Tag Archives: ကဗျာ

“ပန်းကြွေနေ့ “

ပွင့်စ၀တ်လွှာ
ခါချိန်မသင့်
ရင့်မှာ ကြွေလွင့်
မြေသင့်ရှာ သတဲ့
ဖွေရှာသူမော
ဘယ်ဆီရောက်လို့
ရွက်ကြွေတောမှာ
လမ်းပျောက်ဆဲ ……………………။ ။

Advertisements

“ကောင်းကင်မရှိတဲ့ ကောင်းကင်”

တစ်ခါ ………….တစ်ခါ
ကမ္ဘာကြီး နဲ့ လိုက်လည်နေတာကိုရော
နွေ၊ မိုး၊ ဆောင်း ပြောင်းနေတာကိုရော
အရှေ့ ကနေထွက်ပြီး
အနောက်ဘက်ကို ၀င်သွားတာကိုရော
စိတ်ပျက်တယ်
သာနိုင်သူတွေအတွက်
လက သာတယ်
ပျော်နိုင်သူတွေ အတွက်
ပွဲက စည်တယ်
ဖြုန်းနိုင်သူတွေအတွက်
ငွေက ရွှင်တယ်
မှောင်မည်းမည်း ထဲ့မှာရော
လင်းလျှက်နဲ့ အမှောင်ထဲ့မှာရော
လင်းတာလား မှောင်တာလား
ငါ့ ကို ငါ
မသိတဲ့ ထဲ့မှာရော
ငါ့ ဘေးမှာ ဘယ်သူရှိမှာ လဲ
ငါ့အနားမှာ ဘယ်သူနေမှာလဲ
ကြောက်တာတော့ အဟုတ်ဘူးပေါ့
ဒါပေမယ့် ……………
မင်းမရှိဘူး ဆိုတဲ့ အသိတစ်ခုနဲ့
ကမ္ဘာကြီး လည်နေတာကို ငါစိတ်ပျက်တယ်။ ။

“ဒြပ်မဲ့”

ပါးချိုင့်လေးနဲ့
သူပြုံးတိုင်း
ငေးမောရင်ခုန်ခဲ့ရသူ
ငါ………………….ပါ။
သူ့ အနားမှာ
ဘာရယ်မဟုတ်
စကားတွေဖောင်ဖွဲ့
တစ်ဖ၀ါးမခွာချင်အောင်
ကျေနပ်နေမိတာလည်း
ငါ…………….ပါ။
အချိန်တန်အိမ် ပြန်ဖို့
ရှုံ့ မဲ့မဲ့ မျက်နှာလေးနဲ့
………………….လည်း
ယူကြုံးမရ ခြင်းတွေနဲ့
ရင်ထဲ့မှာ တွယ်ရာမဲ့စွာ
ကြေကွဲနာကျင်နေရတာလည်း
ငါ……………..ပါပဲ။

“ခြေရာခံခြင်း”

နေမင်းနဲ့ အတူ
မှေးတင်နေတဲ့ မျှော်လင့်ချက်တွေ
ဆည်းဆာရဲ့ အလှတွေနဲ့
ကိုယ့်ကို နူတ်ဆက်လို့
ရိုးပြတ်တောထဲ့မှာ ….
အလွမ်းတွေနဲ့
……….
မနက်ဖြန်မှာ
ကိုယ့်ရုပ်ကို မှန်ထဲ့မှာ စိုက်ကြည့်
ငါ့ကိုငါ လိုက်ရှာရအုံးမယ်
အတ္တ၊ လောဘ၊ မာန တွေနဲ့ ရုပ်ဖျက်
ကိုယ့် ရုပ်ကို ကိုယ်မမှတ်မိနိုင်တဲ့ သူတွေ
ဒိလောက ကြီးထဲ့ ဘယ်လောက်များလိုက်မလဲ
ရိုးပြတ်တောထဲ့က
ပြန့် ကြဲနေတဲ့ ခြေရာတွေကို နူတ်ဆက်
နာရီလက်တံ တွေနဲ့ အညီ
နှင်းပွင့်တွေထဲ့
ငါနဲ့ အတူငါ
နေ့သစ်တစ်နေစခဲ့ပေါ့။

“ကျေပါစေတော့”

နွေအရောက် ပူပြင်းသမျှ
မိုးဖွဲ့ တုန်းခဏ အေးမြခဲ့တာနဲ့ ပဲ
ကျေပါစေတော့
ငါ ….ငါကျေနပ်ပါတယ်လေ

စကားတွေအမျိုးမျိုး
သူညာရက်ခဲ့သမျှ
သူ့ အပြုံးတစ်ချက်
စကားတစ်ခွန်းနဲ့ ပဲ
ကျေပါစေတော့
ငါ….ကျနပ်ပါတယ်လေ။

လမ်းအဆုံး နှုတ်ဆက်ပြုံးနဲ့
လက်ပြခဲ့ရင်တောင်
သကာဖုံး ပျားရည်လူး သူ့ အချစ်ကို
သိသိရက်နဲ့ ချို မြိန်စွာသောက်သုံး
အို …ကျေပါစေတော့
ငါ …ကျနပ်ပါတယ်လေ။ ။

“အရာရာတိုင်း”

တောင်တန်းကြီးတွေက

မြူတွေ ဆိုင်းလို့

ချစ်သူလေးအတွက် အလွမ်းတွေကို ဖွဲ့တယ်

မြစ်ရေထဲ့မှာ ရော

မိုးတိမ်တွေထဲ့မှာပါ

ချစ်သူ့ အရိပ်တွေပြည့်နှက်လို့

အရာရာတိုင်း အချိန်တိုင်းမှာ

ချစ်သူကို တမ်းတဖို့

ချစ်သူကို လွမ်းဖို့

(လဘက်ရည်သောက်တိုင်း

အရသာထက်တန်ဖိုး ကို ဇိမ်ခံ စုပ်သောက်

ဖိနပ်ထက်တန်ဖိုးကို စီးနင်း ……..လူတွေ)

အတုတွေပေါ တဲ့ အထဲ့မှာ

ဘ၀တွေကို ဘာနဲ့ ကန့်သတ်ထားသလဲ

ပုံစံခွက်ထဲ့ က ခံစားချက်တွေနဲ့

အချစ်ကို တိုင်းတာဖို့

ဈေးနှုန်းတွေထဲ့မျာ ငါရင်မောတယ်

ဒါပေမယ်…

ကောင်းကင်ကြီးအောက်က

အတ္တတွေထဲ့ မှာ

အချစ်ဆိုတဲ့ အတ္တနဲ့

မွေးရာပါ ကျွန်တော့် နှလုံးသားတွေ

ချစ်သူရဲ့ ခြေဖ၀ါးတစ်စုံဖြစ်ခဲ့ပေါ့။ ။

“ထွက်ခွာ သွားကြခြင်း”

အငွေ့ ထပျံနေတဲ့

ပုဇွန်ဆီရောင် အာရုဏ်ဦးတွေ

စိုးရိမ်စိတ် ကြီးစွာ

အုပ်ဆောင်းတစ်ခုနဲ့ ဖုံးဖိ

နောက် ဆုံးလက်ကျန်

အရည်ပျော်နေတဲ့ မျှော်လင့် ချက် တစ်ဖဲ့ တစ်စ

အာဒံရဲ့ ဥယျာဉ် လေးတောင် ခြောက်ကပ်ကပ်နဲ့

စွယ်တော် ရွက်ကလေး ကပိုးဖေါက်

ပျင်းခြောက်ခြောက်နဲ့

ဘာမှ မရှိတော့ဘူးထင်တယ်

ဘယ်ကလာတဲ့ အပူတွေလဲ

အငွေ့ ထပျံသွားပုံများ

ငါ့နှလုံးသွေးတွေတောင် ခန်းခြောက်သွားပြီထင်ပါရဲ့

ဘာဆိုဘာမှ မရှိတော့ဘူး

အာဒံရေ

ငါတော့…………..

အာရုဏ်မတက်ပဲ ………

မွန်းတည့် ခဲ့ ရပါပြီကွာ ။ ။

“အချစ်”

အချစ်ဆိုတာ

ပူလောင်တယ်တဲ့ ………

မေ့ပစ်လိုက်ဖို့

စိတ်ကူးတွေနဲ့

အားတင်းထားရင်း

ခုခံအားနည်းတဲ့ နှလုံးသားမှာ

ဒါဏ်ရာတွေနဲ့

…….

အချစ်ရယ်

ကျေးဇူးပြုပြီး

အပြုံးတစ်ခက်နဲ့

အိပ်မက်ထဲ့ကို ၀င်မလာပါနဲ့တော့ကွယ်…………..။          ။

“သစ်ရွက်ပုံ ပြင်”

ညင်သာစွာ

သူလှမ်းခဲ့ စဉ်

လေထဲ့ က သစ်ရွက်လှုပ်သံတချို့

ရောင်စုံတိမ်တွေ

ငါ့ အပေါ်ကဖြတ်ပြေးလို့

ရင်အပြည့် …

ကြည်နူးမှုတွေ ……။

ညင်သာစွာ

နှုတ်ဆက်ခဲ့ စဉ်

သူ့ ခြေဖ၀ါးအောက်

ရွက်ကြွေတွေ …….

မရှုမလှ  ….. ကြွေမွ

ဖုံ အလိမ်းလိမ်းနဲ့

သစ်ရွက် တစ်ရွက်လို ကြွေလွင့်

ရွက်ကြွေတော့ ထဲ့ မှာ

ငါ …………..

ရင် အပြည့်  ……………အလွမ်းတွေနဲ့။    ။

“အိပ်မက်သံသရာ”

နိုးထခြင်းမဲ့ စွာ ရှင်သန်ရင်း

သွေးပျက်စဖွယ် အိပ်မက်တွေ နဲ့

အခါခါ လန့် နိုးချင်တဲ့ စိတ်

လှုပ်ရှား ရုန်းကန်ရင်း

ငါ့ကိုငါ့ လှည့်စား

အိပ်မက်တွေ ပဲ မက်နေခဲ့ တယ်

သက်ပြင်းတွေ အကြိမ်ကြိမ် ချ

ဇာတ်လမ်း ကို အပြီးသတ်တော့မယ်လို့

ကျဖြစ်ခဲ့ တဲ့

ငါ့ရင်တွင်းမျက်ရည်တွေနဲ့

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိခါမှ

ပါးချိုင့်လေး နှင့် သူ့ အပြုံးမှာ

ငါ …………….

အိပ်မက်တွေ ဆက်မက်ဖြစ်ခဲ့ တယ်။ ။