Tag Archives: ရခိုင်ဝတ္ထု

ရခိုင်သားတိအတွက် ၀တ္ထူချေတစ်ပုဒ် နဲ့ မျိုးစောင့်တရား

ဟိုးအယင် ခါက ရွာကြီးတစ်ရွာ ရှိပါရေလတ် ..။ယင်းရွာကြီးနားမှာ အရာရွာချေတိလဲရှိပါရေလတ် ။လယ်လုပ် ချောင်းလုပ်ပြီးကေ အသက်မွီးကတ်ပါရေ ။ရွာချေ တိကတော့ အသာအသာနဲ့ တိုးတက် ပါလတ်ကတ်ပါရေ လတ်။

ရွာကြီး ကတော့ အယင်ခါထက်တောင် ဆင်းရဲ့ လာရေ၊ နိမ့်ကျလာပါရေလတ် ။ ယပိုင်ဖြစ်လာခါ ရွာကြီးက ရွာသူကြီးစွာ
“ဒေပိုင်နီလို့ တော့ မဖြစ်ယာ ငါရို့ ရွာက ရွာသားတိကို တစ်ခုခု လုပ်မှ ဖြစ်ဖို့ ယာ ဆိုပနာ” စဉ်းစာပါရေလတ်။
တရက်နိန့် ရွာသူကြီး စွာ ရွာသားအားလုံးကို အစည်းအဝေးခေါ်ပြီးကေ ပြောပါရေ ။ “ မိုးသောက်ခါ ငါရို့ ရွာလုံးကျွတ်ပေါင်းပြီးကေ ရွာဦးဘုန်းကြီးကျောင်းမှာနို့ဆွမ်းလှူ ဖို့ ၊ ယင်းအတွက်နဲ့ တအိမ်က နို့ တခွက်စိ ယူလာပနာ ညဇာဘက် ရွာသူကြီး အိမ်ရှိ မှာ ချထားရေ စဉ်းဒွား နှစ်လုံးမှာ လာထည့်ကတ်ဖို့ ” မှာလိုက်ပါရေ ။

ရွာသူကြီးပါးက ပြန်လာရေ ရွာသားတိစွာ ကိုယ့် အတွက်ချက်နဲ့ ကိုယ် ပြန်လာကတ်ပါရေလတ် ။ ဖြူတောင်းဆို ရေ ရွာသားကတော့ “ ငါ့မှာ မိုးသောက်ခါ ညှစ်လို့ရရေ နွားနို့တသစ်ကို ရောင်းပနာ ခတောင်းတထည် ၀ယ်ရဖို့ ၊ ရွာ သူကြီး ပါးမှာ နို့ တခွက် လားထည့် ပစ်ခိ ကေ လောက်ဖို့ မဟုတ်ယာ ၊အူး ဒေလောက် တရွာလုံး ထည့်ရေ နွားနို့ အိုးမှာ ငါရီ တခွက် ရောပလိုက် လို့ ကား ဇာဖြစ်ဖို့ လဲ ၊ နို့ အစား ရီတခွက် ထည့်ပစ်ခိမေ ၊ ညည့် ခါ အသူ မြင်ဖို့ လဲ ” ဆိုပနာ တွက် ပါရေလတ် ။

အရာ လူတိ ကလဲ ကိုယ့် စွာနဲ့ ကိုယ် တွက်ချက် နီကတ်ပါရေလတ် ။ “ငါ့မှာ နို့ ကိုရောင်းလို့ ဆန်ဝယ်ရဖို့ စွာ ငါရီတခွက် ထည့်လို့ အသူသိဖို့လဲ ဒေလောက်နွား နို့မှာ ရီ တခွက် ရော လို့ တစ်ခုလဲ ဖြစ်ဖို့ စွာကားမဟုတ် ” ယပိုင် တွက်ချက် နီကတ်ပါရေ လတ် ။

ယင်းနိန့် မိုးလင်း ခါ ရွာ သူကြီး က စုထားရေ နွားနို့ တိကို ပြင်ဆင်ဖို့ ရွာ ကလူတိ ကို အုန်းမောင်းခေါက်ပနာ ခေါ်ပါ ရေလတ် ။
ရွာ သားတိ ရောက်လာ ခါ “အဲ့ ငါရို့ ရွာသားတိ စုံစုံလင် လင် စုထားရေ နွားနို့ ကိုတချက် ကြည့်မေ ဇံ ” ဆို ပနာ ခတော် နဲ့ နွားနို့ ကို ကြည့်ရေ ခါ ၊ နွားနို့ စွာ ရီတိ တိ ဖြစ်နီပါရေ လတ် ။ရွာ သားတိလဲ ဒေချင့် ကို မြင်ရေ ခါ ကိုယ့်အပြစ်နဲ့ ကိုယ်ငြိမ်နီ ကတ်ပရေလတ် ။

ရွာသူကြီး က “ကြည့်စမ် ငါရို့ ရွာသားတိ ဇာလောက် အတွက် စိလဲ ၊ဇာလောက် အချောင်ခိုလဲ ဆိုစွာ ” ၊ ဘေးနား က ဇာမဟုတ် တေ ရွာ အငယ်စိချေ တိတောင် ငါရို့ ရွာ ထက် သာလခယာ ၊ ဇာဖြစ်လို့ လဲ ဆို စွာ မင်းရို့ တိမြင်ယာလား ၊ ဇာလောက် ရှက်ဖို့ ကောင်းလဲ ” ဆိုပါနာ ဆုံးမဖူးပါရေ လတ် ။

အခု ကျွန်တေ် ရို့ရခိုင်သားတိလဲ ဒေပိုင်ပါဗျာယ် ။ တယောက်ကို တယောက် အတွက် စိနီကတ်တေ။ယကေ နွားနို့ တိ ရီချည်း ဖြစ်နီ စွာ ကားအဆန်းမဟုတ်ပါ နှင်း။ အစိုးရအမှုထမ်း လုပ်နီရေ လူတိကလဲ “ငါ့ရို့ ကား အစိုးရဘားမှာ လုပ်နီစွာ ဇာပိုင် အမျိုးသားအရေး ကို လုပ်လို့ ရဖို့ လဲ” ၊ မင်းကျွန်ဖြစ် နီရေလူတိ ကလဲ “ ငါရို့ မှာကား အချေနဲ့ အငယ်နဲ့ ရခိုင်တော်လှန်ရေး လုပ်လို့ မဖြစ်ယာ” ၊ ကလိမေချေ တိကလဲ တမျိုး “နိုင်ငံရေးလုပ်စွာ မီးရို့ နဲ့ က မဆိုင်” ။ ယပိုင်တွက်ချက် နီကတ်ပါရေ ။

အမျိုးသားရေး ဆိုစွာ လက်နက်ကိုင်မှ ဖြစ်စွာ မဟုတ်ပါ ။ကိုယ့် လူမျိုးကို ချစ်တေ လူတိအတွက် အမျိုးကို ချစ်တေ အကြောင်းကို လုပ်ပြဖို့ ၊သက်သိပြဖို့ အခွင့်အရေး လူတိုင်းမှာ ရှိပါရေ ။အစိုးရ အမှုထမ်းကလဲ အမှုထမ်းအလျောက် ၊ကလိမေချေတိက လဲ ကလိမေချေ အလျောက် ကိုယ့် လုပ်နိုင်ရေ နီရာက လုပ်ကတ်ကေ နွားနို့ဒွား နွားနို့ နဲ့ ပြည့်လာ ပါဖို့။ အမျိုးကိုစောင့်ရှောက်တေ အလုပ်စွာ လူမျိုးတမျိုး အတွက် အသက်လောက် အရေးကြီးရေအလုပ်ပါ။ မျိုးစောင့် တရားပျက်ကေ ၊ လူမျိုးတမျိုး လဲ ပျောက်လား ဖို့စွာကျိန်း သေပါယာ။ ရခိုင် သမချေ တိ အချိန်တန်လို့ အိမ်ထောင်ပြုဖို့ယာ ဆိုတောင် ရခိုင် လူမျိုး ထဲ့က ရခိုင်သားချေ တယောက်ကို ရာ ယူသင့်ပါရေ ။ဒေချင့် စွာ အမျိုးကို စောင့်ရှောက် စွာပါ ။ ရခိုင်လူမျိုး မပျောက်အောင် ကာကွယ် ထိန်းသိမ်းစွာပါ ။ ကောင်းကောင်း အခြေခံကျရေ အမျိုးသားရေ အလုပ်ပါချင့်။ ဒေအလုပ်ကို ရခိုင် သား/သူ တိုင်း တက်နိုင်ရေ အလုပ် လို့ ကျွန်တော် ထင်ပါရေ ။

အောင်ဆန်းစုကြည် ပိုင် အနေနီးလို့ တော့ ဆင်ခြေ မပီးပါကေ့ ၊ ယကေ ကျွန်တော့် post တစ်ခု မှာ ရွီးဖူးစွာပိုင် သာဓက ထပ်ပီးရပါဖို့ယေ ။ ကိုယ်နီုင်ရေ နေရာတိ ရှိရေ ဆိုစွာ ကိုပြောချင်စွာပါ။ ကိုယ့်အမျိုးအတွက် အရာတစ်ခုလဲ မလုပ်ပီးနိုင်ကေ နီ ပါ ရခိုင်သူ/သား ချင်းတော့ ယူကတ်ပါလို့။ အမျိုးကိုစောင့်ပါ ထိန်းသိမ်းပါ။ ဒေပိုင်မဟုတ်ပဲ ရခိုင်သမချေ တစ်ယောက် ရခိုင်မဟုတ်ပဲ တခြားလူမျိုးနဲ့ ယူလားခရေ ဆိုကေ ဒေချင့်စွာ ၊ ရခိုင်လူမျိုးကို ကမ္ဘာမြေပြင်က ပျောက်အောင် ဖျောက်နီစွာ မှာ အဓိက တရားခံတယောက်ဖြစ်လားပါယာ။ ဒေနိန့် ခေတ်မှာ ကျွန်တော် ဒေချင့်ကို လူမျိုးရေးအယူးသီးလို့ ၊တဘက်စွန်းရောက်လို့ ပြောနီစွာမဟုတ်ပါ။ လူ့ အခွင့်အရေး အတိုင်းလူသားတိုင်း ကိုယ့်အခွင့် အရေးနဲ့ ကိုယ်ပါ ။ဇာသူ့ ကိုလဲ လူမျိုးခြားနဲ့ ယူလို့ဆိုပနာ တရားစွဲလို့ မရပါ ။

ယေဇူနန့် သိထားစီချင်စွာ တခုတည်းပါ။

ရခိုင် ဆိုရေ လူမျိုး တမျိုး မပျောက်လားအောင်အတွက် ပါ။ လူမျိုးခြားနဲ့ ယူလိုက်တေ အမှုစွာ လူမျိုးတမျိုး အတွက် ဇာလောက်နစ်နာရေ ၊ဆိုစွာ သိသင့်ပါရေ ။

ကျွန်တော် နောက်ဆုံး ပြောချင်စွာက ကိုယ် နိုင်ရေ နီရာက ရခိုင်လူမျိုးကို ချစ်ကတ်ပါမေ ။ထိန်းသိမ်းကတ်ပါမေ ။နွားနို့ တိနဲ့ ပြည့်နိုင်အောင် ကြိုးစားကတ်ပါမေ။

သုံးဆယ်သီမင်းဝတ္ထု

“သုံးဆယ်သီမင်းဝတ္ထု”

အယင်ကခါ မြောက်ဥဘုရင်တပါးလက်ထက် နိဂုံးဇနပုဒ်တခုတွင် လင်မယားတအိမ်ထောင်ဟိသည်။ အလွန်ဆင်းရဲသည့်အတွက် ဆန်ဖွပ်၊ ရီခပ်၊ ထင်းခြွီ၊ အငှားလုပ်စားကတ်ရသည်။ လင်ကပျင်း၍ အလုပ်မလုပ်။ မယားလုပ်စွာ ထိုင်စားသည်။ မယားလုပ်ရာတွင် အပျင်းပြေ ကြက်နှင်ယင်လိုက်လုပ်သည်။ တရက်နိ မယားဆန်ဖွပ်နီစဉ် ယင်များဆန်မှုန့်လာနားစားသည်။ ငပျင်းထွေလည်း ရှောက်ခြမ်းစိတ်နှင့် ယင်လိုက်သတ်သည်။ သို့ဖြင့် ယင်သုံးဆယ်ရ၍ မယားကို “ငါ ယင်သုံးဆယ်ကိုသတ်လိုက်ပျာယ်။ ကြည့်ဈာန်တချက်” ဟု ဘောရိပြောသည်။ ထိုအခါ မယားက “သုံးဆယ်သီမင်း အစစ်မနားယေ” ဟု ပြန်ပြောသည်။

ထိုနိမှစ၍ မယားလည်း လင်ကိုအယွဲ့တိုက်ပျာယ် “ငါ့လင် ယင်သုံးဆယ်ကိုသတ်နိုင်ရေ။ အေပိုင်တော်ရေမဟုတ်။ သုံးဆယ်သီမင်းအစစ်” ဟု လူတွိတိုင်းလျှောက်ပြောသည်။ ထို့ကြောင့် သူ့ကို “သုံးဆယ်သီမင်း” ဟု နာမည်တွင်လာသည်။ ကြာသောအခါ သူ့သတင်းသည် ဘုရင့်ရွှီနား ပေါက်ကြားလားသည်။

မီးကျောင်းသူရဲ။

မြောက်ဦးမြို့နှင့်မနီးမ၀ီးတွင် လေးမြို့မြစ်ဟိသည်။ အဉ္ဇနနဒီဟုလည်းခေါ်သည်။ ထိုအချိန်၌ မြစ်ထဲတွင် မီးကျောင်းတကောင် သောင်းကျန်းလျှက်ဟိသည်။ ထို့ကြောင့် မြစ်ကိုဖြတ်၍ တယောက်လည်းမကူးဝံ။ “အသံကြားကေ လိုက်ဆွဲရေ” ဟု နာမည်ကြီးလျှက်ဟိသည်။ လောင်းနှင့်တောင် အနားမသန်းဝံ့။ လူသူအားလုံး ကြောက်လန့်နီကတ်ရသည်။ ကျွဲနွားလူသူအားလုံး မီးကျောင်းအစားခံရသည်။ အစားများလာ၍ လူအများမှာ ဇာလုပ်၍ ဇာကိုင်ရမှန်းမသိ။ “ဘုရင့်ရွှီနား မပေါက်သိမ့်နှင့်တူရေ။ ဘုရင်သိကေ ငြိမ်နီဖို့ကမဟုတ်” တယောက်စကားတရာနား ပြောလျှက်ဟိသည်။ ဘုရင်လည်း မကြာခင် ထိုသတင်းကိုကြားသည်။ သို့အတွက် အမှုးအမတ်များနှင့် အတိုင်ပင်ပြုသည်။ “မီးကျောင်းရန်နှိမ်နှင်းရန် လူစွမ်းကောင်းတယောက်လိုသည်။ ပဇာလုပ်ကေကောင်းဖို့လဲ။ လျှောက်တင်ကတ်။” ဟုမိန့်တော်မူသည်။ ထိုအခါ အမတ်ကြီးများက “အသျှင်မင်းနိုင်ငံတော်မှာ သုံးဆယ်သီမင်းဟုဆိုသော လူတယောက်ဟိပါသည်။ သူ့ကိုရလျှင် မီးကျောင်းရန်ကို ဧကန်မုက္ချ နှိမ်နှင်းနိုင်ပါလိမ့်မည်” ဟုလျှောက်တင်ကတ်သည်။ ဘုရင်လည်း ၀မ်းသာအားရဖြစ်ပြီး မှုးမတ်များကို “ယင်းပိုင်ဆိုလျှင် သူ့ကိုခေါ်ခီ” ဟု မိန့်တော်မူသည်။ အမိန့်တော်ရသည်နှင့်ချက်ချင်း မင်းချင်းယောက်ျားတယောက်ကို တမန်စေလွှတ်လိုက်သည်။ “တမန်လည်းရောက်၊ သုံးဆယ်သီမင်းမှာ၊ သီအောင်ကြောက်” ဖြစ်ရသည်။ “သို့သော် သီတနိ မွီးတနိ။ ဘုရင်ကခေါ်ကေ မလိုက်လို့မရ၊ ဘုရင့်အာဏာပါယ်ဆန်လို့မရ။ မင်းဒါဏ်သင့်ဖို့ကြောက်ရသည်။” သို့အတွက် သီမင်းမှာ စိတ်တင်းဖို့ကျသည်။ တမန်လည်း အပူတပြင်း “ငါနှင့်ဖ၀ါးကပ်၍ လိုက်ရမည်” ဟုဆိုသည်။ သီမင်းမှာ မငြင်းသာကေ ကဗျာကယာ နောက်ကလိုက်ရသည်။ ယင်းပိုင်နှင့် ဘုရင်ရှိတော်မှောက်သို့ရောက်လတ်သည်။ ဘုရင်က “မောင်မင်း သုံးဆယ်သီမင်း အမှန်လား” မီးသောခါ သီမင်းက “မှန်ပါသည်ဘုရား” ဟုဖြေသည်။ ထိုအခါ ဘုရင်က “ငါ၏နိုင်ငံတော်မှာ မီးကျောင်းရန်ကိုနှိမ်နှင်းဖို့ ငါဘုရင်လိုလားတော်မူရေ။ အလိုဟိစွာတောင်းခံ။” ဟုမိန့်တော်မူသည်။ ထိုအခါ သီမင်းက သေနတ်၊ ဓါး၊ လှံ၊ လက်နက်အပြည့်အစုံနှင့် သူရဲတယောက်၊ ဘုရင်ကိုင်သံလျှက်အပါအ၀င် ကြိုးတခွီ၊ လောင်းတစင်းတောင်းသည်။ လိုသည်ကို ဘုရင်ကပီးသည်။ စားသုံးဖို့ အသပြာငွေတထောင်လည်း ပီးလိုက်သည်။ ဘုရင်ပါးကပြန်၍ အိမ်ရောက်သောအခါ သီမင်းက မယားကိုအပြစ်တင်သည်။ “နင်သတင်းရွှင့်လို့ ငါပွဲဝင်ခရပျာ။ ငါသီကေလည်း နင့်မှာလင်မယှား။ ဘုရင့်အသပြာကို စားလို့ရာနီလီ။ နက်ဖန်ခါ မီးကျောင်းက ငါ့ကိုစားဖို့လား၊ ငါကရာ မီးကျောင်းကိုစားဖို့လားမသိ။ ကြည့်လို့ရာနီလီ။ မိုးထက်စောစော ထမင်းကောင်းကောင်းချက်။” ဟုမယားကိုမှာသည်။ မယားသည်က လင်အတွက်စိတ်ပူရမှန်းမသိ။ အသပြာရသောခါ ကောင်းကောင်းပျော်သည်။ လင်ဗောရိမှာ တညဥ့်လုံးအိပ်မပျော်။ မိုးလင်းဖို့စွာ တွက်လျှက်ဟိသည်။ မိုးလင်းသောအခါ မယားကလင်ကိုနှိုးသည်။ “ထဖိထဖိ ဘုချေဘ။ ထမင်းစား” ဟုဆိုသည်။ သုံးဆယ်သီမင်းလည်း မျက်နှာမသစ်ပဲ ထမင်းစားသည်။
သူရဲကလည်း ချိန်းထားသည်အတိုင်း အသင့်စောင့်လျှက်ဟိသည်။ သီမင်းလည်း ထမင်းစားပြီးချက်ချင်း လောင်းဆိပ်သို့ဆင်းသည်။ လောင်းဆိပ်သို့ရောက်သောအခါ သီမင်းမှာ သူရဲကို သေနတ်ကိုင်ခိုင်းထားပြီး ပဲ့ဂျောင်တွင်နီခိုင်းသည်။ ကိုယ်ကျ ကြိုးတခြွီနှင့် သံလျှက်ကိုင်လျှက် လောင်းဦးတွင်နီသည်။ လောင်းသံ၊ တက်သံ၊ လူသံကြားသည်နှင့် မီးကျောင်းရဲက ကုန်းပေါ်လျှက်လိုက်သည်။ ထိုအခါ သုံးဆယ်သီမင်းက တခုလည်း မလုပ်တတ်မကိုင်တတ်။ ကြောက်ကြီးသံဖက် ဗြန်းဗြန်းတုန်လျှက်ဟိသည်။ သူရဲက “အသျှင်သီမင်း မီးကျောင်း အနားကိုကပ်လာပါယာ။ ပဇာလုပ်ပါဖို့လဲ။ သေနတ်နှင့်ပစ်ရပါဖို့လား။ ဟက်ဖေနှင့်ထိုးရပါဖို့လား” မီးသည်။ သီမင်းကတခုလည်းပြန်မပြော။ ဇာပိုင်ပြောပြော သီမင်းက ပြန်မပြောသောအခါ သူရဲက မနီသာကေ မီးကျောင်းကို ဟက်ဖေနှင်ထိုး သေနပ်နှင့်ပစ်ဖောက်လိုက်သည်။ မီးပေါက်မှန်လို့ မီးကျောင်း ဂွင်ချင်းသီသည်။ ထိုအခါမှ သီမင်းက လောင်းဦးကထ၍ သူရဲကိုသံလျှက်နှင့်ရော်လျှက် “မီးကျောင်းကို မင်းသတ်လာ၊ ငါသတ်လာ” ဟု မီးသည်။ သူရဲက စဉ်းစားသည်မှာ “ငါကနောက်လိုက်၊ သူကဂေါင်းဆောင်။ ငါသတ်ကေလည်း သူသတ်စွာ။ သူသတ်ကေလည်း သူသတ်စွာ။ ဘုရင်က သူ့ကိုရာသိရေ။ ငါ့ကိုမသိ။ ၀န်မခံကေ သူကငါ့ကိုရန်ရှာဖို့။ ငါ့မှာ မျက်နှာမရပဲ ဂျောက်ရာကျဖို့” စဉ်းစားပြီး “အသျှင်သတ်ပါရေ” ဟုဝန်ခံလိုက်သည်။ ထိုခါ သုံးဆယ်သီမင်းလည်း မျက်နှာပြာပြာနှင့် မီးကျောင်းကိုကြိုးစွပ်ပြီး လောင်းနားမျှောင်လျှက် ယူလာလတ်သည်။ သို့သော် သီမင်းမှာ ကမ်းရောက်အောင်ထိ မီးကျောင်းနားသို့ မကပ်ဝံ။ သူရဲကဆွဲ၍ ကုန်းထက်တင်ရသည်။ မီးကျောင်းသီကို ဘုရင်ထံဆက်သောအခါ သီမင်းမှာ အသပြာတထောင်ဆုရသည်။ သူရဲမှာ တပြားလည်းမရ။ အိမ်ပြန်ရောက်သောခါ မယားလက်ကို အသပြာတထောင်ကိုအပ်သည်။ ပြီးလျှင် “နင့်ကြောင့်ငါ တခါခံရပျာ။ အရာဇာနိလာခေါ်ဖို့လည်းမသိ။ ကောင်းကောင်းရာစားနီ” ဟု အပြစ်တင်သည်။ လင်မယားနှစ်ယောက် ရငွေနှင့် နွားတသျှိုင်းလယ်တပြင်ဝယ်လျှက် အိမ်တဆောင်ဆောက်သည်။ တနှစ်ဝမ်းစာဖုံသည်။

ကျားသားငလ၀ါ သူရဲ။

ထိုသို့ စိတ်အီးလက်အီးနီ၍ တမိတမောကြာသောအခါ အရေးအကြောင်းတခုပေါ်လာသည်။ ကျားသားငလ၀ါတကောင်သည် သောင်းကျန်းလျှက်ဟိသည်။ ရွာကကျွဲနွားများကို ဖမ်းစားသည်။ အစားများလာသောအခါ လက်ရဲဇက်ရဲဖြစ်လာပြီး မြို့တော်နားချဉ်းလာသည်။ လူများကိုဝင်ကိုက်ဖို့ကြံသည်။ ထိုသတင်း ဘုရင့်နားပေါက်လတ်သည်။ သုံးဆယ်သီမင်းကို အယင်ခေါ်၍ နှိမ်နှင်းခိုင်းသည်။ သီမင်းမှာ အယင်အတိုင်း သံလျှက်နှင့် မင်းဝတ်တန်းဆာတခုတောင်းသည်။ မြို့သူမြို့သားများမှာ “ကျားရာသီဖို့လား။ သီမင်းရာသီဖို့လား။ မြင်ကတ်ရဖို့ပျာ” ဟုပြောဆိုနီကတ်သည်။ အိမ်ရောက်သောအခါ သုံးဆယ်သီမင်းလည်း “အေတချီတော့ ငါကံတော်ကုန်ပျာ။ ကျားကိုဇာပိုင်နိုင်ဖို့လဲ” ဟုစဉ်းစာပြီး စိတ်မကောင်းဖြစ်ရသည်။ မယားကိုအပြစ်တင်သည်။ “နင်ပျင်လို့ ငါခံရရေ။ နက်ဖန်ခါသိလိမ့်မည်။ ထမင်းကောင်းကောင်းစားနီ” ဟုငြိုးသည်။ သူ့အကြံက မိုးထက်စောစောအာရုံမှာ ရောက်ရာရောက်ပေါက် ထွက်ပြီးဖို့။ သို့အတွက် လမ်းမှာစားဖို့ထမင်းကို မယားကိုချက်ခိုင်းသည်။ သီမင်းမှာ အကြံဖြင့် တညဥ့်လုံးအိပ်မပျော်။ သို့ဖြင့် မိုးစင်စင်လင်းလတ်သည်။ အာရုဏ်တက်၍ ထမင်းကျက်သောခါ မယားကနှိုး၍ လင်သည်ကိုပီးသည်။ မိုးသောက်ထမှာ နှင်းတ၀ီဝီ၊ မြုံတမှိုင်းမှိုင်း၊ သုံးဆယ်သီမင်းမှာ မြင်းနှင့်စိုင်းယှောင်ထွက်လတ်သည်။ တောဝင်ဖို့လည်း လမ်းမမြင်။ ရပ်နီလျှင် ရွာကမလွတ်။ လားမိလားရာလားလီသောခါ ကျွဲတခြံနားသို့ရောက်လတ်သည်။ ကျွဲခြံနားတွင် ကျားသားငလ၀ါလည်း ကျွဲကိုဆွဲဖို့ချောင်းနီသည်။ သုံးဆယ်သီးမင်းရောက်သည်နှင့် ထက်ပင်းတိုးသည်။ သီမင်းက “ကျားသားငလ၀ါဆိုစွာ ဒေကောင်ပျာ”။ ကျားသားငလ၀ါကလည်း “သုံးဆယ်သီမင်းဆိုစွာ သူပျာ” ဟုအော်သည်။ ငလ၀ါကျားက ကျွဲကိုရာကိုက်ဖို့လား။ သီမင်းကိုရာလိုက်ဖို့လား အကြံမရဖြစ်နီဆိုက် သီမင်းက ကြောက်ကြောက်ဖြင့် မျက်စိမှိတ်ခုန်ပစ်လိုက်သည်။ ကျားနောက်ကုန်းထက်မှာ ပကားစီး၍ကျသည်။ ကျားလည်းကြောက်၍ ထွက်ပြီးသည်။ သီမင်းလည်း ကျားနားရွက်ကိုဆွဲ၍ နောက်ကုန်းထက်က လိုက်သည်။ ကျားလည်းညောင်း လူလည်းညောင်း မြို့တော်ထဲသို့ရောက်လတ်သည်။ ထိုခါ မြို့သူမြို့သား၊ နန်းတွင်းသူနန်းတွင်းသားအားလုံး ထွက်ကြည့်ကတ်သည်။ အသျှင်သီမင်း ကျားစီးလာစွာမြင်ရသည်။ တချိ့လူက ကျားကိုဒုတ်နှင့် ထောင်းထုသတ်သောအခါ ကျားဂွင်တိုက်သီသည်။ သီမင်းလည်း ကျားနောက်ကုန်းထက်က လူးကျလတ်သည်။ ထိုခါမှ သီမင်းလည်း ကျားသံဖက်ကလွတ်သည်။ ထိုခါ သီမင်းက သံလျှက်ကိုဆွဲလျှက် “ကျားကိုသတ်စွာအသူလဲ” ဟုမီးသည်။ လူများက ကြောက်ကြောက်ဖြင့် “အသျှင်သီမင်းသတ်ပါရေ” ဟုဝန်ခံသည်။ ကျားသီကို ဘုရင်ထံပြသောအခါ သီမင်းမှာ အသပြာတတောင်ဆုရသည်။ အိမ်ပြန်ရောက်သောအခါ အသပြာငွေကိုမယားလက်သို့အပ်သည်။ “နင်ပျင်လို့ ငါဒုက္ခကျရေ” ဟုမယားကို ဆူသည်။

ဓမြလူဆိုးသောင်းကျန်းမှု။

များမကြာခင် တိုင်းပြည်တခွင် ဓမြလူဆိုးများ ဆူပူသောင်းကျန်းကတ်သည်။ ရွာနိဂုံးကိုလုယက်မကျီ မြို့အနီးပါးခြိမ်းခြောက်လတ်သည်။ လူသူလေးပါးအိပ်မရ ပုန်းဝှက်နီကတ်ရသည်။ ကြာသော် သတင်းထွက်လာသည်။ ဘုရင်နားပေါက်ကြားလာသည်။ ဘုရင်လည်း သုံးဆယ်သီမင်းကို အပြင်းခေါ်ခိုင်းသည်။ သီမင်းရောက်သောအခါ ဘုရင်က “လိုစွာတောင်း၊ ဓမြတိကိုဖမ်း” ဟုမိန့်တော်မူသည်။ သီမင်းလည်း ထုံးစဉ်အတိုင်း မင်းဝတ်တန်းဆာနှင့် သံလျှက်တစင်း၊ မြင်းကောင်းတကောင်တောင်းသည်။ ရသောအခါ အိမ်ပြန်လတ်သည်။ အိမ်ရောက်သောခါ ခါတိုင်းပိုင်ယှောင် မယားကိုအပြစ်တင်သည်။ မယားလည်း ပြန်လို့မပြော။ တိန်းနီသည်။ သီမင်းက “အေတခါတော့ ငါသီရဖို့ယာ။ လူဆိုးတိကို ငါတယောက်တည်း ဇာပိုင်နိုင်ဖို့လဲ။ ငါ့အသက် နက်ဖန်ရက်ကို မလွန်နိုင်ပျာ” ဟုစိတ်ဆိုးပြီးငိုသည်။ ထွက်ပြီးဖို့ကြံသည်။ မယားကို ညဥ့်ဦးကပင် စောစောစီးစီး ထမင်းချက်ထားဖို့ပြောသည်။ သူက တညဥ့်လုံးမအိပ်။ မအိပ်တချက်အိပ်တချက် လှဲနီသည်။ သန်းခေါင်ကျော်သောအခါ မယားက ပါးခပ်နားခပ် ထမင်းချက်သည်။ ကျက်သောခါ ကဗျာကယာလင်ကိုနှိုး၍ ပီးသည်။ လင်ကလည်း တလောင်ပွန်းနှစ်လောင်ပွန်း ဆင်ဆီဆုပ် ဗောင်းဆုပ်စားပြီးလျှင် အကျန်ကိုထုပ်ခိုင်းသည်။ မင်းဝတ်တန်းဆာကိုဝတ်ပြီး မြင်းစီးထွက်ဖို့ကန်နီတုန်း မယားထွက်လတ်သည်။ အေတခါ လင်တော်မောင် သီရဖို့စွာကိုသိလို့ စိတ်မကောင်း။ လင်သည်ကို ထမင်းထုပ်ကွမ်းယာ လှမ်းပီးသည်။ လင်ကလည်း မယူချင်ယူချင်လှမ်းယူသည်။ မြင်းကိုစီးပျာ ရွာကထွက်လတ်သောအခါ ညဥ့်မှောင်နီသိမ့်၍ “မိုးလင်းပတ်စီ၊ လမ်းစမ်းမြင်မှ လွတ်ရာလွတ်ကြောင်း ထွက်ပြီးဖို့ပျာ” ဟုစိတ်ထဲတွင် တွက်သည်။ အကြံနှင့် တောခြုံတခုထဲဝင်ပြီး သစ်တပင်ထက် တက်၍နီသည်။ ထိုအခါ နာမည်ကြီးသူခိုးခုနစ်ယောက်သည် ၄င်းသစ်ပင်အောက်လာရောက်ပြီး ဓမြတိုက်ဖို့ တိုင်ပင်ကတ်သည်။ ညဥ့်တွင် သီမင်းရွာကိုဝင်စီးဖို့ကြံသည်။ အချိန်းအချက်လုပ်ကတ်သည်။ သို့သော် သီမင်းကိုကြောက်၍ သတိနှင့်လုပ်ဖို့ပြောသည်။ ထိုစကားကို သီမင်းကြားသောအခါ အချိန်စိလို့ထွက်ခါနီး “သုံးဆယ်သီမင်းဆိုစွာ ငါဝေး” ဟုသစ်ပင်ထက်က အော်လိုက်သည်။ ဓမြအားလုံး ကြောက်ကြီးသန်ဖက်ဝင်၍ သစ်ခွတွင်ဆွဲထားသောထမင်းထုတ်လည်း ပြုတ်ကျလတ်သည်။ ထိုအခါ ဓမြအားလုံး သီမင်းခုန်ဆင်းလာပျာ အထင်ဖြင့် အချင်းချင်းခွတ်ကတ် သီကုန်ကတ်သည်။ ဓမြအားလုံးသီပြီးမှ သီမင်းလည်း သစ်ပင်ထက်ကဆင်းလတ်သည်။ ထိုနောက် ဓမြဦးဂေါင်းများကို တန်းသိန်သိန်၍ ဘုရင့်ထံပါးသို့ဆက်သည်။ ဘုရင်လည်း သီမင်းအား ဆုကြီးလာဘ်ကြီးပီးသနားတော်မူသည်။ တိုင်းပြည်လည်း အီးချမ်းလားသည်။ သီမင်းမှာ နောင်တွင် စစ်သေနာပဓိကြီးဖြစ်လာသည်။ ဘုရင်ကံကုန်သောအခါ သျှင်ဘုရင်ဖြစ်သည်။ ထိုဘုရင်အား ရခိုင်သမိုင်းတွင် “တိရိနရပတိသီမင်း” ဟု ခေါ်တွင်သည်။

ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိ ဆက်ပြောပါလီ။

(နတ်မြစ်စန်းအောင်)

ရင်ရဲစိ ၀တ္ထု

“ရင်ရဲစိ ၀တ္ထု”

အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ ” အော…အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်” လို.တောင်းရေလတ်။ ယကေအမိသယ်က ” အော် သားချေ သားချေ…..အမိက မဟြာ(ရှာ) ပီးနိုင်ဂါ.. နင့် အဖ ဘားက လားတောင်းခီဘလင်”လို. ဆိုရေလတ်။ ယင်းပိုင်ဆိုခါ သားချေကလည်း အဖသယ်ဘက်ကို လားဘနာ” အော်…..အဘာ အဘာ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်” လို.တောင်းပြန်ရေလတ်။ ယပိုင်နတ်

အဖသယ်က ” ဘာဘာမှာက မဟိကာဝေ၊ မင်း အဘိုးသျှင် ဘားကို လားတောင်းခီ” လို.ပြောလိုက်ပါရေလတ်။ ယင်းတွက်တာနတ် ထိုသားချေကလည်း အဖိုးသျှင်ဘားကို လားဘနာ တောင်းပြန်ရေ။ အဘိုးသည်က အဘောင်မသယ်ဘားက တောင်းခီလို. အကြံပြုလိုက်တေ။ ယင်းတွက် ယင်းကလေချေ နောက်ဆုံးအနီနတ် အဘောင်းမဘားကို လာရေလတ်။ယေခါ အဘောင်မသည်က ” မပူကေ့ ငါ့မြီးချေ၊ အဘောင်သျှင်ဟြာပီးမေ” လို.ဆိုရေ။ အဘောင်မသည်က ” မင်းရေ ငရို.ရွာ အရှိဘက် ၃ နာရီလောက်
လမ်းလျှောက်ကေ နပျိုးခြင်း တစ်ခြင်းတွိလိမ့်မေ။ ယင်း နပျိုးခြင်းက ယာသျှင် ၀ါကြီးမ လင်မယား ဘားက တောင်းခီ” ယင်းပိုင် မှာလိုက်တေလတ်။ ယင်းပိုင်နတ် ကလေသျှေရေ သူ.ခရီးကို စတင်လိုက်တေ။ ၃နာရီလောက်လမ်းလျှောက်ပြီးရေမှာ သူ.အဘောင်
မသယ်ပြောရေပိုင် နပျိုးခြင်း အကြီးမသန် တစ်ခြင်းတွိရေလတ်။ ယကေ ယင်းယာခင်းထဲကိုဝင်ဘနာ ၀ါကြီးမလင်မယားကို ထိုရင်ရဲစိ ကိုပြရေလတ်။ ယပြီးကေ သူ.ကို ယင်း ရင်ရဲစိ ပိုင်လှရေ မယားတစ်ယောက်ဟြှာပီးဖို. တောင်းပန်ရေလတ်။ ယင်းပိုင်
ဆိုခါ ၀ါကြီးက ” အော် မောင်ချေ၊ မောင်ချေ …..ငရို.အိမ် နောက်မှာ နပျိုးပင် ၇ ပင်ဟိရေ။ ယင်းခုနစ်ပင် ထဲက မင်းကြိုက်တေ တစ်ပင် ခွတ်လို.ယူလီ” လို.ပြောရေလတ်။ ထပ်ပြီးကေ မှာလိုက်စွာက ယင်းကလေချေ ရေ ယင်းနပျိုးပင်ကို ထမ်းလို. ရွာကို
ပြန်ရေခါ ဇာလောက်ပင် လီးလီး ရွာက သူ.အိမ်ကို မရောက်မချင်း ယင်းနပျိုးပင်က အပတ်တိကို လုံးဝမခွါရ လတ်။ယင်းကလေချေ လည်းကတိပီးဘနာ ကြိုက်တေ နပျိုးပင်တစ်ပင်ခွတ်လို. ရွာကို ထမ်းပြန်လာရေလတ်။ယင်းပိုင် ထမ်းယင်းထမ်းယင်း
နပျိုးပင်လေး ကကောင်းလီးလတ်တေ။ တစ်ခုပိုင် ထမ်းလိုမပါရေခါ ကလေချေ စဉ်းစားရေလတ် ” အော် အပတ်တစ်ပတ် ခွာလိုက်လို. ဇာဖြစ်ဖို.လဲ့ဂု” ဆိုပနာ တစ်ပတ်စခွာ ဘလိုက်တေ။ တစ်ခုလေ့ မဖြစ်ရေခါ ယင်းနပျိုးပင် ကို ထမ်းပနာ ဆက်လျှေက်တေ
လတ်။ ထူးဆန်းစွာက နပျိုးပင်ရေ ပေါ့လားဖို.အစား ပိုပြီးယာ လီးပါလတ်တေလတ်။ ယင်းပိုင် လီးယင်းခွာ ယင်း လီးယင်းခွာ ယင်းနန်. ရွာနားကန်ဘောင်နားအရောက်မှာ ကလေချေ ရေ အားလုံးကို ခွာသတ်ဘလိုက်တေလတ်။ ယင်းပိုင်အားလုံးကိုခွာသတ်
ဘလိုက်တေခါ ယင်းနပျိုးပင်က မိုးကျနတ်သမီးချေတစ်ပါးပိုင် လှပချောမောရေ မင်းသမီးချေ တစ်ယောက်ထွက်ကျရေလတ်။ ယင်းပိုင်ဆိုခါ ထိုကလေ့မေချေက ” အော်..မောင်တော်..မောင်တော်…အကျွန် ခြီနန်.လားကေလေ့ ခြီပေါက်ပါရေ၊ လက်နား တွား
ကေလေ့ လက်ပေါက်ပါရေ” လို.ပြောရေလတ်။ ကလေချေလေ့ ကြံစရာဖြစ်နိန်ရေခါ ကန်ဘောင်ထက် ပေါက်နိန်ရေ ညောင်ပင်ကြီးတစ်ပင်ထက်မှာတင်ဖို.ပျင်ရေလတ်။ ယပြီးကေ ကလေချေက “အော်.. မောင်ကြီး ချစ်နှမ …ဒေ ညောင်ပင်ကြီထက်မှာ
တနားချေနီ၊ မောင်ကြီးအိမ်က မြင်းဂါရီ လားယူဘိုက်ခီမေ” လို.ဆိုပနာထွက်လားရေလတ်။ ကလေချေ မြင်းဂါရီ လားယူနိန်တုန်းမှာ သူဌေးအိမ်က အရုပ်ဆိုး ပြည့်ဝန်းမ လည်း ကကောင်းဆင်ပနာ ထိုကန်ကို ရီခတ်ဖို.ဆင်းလာရေလတ်။ ကန်ဘောင်ကို
ရောက်တေခါ တစ်ကန်လုံး ထထိန်လင်းနိန်စွာကို ပြည့်ဝန်းမ မြင်ရေလတ်။ ယေခါ ကိုယ့်ဘားက အရောင်ထွက်တေထင်ဘနာ ” သူဌေးအိမ်က ပြည့်ဝန်းမ အရောင် ကန်လုံးပြောင် ဒိန်နနောင် ဒိန်နနောင်” ဆိုပြီးနာ ရီခွက်ကို ချလို. ကရာ ကယာလတ်။ ယင်း
ပိုင် ကနိန်စွာကို ညောင်ပင်ထက် ကလိန်.မေချေ မြင်ရေခါ အအူပိန်ပါအောင် ရယ်မိရေလတ်။ပြည့်ဝန်းမလည်း အရောင်တိလာရာဘက်ကို ကြည့်လိုက်တေမှာ… အရောင်တိစွာ သူ.ဘားကလာစွာကမဟုတ် ဒေကလိန်.မေချေ ဘားက လာစွာရာမလားဆိုပနာ
မနာလို ၀န်တိုစိတ်တိ ဖြစ်မိရေလတ်။ ပြည့်ဝန်းမ လည်းညောင်ပင်အောက်ကို လားဘနာ ယင်းကလိန်.မေချေဘားက ကွမ်းယာ တစ်ယာ တောင်းရေလတ်။ မမချေက ကွမ်းယာ မဟိလို.ပြောရေခါ ” မချေ မချေ….ကွမ်းမဟိကေ ညောင်ရွက်ကို ကွမ်းလုပ်၊
ကွမ်းသီးမဟိကေ ညောင်သီးကို ကွမ်းသီးလုပ်၊ ထုံးမဟိကေ ညောင်စိကို ထုံးလုပ်” လို.ပြောရေလတ်။ ယင်းပိုင်ဆိုခါ ကလိန်.မေချေ ကလည်း ” ဟုတ်ပါယင့် မမ ယင်းပိုင်ဆိုကေ အကျွန်လုပ်တက်ပါရေ ဆိုပါနာ ကွမ်းတစ်ယာ ယာလို. ကမ်းပီးရေလတ်။
ယင်းပိုင် ကမ်းပီးစွာနန်. ပြည့်ဝန်းမရေ ယင်းကလိန်.မေချေ လက်ကို ဆွဲဘနာ ကန်ထဲမှာ မြှပ်သတ်ဘိုက်တေလတ်။ ယပြီးကေ သူမရေ ညောင်ပင်ထက်မှာပပိုက်နနစ်ထိုင်နိန်ရေလတ်။ ထို ကလိန်.မေချေ လည်း ကန်ထဲမှာ ကြာပန်းချေ ဖြစ်လားရေလတ်။

ယပိုင်နတ် ကလေချေ မြင်းလှည်းနန်. ပြန်လာရေခါ သူ.မယားရေ ကကောင်းအရုပ်ဆိုးလားစွာကို စဉ်းစားလို.မရဖြစ်နိန်ရေလတ်။ ယေဘင်ယေဂေလေ့ ငါမယားဆိုးဆိုး လှလှ ငါယူရဖို.ဆိုပနာ ပြည့်ဝန်းမကို မြင်းဂါရီထက် တင်ပြီးကေ အိမ်ကို ခေါ်လားရေလတ်။
ယင်းပိုင် ယင်းကလေချေ လည်းပြည့်ဝန်းမနန်. ပေါင်းသင်းနီထိုင်လီယာလတ်။ တနိ ယင်းကလေချေ ကန်ကို ရီ ခတ်ဖို.ဆင်းလာရေခါ တန်းထ(တံတား) နားမှာ ကြာပန်းချေတစ်ပွင့်မြင်ရေလတ်။ ယင်းကြာပန်းရေ အရာလူတိ ရီခတ်လာကေ ကန်အလယ်ဂေါင်
မှာဇီ နိန်ပြီးကေ ယင်းကလေချေ ရီခတ်လာယာဆိုကေ တန်းထ နားမှာဇီလာနိန်ရေလတ်။ ယင်းပိုင် တစ်ရက်မဟုတ် နှစ်ရက် ရက်ပြတ် မြင်ရေခါ ယင်းကလေချေ ယင်းကြာပန်းကို အိမ်ကိုခူးယူလာရေလတ်။ ယပြီးကေ သူရို.လင်းမယားအိမ်တေ ဂေါင်းရင်း
မှာထိုးထားရေလတ်။ ယင်းပိုင် ပြည့်ဝန်းမ လင်မယားအိပ်ယာဆိုကေ ထိုကလိန်.မေချေရေ ကြာပန်းကထွက်ပနာဇီ ပြည့်ဝန်းမ အဂေါင်းကို ကျောက်တေလတ်။ ပြည့်ဝန်းနိုးကျလာကေ ကြာပန်းထဲကို ပြန်ဝင်ပြီးလာရေလတ်။ ယင်းပိုင်နတ် ပြည့်ဝန်မ လည်း
ဂေါင်းမူဝေဒနာ ခံစားရရေလတ်။ ပြည့်ဝန်းမရေ ကြာလာခါ ယင်းကြာပန်းကို သံသယ ၀င်လာရေလတ်။ ဒေပန်းရောင်ခါတည်းကပင် ငါဂေါင်းမူးရေ ဆိုပနာ ယင်းကြာပန်းကို ဓားနန်. အပိုင်းပိုင်း စိုင်းဘလိုက်တေလတ်။ ယပြီးကေ ရွာကြားက ၀ါကြီးမလင်မယား
တပ်နားမှာ ၀ဲပိုက်ဘိုက်ခီရေ။ ကကောင်းမကြာ ယင်းကြာတိုကြာဇ တိက ၀ရစ် ပင် တစ်ပင်ပေါက်လာရေလတ်။ ယင်း ၀ရစ်ပင်ကြီးလာရေခါ ၀ရစ်သီးတိ အပြွတ်ပြွတ်အခိုင်ခိုင်သီးရေလတ်။ ၀ါကြီးလင်မယားလည့် ၀ရစ်သီးတိကို ဆွတ်ပနာ စားကိုစား ရောင်း
စွာကိုရောင်း ပီးစွာကိုပီး ပီးဘလိုက်တေခါ တပင်လုံးကုန်ရေလတ်။ ယကေလေ့ အပင်ထိပ်ဆုံးမှာ ၀ရစ်သီးတစ်လုံးကျန်လိုက်တေလတ်။ ၀ါကြီးလင်မယားလည်း ထို နောက်ဆုံးအသီးကို မစားဝံ့ဘဲ ထမင်းချက်ခန်းက ကြတ်စင်မှာ တင်ထားရေလတ်။

ယင်းဝါကြီးမ လင်မယားရေ ဆင်းရဲလို. တောထဲက ထင်းခွီပနာ ဇီ အသက်မွီးဝမ်းကျောင်းပြူရလေလတ်။ယင်းပိုင် ၀ါကြီးမ လင်းမယားထင်ခွီဖို.လားနီစဉ် ယင်းကလိန်.မေချေရေ ၀ရစ်သီးက ထွက်ပနာ ထမင်းဟင်းချက်ရေလတ်။ ပြီးယာဆိုကေ ၀ရစ်သီးထဲကို ပြန်
ဝင်လားရေလတ်။ ၀ါကြီး၊၀ါကြီးမ လင်မယားပြန်လာရေခါ ထမင်းတိ ဟင်းတိ အဆင်သင့်ချက်ပြီးနိန်စွာကိုဇီ တွိရေလတ်။ ယင်းပိုင် နိတိုင်းဖြစ်လာရေခါ ၀ါကြီးမက ” ၀ါကြီး ……အိမ်မှာစောင့်ကျန်လိုက် အသူထမင်းလာချက်လေကြည့်ထား ငါထင်းခွီလား
လိုက်မေ” ဆိုရေလတ်။ ၀ါကြီးလည်း အိမ်မှာ စောင့်နိန်ယင်း စောင်နိန်ယင်း ဖဖူရောင်ပါအောင် အိပ်ပါလားရေလတ်။ ထိုကလိန်.မေချေ လည်း ၀ရစ်သီးကထွက်ပနာ ထမင်းတိ ယင်းတိ ချက်ပြီးရေခါ၊ အိပ်နီရေ ၀ါကြီး ဖင်ဝမှာ ကွမ်းတစ်ယာညှပ် ဘခသိမ့်ရေ
လတ်။ ၀ါကြီးမပြန်လာရေခါ ကွမ်းတစ်ရာ ဖင်ဝဆို.လို. အိပ်နီရေ ၀ါကြီးကို နိုးဘနာ တ၀ ဒေါသထွက်တေလတ်။ ယပြီးကေ ၀ါကြီးမက ” ထင်းခွီဖို. လားလီ ငါစောင်းမေ မိုးထခါ ဆိုပြီးနာ” ၀ါကြီးကိုထင်းခွီလွတ်လိုက်တေလတ်။ ယင်းပိုင် ၀ါကြီးမလည်းထိုင်
စောင့်နိန်ရေခါ အိပ်ချင်ပါလတ်တေလတ်။ ယကေလေ့ မအိပ်ပါအောင် လက်ကို စက်ဓားချ နန်.ဇီလှီပနာ နံသာခွတ်မှာဇီစိမ်ရေလတ်။ ယင်းပိုင်နန်. ကလိန်.မေချေ ကလည်း ၀ါကြီးမ အိပ်ပါလားရေ အထင်နန်. ၀ရစ်သီးထဲက ထမင်းချက်ဖို.ထွက်ပါလတ်တေလတ်။
အကွက်ချောင်းနီရေ ၀ါကြီးမလည်း ဇာသူလေ နင်ဆိုပနာ သူမလက်ကို ဆွဲဖမ်းလိုက်ရေလတ်။ ကလိန်.မေချေကလည်း သူမအကြောင်းကိုချင်းပြလိုက်တေလတ်။ ၀ါကြီးမလည်း သနားဂရုနာ သက်ဘနာ သူ.ရို.မလည်း သား သမီးမဟိရေ အတွက်နန်. ယင်း
ကလိန်.မေချေကို အိမ်မှာ မွီးစားလိုက်တေလတ်။

ယင်ပိုင် ရက်တိ၊လတိ ကုန်လားရေခါ ပြည့်ဝန်းမလည်း ကိုယ်ဝန်ရင်းပါလတ်တေလတ်။ မွီးဖို.နိခါ ၀ါကြီးမ က မီးစောင့်ဖို.လားဖို.ပျင်နိန်ရေခါ ထိုကလိန်.မေချေက ယင်းပြည့်ဝန်းမ အိမ်ကို သူမလည်းလိုက်ချင်ကြောင်းပူဆာရေလတ်။ ယင်းအိမ်သို.ရောက်ရေ
ခါ လူတိနန်. ရရောင်သတ်လို. မီစောင့်ဖို.ရောက်နီကတ်တေလတ်။ ရွာထုံစံအတိုင်း ယင်းကလိန်.မေချေ က ၀တ္ထူ တစ်ပုဒ် ပြောပြချင်ကြောင့် ယင်းလူတိကို ခွင့်တောင်းရေလတ်။ လူတိက ခွင့်ပြူရေခါ ယင်းကလိန်.မေချေစွာ သူမ၀တ္ထူကို စပြောပြရေလတ်။
“အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ ” အော…အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်” လို.တောင်းရေလတ်” ယင်းပိုင် ၀တ္ထူ ကို အစ အဆုံးပြောပြလိုက်တေခါ ယင်းဝတ္ထူ ကို နားထောင်နိန်ရေ ထိုကလေချေ လေ့ ပြည့်ဝန်းမလိမ်စွာတိကို ချက်ချင်း သဘောပေါက်လားရေလတ်။ ၀တ္ထူ အဆုံးမှာ ယင်းကလေချေနန်. ကလိန်.မေချေ ချစ်သူနှုစ်ယောက် ၀မ်းနည်းဘနာ ဖတ်လို.ငိုကတ်တေလတ်……..ယကေ ရင်ရဲစိ ၀တ္ထူ နားထောင်ကတ်တေ ပရိတ်သတ်ရို. ပြည့်ဝန်းမ ကို ဇာလုပ်ဇီချင်ပါလေ အကြံပီးကတ်ပါ…………….။

အချေခါ နားထောင်ဖူးခရေ ၀တ္ထူကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပြည်တွင် ပြည်ပရောက် ရခိုင်မိဘတိ အနိန်ဖြင့် ဒေပိုင် ရခိုင်ဝတ္ထူချေတိ ကို မိမိ ချစ်သားချေ သမီးချေ တိကို ပြောပြဘနာ ပျော်ရွင်နိုင်ကတ်ပါဇီ။ ဒေ၀တ္ထူတွင် ယင်းကလိန်.မေချေက ထမင်းချက်ပြီးခါ အိမ်က ကြက်ဖား ကြီးကို မှာစွာတိလည်းပါ ပါရေ။ မမှတ်မိလို. မရွီးလိုက်ပါ။ သိရေဆိုကေ မျှဝီပီးဇီချင်ပါသည်။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၆၊၀၉(၂၀:၂၅)

(ဘုရင်မာရယုဘလော့မှ)