပေါင်းမိတ်ဆွေ တပည့်ရင်းတပ်ကြပ်ကြီး လှမြင့် တို့ဘင်္ဂလီကု လားများနှင့်လွတ်လပ်စွာလုပ်ကိုင်နေကြကြောင်း သိရှိရပါသည် ။၎င်းတို့ယခုကဲ့သို့တရားမဝင်မူးယစ်ဆေးဖြန့်ဖြူး ရောင်းချနေကြောင်းထင်ရှားသောသက်သေ သာဓကမှာ ၄င်းတို့၏လုပ်ငန်းကိုတားဆီးဟန့် တားမည့် မောင်တောမြို့နယ်မှရဲတပ်ဖွဲ့ဝင်များ နှင့်မူးယစ်အထူးဌာနမှတပ်ဖွဲ့ဝင်များကိုမည်သည့် ပြစ်မူတစုံတရာမှမရှိဘဲ မောင်တောမြို့နယ်မှ ပြောင်းရွှေ့လိုက်ခြင်းသည် အဓိက ထင်ရှားသည့် သက်သေဖြစ်ကြောင်း အထက်လူကြီးများသိစေ အပ်ပါသည်။

အနောက်တံခါး

ချင်းပြည်ရောက် ရဲတပ်ဖွဲ့ဝင်များ၏ ရင်ဖွင့်သံ

(1-1-16)
အထက်လူကြီးတွေရဲ့ထင်ရာစိုင်းထားတဲ့ဖြစ်ရပ်မှန်လေးတွေပေါ့ အနောက်တံခါးကဖြစ်ရပ်မှန်ဆိုရင်လည်းမမှားပါဘူး  မောင်တောမြို့ကပေးပို့လာတာပါ။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ မြိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်မြဝင်းသည်မောင် တောမြို့သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရာထူးဖြင့်လွန်ခဲ သော ၆ လကရောက်ရှိလာပြီး ၄င်း၏လက်အောက်တွင်  အဓိက တာဝန်ထမ်း ဆောင်နေသော နယ်ထိမ်းအဖွဲ့အားမိမိရုံးခန်းသို့ ခေါ်ဆောင်ပြီးနယ်ထိမ်းခေါင်းဆောင် ရဲအုပ်
တိုးတိုးအား တလ လျှင် လစဉ်ပုံမှန် ၇ သိန်းပေး ရန်နှင့် ကျန် နယ်ထိမ်းအဖွဲ့ဝင်များအား လစဉ်
၂ သိန်းစီပေးအပ်ရမည်ဟုပြောဆိုခဲ့ပြီး အကယ်၍မပေးနိုင်ပါကမပေးနိုင်သောတပ်ဖွဲ့ဝင် များကိုပြောင်းရွှေ့လိုက်မည်ဟုပြောဆိုခြိမ်းခြောက်ခဲ့ပါသည်။
ယခုကဲ့သို့ငွေတောင်းခံရခြင်းမှာလည်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးအားလစဉ် ၁ လကို သိန်း ၂၀ ပေးရန်အတွက်ဖြစ်ကြောင်းလည်း သူ ကပြောဆိုပါသည်။
မြို့နယ်မှူးကျော်မြဝင်းတောင်းခံသောငွေကိုရဲအုပ်တိုးတိုးနှင့်နယ်ထိမ်းအဖွဲ့ဝင်များက ၃ လတိတိပေးဆောင်ခဲ့ကြပါသော်လည်း ယခု ပြောင်းရွှေ့မခံရမှီ ၂လခန့်အလို့မှာအခက်အခဲများ ကြောင့်ရက် ၂၀ ခန့်နောက်ကျပြီးမှပေးသွင်းခဲ့ရပါ သည် ထိုသို့ပေးဆောင်ရန်ပျက်ကွက်မူကြောင်း နောက် ၁ လမှာ နယ်ထိမ်းတပ်ဖွဲ့ဝင်များအားလုံ ပြောင်ရွှေ့ခံခဲရပါသည်။
အထက်လူကြီးများ သိရှိစေဖို့ အနောက်တံခါး သတင်းဌာနမှတဆင့်တင်ပြအပ်ပါသည်။