မောင်တောနယ်စပ် အစွန်အဖျား ကျေးရွာများတွင် ဆရာမများအစား ဆရာများဖြင့် အစားထိုးမည်ဖြစ်ပြီး ကျောင်းဆရာများကို အခြေခံစစ်ပညာ သင်ပေးမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပြောကြား

မောင်တောနယ်စပ် အစွန်အဖျား ဝေးလံခေါင်ပါး ကျေးရွာများတွင် အမျိုးသမီး ဆရာမများအစား အမျိုးသားဆရာများကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကာ ကျောင်းဆရာများကို အခြေခံစစ်ပညာ သင်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောကြားသည်။

image

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက “ဒီနေရာမှာ ရေရှည်အနေနဲ့ အဲဒီရွာတွေမှာ ကျွန်တော်တို့ အမျိုးသမီး ကျောင်းဆရာမတွေကို ထားရတဲ့ အင်မတန်မှ ကျွန်တော်တို့အတွက် တာဝန်ကြီးမားတယ်။ သူတို့အတွက်လည်း မိဘတွေ အတွက်လည်း သားသမီးချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့ သူတို့နေရာမှာ အစားထိုးဖို့အတွက် ကျွန်တော်တို့မှာ အစီအမံတွေ ဆောင်ရွက်ထားတာ ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒေသမှာ နိုင်ငံခြားကို သွားအလုပ်လုပ်ပြီး ပြန်လာတဲ့ ကျွန်တော်တို့ရဲ့ ဘွဲ့ရ လူငယ်တွေ ရှိပါတယ်။ သို့သော်လည်းပဲ သူတို့ အသက်သည် ၃၀ ကျော်သွားတဲ့အတွက်ကြောင့် ပညာရေးဌာနမှာ လုပ်ချင်တောင်မှ သူတို့ လုပ်ခွင့် မရပါဘူး။ အဲဒီတော့ ပညာရေး ပြည်ထောင်စုဝန်ကြီးဆီ တင်ပြပြီး ထားပါတယ်။ အခုလည်း ၀န်ကြီးချုပ် နေပြည်တော်သွားလို့ရှိရင် ထပ်ပြီးတပ်ပြဖို့ ဖြစ်ပါတယ်။ ၃၅ နှစ်အောက် ဘွဲ့ရပြီးလူတွေကို ကျွန်တော်တို့ အခု စုစည်းနေပါတယ်။ အဲဒီ ကျောင်းဆရာတွေကို နယ်စပ်ဒေသမှာရှိတဲ့ ဆရာမတွေ နေရာမှာ အစားထိုးဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် အဲဒီ ကျောင်းဆရာတွေကို ကျွန်တော်တို့ အခြေခံ စစ်ပညာကအစ သင်ပေးဖို့အထိ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် ဒီမှာပါတဲ့ ဘွဲ့ရပညာတတ် ၃၅ နှစ်အောက် ယောက်ျားတွေဟာ ကျွန်တော်တို့ ကျောင်းဆရာ လုပ်ချင်တယ်။ တိုင်းပြည်ကို ကာကွယ်ချင်တယ် ဆိုရင် အဲဒီအစီအမံထဲမှာ ပါဝင်ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

မောင်တော အကြမ်းဖက်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် လုံခြုံရေး အခြေအနေအရ မောင်တာမြို့နယ် အစွန်အဖျားတွင် တာဝန်ကျနေသော ဆရာဆရာမများကို ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်ခဲ့ရသည်များ ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် ကျောင်းပြန်ဖွင့်ပြီ ဆိုသော်လည်း မြို့ပေါ်ကျောင်းများသာ ဖွင့်နိုင်သေးကြောင်းနှင့် ဒုတိယအဆင့် အနေဖြင့် စိတ်ချရသည့် ခြေကုပ်စခန်းများဖြစ်သော ကြိမ်ချောင်း ကျေးရွာကဲ့သို့သော ကျေးရွာများတွင် ကျောင်းများပြန်လည်ဖွင့်မည်ဖြစ်ကာ တတိယအသုတ် ကျောင်းများကို နယ်မြေအေးချမ်းသာယာပြီး နေရပ်စွန့်ခွာသည့် ကျောင်းသူကျောင်းသားများ ပြန်လည်ရောက်ရှိသည့် ကျေးရွာများတွင် ဆရာ၊ ဆရာမတွေကို စေလွှတ်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါက်တာချမ်းသာက ဆိုသည်။

မောင်တောမြို့နယ် အတွင်းရှိ ၁၈၃ ကျောင်းအနက် ပထမအဆင့် ၂၄ ကျောင်း၊ ဒုတိယအဆင့် ၈၂ ကျောင်းနှင့် လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ပြန်လည်ဖွင့်လှစ်ရန် ၂၈ ကျောင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင် ဝေးလံခေါင်ပါးသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၂၈၈ ဦးရှိကြောင်းနှင့် အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်ပြီး နောက်ပိုင်း တိုက်ပွဲကြောင့် ပိတ်မိနေသော မောင်တောမြောက်ပိုင်းမှ ဆရာ၊ ဆရာမ ၁၀၀ ကျော်ကို ရဟတ်ယာဉ်များဖြင့် သယ်ယူ ကယ်ထုတ်ကာ နေရပ်သို့ ပြန်ပို့ခဲ့ရကြောင်း သိရသည်။ မောင်တောမြို့နယ်တွင် တာဝန်ကျ ဆရာဆရာများ အားလုံးကို အောက်တိုဘာ ၃၀ ရက် မောင်တောသို့ အရောက်ပြန်လာရန် ညွှန်ကြားထားကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

Writer:
သားရွှေဦး (ကစ္ဆပ)
31-10-2016 Dailyeleven သတင်းစာမှ

Advertisements

တပ်ရင်းမှူးတစ်ဦး မောင်တောတောင်ပိုင်းတွင် တန်စိုးလက်ဆောင်များ လက်ခံမှုများရှိနေဟုဆို

နိရဉ္စရာ၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို တပ်မတော်သားအများအပြားက အသက်ပေး ကာကွယ်နေချိန်တွင် မောင်တောတောင်ပိုင်းတွင် တာဝန်ကျနေသော တပ်ရင်းမှူး တစ်ဦးသည် ဘင်္ဂလီများထံမှ တန်စိုး လက်ဆောင်များ လက်ခံယူနေကြောင်း အမည်မဖော်လိုသူ တစ်ဦးက ဖုန်းဆက်ပြီး နိရဉ္စရာသို့ အကြောင်းကြားသည်။

image

ယခုကဲ့သို့ အကြောင်းကြားခြင်းမှာ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဘူးသီးတောင်ရဲတပ်ရင်းမှ ရဲသားများနှင့် တပ်မတော်သားအချို့မှ မကျေနပ်၍ ပြောဆိုနေရာမှ သတင်းဌာနသို့  သူ့အနေဖြင့် ဖုန်းမှ တစ်ဆင့် အကြောင်းကြားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ်မှာ တာဝန်ကျနေတဲ့ ဘူးသီးတောင် အခြေစိုက် ××× တပ်ရင်းက တပ်ရင်းမှူး ××× ဖြစ်ပါတယ်။ ကျွန်တော်မျက်စိရှေ့မှာ ငွေလက်ခံတာကို မြင်ပါတယ်။  မြင်းလွတ်က ဘင်္ဂလီတွေဆီကငွေကို လက်ခံတယ်။ ဆရာတို့ ရေဒီယိုက လွှင့်သလို ဒီမှာ ကင်းလှည့်တယ်ဆိုတာ မဟုတ်ပါဘူး။ မြင်းလွှတ်မှာ အထိုင်ချပြီး လာဒ်ငွေတွေကို လက်ခံနေပါတယ်” ဟု ပြောဆိုသည်။

မည်သည့်အတွက်ကြောင့် ငွေတွေကို လက်ခံပါသလဲဟု မေးမြန်းရာ သူက “ အခု ကုလားတွေနဲ့ နားလည်မှု ယူပြီး ငွေတွေကို လက်ခံပါတယ်။ သူတို့ကို မဖမ်းမဆီးရအောင် ဘင်္ဂလီတွေက နားလည်မှုနဲ့ ငွေတွေ ပေးပါတယ်။ ဘူးသီးတောင်က ရဲတပ်ရင်းက ရဲသားတွေလည်း ပြောပါတယ်။ စစ်သားတွေလည်း ပြောပါတယ်။ ပထ၀ီ မြေပြင်ကို မဆင်းဘဲ အထိုင်ချပြီး အဲဒီတပ်ရင်းမှူးက ငွေတွေကို ယူနေပါတယ်” ဟု ပြောကြားသည်။

တပ်မတော်၏ ဂုဏ်သိက္ခာအား ညှိးနွမ်းအောင်ပြုလုပ်နေသူ တပ်ရင်းမှူး၏ လုပ်ရပ်ကို အထက်လူကြီးများ သိရှိရန် သတင်းတင်ပေးရန်နှင့် လုံခြုံရေးအရ တိုင်ကြားသူ သူ့နာမည်အား သတင်းတွင် ထည့်မရေးရန် ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

သူ၏ တိုင်ကြားချက်ထဲတွင် တစ်ခြား နောက်ထပ် ဘင်္ဂလီကျေးရွာတစ်ခုမှလည်း ငွေလက်ခံကြောင်း ပြောဆို သော်လည်း ဖုန်းထဲမှ ရွာနာမည်မှာ မသည်းကွဲသဖြင့် မဖော်ပြလိုက်တော့ပါ။ ၎င်းပြင် တပ်ရင်းနံပတ်နှင့် နာမည်သုံးလုံးပါ တပ်ရင်းမှူးနာမည်အတိအကျကို ပြောကြားခြင်း ဖြစ်သော်လည်း နိရဉ္စရာမှ အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ရရန် ခက်ခဲသဖြင့် ယခုသတင်းထဲတွင် တပ်ရင်းမှူး အမည်အား မဖော်ပြလိုက်တော့ပါ။

ငခူရရွာ မီးလောင်မှုဖြစ်ပွား

#BREAKING
မောင်တောမြို့နယ် မြောက်ပိုင်း ငခူရ မူဆလင်ရွာမှာ ယနေ့ည ၉ နာရီခန့်ကစပြီး မီးလောင်မှုဖြစ်ပွားနေပါတယ်။ မောင်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “မီးလောင်နေတာဟုတ်ပါတယ် ဟိန္ဒူရွာအရှေ့ လမ်းဆုံနားက လောင်နေတာပါ သိထားသလောက် စစ်တပ်ကလာတာနဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ထွက်ပြေးတာလို့သိရတယ်။ တပ်က မီးဝင်ငြိမ်းနေပြီ။” လို့ ဒီဗွီဘီကိုပြောပါတယ်။

“အကြမ်းဖက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အဒူမူနာရဲ့ အိမ်နားကစပြီးလောင်တာ ဆိုင်ခန်းသုံးခန်းလောက် လောင်တယ် ဘယ်လိုစလောင်လဲ အသေအချာ မသိရသေးဘူး” လို့ ငခူရရွာက ဒေသခံကိုမောင်စောက ပြောပါတယ်။

မီးလောင်နေတာကို ရွက်ညိုတောင်၊ ခြံပြင်စတဲ့ရွာတွေကပါ လှမ်းမြင်နေရတယ်လို့ ဒေသခံတွေက လည်း ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ သန်းခေါင်ကျော်မှာ ငခူရနယ်မြေစခန်းကို အကြမ်းဖက်သမားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက် သမား ၈ ဦးကို အသေဖမ်းဆီးမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်သမားတွေကို စစ်ဆင်ရေးလုပ်ပြီး ရှာဖွေနေဆဲ ဖြစ်သလို ဖမ်းဆီးစစ်ဆေးတာတွေလဲ ရှိပါတယ်။ စစ်ဆင်ရေးလုပ်စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိပေမယ့် အစိုးရကတော့ ဥပဒေအတိုင်း လုပ်ဆောင်နေတယ်လို့ ငြင်းဆိုထားပါတယ်။

သတင်း ကိုအောင်
DVB

နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြ၍ ဘင်္ဂါလီအချို့ တစ်ဖက်နိုင်ငံ၌ စစ်သင်တန်းတက်ရောက်မှုများ ရှိနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ တည်ရှိသော မောင်တောခရိုင်အတွင်း နေထိုင်သည့်
ဘင်္ဂါလီ အချို့သည် နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြ၍ ကုန်သည်အမည်ခံကာ
တစ်ဖက်နိုင်ငံ၌ စစ်သင်တန်း တက်ရောက်မှုများ ရှိနေကြောင်း ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီး ဦးကျော်လွင်
ကပြောသည်။

image

အောက်တိုဘာ၂၉ရက် မွန်းလွဲ ၂နာရီ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌
ပြုလုပ်သည့် မောင်တောဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊
ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ
ကိစ္စများ နှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်အဝေးတွင် အထက်ပါအတိုင်း
ပြောဆိုခဲ့ခြင်း ဖြစ်သည်။

image

“ကုန်သည်အမည်ခံပြီးတော့ ဟိုဖက်ကို ထွက်နေကြတာတွေ အများကြီးပါ။
ကုန်သည်အမှန်ကိုတော့ လက်ချိုးရေလို့ ရပါတယ်။ အခုတော့ လူဦးရေ ထောင်နဲ့
သောင်းနဲ့ ချီပြီးတော့ ပိုက်ဆံပေးရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်တယ်။
ပြီးတော့ သင်တန်းတက်တာတွေ ရှိတယ်။ ရက်တိုးပြီး နေရင်းနေရင်း နဲ့
ကျွန်တော်တို့ ဒေသတိုင်း ဒေသတိုင်းမှာ အကြမ်းဖက်သမားတွေ ပျံ့နံှ့နေတာတွေ
ရှိတယ်” ဟု ၄င်းကပြောသည်။

ကုန်သည်အမည်ခံ၍ တစ်ဖက်နိုင်ငံသို့ ၀င်ထွက်သွားလာခွင့်
မပြုနိုင်ရန်အတွက်လည်း စိစစ်မှုများ ပြုလုပ်သွားရန် အစိုးရမှ
စီစဉ်လျက်ရှိပြီး၊ ၀န်ထမ်းများအနေဖြင့်လည်း ငွေကြေးတစ်ခုတည်းကိုသာ ကြည့်၍
လုပ်ဆောင်ရန် မသင့်ကြောင်း ၄င်း ကဆက်လက်ပြောဆိုသည်။

#Rakhinenewsagency

UNHCR တည်း ဟူသော ထရိုဂျင် မြင်းရုပ်

ဦးကျော်ဇောဦး

၁။ ရခိုင်နယ်စပ်မှာ ဘင်္ဂါလီ ရှစ်သိန်းကျော်ကို ပိုးမွေးသလိုမွေးပြီး မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ဆန့်ကျင်ဖျက်ဆီးရာရောက်တဲ့ ဆောင်ရွက်ချက်တွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ တဲ့ အဖွဲ့အစည်းကတော့ UNHCR လို့ အတိုကောက် သိကြတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ပဲ ဖြစ်ပါတယ်။ HCR လို့လည်း အဲသည်အဖွဲ့အစည်းကို ခေါ်ကြပါတယ်။

image

၂။ ဒုတိယ ကမ္ဘာစစ် ပြီးခါစ ကာလမှာ UNHCR ဆိုတာမရှိခင်တုံးက၊ နိုင်ငံတကာဒုက္ခသည်အဖွဲ့ (International Refugee Organazation) အတိုကောက်အားဖြင့် IRO လို့ခေါ်တဲ့ အဖွဲ့ကို နိုင်ငံတွေ ပါဝင်ဖွဲ့စည်း လုပ်ဆောင် ခဲ့ကြတယ်။ အဲသည်တုံးက လုပ်ဆောင်ရာမှာ Displaced Person (DP) လို့ ခေါ်တဲ့ မူရင်းနေရာမှ တိမ်းရှောင်ထွက်ပြေးရသူတွေ နဲ့ Refugee လို့ခေါ်တဲ့ ဒုက္ခသည်တွေကို ခွဲခြားခြင်း နောက်ပြီးတော့ ခွဲခြားသည့်အလျောက် ပံ့ပိုးလုပ်ဆောင်မှုကွဲပြားခြင်းတို့ကြောင့် အငြင်းအခုန်တွေ အများကြီး လုပ်ခဲ့ရ တာတွေ ရှိခဲ့တယ်။ ဥပမာအားဖြင့် နာဇီဂျာမနီက ထွက်ပြေးလာတဲ့ ဂျူးတွေကို အာရပ်နိုင်ငံတွေက သတ်မှတ်ပေးချင်တာက တိမ်းရှောင်ထွက်ပြေးရသူ (DP) တွေအဖြစ် သတ်မှတ်လိုက်ချင်တယ်။ ဒီလိုသတ်မှတ်ရင် မူရင်း နေရပ်ပြန်ပို့ခြင်း (repatriation) ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဂျာမနီ နဲ့ အခြား ဥရောပဒေသတွေကို ပြန်ပို့ရမယ်။ အဲသည် ဂျူးတွေကို တိမ်းရှောင်ထွက်ပြေးရသူ (DP) တွေအဖြစ် အမျိုးအစားမသတ်မှတ်ဘူး ဒုက္ခသည် (Refugee) လို့ပဲ သတ်မှတ်မယ် ဆိုရင်တော့ နေရာပြန်လည် ချထားခြင်း (re-settlement) လုပ်ရမှာ ဖြစ်တဲ့အတွက် ပါလက်စတိုင်းကိုပဲပို့ရတော့မယ့် အခြေကို ဆိုက်လာတော့မှာ  ဖြစ်တဲ့အတွက် ဒုက္ခသည် (Refugee) အဖြစ်သတ်မှတ်မှာကို အာရပ်နိုင်ငံတွေက အပြင်းအထန်ဆန့်ကျင်ခဲ့ကြတယ်။ ဒုက္ခသည်ရေးရာမူဝါဒ ချမှတ်လုပ်ဆောင်ရာမှာ မူဆလင်နိုင်ငံတွေ၊ အာရပ်နိုင်ငံတွေဟာ မိမိတို့ အစ္စလမ်မစ်ကမ္ဘာရဲ့ အသာစီးရမှုကို တွက်ချက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ် လို့ ဖြစ်ရပ်သက်သေနဲ့ ထောက်ပြတာ  ဖြစ်ပါတယ်။

၃။ ၁၉၅၀ လောက်မှာ UNHCR ကို စဖွဲ့တဲ့အခါ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေရစေဖို့ ကိုယ်စိတ် ကောင်းမွန်စွာ နေထိုင်နိုင်မှုကို ရရှိရေးကို ဆောင်ရွက်ပေးဖို့လောက်ကို လုပ်ပိုင်ခွင့် ပေးထားရာကနေ နောက်ပိုင်းလုပ်ပိုင်ခွင့်တွေကို တိုးချဲ့ရလာတာ ဘယ်လောက်အထိ ရတာသလဲဆိုတော့၊ စိုးရိမ်ဖွယ်ရာ အခြေအနေထဲ ရောက်ရှိနေသူတွေ (Persons of Concern) မှန်သမျှနဲ့ ပတ်သက်လို့ တာဝန်ယူ လုပ်ဆောင်ခွင့် တွေရ လာတယ်။ စိုးရိမ်ဖွယ်ရာအခြေအနေထဲ ရောက်ရှိနေသူတွေ (Persons of Concern) လို့ ဆိုရာမှာ နိုင်ငံမဲ့ (stateless people) တွေပါ ပါဝင်ထည့်သွင်း လာတယ်။

၎။ UNHCR ဟာ ၁၉၉၄ လောက်မှာ မြန်မာနိုင်ငံ မောင်တောဒေသသို့ နေရပ်ပြန်သူ(returnee)တွေလို့ သူတို့ သတ်မှတ်ထားသူအချို့ကို မူရင်းနေရပ်ပြန်ပို့ခြင်း (repatriation) လုပ်ဆောင်တာ အခြေတကျ ဖြစ်အောင် လုပ်ဆောင်တာတွေ လုပ်နေခဲ့တယ်။ ၁၉၉၅-ခုနှစ်လောက်က စလို့ ထင်ပါတယ်၊ UNHCR ရဲ့ လုပ်ပိုင်ခွင့်တွေ ကို ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးဆုံးဖြတ်ချက်တွေအားဖြင့် တိုးမြှင့်ပေး လိုက်တော့ နိုင်ငံမဲ့ဆိုသူတွေကို ကျွေးမွေးပြုစု အားဆေးထိုးပိုင်ခွင့်တွေ ရလာတယ်။ ယနေ့ ရခိုင်နယ်စပ်မှာ UNHCR က ကျွေးမွေးပြုစု အားဆေးထိုးနေတဲ့ နိုင်ငံမဲ့ဆိုသူတွေရဲ့ အရေအတွက်ဟာ သူတို့ရဲ့ တရားဝင်စာရင်းအရ ရှစ်သိန်းရှိတယ်။ လူမျိုးလိမ်နာမည်တစ်ခုကို ဖန်တီးပြီး နယ်မြေအပိုင်စီးနိုင်ဖို့ ကြိုးစားနေတဲ့ လူရှစ်သိန်းရှိ လူအုပ်စုတစ်ခုကို နိုင်ငံတကာ အထောက်အပံ့များအားဖြင့် နှစ်ပေါင်းနှစ်ဆယ်လောက် အားကောင်းသထက် အားကောင်းအောင် လူနေမှုဘ၀ပုံစံတွေ ဘက်ပေါင်းစုံက တိုးတက်အောင် နှစ်ပေါင်းနှစ်ဆယ်လောက် UNHCR က အားဆေးထိုး နေခဲ့တယ်။

၅။ ကုလသမဂ္ဂရဲ့ တရားဝင် လုပ်ပိုင်ခွင့်အပ်နှင်းမှု (mandate) အားဖြင့် နိုင်ငံတကာရံပုံငွေကို သုံးပြီး အဲသည်နိုင်ငံမဲ့ ဆိုသူလူအုပ်စုဟာ အဆက်မပြတ်အထောက်အပံ့တွေ ရနေခဲ့ချိန်မှာ နဂိုကတည်းက အကြိမ်ကြိမ် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် လူဦးရေနည်းနေတဲ့ ဘက်ပေါင်းစုံကချိနဲ့နေတဲ့ မြို၊ ဒိုင်းနက်၊ ခမီး၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ ဟာ ဆင်းရဲသထက်ဆင်းရဲလာတယ်။ လယ်၊ ယာ၊ ချောင်း၊ မြောင်း၊ ကုန်းတွေ၊ တောင်တွေကို တိုင်းရင်းသားတွေ မပိုင်တော့ဘူး။ ကုလားတွေ ရဲ့အပိုင်တွေ ချည်း ဖြစ်လာခဲ့တယ်။ တိုင်းရင်းသားတွေဟာ တစ်နေ့စာတစ်နေ့ရှာစား၊ တောင်တက် ထင်းကောက်၊ ချောင်းဆင်း ခရုကောက် ဖားရှာ စားရတဲ့ သူတွေ အနေအထားမှာပဲ ရှိနေခဲ့တယ်။ စီးပွားရေးလို့ ရှိရင်လည်း ဘူးသီးတောင်၊ မောင်တောက စီးပွားနယ်ပယ်မှန်သမျှဟာ ကုလား လက်အောက်ခံ လုပ်ရတာတွေ ချည်းပဲ ဖြစ်တယ်။

၆။ UNHCR ကို ယခု အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေအရ နိုင်ငံမဲ့တွေကို ကူညီထောက်ပံ့ဖို့ ဆိုတာအပြင် အဲသည်လူတွေ နိုင်ငံသားဖြစ်နိုင်ဖို့ ကြိုးပမ်းဖို့ကိုပါ လုပ်ပိုင်ခွင့်ပေးထားတယ် လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ကုလားလေးတွေကို ဆေးရုံမှာလာမွေးပြီးတော့ မွေးစာရင်းပေး ပေးဖို့ ကူတောင်းနေတဲ့ နိုင်ငံခြားသားလူဖြူတွေကို ဘူးသီးတောင်နဲ့မောင်တော ဆေးရုံတွေမှာ အကြာခဏ ဆိုသလို တွေ့နိုင် တယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းက နိုင်ငံတကာအဖွဲ့အစည်းအချို့ဟာ နိုင်ငံခြားသားကျွမ်းကျင်သူ ပညာရှင်တွေ ငှားရမ်းပြီး ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အသေးစိတ် အနုလုံပဋိလုံ လေ့လာခြင်း ဥပဒေကို ဆီလို အပေါက်ရှာခြင်းတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ နယ်ခြားက ဘင်္ဂါလီတွေ နိုင်ငံသား ဖြစ်လာနိုင်တဲ့အထိ မြန်မာနိုင်ငံသားဥပဒေကို ပြောင်းလဲနိုင်အောင် အဆက်အသွယ်ရှာတာတို့၊ ပြောင်းလဲဖို့ လိုအပ်နေပါပြီလို့ သူတို့ရဲ့ နိုင်ငံရေး အဆက်အသွယ် တွေက တစ်ဆင့် အသံထွက် စေတာ တို့ကို လုပ်နေကြတာဖြစ်ပါတယ်။

၇။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံသားမဖြစ်နိုင်သူတွေကို နိုင်ငံသား ဖြစ်အောင် ပြည်ပအဖွဲ့အစည်းတစ်ခုက ကြိုးပမ်းနေတာဟာ ဒီနိုင်ငံရဲ့ အချပ်အချာအာဏာကို တစ်စချင်း ချိုးဖဲ့နေတာပဲ ဖြစ်ပါတယ်။ ၁၉၃၀-လောက်က သည်ဟိတ်မြို့မှာ နိုင်ငံအများရေးဆွဲခဲ့ကြတဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက် တစ်ခုမှာ ဘယ်လို ပြောထား သလဲဆိုတော့ It is for each State to determine under its own law who are its nationals. လို့ ဆိုထားတယ်။ ဘယ်သူဘယ်ဝါတွေဟာ နိုင်ငံသားဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေများအားဖြင့်သာ သတ်မှတ် ဆုံးဖြတ်ရမယ် လို့ ဆိုလိုတာဖြစ်ပါတယ်။

၈။ ယခုနှစ် ၂၀၁၆-ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ သုံးစွဲဖို့ UNHCR ရရှိထားတဲ့ ဘဏ္ဍာငွေပမာဏဟာ (ပြီးခဲ့တဲ့ စက်တင်ဘာလအထိ သိရသမျှ ဆိုရင်) အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၄၆၇ သန်း ကျော် ရရှိထားခဲ့တယ်။ ဒီငွေတွေကို ဆက်တိုက်သုံးစွဲခဲ့တယ်။ နောင်လည်း သုံးစွဲဖို့ ၀င်လာဦးမှာ ဖြစ်ပါတယ်။ အဲသည်ရံပုံငွေထဲက ဘယ်ရွေ့ဘယ်မျှကို ရခိုင်ပြည်နယ်ထဲက နိုင်ငံမဲ့ဆိုသူ ရှစ်သိန်းနဲ့ ဒုက္ခသည် စခန်းရောက် တစ်သိန်းနှစ်သောင်း (စုစုပေါင်းအားဖြင့် ကိုးသိန်းနှစ်သောင်း) အတွက် ဘယ်လောက် သုံးစွဲနေတယ်ဆိုတာ မသိရဘူး။ အကြမ်းဖျင်းမှန်းဆချက်တွေအရ နိုင်ငံတကာအဖွဲ့အစည်း တွေအားလုံး ရခိုင်ပြည်နယ်မှာ သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ ရခိုင်ပြည်နယ်အစိုးရရဲ့ နှစ်စဉ်ဘက်ဂျက်နဲ့ ဆတူ ရှိနိုင်တယ် လို့ပြောကြတယ်။ ဒါပေမဲ့ ဒါကလည်း ကိန်းဂဏန်းအသေအချာ သိရမှ အတိအကျ ပြောနိုင်မယ့် ကိစ္စဖြစ်ပါတယ်။

၉။ ကမ္ဘာပေါ်မှာလက်ရှိရှိနေတဲ့ နိုင်ငံမဲ့ လူဦးရေ စုစုပေါင်းဟာ ဆယ်သန်းကနေ ဆယ့်ငါးသန်း အကြား ရှိမယ်လို့ အကြမ်းဖျင်းခန့်မှန်းကြပါတယ်။ အဲသည်အရေအတွက်ထဲမှာ ရခိုင်နယ်စပ်က ဘင်္ဂါလီလူမျိုး ရှစ်သိန်း လည်း အပါအ၀င် ဖြစ်ပါတယ်။ ဒီလူရှစ်သိန်းကို နိုင်ငံမဲ့တွေဆိုပြီး တစ်ဖက်သတ် အကူအညီ နှစ်ဆယ်ပေါင်းများစွာ ပေးခြင်းအားဖြင့်၊ အဲသည်ဒေသထဲက တိုင်းရင်းသားနိုင်ငံသားတွေဟာ နဂိုကတည်းက ဆင်းရဲနေပြီးသား ဖြစ်နေရာကနေ ဘင်္ဂါလီတွေကို လူမှုရေး စီးပွားရေးအရ လုံးဝမယှဉ်နိုင်တဲ့ အဆင့်ကို ကျဆင်းလာခဲ့တယ်။ အကူအညီပေးတဲ့နေရာမှာ တိုင်းရင်းသားရွာသိမ်ရွာငယ်လေတွေကို အကြောင်းအမျိုးမျိုးပြပြီး (ဥပမယ အိမ်ခြေ ၅၀ အပြည့်လို့ ဆိုတာမျိုး အကြောင်းပြပြီး) အကူအညီမပေးဘဲ ချန်ထားတဲ့ ဖြစ်စဉ်တွေအများကြီးရှိခဲ့ဖူးတယ်။ အဲသည်အနေအထားမှာ နိုင်ငံမဲ့ဆိုသူတွေဟာ ဘယ်လောက်အထိအားကောင်းလာသလဲဆိုရင် လက်နက်စွဲကိုင်တိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီး နိုင်ငံရဲ့ အချုပ်အချာအာဏာ ကို တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ကြတယ်။

၁၀။ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံတကာ အထောက်အပံ့အဖွဲ့အစည်းတွေထဲမှာ UNHCR ဟာ ဘက်ဂျက်အများဆုံး သုံးစွဲသူ ဆရာကြီးဖြစ်တယ်။ များသောအားဖြင့် အခြား UN အဖွဲ့အစည်းတွေ နဲ့ INGO ၊ NGO တွေဟာ အဲသည်ဆရာကြီးနဲ့ လက်တွဲဆောင်ရွက်ရသူတွေသာဖြစ်ကြတယ်။ UNHCR ခိုင်းတာကို တစ်ဆင့်ခံလုပ်ပေးရတဲ့ အဖွဲ့အစည်းတွေဟာ ဖြစ်ကြတယ်။

၁၁။ ဆရာကြီးဖြစ်သူ UNHCR ကလာတဲ့ အလုပ်တွေကို UNOCHA က ထိန်းညှိခြင်း steering လုပ်ခြင်းအားဖြင့် ပဲ့ကိုင်တယ်။ ယခုအခါ အန္တရယ်တစ်ခုက ဘာလဲဆိုတော့ ဖြူစင်နှလုံးသား MHDO လိုမျိုး မြန်မာပြည်မက ခရစ်ယန် အဖွဲ့အစည်းတွေကို ဘင်္ဂါလီအားဆေးထိုး လုပ်ငန်းမှာ အကြီးအကျယ် ခေါ်သုံးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ UN နဲ့ INGO တွေမှာ ဒေသခံတွေ မပါဘူး၊ ဒေသခံတွေပါရမယ် လို့ဆိုရင် ချင်းလူမျိုးတွေကို ခေါ်ထည့်ထားပြီးတော့ ဒေသခံပါတယ်လို့ သူတို့ ဆိုပြန်တယ်။ ဒီလိုနည်းအားဖြင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ ရန်သူစစ်တပ်ကြီးတစ်တပ်ဟာ နယ်မြေကျူးကျော်သိမ်းပိုက်ရေးလှုပ်ရှားမှုကို ကြေးစားစစ်သားတွေသုံးပြီးတော့ မိမိတို့ နယ်မြေထဲမှာ နေ့ညရှိသရွေ့ အချိန်ပြည့်လှုပ်ရှားနေကြတယ်။ ရခိုင်တွေ ဘာမှ မသိရဘူး။ ရခိုင်တွေ ဘာမှ မသိရဘဲ နယ်မြေကျဆုးံနေတယ်။ သိပြန်ရင်လည်း မိမိတို့က ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေမှာ တာဝန်ရှိသူတွေက အပြည့်အ၀တာဝန်ယူ အကာအကွယ်မပေးတာကိုပဲ ကြုံတွေ့ကြရတယ်။

၁၂။ ၂၀၁၄-ခုနှစ် မတ်လ (၂၇) ရက်နေ့ စစ်တွေမြို့မှာ စစ်တွေမြို့သူမြို့သားအချို့ဟာ လူအုပ်စုဖွဲ့ပြီး UN အဖွဲ့အစည်းတွေ၊ INGO တွေ၊ NGO တွေရဲ့ ရုံးခန်းတွေကို ဖျက်ဆီးခဲ့ကြတယ်။ ရခိုင် ပြည်နယ်ထဲကို လာရောက်အခြေစိုက်ရုံးခန်းဖွင့်ပြီး ဘင်္ဂါလီနိုင်ငံထူထောင်နိုင်ရေးကို လာရောက် လုပ်ကိုင်နေသူတွေကို ဘယ်ဒေသခံ ဌာနေတိုင်းရင်းသားကမှ ဒီအတိုင်းလက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ မြန်မာ/ရခိုင် နယ်မြေတွေကို ကျူးကျော်နယ်ချဲ့ရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ပါဝင်ကူညီနေတယ်လို့ သိရှိနေရတဲ့အတွက် အလားတူပေါက်ကွဲမှုမျိုးဟာ ဘယ်အခါအဆို ထပ်ဖြစ် လာနိုင်တယ်။

ဦးကျော်ဇောဦး
ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၆-ခုနှစ် အောက်တိုဘာ (၃၀)

အနောက်တံခါးကို ကာကွယ်လိုသော ရခိုင်လူငယ်များကို ဒေသန္တရရဲ ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးမည်

သတင်းနှင့်ဓာတ်ပုံ ၊ ရခိုင်ဂေဇက်

အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ရခိုင်တိုင်းရင်းသား လူငယ်များ အနေဖြင့် မိမိဒေသကို ကာကွယ်လိုလျှင်  ဒေသန္တရရဲဖြစ်ခွင့်ရမည် ဖြစ်ကာ လက်နက်တပ်ဆင်ပေးမည် ဖြစ်ကြောင်း အမှတ်( ၁ ) နယ်ခြားစောင့်ရဲကွပ်ကဲမှုရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ရဲမှူးချုပ် သူရစန်းလွင်တို့သည် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ ၂၇ ၊ ၂၈ ၊ ၂၉ ရက်နေ့များတွင် မောင်တောမြို့ အပါအ၀င် တောင်ပြိုလက်ဝဲမြို့ ၊ ငခူရ ၊ ကြိမ်းချောင်း ၊ ဖက်ဝပ်ချောင်း ၊ လောင်းဒုံ ၊  ခြံပြင် ၊ ဗောထီးကုန်း ၊ မောရ၀တီ စသည့် ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်အတွင်းမှ ရခိုင်တိုင်းရင်းသားများ တောင်းဆိုကြသည်မှာ ကျေးရွာများတွင်  ပြည်သူ့စစ်ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးရန်  တောင်းဆိုမှုများရှိသော်လည်း ယင်းသို့ လက်နက်တပ်ဆင်ခြင်းသည် နောက်ပိုင်းတွင် မလိုလားအပ်သော ပြဿနာများပေါ်ပေါက်လာနိုင်သည့် အတွက် လက်နက်ကိုင်ပြီး မိမိဒေသကို ကာကွယ်လိုလျှင် တရားဝင် ရဲတပ်ဖွဲ့ဝင် ဖြစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရဲမှူးချုပ် သူရစခန်းလွင်ကပြောသည်။

ရဲမှူးချုပ် သူရစန်းလွင်က “    ကျွန်တော်တို့ကျေးရွာတွေကို လက်နက်တပ်ဆင်ပေးလိုက်ရင် ကျွန်တော်တို့က မလိုလား အပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာပဲ ဆိုတာကျွန်တော်တို့ စဉ်းစားမယ်။  တရားဝင် လက်နက်ကိုင်ဆောင်လို့ ရတဲ့နည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ၀န်ကြီးချုပ်ကလည်း ကျွန်တော်တို့ကို လမ်းညွန်ထားတာ ရှိပါတယ်။ ကျွန်တော်တို့ ပြည်နယ်အတွင်းမှာပဲ သင်တန်းဖွင့်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ် ” ဟုပြောသည်။

image

အဆိုပါ မောင်တောခရိုင်အတွင်းမှ ဒေသခံရခိုင်အပါအ၀င် တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် ဒေသန္တရဲ တပ်ဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်လိုလျှင်  လာရောက်စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း ၊ သင်တန်းဆင်ပြီးလျှင်  ရဲတပ်ဖွဲ့ဝင်များနည်းတူ လက်စာ ၊ ရိက္ခာများကိုထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ၊ အသက်အားဖြင့် ၁၈ နှစ်မှနေ ၃၅ ထိ လက်ခံသွားဖြစ်ဖြစ်ကာ သင်တန်းကို ဝေးဝေးလံလံ မသွားရအောင် စစ်တွေ ( သို့မဟုတ် ) မောင်တောတွင် သင်တန်းပေး သွားမည်ဖြစ်ကြောင်း ၊ သင်တန်းဆင်း သည်နှင့် တပြိင်နှက် မိမိဒေသ ကျေးရွာများတွင် တာဝန်ကျပေးသွာမည်ဖြစ်ကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တာဝန်ကျနေသော မောင်တောဒေသခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိဒေသသို့ ပြန်လာပြီး တာဝန်ထမ်းဆိုလိုပါက သက်ဆိုင်ဌာနလူကြီးများမှတဆင့် အဆင့်ဆင့် စာရင်ပေးဆန္ဒပြုခြင်းအားဖြင့် မောင်တောမြို့နယ်အတွင်းသို့ ပြောင်းရွေ့တာဝန်ချထားပေးသွားမည် ဖြစ်ကြောင်း ရဲမှူးချုပ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မောင်တောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများကို လုပ်ဆောင်နေသော်လည်း ရခိုင်တိုင်းရင်းသားများသည် ဘင်္ဂလီကျေးရွာများကို ဖြတ်သွား ၊ ဖြတ်လာ မလုပ်ရဲသလို ရှာဖွေစားသောက်ရန်  ရွာအပြင်မထွက်ခွာရဲသည့်အတွက် ၀မ်းရေးအခက်ကြုံနေရကြောင်း ၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ဒေသခံပြည်သူက လာရောက်တွေ့ဆုံသည့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို တင်ပြတောင်းဆိုကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီချုပ် ဦးညီပုကလည်း မောင်တောဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှု အလွန်အကျွံ မဖြစ်ကြရန်နှင့်မိမိဒေသအား စွန့်ခွာမသွားကြရန် မှာကြားခဲ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ရဲတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားကြောင်း ၊ မောင်တောဒေသဖွံ့ဖြိုးရေး ၊ လုံခြုံရေး ၊ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနအလိုက် လိုအပ်သလို ဆောင်ရွက် လုပ်ကိုင်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူများကို ကတိပြုပြောကြားခဲ့သည်။

မောင်တောတွင် ရွာသို့ ပြန်လာစဉ် လမ်းတွင် ပျောက်ဆုံးနေသော ရခိုင်လူငယ် ၃ ဦးအား ကူညီရှာဖွယ်ပေးရန် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံစဉ် မိခင်ဖြစ်သူက တောင်းဆို

သတင်းနှင့်ဓာတ်ပုံ / ရခိုင်ဂေဇက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မိမိကျေးရွာသို့ ဆိုင်ကယ် စီးပြီး ပြန်လာစဉ် လမ်းတွင် ပျောက်ဆုံးသွားသော လူငယ် ၃ ဦးအား ကူညီရှာဖွေပေးရန် မိခင်ဖြစ်သူက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံသော ခရီးစဉ်တွင် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ နယ်ခြားစောင့်ရဲမှူးချုပ် ၊ ဌာနဆိုင်ရာ အကြီးအကဲများ သည် အောက်တိုဘာလ၂၇ ၊ ၂၈ ၊ ၂၉ ရက်နေ့များတွင် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မောင်တောမြို့နယ်အတွင်း လည်လှည့်ကာ ဒေသခံများနှင့်တွေ့ဆုံစဉ် ရွက်ညိုတောင်ကျေးရွာတွင် သားပျောက်မိခင်က ငိုယိုကာ ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

image

အဆိုပါ ပျောက်ဆုံးနေသော ရခိုင်လူငယ် ၃ ဦးမှာ ရွက်ညိုတောင် ကျေးရွာမှ ၂ ဦးနှင့် စံပယ်ပင်ရင်း ကျေးရွာမှ ၁ ဦး ပေါင်း ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ရွက်ညိုတောင်ကျေးရွာမှ ပျေက်ဆုံးနေသော မောင်ထွန်းနိုင်သိန်း ( ၁၈ ) နှစ်နှင့် မောင် ညီပုချေ ( ၁၉ ) နှစ်တို့သည် အကြမ်းဖက်မှုမဖြစ်မီ တစ်ရက်အလိုက ကျေးရွာအတွင်း အလှူလုပ်ရန် ကံစမ်းမဲလက်မှတ်များကို ဖက်ဝန်းချောင်းကျေးရွာသို့ သွားရောက် ရောင်းချနေစဉ် အောက်တိုဘာလ ၉ ရက် အကြမ်း ဖက်မှုဖြစ်စဉ် ကြောင်း မိမိကျေးရွာသို့ ပြန်လာနိုင်ပဲ ဖက်ဝပ်ချောင်း ကျေးရွာတွင် နေထိုင်ခဲ့ကြောင်း သိရသည်။

image

အောက်တိုဘာ လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့် အချိန်တွင် ၄င်းမောင်ထွန်းနိုင်သိန်းနှင့် မောင်ညီပုချေတို့သည် ဆိုင်ကယ် တစ်စီးကို အတူစီးကာ လမ်းသွားအဖော် စံပယ်ပင်ရင်း လူငယ် ၁ ဦးတို့နှင့်အတူ ဖက်ဝန်းချောင်းကျေးရွာမှနေ မိမိတို့ ကျေးရွာများသို့ ပြန်လာစဉ် ယခုအချိန်ထိ အိမ်ပြန် မရောက်ရှိပဲ လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ၄င်းကျးရွာတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင်ရဲအရာရှိများက ယင်းသို့ စုံစမ်းရရှိသည့် သတင်းအရ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ရဲမှူးချုပ်သူရစန်းလွင်ထံတင်ပြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဦးဆောင်သော အစိုးရအဖွဲ့ဝန်ကြီးများနှင့် နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်တို့သည် ပျေက်ဆုံးသွားသော လူငယ် ၃ ဦးသတင်းအား အဆက်မပြတ် လိုက်လံ စုံစမ်းပြီး ဖက်ဝမ်းချောင်းကျေးရွာနှင့် ရွက်ညိုတောင်ကျေးရွာကြားတွင် တည်ရှိသော ဘင်္ဂလီကျေးရွာများအား ၀င်ရောက်ရှာဖွယ်ရန် ၄င်းကျေးရွာတွင် လုံခြုံးရေး တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်တပ်ဖွဲ့များကို အမိန့်ပေးမှာကြားခဲ့သည်။

ရန်ကုန်တွင်ကပြမည့် စောမဲကျီပြဇာတ်နှင့်ပတ်သက်၍ ရမ်းဗြဲမြို့နယ် ကံဒိုင်းတိုက်နယ်အသင်း (ရန်ကုန်)က ကြေညာချက်ထုတ်

ဆြာကု
စစ်တွေ၊ ဇန်နဝါရီ ၁၁

image

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၏ နှစ် (၆ဝ)ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပမည့် ပတ္တမမြားဒေဝီ စောမဲကျီသမိုင်းဖြစ်ရပ်မှန်ပြဇာတ်တွင် သမိုင်းအမှားတချို့ပါဝင်နေကြောင်း ရမ်းဗြဲမြို့နယ် ကံဒိုင်းတိုက်နယ်အသင်း (ရန်ကုန်)က ဇန်နဝါရီလ ၁၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

image

အဆိုပါဖြစ်ရပ်မှန်ပြဇာတ်အား တင်ဆက်ကပြသည့်အခါ သမိုင်းအမှန်၊ ဖြစ်ရပ်အမှန်၊ နေရာဒေသအမှန်၊ ဇာတ်လမ်းဇာတ်ကွက်အမှန်နှင့် မင်းဗာဘုရင်မင်းမြတ်အမည်နာမကိုသာထည့်သွင်းတင်ဆက်ရန် ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

image

အဆိုပါပြဇာတ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့၊ ညနေ (၇)နာရီအချိန်တွင် ရန်ကုန်ရှိ အမျိုးသားကဇာတ်ရုံတွင်ပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသားဖြစ်သော အကယ်ဒမီ နေတိုး၊ ရခိုင်သူ ရတနာမိုင်၊ အကယ်ဒမီ အောင်လွင်နှင့် အကယ်ဒမီ ရန်အောင်တို့ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ဖြောင့်သေနတ်သမား လက်ချက်ဖြင့် တပ်ရင်းမှူးကျဆုံးဟု အစိုးရတပ် ထုတ်ပြန်

#DVB

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဇန်န၀ါရီ ၇ ရက်မှာ ပထမဆုံး သတင်းထုတ်ပြန်လိုက်ပြီး အေအေတပ်ဖွဲ့လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့  စစ်တပ်က တပ်ရင်းမှူးတဦး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

image

ရခိုင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်ကနေ ဇန်န၀ါရီ ၄ ရက်အထိ အစိုးရတပ်နဲ့ အေအေ ခေါ် ရခိုင့်တပ်မတော်တို့ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က တပ်ရင်းမှူးတဦး အပါအ၀င် အရာရှိစစ်သည်တချို့ သေဆုံးခဲ့တယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းဌာနက သတင်းထုတ်လိုက်တာပါ။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရမ်းချောင်း-ရူးချောင်းနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အေအေ အဖွဲ့ထံမှ အလောင်းသုံးလောင်းနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတချို့ သိမ်းဆည်းရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်က တပ်ရင်းမှူးသေဆုံးခဲ့တာဟာ အေအေဘက်က လက်ဖြောင့်သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်မှုကြောင့်လို့ သတင်းထုတ်ပါတယ်။

ဒီနောက်မှာတော့ အေအေအဖွဲ့ဟာ အဖွဲ့ငယ်တွေ ပြန့်ကွဲဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အရပ်သားအသွင်ယူ ခိုအောင်းနေတယ်၊ အဲ့ဒီကတဆင့် မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမယ့် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုများ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သတင်းက ဆိုပါတယ်။

ဒါ့အပြင် အေအေအဖွဲ့ဟာ ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ တောင်ယာလုပ်ကိုင်နေတဲ့  အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြထားပါတယ်။

image

အေအေအဖွဲ့ဟာ တဖက်နိုင်ငံရှိ ကုလားဆိုးအကြမ်းဖက် အဖွဲ့အစည်းတွေ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သူတို့အဖွဲ့ကို အကူအညီပေးဖို့ တောင်းဆိုနေတယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်နိုင်ငံဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်အနေနဲ့ အေအေအဖွဲ့ကို အပြီးတိုင် ရှင်းလင်းချေမှုန်း တိုက်ခိုက်သွားမယ်လို့ မြ၀တီသတင်းက ဆိုပါတယ်

မူရင်းလင့် —- http://burmese.dvb.no/archives/130037

မင်းမဲ့ စရိုတ်ထင်ရာစိုင်းနေကြသောရဲအရာရှိများ

(2-1-16)
ရခိုင်ပြည်နယ် အနောက်ဖက် မောင်တောမြို့မှ ပေးပို့လာတဲ့သတင်းပါ။
ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးနှင့် မောင် တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း၏ လက်စွဲတော် တပ်ကြပ်ကြီးလှမြင့် တို့မှာ မောင် တောမြို့တွင်မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနိုင် ရန်အတွက် ၄င်းတို့၏လုပ်ငန်းကိုအတားအဆီး ပြုလုပ်မည့် မောင်တောမြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ပြောင်းရွေ့လိုက်ပြီးယခုအခါတရားမဝင်မူးယစ် ဆေးဝါးများကို မောင်တောမြို့မှ ဘင်္ဂလီကုလား များဖြစ်သော အီတာလီယာ အနောက်ရွာမှ နူရ်ရူ နှင့် မောင်တောမြို့ ၄ ရပ်ကွပ်နေ ဟာရုံး(ခ)စိုးမြင့် တို့နှင့်ပူးပေါင်းပြီးတရားမဝင်မူးယစ်ဆေးဝါး(စိတ် ကြွဆေး)များကိုလွတ်လပ်စွာလုပ်ကိုင်နေကြပါသည်။
နူရ်ရူ ဆိုလျှင်လွန်ခဲ့သော ၂ နှစ်လောက်ကမောင် တောမြို့မဈေးတွင် အဟောင်ထည် (ဘေထုပ်) များရောင်းချနေခဲ့သူ ဘင်္ဂလီကုလားတဦးသာဖြစ် ပြီး တရားမဝင်မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ ကြောင်းသိသာထင်ရှားသည်မှာ ယခုနေထိုင် သောနေအိမ်နှင့်ခြံဝင်းတန်ဖိုးသည်ပင် သိန်းထောင်ပေါင်းများစွာတန်သောနေအိမ်ဆောက်လုပ်ပြီးနေထိုင်သည်ကိုတွေ့ရသည်မှာ သက်သေပင်ဖြစ်သည်။
၎င်း နှင့်အတူ ဟာရုံး(ခ)စိုးမြင့်မှာလည်း ရွေဇား ကုန်းနားရွာတွင်မထင်မရှားနေထိုင်သည့်ဘဝမှ ယခုအခါ မောင်တောမြို့အမှတ် ၄ ရပ်ကွက်တွင် သိန်းရာပေါင်များစွာတန်ဖိုးရှိသည့်နေအိမ် ဆောက်လုပ်နေထိုင်သည်မှာလည်းသက်သေ သာဓက ပင်ဖြစ်ကြောင်း မောင်တောမြို့သူ/ သားတိုင်းအသိပင်ဖြစ်ကြောင်း။
ယခုအခါတရားမဝင် မူးယစ်ဆေးဝါးများကိုပြည် နယ်ရဲမှူးကြီးနေမျိုး မောင်တောမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကျော်မြဝင်း နှင့်သူ၏ငယ်ပေါင်းမိတ်ဆွေ တပည့်ရင်းတပ်ကြပ်ကြီး လှမြင့် တို့ဘင်္ဂလီကု လားများနှင့်လွတ်လပ်စွာလုပ်ကိုင်နေကြကြောင်း သိရှိရပါသည် ။၎င်းတို့ယခုကဲ့သို့တရားမဝင်မူးယစ်ဆေးဖြန့်ဖြူး ရောင်းချနေကြောင်းထင်ရှားသောသက်သေ သာဓကမှာ ၄င်းတို့၏လုပ်ငန်းကိုတားဆီးဟန့် တားမည့် မောင်တောမြို့နယ်မှရဲတပ်ဖွဲ့ဝင်များ နှင့်မူးယစ်အထူးဌာနမှတပ်ဖွဲ့ဝင်များကိုမည်သည့် ပြစ်မူတစုံတရာမှမရှိဘဲ မောင်တောမြို့နယ်မှ ပြောင်းရွှေ့လိုက်ခြင်းသည် အဓိက ထင်ရှားသည့် သက်သေဖြစ်ကြောင်း အထက်လူကြီးများသိစေ အပ်ပါသည်။

အနောက်တံခါး