Tag Archives: ရယ်စရာဟာသလေးများ

သစ်ပင်ပေါ်မှာ

တစ်ခါက သူငယ်ချင်းနှစ်ယောက် မာလကာပင်ပေါ်တက်ပြီး မာလကာသီးခူးစားကြသတဲ့။
တစ်ယောက်က အရင်တက်ပြီး တစ်ယောက်က အောက်ကနေ လိုက်တက်ရတာပေါ့၊
အပင်ပေါ် မာလကာသီးတွေလည်း အများကြီး၊ အောက်ကတစ်ယေက်လည်း အသီးတွေအများကြီးဆိုပြီး အားရ ဝမ်းသာ လက်လှမ်းခူးလိုက်တာ
အပေါ်က သူငယ်ချင်းရဲ့ေ-ွး ကိုမှ တည့်တည့်ကြီး လှမ်းကိုင် လိုက်မိတယ်။ အဲဒါနဲ့ အပေါ်က တစ်ယောက်လည်း အထိတ်တလန့် နဲ့

“သူငယ်ချင်း၊ အဲဒါ ငါ့ဟာကြီး….” လို့ပြောလိုက်တယ်။ အောက်ကတစ်ယေက်ပြန်ပြောလိုက်တာကတော့…
“ သူငယ်ချင်းကလည်းကွာ.. အပင်ပေါ်မှာ နင့်ဟာ၊ ငါ့ဟာခွဲခြားဖို့လိုသေးလို့လား“… တဲ့

ဒါပထမဆုံးပဲ

မဒမ်ဂျွန် ဈေးသွားဝယ်နေစဉ်တွင် သူ့ယောကျာ်း ဂျွန် က အိမ်သာ ကြွေအိုး အပေါ် ထိုင်ခုံကို အရောင်သစ် တောက်တောက်ပပကလေး ဆေးသုတ်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအလုပ်ကို စိတ်ကြိုက်ပြီးစီး သွားသောအခါ ဂျွန် သည် အပြင်လမ်းလျှောက်ထွက်ခဲ့လေသည်။
မဒမ်ဂျွန်အိမ်ကို စောစောပြန်လာပြီး ဆေးမခြောက်မီ အိမ်သာ အပြေးအလွှားတက်မည်ကိုတော့ သူ မသိခဲ့ချေ။ သူပြန်လာသော အခါ မဒမ်ဂျွန်သည် အိမ်သာ ထိုင်ခုံတွင် ဖင်ကပ်နေပြီး အော်ဟစ် အကူအညီတောင်းနေသည်ကို တွေ့ရလေသည်။ သူတို့ ဘာတွေ ကြိုးစားလုပ်လုပ် မဒမ်ဂျွန်၏ အသား ဘယ်နေရာကမှ ထိုင်ခုံမှ ကွာထွက်မလာချေ။ နောက်ဆုံး တွင် သူတို့ သည် အိမ်သာကြွေအိုးမှ ထိုင်ခုံကို ဝက်အူလှည့်၍ ဖြုတ်ပြီး မဒမ်ဂျွန်၏ မျက်နှာပူစရာ ကိစ္စကြီးပေါ်မှ အပေါ်ဝတ် အကျီကြီး လွှမ်းကာ ဒေသခံ ဆရာဝန်ထံသို့ သူမကို အမြန်ခေါ်လာခဲ့သည်။
ဆရာဝန်၏ ခွဲစိတ်ခန်းကိုရောက်သောအခါ ဂျွန်က ကုတ်အကျီကြီးကို လှန်ပြပြီး ဒေါက်တာရယ်၊ ဒါမျိုးများ မြင်ဖူးပါရဲ့လား ဟုပြောလိုက်၏။ ဆရာဝန်၏ အဖြေက ဒါမျိုးတွေများ ဒါဇင်နဲ့ ချီပြီး တွေ့ဖူးတာပေါ့။ ဒါပေမဲ့ ဘောင်ကွပ်ထားတာမျိုးတော့ ဒါပထမဆုံး မြင်ဖူးတာပါပဲ တဲ့။

အေးဆေးပေါ့

တခါကပန်းခြံတစ်ခုရှေ့မှာ စောင့်တဲ့ရဲတယောက်နားကို ကလေးလေးတယောက် ရောက်လာပါတယ်
ပြီးတော့ ရဲသားကြီးကို “ဟေ့ ရဲသားကြီး နောက်15မိနစ်လောက်နေရင်
တားတားဖင်လာနမ်းလှည့်”လို့ပြောပြီး
ထွက်ပြေးသွားတယ်။။။
ရဲသားကြီးကလည်း ပထမတော့ကြောင်နေတာပေါ့ နောက်တော့မှာဒေါသူပုန်တွေထပြီး
အဲ့ကလေးလေးနောက်ကို ပြေးလိုက်တာပေါ့ အင်မတန်ရိုင်းတဲ့ကလေး
မှတ်လောက်အောင်ဆုံးမယ်ပေါ့
အဲ့လိုကလေးနောက်ကိုပြေးလိုက်ရင်းနဲ့ လမ်းမှာ ရဲမှုးကြီးနဲ့သွားတိုးတယ်
ရဲမှုးကြီးက”ဟေ့ ရဲဘော် ဘာလို့တာဝန်ကျနေရာမှာမရှိဘဲ လျှောက်ပြေးနေရတာလဲ”
ဒီတော့ ရဲသားကြီးက “ဟိုရှေ့မှာပြေးသွားတဲ့ကလေးလေ ကျွန်တော့်ကို နောက်15မိနစ်နေရင်
သူ့ဖင်လာနမ်းလှည့်လို့ပြောသွားလို့ ”
အဲ့လိုပြောလိုက်ရော ရဲမှုးကြီးက
“မင်းကလဲကွာ အေးဆေးပေါ့ 15 မိနစ်ကြီးတောင် ကျန်သေးတာကိုး”

ရယ်စရာလေးများ …

အရင်အတိုင်းဆိုလို့ 

တစ်ခါက အသက် ခုနှစ်ဆယ်ကျော် အဖိုးကြီးနှင့် အဖွားကြီးတို့ မင်္ဂလာဆောင် တစ်ခုမှ ပြန်လာကြသည်။
နှစ်ဦးစလုံး လွန်ခဲ့ သော နှစ်ပေါင်းလေးဆယ်ကျော်က သူတို့ ဧ။် မင်္ဂလာဦးက အမှတ်တရ အဖြစ်အပျက်များကို
ငယ်မူပြန်လာကြသည်။
အိမ်ရောက်သော်……
အဖွားကြီး ။ ။ရှင်မှတ်မိသေးလား….အရင်တုန်းက အခွင့် အရေးရတိုင်းကျမပါးကို နေရာမလပ်နမ်းခဲ့ တာလေ…..။
ထိုအခါ အဖိုးကြီးသည် အဖွားကြီးကို တချက်စိုက်ကြည့် ပြီး ပါးကို နမ်းလိုက်သတဲ့ ….
အဖွားကြီး ။ ။ရှင်…မေ့ နေပြီလား၊ဟိုတုန်းက နမ်းရင်…ကျမကို ယုယုယယ ပွေ့ ဖက်ထားတတ်တာ….။
တခါ…အဖိုးကြီးသည် အဖွားကြီးအား…ပွေ့ ဖက်ထားလိုက်ပြန်ပါသတဲ့ …..
အဖွားကြီး ။ ။ရှင်….အရင်လိုမဟုတ်တော့ ဘူးနော်…..အရင်ကဆို….ပွေ့ ဖက်ထားရင်း ကျမရဲ့ ဂုတ်သားလေးတွေကို
မနာအောင် ဖွဖွလေး ကိုက်လေ့ ရှိတာ……
ထိုအခါ….အဖိုးကြီးသည် အဖွားကြီးအား ပွေ့ ဖက်ထားရာမှ ရုတ်တရက်လွှတ်ခါ……
အခန်းပြင်သို့ ထွက်သွားပါလေရော…..။အဖွားကြီးလည်း…နောက်မှလိုက်သွားကာ…..
အဖွားကြီး ။ ။ရှင်….ကျမကို စိတ်ကုန် နေပြီမဟုတ်လား…..
အဖိုးကြီး ။ ။ ခဏနပါအုန်းဟ…..အံကပ် ဘယ်ထားမိမှန်းမသိလို့ ရှာနေတာ……။

အမျိုးသား တယောက် စူပါ မားကတ် မှာ ဈေးဝယ်နေတုန်း အမျိုးသမီး တယောက်က လက်လှမ်းပြတာကို မြင်လိုက်တယ်..
အဲအမျိုးသမီးကို ကြည့်ပြီး ကြောင်နေတုန်း သူ့ကို ထပ်ပြုံးပြတယ်..

အဲဒါနဲ့ သူလဲ အနားကပ်သွားပြီး …
“ကျနော့် ကို သိလို့လား”
“ရှင်က ကျမ ကလေးတွေ ထဲက တယောက်ရဲ့ အဖေဖြစ်မယ် ထင်တယ်..”

သူ ပထမတော့ ကြောင်သွားတယ်..
နောက် ပြန်စဉ်းစားတော့ လွန်ခဲ့ တဲ့ နှစ် အနည်းငယ်တုန်းက အိမ်က မိန်းမ မသိအောင် သူ ဖောက်ပြန်ခဲ့ဖူးတာကို သွားသတိရလိုက်တယ်..

အဲဒါနဲ့ ဆက်မေးလိုက်တယ်..
“ဒါဆို ခု ကိုယ်တို့ ကလေးက ဘယ်အရွယ် ရောက်နေပြီလဲ ဟင်”

အမျိုးသမီးက သူ့ကို စေ့စေ့စပ်စပ် ပြန်ကြည့်ပြီး ပြောတယ်..
“ရှင် ဘာတွေ ပြောနေတာတုန်း .. ကျမ က ရှင့်ကလေး ရဲ့ အတန်းပိုင် ဆရာမ … လေ”

အင်ဂျင်ဝိုင် လဲပါ

တခါက အသက် (၈၀)ကျော်အဖိုးကြီးတဦး အမျိုသမီးငယ်လေး အားတွဲလျှက် ဆေးရုံထဲသို့ ဝင်လာဧ။် ။
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန် ။ ။မယုံနိုင်စရာပဲ…..အဘရယ်၊အဘအသက်အရွယ်နဲ့ ဒီလို………။
အဖိုးကြီး ။ ။ဘာမယုံစရာရှိလို့ လဲ ဒေါက်တာရယ်…..လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူး။
တနှစ်ခန့် ကြာသော်……..
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန်မှာ အလွန် အံ့အားသင့် စွာဖြင့်  ……..။
ဆရာဝန် ။ ။မယုံနိုင်စရာပဲ…..အဘရယ်၊အဘအသက်အရွယ်နဲ့ …….ဒုတိယအကြိမ်…ဘယ်လိုလုပ်……။
အဖိုးကြီး ။ ။ဒေါက်တာကို အရင်တခေါက်က ပြောဘူးတယ်မဟုတ်လား……လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူး။
နောက်တနှစ်ခန့် ကြာသော်……..။
အဖိုးကြီး ။ ။ဒေါက်တာ…..ကျွန်တော့် မိန်းမ မီးဖွားချင်လို့ ပါ။
ဆရာဝန်မှာ အလွန် အံ့အားသင့် စွာဖြင့် အဖိုးကြီးအားငေးကြည့် နေစဉ် ……..။
အဖိုးကြီး ။ ။ဒေါက်တာခု… ယုံပြီမဟုတ်လား……လူ့ ခန္ဒာကိုယ် ဟာ အင်ဂျင်တစ်လုံး လိုပဲ၊အမြဲနှိုးထာရင် မဖြစ်နိုင်စရာမရှိပါဘူးလို့ ။
ထိုအခါ……ဆရာဝန် စကားကြောင့် အဖိုးကြီးမှာ မူးမိုက်သွားပါသတဲ့ ။
ဆရာဝန် ။ ။အဘက အင်ဂျင်ကို တချိန်လုံးနှိုးထားပြီး အင်ဂျင်ဝိုင်လဲဖို့ မေ့ နေတယ်ထင်တယ်……ဒီတခါ ကလေးက အသားတော်တော်မဲတယ်…..တဲ့ .။

အင်တာဗျူး

Q. ခုအခြေအနေက အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတော့ ဆရာ့အနေနဲ့ ဘာတွေအရင်ပြောင်းသင့်တယ်ထင်လဲ ဆရာ???

A. အကျင့်တွေ

Q. ဒေါသမထွက်အောင် ဘာဆောင်ရမလဲ ဆရာ ???

A. မသိချင်ယောင်ဆောင်

Q.ဆရာဘ၀မှာ စိတ်ရှည်လက်ရှည်စောင့်ခဲ့ရတဲ့ မှတ်မှတ်ရရရှိရင်ပြောပါဆရာ

A. ရထားလက်မှတ်

Q. မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေကို ဆရာအတိုင်းအတာလေးနဲ့ ခိုင်းနှိုင်း ပြောပြပေးပါလား???

A. လက်ညိုးထိုးမလွဲပါဘူး

Q. သံယံဇာတတွေလားဆရာ

A. မဟုတ်ဘူး၊ ပြသနာတွေ

Q. အထက်ကို ပင့်လိုက် အောက်ကိုချလိုက် လုပ်တဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်ပါသလဲဆရာ???

A. ၀ိတ်မတဲ့ သူတွေ

Q. မြန်မာ့လူထုအတွက် အပေါဆုံးအရာက ဘာပါလဲဆရာ

A. အချိန်

Q. မြန်မာ့ နိုင်ငံဟာ ဥပဒေစိုးမိုးရေမှာ များစွာလိုအပ်ဆဲရှိတယ်လို့ ပြောနေကြပါတယ်၊ အမျိုးမျိုးလုပ်နေကြတယ်လို့လဲ ကြားပါတယ်၊ ဟုတ်ပါသလားဆရာ???

A. အမျိုးမျိုးမဟုတ်ဘူး၊ နှစ်မျိုးတည်း

Q. ဘယ်လိုနှစ်မျိုးပါလိမ့်ဆရာ???

A. ခုတစ်မျိုး တော်ကြာတစ်မျိုး

Q. မြန်မာပြည်ရုပ်ရှင်လောကအနေနဲ့ နိုင်ငံခြားကားတွေနည်းတူ ဖန်တီးမှုတွေနဲ့ကြိုးစားလာကြပါတယ် စကာံပူ၊ တရုတ်၊ မလေးရှားနိုင်ငံတွေမှာ သွားရိုက်မဲ့ ဇတ်ကားနာမည်အရွေးရခက်နေပါတယ်၊ ဆရာ့အနေနဲ့ သင့်တော် တဲ့နာမည်များရှိရင်ပြောပြပေးပါလားဆရာ

A. ထူးမခြားနား

Q.ခုဈေးကွက်ထဲမှာ ဈေးနှုန်းတွေ ဒစ်စကောင့်တွေ အပြိုင်အဆိုင်ချရောင်းလာတာကို တွေ့ပါတယ်ဆရာ၊ ဆရာ့အနေနဲ့ ဘယ်ပစ္စည်းမျိုးကို ဒစ်စကောင်ချရောင်းရင် မြန်မာ့လူထုပိုမို ကြိုက်နှစ်သက်အားပေးမယ်ထင်ပါသလဲဆရာ ???

A. ဆန်

Q. မြန်မာပြည်ထုတ်လုပ်ရောင်ချရတဲ့ ထုတ်ကုန်တွေထဲမှာ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံရတဲ့ အဓိကထုတ်ကုန်က ဘာပါလဲဆရာ???

A. လူ

Q. ဆရာအနေနဲ့ လူငယ်တွေကို ဘာများမှာခဲ့ချင်ပါသေးလဲဆရာ

A. မသေခင်အားတင်းထားပါ

Q. ဘာလို့ပါလဲဆရာ

A. သေမှ ၀ဋ်ကျွတ်မှာမိုလို့ သိပြီလား…

ဝိတ်ချမယ်

လူဝကြီးတစ်ယောက်ဟာ ဝိတ်ချချင်တာကြောင့် ကုမ္ပဏီကို ဖုန်းဆက်လိုက်တယ်..။
ကုမ္ပဏီ.. ရဲ့ အစီအစဉ်တွေကို မေးပြီး (၅) ရက်ကို (၁၀) ပေါင် ဝိတ်ကျစေတဲ့
လေ့ကျင့်ခန်းကို ယူမယ်လို့ပြောလိုက်တယ်…။

……….နောက်နေ့မနက်မှာတော့
အိမ်တခါးခေါက်သံကြားလို့သွားဖွင့်ပေးလိုက်တယ်..။ ၁၉ နှစ်အရွယ်
ချစ်စရာကောင်းတဲ့ အားကစားမယ်လေးတစ်ယောက် ရပ်နေတာတွေ့တယ်..။
………ကလေးတစ်ယောက်လိုဝတ်ဆင်ထားပြီး Nike အပြေးလေ့ကျင့် ဖိနပ်တစ်ရန်
ဝတ်ထား ပြီး လည်ပင်းမှာချိတ်ဆွဲထားတဲ့ စာတစ်ကြောင်းလဲရှိတယ်..။
မိန်းမငယ်လေးက သူ့ကိုယ်သူ ကုမ္ပဏီ ကလွှတ်လိုက်တဲ့
ကိုယ်စားလှယ်ဖြစ်ကြောင်းမိတ်ဆက်ပြီး လည်ပင်းက စာကို ဖတ်ပြလိုက်တယ်…။
“””ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ”””

……လူဝကြီး သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ ဘဲ မှီအောင်
အတင်းပြေးလိုက်တော့တယ်… မိုင်အတော်လေး ပြေးပြီးတဲ့နောက် မောဟိုက်လွန်း
တာကြောင့် စိတ်မတင်မကျနဲ့ ပဲ အရှုံးပေးလိုက်တယ်…။
……..မိန်းမငယ်လေးက နောက် ထပ်လေးရက် စလုံး လဲ ဒီလိုပဲ ရောက်လာပြီး ပြေးကြတယ်..။
၅ ရက်မြှောက်နေ့မှာတော့ ကုမ္ပဏီက ကတိပေးထားတဲ့ တိုင်း (၁၀) ပေါင်
ဝိတ်ကျသွားမှန်းသိလိုက်တယ်..။
………ကျေနပ်စွာပဲ နောက်တစ်နေ့မှာတော့ ကုမ္ပဏီကို ထပ်ဖုန်းဆက်ပြီး (၅)
ရက် ကို ပေါင် (၂၀)ကျတဲ့ လေ့ကျင့် ခန်း ထပ်ယူမယ်လို့မှာလိုက်တယ်…။

…………နောက်နေ့မနက်မှာ အိမ်တခါးခေါက်လို့သွားဖွင့်ပေးလိုက်တော့
…။ သူ့ဘဝမှာ မှာတွေ့ဖူးသမျှ ကြုံဖူးလာသမျှ. အချောဆုံး
အလှဆုံးလို့ထင်ရလောက်တဲ့ အချိုးအစားကျကျမိန်း မပျိုလေး တစ်ယောက်
ရပ်နေတာတွေ့ပြန်တယ်..။
……….Reebok လေ့ကျင့် ဖိနပ်တစ်ရံကလွဲလို့
ဘာမှဝတ်ဆင်မထားဘူး..။လည်ပင်းမှာ စာတန်း တစ်ခုပဲရှိတယ်…ဒါကတော့
“””ငါ့ကို မှီအောင်လိုက်နိုင်ရင် ငါ့ကို နင်ပိုင်ပြီ”””
မိန်းမပျိုလေးက ခန္ဓာကိုယ့် အချိုးအစားကအစ ချောမောပြေပြစ်
လှလွန်းတာကြောင့် ပိုပြီး ကြိုးစားပန်းစား ပြေးလိုက်တာပေါ့… ဒါပေမယ်
ကံမကောင်းစွာပဲ မှီအောင်မလိုက်နိုင်ပြန်ဘူး..။
နောက်ထပ်လေးရက် လဲ ဒီလိုပဲ လိုက်ကြပြေးကြတာပေါ့ …။သူ့ခန္ဓာကို ပို ပြီး
ကြည့်ကောင်းလာတာကလွဲပြီး မှီအောင်တော့ မလိုက်နိုင်ခဲ့ဘူး..
……(၅) ရက်မြှောက်နေ့မှတော့ သူ့ကိုယ်သူ ပေါင် (၂၀) လျော့
ကျသွားမှန်းသလိုက်တော့ ဝမ်းမြှောက်သွားတယ်…။

မကျေနပ်သေးဘဲ ကုမ္ပဏီကို နောက်တစ်ခါ ဖုန်းထပ်ဆက်ပြီး (၇) ရက် ကို ပေါင်
(၅၀) ကျစေတဲ့ လေ့ကျင့် ခန်း ကို မှာလိုက်တယ်..။ ကုမ္ပဏီက
သေချာအောင်ပြန်မေးတယ်..။
“””….ခင်ဗျား တစ်ကယ်ပဲ ဒီလေ့ကျင့်ခန်း ကို လုပ်ချင်ပါသလား…။
ဒီလေ့ကျင့်ခန်းက ကုမ္ပဏီရဲ့ အရမ်း တင်းကျပ်ပြီး
ပြင်းထန်တဲ့လေ့ကျင့်ခန်းဖြစ်လို့ပါ…။”””
“””….အသေ အချာပါပဲ ဒီနှစ်တွေမှာ အဲ့ဒီလို အရသာမခံစားရတာ ကြာပြီ မို့
စမ်းသပ်ကြည့်ချင်ပါသေးတယ်..”””
သူပြန်ပြောလိုက်တယ်..။

နောက်နေ့မနက်မှာတော့ တခါးခေါက်သံ ကြားတာနဲ့ အပြေးလေး သွားဖွင့်ပေးလိုက်တယ်…။
..ခန္ဓာ ကို တောင့် တင်း ခိုင်မာပြီး ကြွက်သားတွေနဲ့ ဖုထစ်ထွက်နေတဲ့
လူသန်ကြီး တစ်ရောက် ရပ်နေတာတွေ့လိုက်တယ်…။
ပန်းရောင် ဖိနပ်တစ်ရံကလွဲပြီး ဘာမှဝတ်မထားဘူး.. လည်ပင်းမှာတော့
စာတစ်ကြောင်းရေးဆွဲထားတယ်…။
“”” မင်းကို ငါမှီရင် မင်းဟာ ငါ့ အတွက်ပဲ”””

………………………အဲ့ဒီအပတ်မှာတော့ သူ့ ကိုယ်သူ ( ၆၃ )
ပေါင်ကျသွားမှန်း သိလိုက်တယ်….

အဟီး….မှား​လို့နော် ဆောရီး

“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
“သြော်…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောင်္ကျား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895 လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..sorry ပေါ့နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့..သိလား…ဒါပဲနော်”

အမျိုးသမီးတွေ အတွက်

အလှအပ လဲကြိုက် ၊ ခေတ်ကလဲဆန် ၊ ရဲတင်း ပွင့်လင်း လွန်းလှတဲ့ မိန်းမပျို ငယ်လေးတဦးသည်
လေယာဉ် ခရီးစဉ် တခုတွင် ခရစ်ယာန် ဘုန်းတော်ကြီး တဦးနှင့် ထိုင်ခုံဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။

သူမ မှာ ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း၊ အိတ်ထဲတွင် ပါလာသော ပစ္စည်းလေးတခုကို
မကြာခဏ ထုတ်ကြည့်လိုက် ၊ ပြန်ထည့်လိုက် ၊ လက်နဲ့ စမ်းကြည့်လိုက်နှင့် ဂနာ မငြိမ်ဖြစ် နေလေသည် ။
သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ
အထင်းသား ပေါ်လွင်လျှက်ရှိနေလေသည်။

ထိုသို့ဖြင့် လိုက်ပါလာယင်း များမကြာမီတွင် ရုတ်တရက် အကြံတစ်ခု ရကာ နံဘေးမှာ ပတီးစိပ်၍
လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍…“တပည့်တော်ကို တခုလောက် ကူညီပါလား ဘုရာ့”
ဟု ပြောလိုက်လေသည်။

ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည်
စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း…“ပြောလေ ဒကာမလေး ကိုယ်တော် ကူညီနိုင်တာရှိရင်
ကူညီတာပေါ့” ဟု ပြောလိုက်ပါသည် ။

“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့်တတောင့်ကို
ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့် ။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန် မှာ ။ အခွန်တွေ
အများကြီး ဆောင်ရမှာ ကြောက်လို့… အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး
ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါရှင့်။”

“အင်း… ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။
လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ…
ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့…”

အမျိုးသမီးလေးမှာ တချက် စဉ်းစားယင်း…

“ဟုတ်တော့ ဟုတ်ပါတယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင်ရော မဖြစ်နိုင်ဘူးလား”ဟုဆိုကာ
ဘုန်းတော်ကြီး၏နား အနားသို့ကပ်ပြီး ( x x x x x ) ဟု တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် ဆက်ပြီး “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို
အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။

လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား
အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက
အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း…

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။
ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ…

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့… ခါးအောက်ပိုင်းမှာတော့… ဘုန်းဘုန်းမှာ… အမျိုးသမီးတွေ အတွက်
ဟို.. ဟိုဒင်း… ပစ္စည်းတခုတော့ ပါတယ်ကွဲ့… ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ
တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော်
ထုတ်ပြမယ်လေ…”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ
ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့်
ပြုလိုက် လေတော့သတည်း။

ကျုပ်က သမ္မတ ဖြစ်မယ်.ကောင်ပဲ

၁နေ.ကောင်မလေးနှင်. ကောင်လေးနှစ်ယောက် ချိန်တွေ.ပြီး ပြန်လာတဲ. အချိန်မှာ ကောင်မလေးက ကောင်းလေကို…
“မောင် ဘယ်နှစ်နာ၇ီ၇ှိပြီလဲ” ။
“မောင်.မှာနာ၇ီမပါဘူးကွ”
ကောငိမလေးက “နာ၇ီမ၇ှိတာလား မပါတာလား
‘ မောင်က နာ၇ီ၇ှိလဲမ၇ှိဘူး ပတ်လည်မပတ်ဘူးလေ”
“နောက်ပြီး ပြင်သစ်သမ္မတဟောင်း မီးတေ၇ာင်းလည်းနာ၇ီမပတ်ဘူးလေ…”
ကောငိမလေးက “ဒါဖြင်. အိပ်ကပ်ထဲမှာ ပိုက်ဆံမ၇ှိတာေ၇ာ”
“မီးတေ၇ာင်းလည်း အဲဒီလိုပဲလေ…”
…”တကယ်”…
“တကယ်ပြောတာပေါ့ကွာ မီးတေ၇ာင်းက ဆိုင်တွေမှာ စာသောက်ပြီး၇င်ဘယ်တော.မှ ငွေမ၇ှင်းဘူး။
သူ.အပေါင်းအသင်းတွေက စိုက်၇ှင်၇တယ်လေ…
နောက်တော. သူ.အပေါင်းအသင်းတွေက ခင်ဗျား
အဲဒီလို စားသောက်ပြီး ငွေမ၇ှင်းဘဲနေတော မ၇ှက်ဘူးလားလို.မေးတယ်လေ….”
မီးတေ၇ာင်းလည် ပြန်ဖြေလိုက်ပုံက…
“ကျုပ်က သမ္မတ ဖြစ်မယ်.ကောင်ပဲ။ဘာလို.၇ှက်၇မှာလဲတဲ့လေ…”

စေတနာနဲ့ပါ

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ကြီးတွင် တာဝန်ထမ်းဆောင်နေသော လေယာဉ်မောင် တစ်ဦးအား ပြင်းပြင်းထန်ထန် ဆူဆဲကာ အလုပ်မှ ထုတ်လိုက်သည်။

“မင်းဘာလို့ အလုပ်ထုတ်ခံရတာလဲ”

“ခရီးသည်ကို စေတနာပိုမိလို့”

“ဘယ်လိုစေတနာပိုတာလဲ”

“လေယာဉ် ပေ ၆၀၀၀ အရောက်မှာ ကိုရီးယားမလေး တစ်ယောက် အပေါ်ကုတ် ချွတ်တာမြင်လိုက်လို့ အိုက်နေမလားဆိုပြီး လေယာဉ်တံခါးသွားဖွင့်မိတယ်”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx