Tag Archives: သမိုင်း

မြန်မာရို့  အုပ်ချုပ်မှုအောက်ကရခိုင်ပြည်

Arakan Under Burmese Rules (1784-1824AD)

မြန်မာရို့ ပထမဆုံးလုပ်ဆောက်ချက်ကတော့ခါ ရခိုင်ပြည်က(၁၆၈၅-၁၇၈၄)ကာလ နောက်ဆုံးဘုရင်(၂၄)ပါး အုပ်ချုပ်မှုအတွင်း တာရှည်တာများဖြစ်ပေါ်နီခရေ တရားဥပဒေကင်းမဲ့မှုကို နှိမ်နင်းကွမ်ညှပ်ပစ်စွာပါ။ လူဆိုးဓားမရတိ ကို မရမချင်းလိုက်လံဖမ်းဆီးပါရေ။ ရကေရက်ရက်စက်စက် နှိပ်စက်တေ။ သံကြိုးနန့်ချိုင်ထားရေ။ ယင်းပိုင်လုပ်ဆောင် နီချိန်အတွင်း အင်းဝအိမ်ရှိမင်းသားက ကြေငြာချက်တစ်ခုထုတ်ပြန်ပါရေ။ ရခိုင်တစ်ပြည်လုံးကို အင်းဝဘုရင် ဘိုးတော်ဘုရားက သိမ်းပိုက်အုပ်ချုပ်လိုက်ဗျာယ်ဆိုရေအကြောင်းပါ။ (ဘိုးတော်ဘုရား၏ နေပြည်တော်စွာ အမှန်က အမရပူရပါ။ ၁၁၈၉ ဘကြီးတော်လက်ထက်ကျခါမှ ထီးနန်းကိုအင်းဝသို့ ပြောင်းရေလို့ ညိုမြ၏ကုန်းဘောင် ရှာပုံတော်(သတ္တမအကြိမ်) စာ-၂၂ မှာဖော်ပြထားပါရေ-ဘာသာပြန်သူ) လူတန်းစားအလွှာအသီးသီးက ရခိုင်သား ပေါင်းတစ်သိန်းနန့်သျှစ်သောင်းကို သုံ့ပန်းအဖြစ်မြန်မာပြည်သို့ ခေါ်ယူလားပါရေ။ မဟာမုနိရုပ်ရှင် တော်မြတ်ကို မြန်မာပြည်သို့ ပင့်ယူလားပြီးကေ အဂုမန္တလေးယှိ ရခိုင်ဘုရားမှာ ထားပါရေ။ ဘုန်းကြီးကျောင်းတိ စေတီပုထိုးတိနန့် အခြားဘာသာရေးအဆောက်အဦးတိကို စနစ်တကျဖျက်ဆီးပစ်ပါရေ။

မြန်မာရို့၏ အုပ်ချုပ်မှုကာလအစပိုင်းမှာခါ အားနည်းပျော့ညံ့ကေလည်း ကိုယ်အားကိုယ်ကိုးပနာ တော်လှန်ပုန်ကန်မှုတိ ယှိခလီပါရေ။ ဗိုလ်ချုပ်တစ်ယောက်က နောက်လိုက်နောက်ပါ တဆိတ်ကေနန့် ပုန်ကန်ပါရေ။ မအောင်မြင်ပါ။ ပုန်ကန်သူတိကို မြန်မာရို့ဖမ်းမိလားခရေအခါ ယင်းပုန်ကန်သူတိပါ၊ ပုန်ကန်သူရို့၏အမျိုးအဆွီတိပါ၊ ပုန်ကန်ရေဒေသက ရပ်သူရပ်သားတိပါ ထောင်ပေါင်းများစွာသော လူတိကို ရက်ရက်စက်စက် သတ်ဖြတ်သုတ်သင်ပစ်ပါရေ။ ယင်းပိုင်ပုန်ကန်မှုတိမျိုး ဆက်တိုက်ဆက်တိုက် ဖြစ်ပေါ်လာရေအခါမှာ ရခိုင်တစ်ပြည်လုံး လူပေါင်းသိန်းပေါင်းများစွာ အသတ်ဖြတ်ခံကတ်ရပါရေ။

၁၅ ရာစုနန့် ၁၆ ရာစုကာလအတွင်း ရခိုင်ပြည်ဆိုစွာ ကမ္ဘာ့အရှိပိုင်းမှာ အင်အားအကြီးမားဆုံးတိုင်းပြည်တိထဲက တစ်ခုဖြစ်တေလို့ပေါ်တွင်မှတ်တမ်းတိမှာ ဖော်ပြထားပါရေ။ ရခိုင်ဘုရင်မှာအမြဲတမ်းစစ်တပ်ကြီးတစ်ခုယှိရေ၊ စစ်ပညာကျွမ်းကျင်တတ်မြောက်တေ၊ စစ်ရီးအတွံ့အကြုံကြွယ်ဝရေဆိုစွာ သိရပါရေ။ နိုင်ငံခြားတိုင်းပြည်တိနန့် ကုန်သွယ်ရောင်းဝယ်မှုတိယှိခရေ၊ ရခိုင်ပြည်၏လူဦးရေလည်းသွင့် အဂုခေတ်သစ်ကြွယ်ဝ ချမ်းသာရေနိုင်ငံတိမှာ ယှိရေလူဦးရေတိနန့် နှိုင်းယှဉ်ကြည့်နိုင်ရေလို့ဆိုပါရေ။ ဗြိတိသျှ၊အင်္ဂလိပ်ရို့ သိမ်းပိုက်မိရေအခါမှာ ရခိုင်ပြည်မှာလူဦးရေ တက်တက်ပြောင်နီပါဗျာယ်။ ပုန်ကန်တော်လှန်မှုတိ ငြိမ်သက်လားအောင်ဆိုရေ ရည်ရွယ်ချက်နန့် အစုလိုက်အပြုံလိုက်သတ်ဖြတ်သုတ်သင်ပစ်မှုတိကြောင့် အခုပိုင်လူဦးရေ လျော့နည်းလာ ရခြင်းဖြစ်ပါရေ။

တော်လှန်ပုန်ကန်မှုတိဖြစ်ခစွာထဲမှာ ဟာရီဆွေ(Hari Tsway)ခေါင်းဆောင်ရေပုန်ကန်မှုကတော့ခါ မြန်မာရို့ကိုအကြီးအကျယ် ဒုက္ခပီးနိုင်ခပါရေ။ မြန်မာရို့ အုပ်ချုပ်မှုကိုလည်း ဂယောက်ဂယက်ဖြစ်လားစီခပါရေ။ ဟာရီဆွေနန့် သူ့နောက်လိုက်နောက်ပါတိစွာ မြန်မာတပ်တိကို အကြိမ်ပေါင်းများစွာ လာရောက်စီးနင်းတိုက်ခိုက် အောင်ပွဲခံနိုင်ခပါရေ။ နောက်ဆုံးမှာ မြန်မာတပ်တိစွာ မြောက်ဦးမြို့ တွင်းထဲအထိ ဆုတ်ခွာပနာခုခံနီခကတ်ရပါရေ။ ဟာရီဆွေ၏ တပ်တိစွာမြို့ ပြင်နန့် သုံးမိုင်အကွာမှာ စခန်းချဝန်းရံထားပါရေ။ ယင်းပိုင်အချိန်မှာ ရမ်းဗြဲနန့်မာန်အောင်ရို့ကရခိုင်ခေါင်းဆောင်တိစွာ ဟာရီဆွေနန့်ပူးပေါင်းလာကတ်ပါရေ။ ယကေလည်း စစ်ဆင်ရေးစီမံချက်တိနန့် ပတ်သက်လို့သဘောထားချင်းမကိုက်ညီရေအတွက် မကြာခင်မှာပင် ပြန်လားခကတ်ပါရေ။ ယင်းကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် သွီးစည်းညီညွတ်စွာတော်လှန်တိုက်ခိုက်ဖို့ကိစ္စစွာ မျှော်လင့်ချက်ကင်းမဲ့လားခရပါရေ။

ယင်းကစလို့ ရခိုင်ပြည်အတွက် ဂြိုလ်ဆိုးကြီးဝင်စွာပါဗျာယ်ယေ။ တော်လှန်ပုန်ကန်မှုအရှုံးနန့် အဆုံးသတ်လားခပနာ ဟာရီဆွေလည်းစစ်တကောင်းကိုထွက်ပြီး ခိုလှုံလားခပါရေ။ မြန်မာတပ်တိက သူ့ကိုလိုက်ဖမ်းပါသိရေ။ ရာမူးယှိ အင်္ဂလိပ်တပ်တိက မြန်မာတပ်တိကိုတားဆီးထားလိုက်လို့ လွတ်မြောက်လားခစွာပါ။ ဟာရီဆွေကို သူ့ရို့ လက်သို့အပ်ဖို့မြန်မာရို့ တောင်းဆိုစွာကို အင်္ဂလိပ်တိက ပြင်းပြင်းထန်ထန်ငြင်းပစ်လိုက်တေအတွက် မြန်မာရို့ လက်ခစဲ ပြန်လာကတ်ရပါရေ။ ယင်းချင့်စွာ ရခိုင်သက္ကရာဇ် ၁၁၅၂မှာဖြစ်ပျက်ခစွာပါ။

အေဒီ ၁၇၉၀မှာ အင်္ဂလိပ်တိအနီနန့် ရခိုင်ပြည်ကိစ္စမှာ ပထမဆုံးဝင်ရောက်ပတ်သက်မှုလည်းဖြစ်ပါရေ။ ခရစ် ၁၇၉၃ မှာ ရမ်းဗြဲကဗိုလ်ပေါလုံး(Pow Loon)ခေါင်းဆောင်ရေ ပုန်ကန်မှုကြီးတစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပွားပြန်ပါရေ။ ကာလတစ်ခုအထိတော့ခါ ပုန်ကန်မှုစွာအောင်မြင်ခပါရေ။ ယေဒါလည်း သူ့ မှာက လက်နက်လူသူအင်အား ကန့် သတ် ချက်ဟိစွာပါကို။ ယေနန့် သူရို့ လည်း စစ်တကောင်းကိုဝင်ပြီးပနာ အင်္ဂလိပ်တို့  ၏အကာအကွယ်ပီးမှုကို တောင်းခံကတ်ရစွာပါဗျာယ်။ ဗိုလ်ပေါလုံးဆိုစွာ ဥပဒေပြင်ဘက်က လူဆိုးဓားမရရာဖြစ်တေအတွက် အင်္ဂလိပ်ပိုင်နက်ထဲမှာ ခိုလှုံခွင့်ပီးစွာမှားရေ၊ သူရို့ လက်ထဲသို့ အပ်ပါလို့  မြန်မာရို့  ကတောင်းခံပါရေ။ စစ်တကောင်းစွာ ယင်းခါက အရှိအိန္ဒိယကုမ္ပဏီပိုင်နက်ပါ။ ယင်းကိစ္စကို ဥရောပသား (အင်္ဂလိပ်) တစ်ယောက်က တာဝန်ယူဖြေယှင်းရပါရေ။ယင်းသူက ဗိုလ်ပေါလုံးကိစ္စကို ကုမ္ပဏီသို့ တင်ပြပါရေ။ ဒေလူစွာ အဂေါင့်ရာ ဓားမရဆိုကေ ဖမ်းပနာအကျဉ်းချထား၊ ဓားမရမဟုတ်ကေ လွှတ်ပီးလိုက်လို့  ကုမ္ပဏီကအမိန့် ချပါရေ။

ယေခါမြန်မာရို့ က ယင်းအင်္ဂလိပ်ကို ငွေကြေးအများအပြားလာဘ်ထိုးလိုက်တေအတွက် ဗိုလ်ပေါလုံးကိုဖမ်းပနာ မြန်မာရို့ လက်ကိုပီးအပ်လိုက်ပါရေ။ ဗိုလ်ပေါလုံးကို မြန်မာပြည်သို့ ခေါ်ယူပနာသုတ်သင်ပစ်လိုက်ပါရေ။ နောက်ပိုင်းမှာ ယင်းအင်္ဂလိပ်၏မရိုးမသားဆောင်ရွက်လုပ်ကိုင်မှုကို ကုမ္ပဏီ ဒါရိုက်တာတိကြား သိလားခရေအတွက် သူ့ ကိုရာထူး ချပနာ အရေးမပါသောစစ်ရေးတာဝန်တစ်ခု ပီးထားလိုက်ပါရေ။ သက္ကရာဇ် ၁၁၅၇ (ခရစ် ၁၇၉၅)မှာ မိတ္ထိလာကန်ဘောင်တစိတ်တဒေသ ပေါက်ထွက်ပြိုကျလားပါရေ။ ယင်းချင့်ကိုပြန်လို့ ပြုပြင်ဖို့ အတွက် ရခိုင်သားတစ်ထောင်ကို အာဏာနန့် အဓမ္မပို့ ပါရေ။ ဇာကြောင့်လဲတော့ခါမသိပါ။ ယင်းရခိုင်သားအားလုံး တစ်ယောက်မကျန် မိတ္ထိလာမှာ သီပျောက်လားခကတ်ပါရေ။

၁၁၅၉ ခုနှစ် (ခရစ် ၁၇၉၇)မှာ မြန်မာရို့ သိမ်းယူလားခရေ ပိဋကတ်သုံးပုံကို ဘိုးတော်ဘုရားအမိန့် နန့် ပြန်ပို့ ပနာ မြောက်ဦးမြို့ တော်၏အရှိဘက်မှာ ပိဋကတ်တိုက်တည်ဆောက်လို့ ထိန်းသိမ်းထားလီပါရေ။

မြန်မာအုပ်စိုးသူရို့ ၏ ရခိုင်ပြည်မှာ ကျင့်သုံးပြုမူလားခရေ ရက်စက်မှုတိ၊ လူသားမဆန်မှုတိစွာ သမိုင်းမှာတစ်ပုတပင် သက်သီပြလို့ ယှိလီပါရေ။ ဘယ်သယ်ပိုင်တစ်ခုလည်း ခုခံကာကွယ်နိုင်စွမ်းမယှိရေ ယောင်္ကျား၊မိန်းမ၊ အချေသူငယ်တိကို မဟုတ်မမှန်စွပ်စွဲပြောဆိုပနာ အစုလိုက် အပြုံလိုက် သုတ်သင်သတ်ဖြတ်မှုတိ နိစဉ်နန့်  အမျှယှိနိန်ပါရေ။ ရခိုင်ပြည်ကို မြန်မာရို့ အုပ်စိုးမှု နှစ် ၄၀ သမိုင်းဆိုစွာ သွီးချောင်းစီး သမိုင်းတစ်ခုပါဗျာယ်။ အတိတ်ကာလက ယှိခဖူးရေ ဇာတိုင်းပြည်တခု၏သမိုင်းမှာလည်း ဒေပိုင်ရက်စက်ယုတ်မာမှုမျိုး မယှိခလီဖူးပါ။

ယင်းအတွက်ကြောင့် မြန်မာရို့ လက်ထဲကအာဏာကို အင်္ဂလိပ်ရို့ လွှဲပြောင်းယူလိုက်တေအခါမှာ ရခိုင်တစ်ပြည်လုံးစွာတောကြီးမျက်မဲဖုံးပနာ စတုရန်းတစ်မိုင်မှာ နိန်ထိုင်သူလူပေါင်း ၂၀ ကျော်ရာ ကျန်လိုက်ဗျာယ်လို့  ဆိုကေ အံ့သြစရာယှိပါဖို့ သိလားယေ။

မြန်မာရို့ ၏ရွီတွက်လို့ မရနိုင်သော အစုအပြုံလိုက်သတ်ဖြတ်မှုတိကြောင့် လူဦးရေအကြီးအကျယ်လျော့နည်း ကျဆင်းလားခရေ တိုင်းပြည်တစ်ခုမှာ တိုင်းပြည်တစ်ခုမှာ ငြိမ်းချမ်းတည်ငြိမ်မှုမြှင့်တင်ပီးဖို့ ရည်ရွယ်ချက်နန့်  ဘုရင်ခံချူပ်က ရခိုင်ပြည်အတွက်ခန့် အပ်စီလွှတ်လိုက်တေ အင်္ဂလိပ်အရာယှိတစ်ယောက်၏အကြောင်းကို ရခိုင်ရာဇ၀င်ထဲမှာ မှတ်တမ်းတင်ထားယှိပါရေ။ ယင်းအရာယှိစွာ (………….) တစ်ယောက်ဖြစ်ပြီးကေ သူ့  ကို ရခိုင်သားရို့ က (……………..) လို့  ခေါ်ကတ်ပါရေ။ ယင်းပုဂ္ဂိုလ်စွာ သူ့ တာဝန်တိကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်အောင်မြင်ခပါရေ။ ယပြီးကေ အိန္ဒိယနန့်  ရခိုင်ပြည်ရို့ ကုန်းလမ်းကုန်သွယ်မှု ဆက်ဆံရေးပွင့်လင်းလာဖို့  အတွက်လည်း ကြိုးပမ်းပီးခပါရေ။ ၁၁၆၁ ခုနှစ် (ခရစ် ၁၇၉၉) မှာပါ။ ယင်းကုန်သွယ်ရေးညီလာခံစွာ အောင်ဆိပ် (Aungtsit) က ဘားဘူတောင်ခြီရင်းမှာ ကျင်းပပြုလုပ်ခစွာဖြစ်ပါရေ။

အင်းဝဘုရင်က ရခိုင်သားတိအပေါ်မှာ ပီးအပ်ချမှတ်တေ တာဝန်တိကိုအောက်မှာဖော်ပြလိုက်ပါရေ။

ခရစ် ၁၈၀၀ ပြည့်မှာ အိမ်ထောင်စုတစ်စုစီကို ၃ ခု ထပ်ခွဲပစ်ပနာ အိမ်ထောင်စုတိုင်း အတွက်မြီခွန်ကောက်ယူပါရေ။ နောက် ၆ လအကြာမှာ လူပျို ၃၀၀ ကို ဘုရင့်နန်းတော်မှာ တာဝန်ထမ်းဆောင်ဖို့  ပို့ လွှတ်ပါရေ။ ယင်းသူရို့ ၏ လက်မောင်းမှာ ဘုရင်မင်းမြတ်၏ကျွန်ဖြစ်ကြောင်း မှင်ထိုးပီးပါရေ။ ၁၈၀၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရခိုင်သားတစ်ထောင်ကို စစ်မှုထမ်းဖို့ အတွက် မြန်မာပြည်သို့ ပို့ ပါရေ။ ၁၈၀၂ ခုနှစ်ကစလို့  ရခိုင်သားတစ်ယောက်စီ ၁ ကျပ်ကျအခွန်ဆောင်ရပါရေ။ နို့ စို့ ချေ တောင်ကင်းလွတ်ခွင့်မရပါ။ ယင်းချင့်ကို (………..) လို့ ခေါ်ပါရေ။ ၁၈၀၃ ခုနှစ်မှာ ရခိုင်သားတိအားလုံးအမရပူရကိုလားပနာ ဆင်ဖြူတော်ကိုဖူးမျှော်ပူဇော်ကတ်ရပါရေ။ ၁၈၀၅ ခုနှစ်မှာ ပုံမှန်ပီးဆောင်နိန်ကျ အခွန်ငွေမှာထပ်ပနာလူတစ်ယောက်စီ တစ်ကျပ်နှုန်းအခွန်ထပ်ဆောင်ကတ်ရပါရေ။ ပထမကောက်ခံစွာ မလုံလောက်လို့ ပါလတ်။ နောက် ၂ နှစ်အကြာမှာ မြန်မာတပ်တိ ယိုးဒယားကို စစ်ချီတက်ကတ်ရပါရေ။ ရခိုင်ပြည်က စစ်သားတိအားလုံးလည်း လိုက်ပါကတ်ရပါရေ။ ၁၈၀၉ ခုနှစ်မှာ ဘိုးတော်ဘုရားက သံတွဲမြို့ စားကို အိန္ဒိယပြည် ကပ္ပိလ၀တ္ထုမြို့ သို့  စီလွှတ်ပနာ ကပ္ပိလရသေ့၏ရုပ်ထုကိုအရှာခိုင်း ပါရေ။ မရခပါ။ အာသောကမင်းကြီးသွန်းလုပ်ကိုးကွယ်ခရေ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ဗုဒ္ဓဂါယာက ဓါတ်တော်မွီတော်တဆိတ်ကေနန့် ပြန် လာလတ်ပါရေ။

သက္ကရာဇ် ၁၁၇၃ (ခရစ် ၁၈၁၁)မှာ ဧရာမပုန်ကန်တော်လှန်မှုကြီးတစ်ခုဖြစ်ပွါးလာပါရေ။ ယင်းပုန်ကန်မှုကို လူစွမ်းကောင်းတစ်ယောက်ဖြစ်တေ ဗိုလ်ချင်းပျံက ဦးဆောင်ပါရေ။ စွမ်းရည်သတ္တိနန့် နည်းပရိယာယ်ကြွယ်ဝ ရေအတွက် နောက်လိုက်နောက်ပါနန့် 
လက်ထောက်ခေါင်းဆောင်ချေတိအများအပြားစုဆောင်းရယှိပါရေ။ ချင်းပျံ၏ ပုန်ကန်မှုစွာ နတ်မြစ်ကမူလဇစ်မြစ်အစပြုလာစွာပါ။ နောက်ပိုင်းခါတဆတ်ဆတ်နန့် ရခိုင်ဒေသတစ်ခုလုံးက ရခိုင်သားရို့ ၏ထောက်ခံအားပီးမှုကို ရယှိလာစွာဖြစ်ပါရေ။ နှိမ်နှင်းဖို့ လွှတ်လိုက်တေ
မန်မာတပ်တိလည်း ချင်းပျံတပ်တိဘားမှာ ထထွက်ကြီလားရစွာပါဗျာယ်။ အောင်ပွဲတိအလီလီရလာပြီးရေခါ ချင်းပျံရို့ စွာ မြောက်ဦးမြို့ တော်သို့ ချီတက်လတ်ကတ်ပါရေ။ ချီတက်ရာလမ်းတလျှောက်မှာ တပ်အင်အားလည်း ပိုလို့ ကြီးထွားလာပါရေ။ ယင်းကြောင့်တပ်ခွဲတိအများအပြားခွဲပနာ စစ်ရီးအရအရေးကြီးရေနိန်ရာတိမှာ တပ်စွဲထား၊ တပြည်လုံးမှာပြန့် ကြင်းနိန်ရေ မြန်မာတပ်တိတခုနန့် တခုအဆက်အသွယ်မလုပ်နိုင်အောင်
ဖြတ်တောက်ထားလိုက်နိုင်ပါရေ။ ယင်းသေနင်္ဂဗျူဟာစွာ အလှပလှအောင်မြင်ပါရေ။ မြန်မာရို့ အထိနာ နိန်ကတ်ဗျာယ်ဆိုရေသတင်းကို ကြားသိရရေ အတွက် အင်းဝမင်းစွာ မင်းလှစည်သူကို ဦးစီးခန့် ပနာ ကြီးမားသောတပ်အင်အားကြီးတခုကို ရခိုင်ပြည်သို့ စီလွှတ်ပါ ရေ။ ယေဒါလည်း မိုးကျလာဗျာယ်ဖြစ်လို့  မင်းလှစည်သူစွာ သူ့ တပ်အင်အားကို သရေခေတ္တရာ (ပြည်)မှာ စခန်းချပနာ ရခိုင်သို့ ချီတက်မှုကို ဆိုင်းငံ့ထားလိုက်ပါရေ။ ယင်းပိုင်အခြေအနေမျိုးမှာ ရခိုင်ပြည်ကမြန်မာတပ်တိလည်းတွိရေနိန်ရာမှာ ချေမှုန်းခံရရေအတွက် ဇာလုပ်ရမှန်း မသိ မျှော်လင့်ချက်ကင်းမဲ့ရေအဖြစ်ကို ရောက်နိန်ကတ်ရပါရေ။

မိမိအနေနန့် အသာစီးရလာဗျာယ်ဆိုစွာသိလာရေခါ ရခိုင်ခေါင်းဆောင်ချင်းပျံစွာ ကုလားတန်မြစ်၏ အနောက်ဖက် ဇာဝတီ/ဇေ၀တီ (Zawadi/Zaiwadi) မြို့ မှာ ဘိသိက်ခံပြီးကေ ဓနုဓမ္မရာဇာဘွဲ့ ကိုခံယူလိုက်ပါရေ။ သူ့ ဘွဲ့ နာမေပါရေ ဒင်္ဂါးတိကိုလည်း ခပ်နှိပ်ပါရေ။
ငွေကြေးတတ်နိုင်ရေ အမျိုးသား၊အမျိုးသမီးတိဘားက တစ်ယောက်ကို ၂၁ ရူပီးစီအခွန်ကောက်ခံပါရေ။ ယင်းပိုင်နန့် ပင် ဗိုလ်ချင်းပျံစွာ မင်းဆိုးမင်းညစ်တစ်ပါး ဖြစ်လာလတ်ပါရေ။ ပြောဆိုအကြံပီးမှုတိကိုလည်း မနာမယူထိုးကန်းလုပ်ပနာ ရက်စက်ကြမ်းကြုတ်လာပါရေ။ နောက်လိုက်ငယ်သားတိကို လည်း ညှာတာထောက်ထားမှုမယှိရေအတွက် တဆတ်ဆတ်နန့် ဗိုလ်ချင်းပျံကို အကြည်ညိုပျက်လာကတ်ပါရေ။ ဗိုလ်ချင်းပျံ၏အာဏာလွှမ်းမိုးမှုတာမရှည်ခစွာ ယင်းပိုင်အကြောင်းခံတိကြောင့်ပါ။ ရခိုင်ပြည်သူလူထုရို့ ၏အမြင်မှာ ချင်းပျံနန့် စာကေ မြန်မာရို့ ၏နှိပ်စက်ညှင်းပန်းမှုပင်က သက်သာသိယင့်ဆိုစွာမျိုးဖြစ်လာရေအတွက် မြန်မာတိက နောက်ပိုင်းထိုးစစ်ဆင်တိုက်ခိုက်လာရေအခါ
မြန်မာတိကိုရာ အကူအညီပီးကတ်လီပါရေ။ မြောက်ဦးမြို့ ဝန်ငထင်ကျော် စွာ စစ်ရီးကျွမ်းကျင်ရေ တပ်တစ်တပ်ကိုဦးစီးပနာ ချင်းပျံကိုတိုက်ခိုက်နှိမ်နှင်းပါရေ။ ရခိုင်ပြည်အနှံတပ်စွဲထားရေ ချင်းပျံတပ်တိကိုလည်း အနိုင်ရလိုက်နိုင်ပါရေ။ ယင်းခါကပင်စလို့  ချင်းပျံ၏သြဇာအာဏာနန့် ချင်းပျံအပေါ်နောက်လိုက် ငယ်သားရို့ ၏ယုံကြည်အားထားမှုတိ ယုတ်လျော့လာလတ်ပါရေ။

မြန်မာတပ်တိချီတက်တိုက်ခိုက်လာရေအတွက် ရခိုင်တပ်မှူးချေတိလည်း ဇာဝတီ/ဇေ၀တီမြို့ သို့ ထွက်ပြီးလာကတ် ပနာ ဘုရင်ချင်းပျံဘားမှာ မိမိရို့ ၏ရှုံးနိမ့်မှုကို အစီရင်ခံလာကတ်ပါရေ။ ဇာပိုင်လုပ်ကေ အကောင်းဆုံးဖြစ်ဖို့ လဲဆိုစွာ ဆွေးနွေးတိုင်ပင်ကတ်တေအခါ တစ်ယောက်ကလည်းတစ်ခွန်းမဟကတ်ပါဗျာယ်။ ဗိုလ်မှူးတစ်ယောက်ကရာ အဂု အခြေအနေကိုရောက်လာပြီးမှ စုစည်းခုခံလို့ အောင်မြင်ကေလည်း အကျိုးမယှိဗျာယ်ဖြစ်ကြောင်း၊ ဒေခန်းမကိုစွန့် ခွာ လားစွာရာ ကောင်းဖို့ ဖြစ်ကြောင်းပြောဆိုတင်ပြပါရေ။

နောက် ၄-၅ ရက်အကြာမှာ မြန်မာတပ်တိချီလာဗျာယ်ဆိုစွာ ချင်းပျံသတင်းရပါရေ။ တပ်တိကိုစုစည်းပနာ ရန်သူကို ရင်ဆိုင်ဖို့ ထွက်ပါရေ။ ယေခါတပ်မှူးတိကချင်းပျံ၏အမိန့် ကို မနာယူကတ်ပါဗျာယ်၊ ပြန်တိုက်ဖို့ ငြင်းဆန်ကတ်ပါရေ။ ချင်းပျံနန့် သူ့ တပ်တိလည်း တကွဲတပြားထွက်ပြီးဖို့ ကျလားပါရေ။ မျှော်လင့်ချက်မယှိဗျာယ်ဆိုစွာ သိလာရေအတွက် ချင်းပျံရေ နောက်လိုက်နောက်ပါရို့ ကိုစုစည်းပနာ စစ်တကောင်းယှိ ဗြိတိသျှပိုင်နက်ထဲကိုဝင်ပြီးရပါရေ။

ချင်းပျံကိုသူရို့ လက်ထဲအပ်ဖို့  မြန်မာမြို့ ဝန်၏တောင်းဆိုချက်ကို အင်္ဂလိပ်တိ
ကပြတ်ပြတ်သားသားငြင်းပယ် ပစ်ပါရေ။ ယေခါမြန်မာမြို့ ဝန်က ချင်းပျံ၏နောက်လိုက်တိထဲက ရသမျှကို ကတိအမျိုးမျိုးပီးပနာ သွီးဆောင်ပြန်ခေါ်ပါ ရေ။ ပြန်ပါလာရေ ရခိုင်သားတိကို ရခိုင်ပြည်ရောက်စွာနန့် အပြတ်ယှင်းပစ်လိုက်ပါရေ။ ယင်းကစလို့  မြန်မာပြည်နန့်  ရခိုင်ပြည် နှစ်ခုစလုံးမှာ ရခိုင်သားတိကို မျိုးဖြတ်သုတ်သင်ပွဲတိဖြစ်လာလတ်ပါရေ။ ချင်းပျံ၏ပုန်ကန်မှုစွာ စုစုပေါင်း တစ်လရာခံခပါရေ။

ပထမဆုံးရခိုင်မြို့ ဝန်စွာ မင်းကြီးကျော်ထင်ပါ။အုပ်ချူပ်ပြီးလို့  ၁၈-လအကြာ (၁၁၇၅ ခုနှစ်)မှာ ကွယ်လွန်ပါရေ။ နောက် မဟာနော်ရထာ မြို့ ဝန်ဖြစ်လာပါရေ။ ၁၁၇၄-၁၁၇၅ (ခရစ် ၁၈၁၂-၁၈၁၃)ကာလအတွင်း ရခိုင်ပြည်မှာ ဒုဗ္ဗိက္ခန္တရကပ် အကြီးအကျယ် ဖြစ်တေအတွက် လူထောင်ပေါင်းများစွာ သီကြီကတ်ရပါရေ။

၁၁၈၀ ခုနှစ် (ခရစ် ၁၈၁၈)မှာ ရမ်းမြဲမြို့ ဝန်နေမျိုးသူက အရှိအိန္ဒိယကုမ္ပဏီဘားသို့ စာရွီးအကြောင်းကြားပါရေ။ စစ်တကောင်းနယ်က တချို့ သောနယ်တိကို ရခိုင်ကအစိုင်အလာပိုင်ဆိုင်ကြောင်း၊ ယင်းကြောင့် ရောင်ပူ၊ ကောက်ပဇား၊ ကောက်တီးယားနန့် ဝန်းကျင်ဒေသတိမှာ နိန်ထိုင်ကတ်တေ (ရခိုင်) မိသားစုတစ်သိန်းစွာ မြန်မာရို့ ၏ အုပ်ချူပ်မှုအောက်မှာယှိကြောင်းတောင်းဆိုစွာပါ။ ယပြီးကေ ယင်းရခိုင်သားတိမှာ မြန်မာအစိုးရကို အခွန်ဆက်သရဖို့ ၊ မပီးခကေ အင်္ဂလိပ်တိကိုတိုက်ခိုက်ဖျက်ဆီးပစ်ဖို့ လို့ လည်းဖော်ပြ ထားပါရေ။

ဘုရင်ခံချူပ်က ရန်ကုန်မြို့ ဝန်သတိုးမင်းလှဘားသို့ စာရွီးပနာ မြန်မာတိကစစ်တိုက်ခိုက်ဖို့ အလိုယှိရေဆိုကေ သူ့ ဘက်ကလည်းယင်းကိစ္စအတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း၊ ယင်းပိုင်ရာစစ်ပြိုင်တိုက်ခိုက်ကတ်ဖို့ ဆိုကေ မြန်မာရို့ ဘက်ကထောင်ပြတ်သောင်းပြတ်
သီပျောက်ကတ်မယ်စွာကိုတွက်လို့ သူသီးခံနိန်စွာဖြစ်ကြောင်း အကြောင်း ကြားလိုက်ပါရေ။

(၆) နှစ်အုပ်ချူပ်ပြီးရေနောက်မှာ ရခိုင်မြို့ ဝန်မဟာနော်ရထာကို ရာထူးကနုတ်ပယ်လိုက်ပါရေ။ ကြာရိုးဆိုရေလူက မင်းကြီးကျော်ထင်ဘွဲ့ ခံပနာ ၁၁၈၁ (ခရစ် ၁၈၁၉)မှာ ဆက်ခံပါရေ။ ဒေပုဂ္ဂိုလ်ကတော့ခါ သူပြုမှုဆောင်ရွက်တေ ကိစ္စအားလုံးမှာ မတရားပြုကျင့်သူဖြစ်ပါရေ။ အမှန်စကားတခွန်းမဆိုဘဲ အခွန်ငွေကိုလည်း အဓမ္မအပိုကောက်ခံပါရေ။ ခရစ် ၁၈၁၉ မှာ ဘိုးတော်ဘုရားလွန်ပါရေ။ စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်နန်းတက်ပါရေ။ အင်္ဂလိပ်ရို့ ၏ခွင့်ပြုချက် အရ ဘိုးတော်ဘုရား၏အရိုးတိကို ဗုဒ္ဓဂါယာမှာ မြုပ်နှံပါရေ။

ရခိုင်မြို့ ဝန်ကြာရိုးစွာ (၂)နှစ် အုပ်ချူပ်ခပါရေ။ ၁၁၈၃ (ခရစ် ၁၈၂၁)မှာ မင်းကြီးကျော်စွာ ဆက်ခံပါရေ။ ၁၁၈၅ မှာ ပထမအင်္ဂလိပ်-မြန်မာစစ်ဖြစ်ပွါးပါရေ။ အကြောင်းရင်းက အေပိုင်ပါ။ ရခိုင်ပိုင်နယ်နန့် 
အင်္ဂလိပ်ပိုင်နယ်ကြားမှာ နတ်မြစ်ကခွဲခြားထားပါရေ။ ယင်းမြစ်မှာ ရခိုင်ရို့ က ရှင်မဖြူလို့ ခေါ်ရေ ကျွန်းတစ်ကျွန်းယှိပါရေ။ အေကျွန်းပိုင်ဆိုင်မှုအငြင်းပွါးရာက စစ်ပွဲဖြစ်လာရစွာပါ။

ပထမခါ မြန်မာရို့ က ယင်းကျွန်းမှာ စခန်းချပါရေ။ တစ်ရက်ခါ အင်္ဂလိပ်ပိုင် စစ်တကောင်းနယ်က ရခိုင်သားတစ် ယောက်စွာ စပါးလောင်းနန့် ယင်းကျွန်းနားကဖြတ်လားပါရေ။ မြန်မာတပ်ကပစ်ခတ်လို့  ယင်းလူသီရလီပါရေ။ ကျန်ရေ လူတိလက်လွတ်ထွက်ပြီးပနာ အကြောင်းစုံကိုစစ်တကောင်းအုပ်ချူပ်ရေးမှူးဘားမှာ တင်ပြတိုင်တန်းကတ်ပါရေ။ အုပ်ချူပ်ရေးမှူးက ဘုရင်ခံချူပ်ဘားကိုထပ်ဆင့်အစီရင်ခံပါရေ။ ပြဿနာကိုအကောင်းဆုံးဖြေယှင်းဖို့ အတွက် မစ္စတာရောဘတ်ဆင်ကို စစ်တကောင်းအုပ်ချူပ်ရေးမှူးအဖြစ်ခန့် အပ်ပါရေ။ ယင်းအရာယှိက အင်္ဂလိပ်ရို့ ၏အကျိုးစီးပွါး ကို ကာကွယ်ဖို့ ဆိုရေ ရည်ရွယ်ချက်နန့် စစ်သားတပ်ခွဲတစ်ခုကို ရှင်မဖြူကျွန်းမှာတပ်စွဲလိုက်ပါရေ။

ယင်းချင့်ကို မြန်မာရို့ ကခိုးကြောင်ခိုးဝှက်လာရောက်တိုက်ခိုက်တေအတွက် တပ်ခွဲမှူးထွက်ပြီးလားရပါရေ။ အကြောင်းစုံကို မစ္စတာရောဘတ်ဆင်က ဘုရင်ခံချူပ်ဘားသို့  အစီရင်ခံပါရေ။ ဘုရင်ခံချူပ်က ရခိုင်ပြည်မှာယှိရေ မြန်မာတပ်တိကို တိုက်ထုတ်ပစ်လိုက်ပနာ ရခိုင်ပြည်ကို အဂ်လိပ်လက်အောက်သို့ သိမ်းသွင်းဖို့ အမိန့် ထုတ်ပြန်ပါရေ။

မဟာရာဇ၀င်နန့် ရခိုင်ရာဇ၀င်ရို့ ကို အခြီခံစွာပါ။

ဦးစံရွှေဘု
(၂၀၀၇ ခုနှစ်၊ မတ်လ ၁၄ ဘာသာပြန်သည်။)

Advertisements

အိမ်ရှင်ကိုနှင်ချ၍ အိမ်ကိုမောင်ပိုင်စီးလိုသူများ

သမိုင်းစာမျက်နှာဆိုသည်မှာ အဖြစ်အပျက်မြောက်များစွာ. စစ်မှန်သောအခြေခံအကြောင်း တရားများဖြင့် ပြည့်ဖြိုးခိုင်မာဝေသီ
သော။ မတိမ်းမယိုင်ကျောက်စာတိုင်ကြီးဟု ဆိုလိုချင်ပါသည်၊သမိုင်းကိုလိမ်လည်ရေးသား၍မရသကဲ့သို့ သမိုင်းကို ကြံဖန်ရေးသား သူများကိုလည်း သမိုင်းတရားခံ အဖြစ် စွပ်စွဲကြရမည်သာဖြစ်ပေသည်၊ လိုချင်သလို ဆွဲယူရေးသားပြီး။ မလိုအပ်သည့်အခါ အဖြစ်မှန် များကို ပယ်လွှဲဖျောက်ဖျက်။ မျက်ကွယ်ပြုခြင်း။ အဆက်အစပ်မရှိဘဲ။ အကြောင်းအရာတစ်ခုမှတစ်ခုသို့ ခုန်ကျော် ရေးသားခြင်းများသည်ကား အတ္တစွဲသမားများ၏ လုပ်ကြံဖန်တီးမှုသာဖြစ်သည်၊ ယင်းကို သမိုင်းဟုပြောရ လောက်အောင် အဆင့်မရှိသော။ အခြေအမြစ်မရှိသော။ အဓိပ္ပါယ်မဲ့လုပ်ရပ်ဟု မုချယုံကြည် ကြရမည်ဖြစ်သည်၊လူ။သတ္တ၀ါနှင့်တိရိစ္ဆာန် အမျိုး မျိုးတို့ကား တိကျသောအမည်ရင်းတစ်ခုစီ အသီးသီး ရှိကြစမြဲ ဖြစ်သည်၊ နှစ်ပေါင်းများစွာကြီးမြင့်ကြာရှည်လာပြီးမှ ငါ့အမည် ကား “A” မဟုတ်ပါ။ “B” သာလျှင်ဖြစ်သည်ဟု အများပြည်သူထံကြွေးကြော်တောင်းဆိုငိုကြွေးနေရပါလျှင်။ ထိုအမည်နာမ မစစ် မြစ်သူ၏ အကြောင်းဇစ်မြစ်ကို ကြားသူတိုင်းက၀ိုင်းဟား။ ရယ်မောကြမည်သာဖြစ်သည်၊ ကြားသူ တိုင်းကလည်း မင်းမိ ဘကိုတွေ့အောင်ရှာပြီး သွားမေးလိုက်ပါလား ဟုသာ အဖြေပေးကြရလိမ့်မည်၊စာရေးသူ မွေးကတည်းကစပြီး စစ်တွေ ဒီဂရီ ကောလိပ် ၏တတိယနှစ်သင်ကြားချိန် (၁၉၈၈)ခုနှစ်ထိ တွေ့ဖူးကြုံဖူးခဲ့ရသော မူဆလင်စာသင်ဘက်များထံမှ စကားကြုံတိုင်း ကြားဖူးခဲ့ရသည်မှာ “ကျွန်တော် ရို့ ကုလားပါ” ဟူ၍သာဖြစ်သည်၊

၁၉၈၈ ခုနှစ် ဒီမီုကရေစီအရေးတော်ပုံပြီးနောက်။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်ကို ရောက် လာခဲ့ရာ မကြားဖူးသော။ အသစ် အဆန်း“ရိုဟင်ဂျာ” ဆိုသည့် လူမျိုးအမည်တစ်ခုကို အံ့သြဖွယ် ကြားဖူးလာခဲ့ရသည်၊ထိုစဉ်ကျမှ ငယ်စဉ်ကကြားဖူးခဲ့ သော။နှစ်စဉ် နှစ်တိုင်း ရွာသို့လာပြီး စပါးအငှား ရိတ်သူ “ရွင့်ဂျာကုလား” ဆိုသူများကို ပြေးသတိရမိသည်၊ အဖိုးသျှင်။ အဘောင်သျှင်တို့ ယင်းအချိန်က ပြောပြချက်အရ။ ထိုရွင့်ဂျာ များမှာ။ ရေမြေခြားဘင်္ဂလားတိုင်းပြည်မှ နှစ်စဉ် နှစ်တိုင်းပင်။ ရခိုင်ပြည်သို့လာရောက် ပြီး။ စပါးအငှားရိတ်သိမ်းကြသူများဖြစ်ကြောင်း ကြားဖူးနားဝ ရှိခဲ့ ဖူးပါသည်၊ သူတို့၏ ရိုးရာ။ ဘာသာ။ ယဉ်ကျေးမှု။ ရုပ်ရည်ပုံပန်း အရ။ ယင်းရွင့်ဂျာ စပါးရိတ် ကုလားများကို တိုင်းတပါးမှာ ပေါက်စိုင်ပင်ကျဝင်ရောက် အလုပ်လာ လုပ်ကြသူများ အဖြစ်သာ နားလည်ခဲ့ရဖူးပါသည်၊“ရွင့်ဂျာ”ဆိုသည်မှာ“အခြေအမြစ်မဲ့သူ”ဟူ၍ှု အဓိပ္ပါယ်သက်ရောက်ပြီး “နယ်မြေအတည်တကျမရှိခြင်း” ကိုဆိုလိုကြောင်းနှင့် “ကုလား”ဆိုသည်မှာကား။ နိုင်ငံ ရပ်ခြားတိုင်း တစ်ပါး။ ရေခြား မြေခြား ဒေသတစ်ခုခုမှ ရောက်ရှိလာသူများကို ဆိုလိုကြောင်း ကြားဖူးခဲ့ပေသည်၊ ထို့ကြောင့်ယင်း “ရွင့်ဂျာ” များမှာ တိုင်းတစ်ပါးမှ ၀င်ရောက်လာကြသော နယ်မြေအတည် တကျမရှိသူများအဖြစ် သဘောပေါက်ခဲ့ရဖူးပါသည်၊

ရခိုင်ရိုးရာ တိုင်းရင်းသားအက

တော်လှန်ရေးခရီးရှည်မှာ လျှောက်လှမ်းရင်းဖြင့် ထိုရိုဟင်ဂျာအမည်ခံ ရွင့်ဂျာ ကုလားခေါင်း ဆောင်များ နှင့် လည်း တစ်ခါတရံတွေ့ဆုံ စကားကြုံဖူးခဲ့ပါသည်၊ သူတို့၏ အယူအဆမှာ သမိုင်း အဆက်ဆက်က ရိုဟင်ဂျာ မင်းဆက်ပေါင်းများစွာ ရခိုင်ပြည်ကို စိုးစံခဲ့ဖူးကြပြီး။ မင်းဆက်သက်သေ ငွေဒင်္ဂါးများစွာက သက်သေထူ လျက်ရှိ ကြောင်း ပြောပြခဲ့ကြသည်ကို နား
ထောင်ခဲ့ဖူးသည်၊ မကြားစဖူး ဖြစ်၍။ မုသ၀ါဒါဟူ၍သာ မှတ်ယူခဲ့ရသည်၊လေ့လာတွေ့ရှိခဲ့ရသမျှဆိုပါမူ ရခိုင်မင်းဆက်အချို့တို့. အိမ်နီးချင်း မိတ်ဖက်ပေါင်းဖော် ပီသခြင်းဆိုသည့် သန့်ရှင်းသောအလေးထားအသိမှတ်ပြုခြင်းများကို။လူတချို့က အာရပ်စာ ဖြင့်ရေးထိုးသုံးစွဲသော ရခိုင်ဒင်္ဂါးများမှာ။မူဆလင်မင်းများ၏ သမိုင်းအမွေအနှစ် အဖြစ်၎င်း။မူဆလင်အမည်ခံခဲ့ကြသည့် ရခိုင် မင်းများအား။ မူဆလင်မင်း များ အဖြစ်၎င်း။ ထိုမင်းများ သည်ပင်လျှင် ရိုဟင်ဂျာ အမည်ခံကြသည့် ရွင့်ဂျာကုလားလူမျိုးများ ဖြစ်ခဲ့ကြသယောင်။ အကြံအဖန် ထုတ်နေကြသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလာခဲ့ရသည်၊သို့သော် ဖော်ပြပါ မင်းဆက်များသည် ကား ဗုဒ္ဓဘာသာ။ သာသနာထွန်းကားစည်ပင်ရေးအတွက်။ ကျောင်းကန်။ စေတီ။ ပုထိုး။ ဘုရားဌာပနာ တည်ဆောက် ခြင်း အမှုများကိုသာပြုခဲ့ကြပြီး ဗလီမသိတ် တည်ဆောက်၍ အစ္စလင်(မ်)ဘာသာ စည်ပင်ရေးလုပ်ငန်းများ ဖော်ထုတ်ခဲ့ကြသည်ကို ကား တစိုးတစိမျှ မတွေ့ရှိခဲ့ရချေ၊ ရခိုင်သမိုင်း ၃၃၂၅ ဘီစီ မှသည် ၁၇၈၄ အေဒီထိတိုင် သမိုင်းစာမျက်နှာများက သက်သေထူ လျက်ရှိကြောင်း အတိအလင်း တွေ့မြင်ကြရမည်သာဖြစ်ပေသည်၊

သက္ကရာဇ် ၃၃၂၅ ဘီစီ မှ ၁၇၈၄ အေဒီထိ ရခိုင်သမိုင်းတွင် မည်သည့်ရိုဟင်ဂျာခေါ် သမိုင်းပညာရှင် တစ်ဦးတစ်ယောက် ၏.မှတ်တမ်းမှတ်ရာကိုမျှ မတွေ့ရှိခဲ့ရချေ၊ခေတ်သစ်ပေါ် သမိုင်းလေ့လာသူဆိုသူများကသာ ပွဲလန့်တုန်းဖျာခင်းအယူဖြင့်။ြ မန်မာပြည် စစ်အစိုးရအား နိုင်ငံတကာဖိအားပေးမှုများအပေါ် အခွင့်ကောင်းယူ၍ လိုအပ်သည့်အခါ။ လိုအပ်သလို ရှုပ်ထွေးပွေလီစွာ ရေးသားဖော်ပြနေကြသည်ကို သမိုင်းအဖြစ် ရွင့်ဂျာ များက ဖန်တီးယူနေကြသည်၊

ပြည့်စုံသော သမိုင်းမရှိဘဲ။ လူမျိုးမရှိနိုင်။ လူမျိုးမရှိလျှင် ဘာသာ။ သာသနာလည်း ရှိနိုင်လိမ့် မည်မ ဟုတ်ချေ၊ထိုနည်းတူ စာပေ။ ယဉ်ကျေးမှု။ အနုပညာ ဆိုသည်ကိုလည်း သမိုင်းမရှိသူများ ရှာတွေ့နိုင်ကြ လိမ့်မည်မဟုတ်ချေ၊အာရ်ဗီစာကို ရခိုင်ဘုရင်မင်း အဆက်ဆက်ကရှိနှင့်ခဲ့သော ရွင့်ဂျာ စာဟု ကမ္ဘာကိုကြော်ငြာထည့ှ်ုလည်း အများသူငါတို့က ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ချေ၊

လူမျိုးတစ်မျိုး. သမိုင်းစဉ်ဆက့် ဖြစ်ပျက်မှုများစွာကို တွေ့ရှိကြရမည်ဖြစ်သည်၊ ပညာရေး။ ကျန်းမာရး၊ လူမူရေး၊ နိုင်ငံရေးနှင့် အားလုံးသော ဖြစ်ပေါ်တိုးတက်ရေးစသည့် လုပ်ငန်းတာဝန်များကို။ မျိုးဆက်သစ်များက လက်ဆင့်ကမ်းသယ်ယူ ခဲ့ကြသည်ကို စဉ်ဆက်မပြတ်သော သမိုင်းစာမျက်နှာများက သက်သေထူပြကြသည်၊ထိုအကြောင်းအရာများကို အခြေခံ၍ ရွင့်ဂျာ
ကုလား“ရိုဟင်ဂျာ”ဆိုသူများ၏ ဖြစ်အင်ကို လည်း ဆန်းစစ်ကြည့်သင့်သည်။ လူသားတိုင်းက အမျိုးကိုချစ်ကြသည်မှာ သဘာဝ တရားပင်ဖြစ်သည်။ လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ် ၀င့်ထယ်စွာနေလိုကြသည်သာဖြစ်သည်။တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေး တိုက်ပွဲဝင်ကြသည်၊ အကယ်၍သာ ရွင့်ဂျာ“ရိုဟင်ဂျာ”အမည်ခံများကသာ ရခိုင်ပြည့် ထီးစိုးနန်းစံနေခဲ့ဖူးပါမူ။
အောက်ဖော်ပြပါ နှိုင်းယှဉ်ချက်များဖြင့် ဆန်းစစ်ကြည့်ကြရမည်ဖြစ်ပေသည်၊

(က) ၁၇၈၄ ခုနှစ် ရခိုင်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်မောင်ဝိုင်း ၀င်ရောက်သိမ်းပိုက်၍ ရခိုင်တစ်မျိုးသားလုံး ကျွန်သပေါက် ဘ၀သို့ ရောက်ခဲ့ကြရစဉ်က “ရိုဟင်ဂျာ” စစ်တပ် ဟူ၍ ရခိုင်ပြည်လွတ်မြောက်ရေး စစ်ဆင်ရေးတစ်စုံတစ်ရာကို ရခိုင်သမိုင်၌့ တွေ့ရှိနိုင်ခြင်းမရှိပေ၊ ထိုလူမျိုး. လွတ်လပ်ရေးတိုက်ပွဲ့ ပါဝင်မှု ဆုံးရှုံး နစ်နာ မှု ဟူ၍လည်းမတွေ‹ရှိရချေ၊ အမျိုးဘာသာ မတူ
ငြားသော်လည်း နိုင်ငံပိုင် မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွါးတော်ကို ဗမာနယ်ချဲ့တို့ အတင်းအဓမ္မယူဆောင်ခဲ့ကြစဉ်ကလည်း ထိုဘင်္ဂလီ တို့၏ အသိစိတ်ဓါတ်ဖြင့် ဆန့်ကျင်တော်လှန် မှုပြုခဲ့ကြသည်လည်း မရှိခဲ့ချေ၊ ရခိုင်အမျိုးသားတို့ သွေးချောင်းစီးခဲ့ကြရသည်၊ အသက်နှင့်အိုး။ အိမ် ပိုင်ဆိုင်မှု များ ဆုံးရှုံးခဲ့ကြရသည်၊ အသိပညာရှင်။ အတတ်ပညာရှင်များလက်လွတ်ပေး ခဲ့ကြရသည်၊
လူအခွင့်အရေး ပေါင်းစုံကို ချိုးဖောက်ခံခဲ့ကြရသည်၊သို့သော် ထိုသူများ၏ မှတ်တမ်းတစ်စုံတရာကိုမျှ မည်သည့် သမိုင်းစာမျက်နှာ ကမှ ထောက်ပြမူမရှိပေ၊ရခိုင်စစ်သည်ကြီး ဗိုလ်ချင်းပျံ ကျဆုံးရသည်ထိတိုင် ဗမာဆန့်ကျင်ရေး တိုက်ပွဲပေါင်း မြောက်များစွာ့ မည်သည့် ရွင့်ဂျာ ဆိုသူတို့ ဦးဆောင်ပါဝင်ပူးပေါင်းမှု ကိုမျှ ရခိုင်သမိုင်း၌ မတွေ့ရသည်မှာ ငြင်းစရာ မရှိချေ၊

သမိုင်း အစဉ်အလာ အရ မြန်မာတိုင်းရင်းသားများ လွတ်လပ်ရေးတိုက်ပွဲ ကာလ တွေ့ရပုံ

(ခ) ၁၈၂၆ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိတိုင် ရခိုင်ပြည်အပါအ၀င် ဗမာပြည်တစ်ခုလုံး။ အင်္ဂလိပ် မျက်နှာဖြူများလက်အောက် ကျွန်သပေါက်ဘ၀သို့ ကျရောက်ခဲ့ ကြရစဉ်က ဗြိတိသျှဆန့်ကျင်ရေး။ဗမာပြည်။ရခိုင်ပြည်လွတ်လပ်ရေး၌့ ရခိုင်ပြည်ကို စိုးစံခဲ့သည်
ဆိုသည့် မည့်သည့် ရွင့်ဂျာ “ရိုဟင်ဂျာ” ဆိုသူတို့၏ လှုပ်ရှားမှုကိုမျှ မတွေ့ရှိခဲ့ရပေ၊ မြန်မာပြည် လွတ်လပ်ရေး၏ မီးရူးတန်ဆောင် ရခိုင့်အမျိုးသား ဆရာတော် ဦးဥတ္တမကဲ့သို့သော ခေါင်းဆောင် တော်ကြီးများ. မျက်နှာဖြူ ဆန့်ကျင်ရေး။ မြန်မာပြည်
လွတ်လပ်ရေးတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဦးဆောင်တိုက်ပွဲ ၀င်ခဲ့ကြစဉ်က “ရိုဟင်ဂျာ” အမည်ခံလိုကြသူများ။ ဘယ်ခြုံကြားမှာ ရှောင်ပုန်းနေခဲ့ကြသည်ကို မပြောပြတတ်ပါ၊

(ဂ) ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် ကာလအတွင်း။ ဖက်ဆစ်ဂျပန်လက်အောက် ရခိုင်ပြည် အပါအ၀င် ဗမာပြည်ကြီး တစ်ခုလုံး. လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ ညှင်းပန်းနှိပ်စက်ခြင်းမျိုးစုံကို သဲထိပ်ဖွယ်ရာ ခံစား ခဲ့ကြ ရသည်၊ ရခိုင်အမျိုးသားများ. မျိုးချစ်စိတ် ထက်သန်ပြည့်ဝမှုတို့ကြောင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ရခိုင်ပြည်မှ စတင်၍ ရခိုင်အမျိုးသားတို့က တွန်းလှန်တိုက်ပွဲ
ဝင်ခဲ့ကြ သည်မှာ မြန်မာ့သမိုင်းတွင် ထင်ရှားလွန်းလှသည်၊ သို‹သော် ဘင်္ဂလီမူဆလင် “ရိုဟင်ဂျာ” ဆိုသူများ ၏ သမိုင်းကိုကားတစ်စိုးတစ်စိမျှ ရှာမတွေ့နိုင်ချေ၊

(ဃ) ၁၉၄၅-၁၉၄၇ ခုနှစ် ဒုတိယအကြိမ်မြောက် ဗမာပြည် ဗြိတိသျှလက်အောက် ကျရောက်ခဲ့သည်၊ ဗမာအာဇာ နည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သေ GCBA, BIA, AFPFL စသည့် အသင်းအဖွဲ့။ စစ်တပ် နှင့်နိုင်ငံရေးပါတီတို့ပေါ်ပေါက်လာခဲ့ပြီး၁၉၄၈ ခုနှစ်တွင် မြန်မာပြည်လွတ်လပ်ရေးကို ဗြိတိသျှ လက်အောက်မှ အရယူနိုင်ခဲ့ကြသည်၊ သို‹သော် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကား ရွင့်ဂျာ များတို့အား“ရိုဟင်ဂျာ”အမည်ဖြင့်အသိမှတ်ပြု ရေးကိုလည်းကောင်း ပင်လုံညီလာခံသို့
တက် ရောက်ရန် ဖိတ်ကြား ခဲ့ဖူးသည် ကိုလည်းကောင်း မကြားဖူး။ မဖတ်ဖူးသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်၊

(င) ရခိုင်အမျိုးသားလွတ်မြောက်ရေးသမိုင်းကား ၁၉၄၈ ခုနှစ် ဗမာပြည်လွတ်လပ် ရေးရရှိချိန်၌ အဆုံးသတ်သွားခဲ့ခြင်းမဟုတ်ဘဲ ရှင်သန်မြဲရှင်သန်လျှက် ဆက်လက်တိုက်ပွဲဝင်မှုများကား မျိုးဆက် သစ်များက လက်လှမ်းယူသယ်ပိုးနေကြဆဲပင်ဖြစ်သည်၊၁၉၆၂ခုနှစ် အာဏာရှင်နေ၀င်း စစ်အာဏာ သိမ်းပြီးနောက် ၁၉၆၇ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့တွင်။ ရခိုင်သားရာပေါင်းများစွာ စစ်တွေမြို့လမ်းမ ပေါ်၌ ဆန်ရှားပါးမှုအရေးအခင်းကြောင့် သွေးမြေကျ အသက်စတေးခဲ့ကြသည်၊ သို့သော် ရွင့်ဂျာ“ရိုဟင်ဂျာ” ဆိုသူများ. တစ်စုံတစ်ခုသော ပူးပေါင်းပါဝင်မှုကိုမျှ မတွေ့ရှိရချေ၊
သမိုင်းမှန်ကို တိကျသေချာစွာ ဆန်းစစ်ကြည့်ရသော် “ရိုဟင်ဂျာ” ဟုခေါ်တွင်သည့် မည် သည့် လူမျိုးတစ်ဦးတစ်ယောက်မျှ တိုင်းရေးပြည်ရာအတွက်ကြောင်းကျိုးညီညွတ်သော မည်သည့် လှုပ်ရှားမှုမျိုးကိုမှ တွေ့ရှိကြရမည်မဟုတ်ချေ၊ သို့သော် ပွဲ့လန့်တုန်းဖျာ
ခင်းလိုသူ ဘာသာရေးအစွန်း ရောက် ရွင့်ဂျာ တချို့က ဗမာပြည်လွတ်လပ်ရေးရပြီးနောက် ဘူးသီးတောင်။ မောင်တောနှင့် ရသေ့ တောင်နယ်များကို သီးခြားမူဆလင်ပြည်နယ် ထူထောင်ခွင့်တောင်းဆိုလာမှုကို စတင်ခဲ့ကြသည်၊ အစ္စလင်(မ်)ဘာသာကိုးကွယ် သော နိုင်ငံများမှ နားလှည့်ပါးရိုက်တောင်းခံ၍ရလာသော လက်နက် ငွေကြေးများဖြင့် သူပုန်ထခဲ့ကြသည်၊ ဦးနုကဲ့သို့သော
အာဏာမက်မောလွန်းလှသည့် ဗမာ့နိုင်ငံရေး သမားတစ်ချို့၌ နိုင်ငံရေးအကြပ်အတည်းကိုအခွင့်ကောင်းယူခဲ့ကြသည်၊ ယင်း ရွင့်ဂျာ များ၏ လူမျိုးအမည်မှာ “ရိုဟင်ဂျာ” ဖြစ်ကြောင်း အသိအမှတ်ပြုရန် ဦးနု ထံတောင်းဆိုခံကြပြီး။ယင်းသို့ အသိအမှတ်ပြု ပါက ဦးနုခေါင်းဆောင်သော AFPFL ပါတီကို ပုံအောမဲပေးမည်ဟု ကတိပြုခဲ့ကြ သည်၊ နိုင်ငံရေးအဓိပတိ ဦးနုကလည်း အာ ဏာ ရရေး။မဲအနိုင်ရရေး တစ်ခုကိုသာအလေးထားခဲ့ပီး ရေရှည်ကိုမတွေးမိခဲ့ဘဲ တာဝန်မဲ့သစ္စာကတိကို ရွင့်ဂျာ များထံ တုန့်ပြန် ပေးဖြစ်ခဲ့သည်၊ ယင်းအချိန်မှစှုမြန်မာပြည် နိုင်ငံရေးရေစီး ကြောင့်း “ရိုဟင်ဂျာ” ဆိုသော ဝေါဟာရအသစ်တစ်ခု ပေါ်ပေါက် လာ ခဲ့သည်၊
သို့သော် ရခိုင်အမျိုးသားထုတစ်ရပ်လုံးအပါအ၀င် မြန်မာပြည်သူတစ်ရပ်လုံး. ဆန္ဒမပါသော။ ဦးနု. ပုဂ္ဂလိက သစ္စာမဲ့ကတိက၀တ်သာဖြစ်သည်ကို ပြည်သူတစ်ရပ်လုံးက နားလည် သဘော ပေါက်လှသည်၊

အကျယ်ဖော်ပြရသော် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်။ ၀န်ကြီးချုပ်ဦးနုမှာ နိုင်ငံရေး အကြပ်အတည်းပေါင်းသောင်းခြောက်ထောင်နှင့်ရင်ဆိုင်လာခဲ့ရတော့သည်၊ ၁၉၅၀ ခုနှစ် အစောပိုင်းကာလတွင် ရှမ်း။ ကချင်။ ကယား။ ကရင်။ ချင်း အစရှိသော လူမျိုးစုများကဲ့သို့။ ရခိုင်အမျိုးသားများမှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသော ပြည်နယ်ရရှိရေးကို တောင်း ဆိုလာခဲ့ကြသည်၊ တဆက်တည်းမှာပင် ဆရာတော်ဦးစိန္ဒာနှင့်ဗိုလ်ကြီးကြာလှအောင်တို့ဦးဆောင်သော ရခိုင့်တော်လှန်ရေး အင်ားစုလည်းပေါ်ပေါက်လာခဲ့ရသည်၊ ဦးနုမှာ နိုင်ငံရေးအကြပ်အတည်းကို တိမ်းရှောင်ကျော်လွှားနိုင်ရန်နှင့်ဗုဒ္ဒဘာသာဝင်များအား လုံး၏ ထောက်ခံမှုကို အပြီးအပြတ်ရယူနိုင်ရန် သာသနာ့ ဒါယိကာကြီးအသွင် ဖန်ဆင်း၍ဆဌမအကြိမ်မြောက် သင်္ဃာယနာတင်ပွဲ ကို ဖန်တီးကျင်းပ ခဲ့ကြသည်၊အခြားတဖက်၌့ ဦးနုခေါင်းဆောင်သော AFPFL မှာ ဦးဗဆွေ၏ တစ်ခုသော လူထုဟောပြောပွဲ တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ကြမ်းတမ်းစွာ စွဲဆိုချက်ကြောင့် ဗုဒ္ဒဘာသာဝင် လူထု၏ ထောက်ခံမှုများ ကျဆင်းလာ နေခဲ့သည်၊
၁၉၅၂ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများမှာAFPFL ကိုဆန့်ကျင်၍ရခိုင်အမျိုး သားညီညွတ်ရေးပါတီ ANUP ကို သာပုံအောမဲပေးခဲ့ကြသည်၊ ထို့အကြောင်း ခြင်းရာကို အခြေပြု၍ ဦးနုသည် ရွင့်ဂျာကုလားခေါင်းဆောင်တစ်ချို့အား AFPFL ပါတီမှ အမတ်ရွေးချယ်ခံခွင့်ပေးပြီး ရခိုင်တို့အား ကုလားမဲ့ဖြင့် ပညာပြခဲ့သည့်သမိုင်းလည်းရှိခဲ့ပေသည်၊ အမှန်စင်စစ်အားဖြင့် ဦးနုနှင့် ဦးဗဆွေတို‹မှာ ရခိုင်အမျိုးသားကိုဖြိုခွင်း၍ခိုင်ပြည်ကို သူတို့အာဏာတည်မြဲရေးတွက် ရွင့်ဂျာ ကုလားများလက်ထဲသို့ ရောင်းချရန်ကြိုးစားခဲ့ခြင်းလည်းဖြစ်သည်၊ နောင်တွင် ကုလားခေါင်းဆောင် ဆိုသူများမှာ ဦးနုအစိုးရထံမှ နိုင်ငံသားဖြစ်ခွင့် တောင်း ဆိုချက်ကို ဦးနု နိုင်ငံရေးအကြပ်အတည်း တွေ့ကြုံနေခိုက် အခွင့်ကောင်းယူ ဖိအားပေးခဲ့ကြသည်၊ ဦးနုမှာ အာဏာ တည်မြဲရေးတခုတည်းကိုသာ အဓိက ထားသူဖြစ်ရကား။ ကုလားတို့၏ တောင်းဆိုချက်ကို မလွှဲမရှောင်သာလိုက်လျောခဲ့ရသည်၊ ကုလားတို့၏ အမည်ကိုလည်း “ရိုဟင်ဂျာ” အဖြစ် မကြာခဏဆိုသလို သတင်းစာမျာ့း လည်း ကောင်း။ အသံလွှင့်ရေဒီယိုလိုင်း မှလည်းကောင်း။ သုံးစွဲခွင့်ပြုလာခဲ့ရေချေသည်၊ွှသည်မှာကား ရွင့်ဂျာကုလားတို့၏ “ရိုဟင်ဂျာ” အမည်ရရှိလာခြင်းသမိုင်း ဇာတ် လမ်း အစ ပထမ ဖြစ်ပေသည်၊
သို့သော် ဦးနု။ ဦးဗဆွေတို့၏ အိပ်မက်ကောင်းများသည်ကား စစ်အာဏာရှင် ဦးနေ၀င်း. ၁၉၆၂ မတ်လ (၂) ရက်နေ့ အာဏာ သိမ်းပွဲတွင် အဆုံးသတ်နိဂုံးချုပ်ခဲ့ရလေသည်၊ဦးနု အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံသည်လည်းကောင်း။ ဦးနု ပြုစုပျိုးထောင်ခဲ့သော “ရိုဟင်ဂျာ” အမည်ဝေါဟာရ သည်လည်းကောင်း။ ဦးနုမျှော်လင့်တောင့်တခဲ့သော ဘ၀တစ်သက်တာ ၀န်ကြီးချုပ်ဖြစ်ရေး အတွေး အမြင် အစီအစဉ်သည်လည်းကောင်း ထိုနေ့ထိုရက်ထိုကာလ့ ပွဲပြီးခဲ့ရလေသည်၊ အခြားတဖက့် လူမျိုးပေါင်းစုံတို့၏ ကိုယ်ပိုင်ပြ ဌာန်းခွင့် မျှော်လင့်ချက်များလည်း ထိုနေရာ၌ပင်ရပ်တန့်ခဲ့ရပြီး မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံး၌ ပြည်တွင်းစစ်မီးကြီးတောက် လောင်လျက် ဒီမိုကရေစီနှင့်လူ‹အခွင့်အရေးအခန်း ကဏ္ဍများ တစ်ထောက်နားခဲ့ရလေသည်၊

အမှန်စင်စစ်အားဖြင့်“ရိုဟင်ဂျာ”အမည်တပ်လိုသူများမှာ
ကောက်ကျစ်သော။အစွန်းရောက်သော။အကြမ်းဖက်သော အုပ်စု တစ်ခုသာဖြစ်သည်၊ ဦးနုအစိုးရ ထံမှ ဗိုလ် နေ၀င်း အာဏာသိမ်းယူပြီးနောက် ၁၉၇၈ ခုနှစ် မြန်မာပြည်အနောက်ပိုင့်း “နဂါးမင်းစစ်ဆင်ရေး”ဖြင့် ရှင်းလင်းရေးလုပ်လိုသည့်အခါ။ များစွာသော ရွင့်ဂျာကုလားများ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ပြန်ပြေး လာခဲ့ကြရသည်၊ ယင်း အကြောင်းခြင်းရကို အခွင့်ကောင်းယူ၍အဆိုပါအကြမ်းဖက်အစွန်းရောက် သမားများက ဘင်္ဂလားဒေခ်ျဒေသခံ ဘာသာရေး အစွန်းရောက် အဖွဲ‹အစည်းများ.အကူအညီကိုရယူ ကာ ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသော အာဖဂန်နိုင်ငံသို့ ကုလားပေါင်းများစွာ ကိုစေလွှတ်ပြီးရုရှားဆန့် ကျင်ရေးစစ်ကို ဆင်နွဲစေခဲ့သည်၊ အာဖဂန်မှ ရုရှားတပ်များဆုတ်ခွါသွားပြီး။ ၁၉၈၉ ခုနှစ်တွင်စစ်ရေး ကျွမ်းကျင်ပြီးသား ထိုသူများကRSO,ARIFစသည့် ရိုဟင်ဂျာအမည်ခံ အစွန်းရောက်အဖွဲ့များထံသို့ဝင်၍ဗမာပြည်အစိုးရကို ဆန့်ကျင်လာခဲ့ကြသည်၊
၁၉၉၀ ပြည့်နှစ် ဗမာ စစ်အစိုးရက ရခိုင်ပြည်မြောက်ပိုင့်း ဒုတိယအကြိမ် လူဝင်မှုကြီးကြပ်ရေးထိုးစစ်ဆင်လာပြီးနောက်မှာ လည်း
ရခိုင်ပြည်ထဲဝင်ရောက်နေထိုင်သူ ဘင်္ဂလီမူဆလင်များစွာတို့မှာ ဌာနေပြန်၍ဘင်္ဂ လာဒေ့ခ်ျ အစိုးရက ဖွင့်ပေးထားသော ဒုက္ခ သည်စခန်းအသီးသီးသို့ ရောက်ရှိလာခဲ့ကြသည်၊ တချို့မှာRSO, ARIF များသို့ ၀င်ရောက်သွားခဲ့ကြသည်၊ ခိုင်လုံသော သတင်း များအရ ထိုအဖွဲ့များမှများစွာသော အဖွဲ့ဝင်လူငယ်များကို အာဖဂန်သို့ပို့လွှတ်ပြီး Al-Qaeda နှင့်Taliban စခန်းအသီးသီးတို့၏ စစ်သင်တန်းပေါင်းမျိုးစုံကိုသင်ယူစေပြီး။ အာရှ။ အဖရိကနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများရှိ ဘာသာရေးအကြမ်းဖကJihad အုပ်စုများထံ ဖြန့်ဝေကာ ကမ္ဘာနှင့်အနှံ့အကြမ်း ဖက်လုပ်ရပ်များကို လှုပ်ရှား ရန်စေခိုင်းခဲ့သည်၊ အခြားတဖက့် ဘင်္ဂလားဒေ့ခ်ျရှိ အကြမ်းဖက်ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများ ဖြစ်သော HUJI, JMBတို့နှင့်ဘာသာရေးအကြမ်းဖက်မှုရေးရာများနှင့် ပတ်သကှ်ု၍။ စံနစ်တကျ သေချာပိပြားစွာ လှုပ်ရှားလျှက်ရှိနေကြသည့်သတင်းမှာ မီဒီယာတိုင်းက တဆင့် အများအသိ ပင်ဖြစ် ပေလိမ့်မည်၊

မည်သို့ဆိုစေကာမူ နှစ်ပေါင်းမြောက်များစွာ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရသည့် မြန်မာ နိုင်ငံတိုင်းရင်းသားပေါင်းစုံများကြား မှမူဆလင်ဘာသာဝင်တို‹မှာလည်း ထပ်တူထပ်မျှ ဒုကျှများစွာ ခံစားလာခဲ့ကြသည်ကို အသိအမှတ်ပြုကြရပေမည်၊ နှစ်ပေါင်းကြာ ရှည်စွာ နေထိုင်လာယင်း တိုင်းချစ်ပြည်ချစ်တို့ပွားများလာပြီး နိုင်ငံအပေါ်သစ္စာခံကြသော မူဆလင်ဘာသာဝင်များကိုလည်း လူ့ အခွင့်အရေးဆိုင်ရာ လွတ်လပ်မှုများရှိ နှင့်ကြသည်ကိုသာ တွေ့မြင်လိုပေသည်၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူနေလိုကြသူ မူဆလင်ဘာသာ ၀င်များကို အလေးဂရုပြုကြရမည်ဖြစ်သည်၊
အတ္တသမားတစ်ချို့၏ သစ္စာမဲ့ခြင်း ဖောက်ဖျက်ကျူးလွန်ခြင်း များကို တိုင်းချစ်ပြည်ချစ် အေးအတူပူအမျှ နေလိုကြသော မူဆလင် များကလည်း သည်းညဉ်းခံ၍လက်ပိုက်ကြည့် နေကြလိမ့်မည်မဟုတ်ချေ၊ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၏ အနှစ်သာရကို ဒီမိုကရေ စီမြတ်နိုးသူများကသာ ခံစားထိုက် မည်ဖြစှ်ု ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများနှင့်ကားထိုက် တန်လိမ့်မည် မဟုတ်ပေ၊

သမိုင်းအမှန်ကို မည်သူမျှ ငြင်းပယှ်ုမရသကဲ့သို့။ အမှန်တရားကို မည်သူမျှ ရှောင်လွှဲု မရချေ၊ တော်လှန်ရေး။ နိုင်ငံရေး။ ပီသခြင်း များကို အစွန်းရောက်အကြမ်းဖက်မှုများဖြင့် ဖုန်းကွယ်၍မရချေ၊ အမှန်သည် အမှန်သာဖြစ်၍။ အမှားသည်အမှားသာဖြစ်သည်၊ အိမ်ရှင်သည်အိမ်ရှင် သာဖြစ်ပြီး ၊အာဂန္တု သည်ကား အိမ်ရှင်ဖြစ်လာမည်မဟုတ်ချေ၊

credit to – ဦးစောသိန်း၁။၈။၀၉

စာကြွင်း။ ။
ဘင်္ဂလားဒေ့ခ်ျ နိုင်သည် တချိန်က အိန္ဒိယ လက်အောက်ခံနိုင်ငံဖြစ်ပါသည်။ မြန်မာတို့က အင်္ဂလိပ်တို့ကို `“ကုလားဖြူ”။သူတို့
ဝန်ထမ်းအဖြစ်ခိုင်းရန် ခေါ်လာသူအိန္ဒိယ နိုင်ငံသားများကို `“ကုလားမဲ(မည်း)” ဟု ခေါ်ခဲ့ကြသည်။ ယခုလည်း မြန်ာပြည်အနှံ့တွင်
အိန္ဒိယနိုင်ငံသားလက်ကျန်များကို“ကုလား” ဟုခေါ်ကြပါသည်။ ထူးခြားသည်မှာ ဗမာလူမျိုးအသားမဲသူကို ချစ်စနိုး“ကုလား”ဟု
မှည့်ခေါ်တတ်ကြပါသည်။ ”ကုလား–အမည် ဖြင့် ဗမာလူငယ် များစွာ အညာဒေသတွင်လည်းရှိကြပါသည်။
ဤ ဆောင်းပါးပါ `“ကုလား” အမည်မှာ စာရေးသူက နံနှိမ်ချိုးဖဲ့ ရေးခြင်း မဟုတ်သည်ကို အထူးသိစေလိုပါသည်။

ကျွန်ပြုခံ ရခိုင်နိုင်ငံ

ရခိုင်လူမျိုးများသည် ဘီစီ (၆၀၀၀) မတိုင်မီက စ၍ ရခိုင်ပြည်တွင် အခြေချ နေထိုင်လာကြသည်။ ဘီစီ(၃၀၀၀) ကျော်တွင် “မြို့ ပြနိုင်ငံ” ထူထောင်ပြီး ပဒေသရာဇ် စနစ် တိုးတက်ထွန်းကား လာခဲ့သည်။ ရခိုင်နိုင်ငံတော်တွင် ရခိုင် လူမျိုးတို့သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊မြောက်ဥ စသောခေတ် လေးပိုင်းခြားကာ နေထိုင်လာ ခဲ့ကြသည်။ မြောက်ဥခေတ် တွင် တိုးတက်မှု အထဋ်အထိပ်သို့ ရောက်ခဲ့သည်။ ရခိုင့်နိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် သီးခြားလွတ်လပ်စွာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးသော၊ အမှီ အခို ကင်းသော အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။
မြောက်ဥခေတ်တွင် ရခိုင်နိုင်ငံတော်၌ ယဉ်ကျေးမှု အဆင့်အတန်း အထူး မြင့်မား တိုးတက် လာနေပြီဖြစ်သည်။ ထိုအချိန်၌ အေဒီ (၁၆၃၈) ခုနှစ်တွင် နန်းတက်သော နရပတိကြီး(ကုသလ) မင်းမှ အေဒီ(၁၇၈၂) တွင် နန်းတက်သော မဟာသမ္မတမင်းအထိ တိုင်းပြည်ကို အုပ်ချုပ်ကြသော မြောက်ဥ ခေတ်နှောင်း ဘုရင်များ လက်ထက်တွင် အရည်အချင်းရှိသော ဘုရင်များလက်ထက်၌ တိုင်းပြည်တွင်း စည်းလုံးညီညွတ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံခြားရေး စသည်များတွင် တိုးတက်မှု ရှိခဲ့သည်။ အရည်အချင်းနည်းသော ဘုရင်များလက်ထက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ တိုးတက်မှု နှေးကွေးလျှက်ရှိနေသည်။ ဤဖြစ်ရပ်များသည် ရခိုင်ပြည်၏ ပြည်တွင်းရေး သက်သက် သာဖြစ်သည်။

မဟာသမ္မတမင်း(၁၇၈၂-၁၇၈၄)

ရခိုင်သက္ကရာဇ် (၁၁၄၆) အေဒီ (၁၇၈၂) ခုနှစ်တွင် နန်းတက်သော မဟာသမ္မတမင်း နန်းမတက်မီကပင် ရခိုင်ပြည်၏ နန်းတွင်းရေး မှာ မငြိမ်သက်မှုများရှိနေပြီး အမျိုးသားစည်းလုံး ညီညွတ်ရေး မှာလဲ ပြိုကွဲလျှက် ရှိနေသည်။ အမျိုးသားစည်းလုံးညီညွတ်မှု မရှိလျှင် နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးနိုင်သည်ဖြစ်၍ မဟာသမ္မတမင်းသည် တိုင်းပြည် စည်းလုံးညီညွတ်ရေးကို နည်းလမ်းမျိုးစုံဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သည်။ အိမ်ရှေ့ မင်းညီတော် ချစ်လှရွှေ ကို ဦးဆောင်စေပြီး နိုင်ငံ အနှံ့ အပြားသို့ စေလွှတ်ပြီး ပြန်လည်စည်းလုံးတော် မူစေသည်။ ကိုယ်တော်တိုင် ရခိုင် နိုင်ငံတော်၏ မြို့ တော်မြောက်ဥ ကိုလည်း နွံ့ကျုံး ၊ရေကျုံး၊ ကျုံးခြောက်၊ ကျုံးပင်လယ်၊ တံခါးကြီး၊ တံခါးငယ်၊ တံခါးကောက်၊ တံခါးကွေ့ ၊မလွယ်ပေါက်၊ ပြအိုး၊ ပစ္စင်၊ ရင်တား တို့ကို ခိုင်ခန့်စွာ ဆောက်လုပ် ပြုပြင်သည်။ မဟာသမ္မတမင်းသည် ရှေးရခိုင်မင်းများကဲ့သို့ အာဏာကို တဦးတယေက်တည်း မကျင့်သုံးဘဲ အုပ်ချုပ်ရေး ၊တရားစီရင်ရေး ၊ဥပဒေပြုရေး အာဏာများကို မှုးမတ်ပညာရှိများနှင့် တိုင်ပင်ကျင့် သုံးတော်မှု၍ နိုင်ငံတော် အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲစေည်။ ညီလာခံတွင် ပါလီမာန် ဒီမိုကရေစီအသွင် ဆောင်သော ညီလာခံ သဘင်ကိုကျင်းပပြီး မင်း၊ မှုးမတ် အချင်းချင်း တိုင်ပင်ညှီနှိုင်းလျှက် တိုင်းပြည်ရေးရာ များကို ဆုံးဖြတ်ကြလေသည်။ ရခိုင်နိုင်ငံတော်တွင် မဟာသမ္မတမင်းလက်ထက်၌ အာရှတိုက်၏ ဒီမိုကရေစီ ရောင်ခြည်မှာ ယှက်သန်းစပြု နေပြီဟု ဆိုနိုင်သည်။

သံဒေ ဖောက်ပြန် ရခိုင် ကျွန်

ဦးသံဒေသည် မင်းပြားနယ် ငစင်းရိုင်းချောင်း ကျွန်းသားတစ်ယောက်ဖြစ်သည်။ ၄င်းသည် မဟာသမ္မတမင်း မတိုင်မီ မေတ္တရာဇ်မင်း(၁၇၃၂-၁၇၄၂) လက်ထက်တွင် ဓါးပိုင်ကြီးအဖြစ် အမှု ထမ်းခဲ့သည်။ ၄င်းသည် မိမိဌာနေ ငစင်ရိုင်းချောင်းကျွန်းကို အခြေပြုလျှက် မေတ္တရာဇ်မင်းကို ပုန်ကန်ခြားနားခဲ့သည်။ မဟာသမ္မတမင်း နန်းတက်သောအခါတွင်လည်း ပုန်ကန်ခြားနားပြန်သည်။ မကြာသောအချိန်တွင် မဟာသမ္မတမင်းထံ သစ္စာခံလေသောကြောင့် သံဒေအား ကုလားတန်မြစ်ဝှမ်းစား အရာကိုပေးပြီး သူကောင်းပြုခဲ့လေသည်။ သံဒေသည် ကုလားတန်မြစ်ဝှမ်းမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာတို့ကို သိမ်းယူပြီး မကြာမီပင် မဟာသမ္မတမင်းအား ဆက်လက်ပုန်ကန် ပြန်သည်။ သံဒေသည် မဟာသမ္မတမင်း မတိုင်မီတွင်လည်းကောင်း မဟာသမ္မတမင်း လက်ထက်တွင်လည်းကောင်း အကြိမ်ကြိမ် ပုန်ကန် ခြားနားခဲ့သော်လည်း မဟာသမ္မတမင်းသည် ထိုကဲ့သို့ ရာဇ၀င်လူဆိုးအား သူကောင်းပြုခဲ့ခြင်းမှာ မဟာသမ္မတမင်း လက်ထက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးကိုသော်၎င်း။ မဟာသမ္မတမင်း၏ စိတ်ရင်းစေတနာကို သော်၎င်း မှန်းဆသိသာနိုင်သည်။ သို့ရာတွင် ထို့ကဲ့သို့ သစ္စာဖောက် တစ်ယောက်အား ဆက်လက်သူကောင်းပြုခဲ့ခြင်းသည် ဘုရင်နှင့် မှုးမတ်ပညာရှိတို့ ၏ ပျော့ကွက် ၊ဟာကွက်တစ်ခုပင် ဖြစ်လေသည်။
သံဒေတို့အုပ်စုသည် မဟာသမ္မတမင်း ကိုခြားနားပုန်ကန်နေသော်လည်း ထိရောက်မှု မရှိပေ။ ထို့ကြောင့် သံဒေ၊မောင်ထွန်းစံ တို့ သည် ဗမာပြည် နယ်ချဲ့ ပဒေသရာဇ် မောင်ဝိုင်းထံ သွားရောက်ပြိး ရခိုင်ပြည်ကို စစ်ချိသိမ်းပိုက်၍ ရခိုင်ဘုရင်တပါးတင်ပေးရန် ပင့်ခေါ်လျှောက်ထားကြလေသည်။ မဟာသမ္မတမင်း လက်ထက်တွင်မိသားစုပြသနာကို မိသားစုနည်းဖြင့် ဖြေရှင်းရန်အတွက် နန်းတော်ညီလာခံ၌ ဒီမိုကရေစီအခွင့်အရေးအပြည့် ပေးထားပြီးဖြစ်သော်လည်း သံဒေတို့လူစုသည် နယ်ချဲ့ လူမျိုးခြားတို့နှင့် ပူးပေါင်းကာ ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးတို့အား ကျွန်လူဘောင်ဘ၀သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်လေသည်။
ဗမာဘုရင်မောင်ဝိုင်းသည် ထိုအချိန်က အင်္ဂလိပ်၊ပြင်သစ် ၊စပိန်စသော နယ်ချဲ့ များကို အားကျကာ ရခိုင်ပြည်ကို နယ်ချဲ့ လိုသဖြင့် အမျိုးသားသစ္စာဖောက်ငသံဒေ တိုအား ဆုလာဘ်များစွာ ပေးပြီးကြို ဆိုလေသည်။ ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူရန် အစီအစဉ်များကိုလည်း စီစဉ်လေသည်။
ရခိုင်ဘုရင် မေတ္တာရာဇ်မင်း(၁၇၃၇-၁၇၄၂) လက်ထက်တွင် အင်းဝ မှ ဦးစံဦး၊ ဦးရွှေကျော် ၊ ဥိးပုညို တို့ ဦးဆောင်သော ဗမာလူမျိုး တစ်ထောင်တို့ ရခိုင်နိုင်ငံ သို့ ထွက်ပြေးခိုလှုံလာကြသည် ဦးစံဦးတို့ က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လျှင် အလွယ်တကူ ရနိုင်ကြောင်း ရခိုင်ဘုရင်ကို တင်လျှောက်ကြသည်။ ရခိုင်ဘုရင်မှာ တိုက်ခိုက်သိမ်းပိုက်လိုသော်လည်း ရခိုင်ပညာရှိအမတ်ကြီးများက အကျိုးအကြောင်း ဆီလျော်စွာ လျှောက်ထားကြပြီး သူတပါးတိုင်းပြည်ရေးကို ၀င်မစွပ်ဖက်သင့်ကြောင့် လျှောက်ထားသောကြောင့် အင်းဝသို့တိုက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ ခိုလှုံ လာကြသော ဦးစံဦးတို့ ဦဆောင်သော လူတထောင်ကို ကောင်းမွန်စွာနေရာချထားပေးလေသည်။ ဦးစံဦး ၊ ဦးရွှေကျော် ၊ဦးပုညို တို့ ကိုလည်း နယ်စားရွာစား အဖြစ်ပေးထားလေသည်။ ရခိုင်ပညာရှိများ ဗမာများ အပါ် သဘောထားမှန်ကန်ကြောင်း ပြသသော သာဓက တစ်ခုပင်ဖြစ်သည် ။
ရခိုင်ဘုရင်နရအဘယရာဇာ (၁၇၄၂-၁၇၆၁)လက်ထက်တွင်အင်းဝမှ မင်းကြီးနန္ဒကျော်ထင် နှင့် ၄င်း၏ညီ အပါအ၀င် အမတ်သုံးယောက်နှင့် နောက်ပါလူ ၂၀၀ ရခိုင်ပြည်သို့ ခိုလှုံလာကြသည်။ ရခိုင်ဘုရင်မှ ကောင်းမွန်စွာ စောင့်ရှေက်ထားလေသည်။ဗမာ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ရန် မကြံရွယ်ခဲ့ပေ သည်အထောက်အထားများသည် ရခိုင်သမိုင်းတွင်ရှိသကဲ့သို့  ဗမာ သမိုင်းတွင်လည်း ရှိမည်ဖြစ်သည်။ မင်းကြီးနန္ဒာကျော်ထင်၏သမီး မိပန်းရံသည် ရခိုင်နန်းတွင်းတွင် စာဆိုပညာရှိ အမတ်တစ်ယောက်အဖြစ် ထင်ရှားခဲ့သည် ။
ဗမာဘုရင်မောင်ဝိုင်းသည်ကား ရခိုင်ဘုရင် ရခိုင်ပညာရှိများ သဘောထားသကဲ့သို့ မဟုတ်မု၍ ရခိုင်အမျိုးသားသစ္စဖောက် သံဒေတို့အားအသုံးချကာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သားများကို ကျွန်သဘောက် မီးလောင်တိုက်သို့ ပို့ဆောင်ရန် အစီအစဉ် များကို တစ်ခုပြီး တစ်ခု ရေးဆွဲ စီမံ စိုင်းပြင်းလျှက်ရှိနေခဲ့သည်။
ဗမာပဒေသရာဇ် ဘုရင်မောင်ဝိုင်း၏ ရခိုင်ပြည်ကို နယ်ချဲ့ ကျူးကျော်သိမ်းပိုက်ရန်အတွက် သွေးတိုးစမ်း ခြင်းများ
ဗမာဘုရင်မောင်ဝိုင်းသည် သူ့ ခမည်းတော် နောင်တော်များလက်ထက်ကပင် ကျူးကျော် နယ်ချဲ့ မှု မပြုလုပ်နိုင်ခဲ့သော ရခိုင်နိုင်ငံကို တိုက်ခိုက်နယ်ချဲ့ရန် မ၀ံ့မရဲ ဖြစ်နေသည်။ ရခိုင်ပြည်သည်လည်း ရခိုင်ရိုးမတောင်တန်းကြီး ကာဆီးထားသဖြင့်လည်းကောင်း၊ မြောက်ဥခေတ်တွင် တိုက်ခိုက်ရေး စွမ်းအားကောင်းသည်ကိုလည်းကောင်း သိရှိထားသဖြင့်၎င်း အခြေအနေမှန်ကို လေ့လာရန် လိုအပ်နေသောကြောင့် အမျိုးသားသစ္စာဖောက်သံဒေ ၊မောင်ထွန်းစံ ဆိုသူတို့ ၏ ရခိုင်ပြည်ကို သိမ်းပိုက်ပြီး ရခိုင်ဘုရင်တပါး တင်ပေးရန် လျှောက်ထားသည်ကို ချက်ချင်း ကတိမပေးသေးပေ။ရခိုင်ပြည်သို့ သူလျိုများ စေလွှတ်ပြီး အခြေအနေအရပ်ရပ် ကိုလေ့လာ စုံစမ်းစေလေသည်။
ဗမာဘုရင်မောင်းဝိုင်းသည် ရခိုင်ပြည်သို့ နယ်ချဲ့ မကျုးကျော်မီကြိုတင် စီမံချက်မှာ မှော် အတက်ပညာ၊ စုန်းကဝေ အတက်ပညာ၊ အင်းအိုင်မန္တာန်အတက်ပညာ၊ ယတြပညာ၊ နံ နှိမ်ပညာ စသော အတက်ပညာ တက်သည့် သူများနှင့် အောက်လမ်းဆရာများကို ရခိုင်ပြည်သို့ စေလွှတ်လိုက်လေသည်။ ၄င်းအတက်ပညာတက်သူများသည် မဟာမုနီကုန်းတော်သို့ တက်ရောက်ပြီး မဟာမုနီ ရုပ်ရှင်တော် ၏ တန်ခိုးတော် ယုတ်ညံ့သွားအောင်ပြုလုပ်ကြလေသည်။ မဟာမုနီ ကုန်းတော်ပေါ်တွင် ၄င်း၊ အခြားသင့်လျှော်သော နေရာများတွင် ၄င်း၊ ကျားရုပ်မယ်ကုဝန်ရုပ်၊ ငရံ့ ရုပ် ၊ဦးမင်းကျော် ရုပ်စသည်တို့ ကိုထားပြီး အမွှေးနံ့ သာ ဆီမီး စသည်တို့ ကိုထွန်းလျှက် ဆုတောင်းနံနှိမ်ကြသည်။ ထို့အပြင် သူလျှို များသည် ရခိုင်ပြည်သူများအကြားသို့ ၀င်ရောက်ပြီး ရခိုင်ဘုရင်ကို ရခိုင်ပြည်သူများ အထင်အမြင်မှားအောင် မှုးမတ်အချင်းချင်း အထင်အမြင်မှားအောင် အယုံသွင်းသွေးခွဲကြသည်။ တီးတိုး ကောလဟာလသတင်းများ လွှင့်ထုတ်ကြသည်။ ထိုသို့ အချိန်ယူလုပ်ဆောင်ကြပြီးနောက် ဗမာပြည်သို့ ပြန်သွားကြသည်။ ၄င်းသူလျှိုများ သည် ဘုရင်မောင်ဝိုင်း အား ရခိုင်ပြည်ကို တိုက်ခိုက် ပါက အလွယ်တကူ ရနိုင်ကြောင်းတင်လျှောက်ကြသည်။
ဗမာဘုရင်မောင်ဝိုင်းသည် ရခိုင်ပြည်သူတို့ ၏ ဂိုဏ်းဂဏစိတ် ဒေါသစိတ်ပြင်းထန်ပြီး တစ်ဦးနဲ့ တစ်ဥိး အယုံအကြည် ကင်းမဲ့ကာ စည်းလုံးမှု ကင်းမဲ့နေသည်ကို သိရှိရ၍ မြောက်ဥခေတ်နှောင်း ရခိုင်သမိုင်း၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရခိုင်ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ဆုံးဖြတ်ချက်ချပြီး သစ္စာဖောက်သံဒေ၊ မောင်ထွန်းစံ တို့ကိုခေါ်ယူတွေ့ဆုံပြီး ရခိုင်ပြည်ကို ချိတက်တိုက်ခိုက် သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောပြလေတော့သည်။

ရခိုင်ပြည်ကိုကျူးကျော်နယ်ချဲ့မှု စတင်ခြင်း

ဗမာဘုရင်မောင်ဝိုင်းသည် သားတော်အိမ်ရှေ့ မင်းသားမောင်ပေါ်အား ဗိုလ်မှုးချုပ်ခန့်ပြီး ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက်ရန် တာဝန်ပေးလေသည်။ အိမ်ရှေ့ မင်းမောင်ပေါ်သည် စစ်သည်များကို စုဆောင်ပြီး ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ခရစ်သက္ကရာဇ် (၁၇၈၄) တန်ဆောင်းမုန်းလတွင် စစ်ကြောင်းကြီးလေးကြောင်း ဖွဲ့ကာ ချီတက်စေလေသည်။ ၄င်းတို့ ချီတက်ရာ စစ်ကြောင်းများမှာ မင်းဘူးအထက် မိုးကောင်းတောင်ကိုဖြတ်၍တစ်ကြောင်း၊ အောင်လံ သရက် ကြံခင်းမှ အမ်းတောင်ကြားလမ်းကိုဖြတ်၍ တစ်ကြောင်း၊ ပြည် ပန်းတောင်းမှ တောင်ကုတ်တောင်ကြားကိုဖြတ်၍ တစ်ကြောင်း၊ ပုသိပ်မော်တင်စွန်း နဂါးနစ်အငူကို ဖြတ်ကျော်ပြိး ပင်လယ်ပြင်မှ၎င်း ၊ စစ်ကြောင်းကြီးလေးကြောင်းဖြင့် ရခိုင်ပြည်ကို စစ်မကြေငြာပဲ ကျူးကျော်နယ်ချဲ့ တိုက်ခိုက်လေတော့သည်။ ဗမာဘုရင်တပ်တွင် စစ်သည် ကြည်း၊ ရေအင်းအား တသိန်းကျော်ရှိသည်။ အရံတပ်အင်အားလည်း အရံသင့်ရှိနေသည်။

ရခိုင်ဘုရင်တပ်မတော်မှ ကျုးကျော်စစ်ကို ခုခံတွန်းလှန်ခြင်း

ရခိုင်ဘုရင် မဟာသမ္မတမင်း၏ တပ်များသည်လည်း ရေကြောင်း၊ ကြည်းကြောင်းများဖြင့် ကျုးကျော်လာသော ဗမာနယ်ချဲ့ တပ်များ ကို အပြင်းအထန်ခုခံတွန်းလှန်ကြည်သည်။ တဖက်နှင့် တဖက် အကြိုက်အနယ်တိုက်ခိုက်ကြရသဖြင့် နှစ်ဖက်တပ်များထိခိုက် သေကြေဒဏ်ရာရကြသည်။ ရခိုင်ဘုရင် မဟာသမ္မတမင်း၏ စစ်အင်အားသည် ရခိုင်ပြည်တောင်ပိုင်းတွင် အင်အားကောင်းသဖြင့် ဗမာနယ်ချဲ့တပ်များ အထိနာကြသည်။ ၄င်းတို့ထင်ထားသည့် အတိုင်း ရခိုင်နိုင်ငံကို လွယ်လင့်တကူ မသိမ်းပိုက်နိုင်ကြပေ။ စွမ်းရည်သတ္တိနှင့်ပြည့်စသော ရခိုင်အာဇာနည်သူရဲကောင်းတို့၏ ဂုဏ်ရောင်ပြောင်မြောက်သော ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်ကြရသည်။ နှစ်ဖက်စလုံး အမြောက် လက်နက်ကြီးများကို အသုံးပြုကြသည်။
ရခိုင်ဘုရင်တပ်မတော်မှ လက်ပစ်ဗုံးကို ပါသုံးစွဲသောကြောင့် ဗမာတပ်များအထိနာကြသည်။ ဗမာတို့ဘက်မှ အကျအဆုံးများသော်လည်း အရံပါလာသောတပ်များဖြင့် အစားထိုးနိုင်ကြသည်။ ရခိုင်တပ်တွင်မှုကား စည်းရုံးရေးပျက်ပြားကာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းမဲ့နေကြ သောကြောင့် မဟာသမ္မတမင်းကိုထောက်ခံနေကြသော ရဲမတ်စစ်သည်များလောက်သာ တိုက်ခိုက်နေရ၍ အင်အားထပ်မဖြည့်နီုင်သဖြင့် အရေးနိမ့်ရလေသည်။ ဗမာတို့ လက်အောက်သို့ ရခိုင်ပြည် တောင်ပိုင်း ကျဆုံးရလေသည်။

ရခိုင်ဘုရင်မဟာသမ္မတမင်းစစ်ကြေငြာခြင်း

ရခိုင်ပြည်တောင်ပိုင်း သံတွဲ၊ ရမ်းဗြဲ ၊အမ်း၊ကျဆုံးပြီးနောက် မောင်ပေါ်သည် အမျိုးသားသစ္စာဖောက် ဦးသံဒေနှင့် မောင်ထွန်းစံတို့ ကိုခေါ်ယူပြီး လောင်းကြက်မြို့ ဟောင်းတွင် တပ်အခိုင်အမာချကာ မြောက်ဥမြို့ ကိုခြိမ်းခြောက်လာလေတော့သည်။ ဗမာ ရေတပ်သည်လည်း လေးမြို့မြစ် ပိုးခြေကျွန်းတွင် အခြေစိုက်ထားလေသည်။ထိုသို့ မြောက်ဥမြို့တော်ကို ဗမာတပ်မှဝိုင်းဝန်းထားစဉ် ရခိုင်ဘုရင်၏ မှုးမတ်အချို့က ဗမာဘုရင်အား လက်ဆောင်ပဏ္ဍာ၊ သမီးကညာဆက်သပြီး မဟာမိတ်ဖွဲ့ ပါဟု မဟာသမ္မတမင်းကို လျှောက်ထားတင်ပြလာကြသည်။ မဟာသမ္မတမင်းက ပြန်လည်ပြောကြားသည်မှာရှေး ဘိုးလောင်းတော်၊ ဘေးလောင်းတော် တို့လက်ထက်တွင် ရခိုင်ပြည်သို့ စစ်ချီလာသော ရန်သူများကို လက်ဆောင်ပဏ္ဍာသမီးကညာပေးပြီး စစ်ပြေငြီမ်းရသည်ဟူ၍ မရှိ။ ငါ့လက်ထက်ကျမှသာ သမီးကညာဆက်သရချေသော် နောင်အစဉ်အလာ ရာဇ၀င်ရိုင်းမည်ဟု မိန့််တော်မှုပြီး စစ်ကြေငြာ၍ စစ်ပြိုင်ဆိုင်တိုက်ခိုက်လေသည်။
သူ့ကျွန်မခံ ဇာတိသွေးဇာတိမာန်ဖြင့် ဗမာတပ်များကို တိုက်ထုတ်တော်လှန်ပြီး နိုင်ငံနှင့် လူမျိုးအတွက် မဟာသမ္မတမင်း၏ဆောင်ရွက်ချက်သည်ကား ရခိုင်သမိုင်းအဆက်ဆက်တွင် မော်ကွန်းတံခွန် ထွန်းလျှံနေမည်သာတည်း။ မျိုးခြားနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ဇာတိသွေး ဇာတိမာန်ဖြင့် မဟာသမ္မတမင်းဆောင်ရွက်ချက်များကို ရမ်းဗြဲတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာ လင်္ကာရ၏ ရခိုင်ရဇ၀င်သစ်ကျမ်းတွင် ဤသို့ ဖော်ပြထားသည်။
“ရခိုင်ဘု၇င် မဟာသမ္မတမင်းသည် ရခိုင်သက္ကရာဇ် (၁၁၄၆)ပြာသိုလ ခရစ်သက္ကရာဇ်(၁၇၈၄) ဒိဇင်ဘာတွင်လောင်းကြတ်မြို့ဟောင်း၌ လာရောက်တပ်စွဲလျှက်ရှိသော ဗမာရန်သူတပ်များအား တိုက်ခိုက်နှိမ်နှင်း၇န် ညီတော် အိမ်ရှေ့မင်း ချစ်လှရွှေအား ဗိုလ်ချုပ်ခန့် ပြီးလက်ဝဲမြန်ထွန်းဖောင် လက်င်္ကျာမြန်မောင်ထွေး၊ လက်ဝဲ၀င်းမှူး ထွန်းဝေ၊ လက်င်္ကျာဝင်းမှူးညိုရောင်၊ အိမ်ရှေ့ဝင်းမှူးရှောက်ပြေး၊ အနောက်ဝင်းမှူး ရောက်မစည်း၊ အစရှိသော မှုးတော်မတ်တော်များကို ပြောင်းလက်နက်တင် လှေပေါင်း (၈၀)ဖြင့်ရေကြောင်းမှ ချိစေပြီး ကိုယ်တော်တိုင်လည်း ကိုယ်ရံကြီး ထွန်းခိုင်၊ ဆင်ကဲကြီးထွင်းပေါ် ၊ရမ်းဗြဲစား ခြေ၀န်း တောင်ဘက်စား ဥဂ္ဂါးရွှေ သေနာပတိ ရေဇန္တုတ် ၊ကုန်းဇန္တုတ်အပေါင်းတို့ ခြံရံလျှက် မြောက်စည်တိုက်စည်တို့ ကို ထိန့် ရစ်အောင်တီးခတ်စေပြီး ကြည်းကြောင်းမှ ချီတော်မှုသည် ဟူ၍၄င်း…
တဖန် တန်းလွှဲမြို့ပိုင်တောင်မင်းကျော်ထွေးသည် (၁၁၄၆)ခု နတ်တော်လတွင် နောင်တော်စောပိုင် ကြီးစံပေါ်ရွှေ၊ ရမ်းဗြဲစားပေါ်လုံး၊ လမုစားလခိုင်၊ ရမ်းဗြဲငယ်စားထွန်းအောင်၊ ရမ်းဗြဲကျွန်း အရှေ့ဘက်စရပ်လေးရွာသူကြီးတို့ နှင့်အတူ တန်းလွဲမြို့တောင် ဘက် ရွှေတုံးပြင်ရှိ ရန်သူဗမာတပ်များကို တိုက်ခိုက်ရာတွင် ရခိုင်သူရဲကောင်း(၃၀၀၀)ကျော် ပါရှိခဲ့သည် ဟူ၍ …” ၄င်းမဟာသမ္မတမင်း၏တပ်အင်အားကို ဖောက်ပြထားသည်။ လောင်းကြက်မြို့ဟောင်းတိုက်ပွဲတွင် မဟာသမ္မတမင်း၏ တပ်နှင့် ဗမာတပ်များ အကြိုက်အနယ်တိုက်ခိုက်ကြသည်။ အင်အားချင်းမမျှ၍ မဟာသမ္မတမင်း၏တပ်များ အရေးနိမ့် ဆုတ်ခွာခဲ့သော်လည်း မြောက်ဥမြို့တော်မှ တဖန် ခုခံတိုက်ခိုက်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြပြန်လေသည်။ သို့ရာတွင်အကြောင်းမလှသဖြင့် အားမတန်မာန်လျှော့ကာ မဟာသမ္မတရာဇာသည် မြောက်ဥမြို့မှ ဆုတ်ခွာလိုက်သည်။ ရခိုင်သက္ကရာဇ် (၁၁၄၆) ခု ပြာသိုလပြည့်ကျော် ၇ ရက် စနေနေ့ (၁၇၈၄) ခု ဒိဇင်ဘာလတွင် မြောက်ဦးမြို့တော်ကျဆုံးလေသည်။ မဟာသမ္မတရာဇာသည်လည်း မိမိ အင်အားရှိရာ ရခိုင်ပြည်တောင်ပိုင်း သို့ ထွက်ခွာပြီးတောနက်တစ်နေရာ တွင် ခိုလှုံနေစဉ် ရခိုင်သစ္စာဖောက်များ၏ လမ်းပြမှုကြောင့် နောက်တလကျော်အကြာတွင် အဖမ်းခံရလေသည်။ ရခိုင်ပြည်သည်လည်း ထိးကျိုးစည်ပေါက် လူမျိုးခြားလက်အောက်သို့ ရောက်ခဲ့ရလေသည်။

အောင်နိုင်သူ ဗမာများ ၏ ရက်စက် ယုတ်မာ မူများ

ရခိုင်သက္ကရာဇ် (၁၁၄၆)ခု ပြာသိုလပြည့်ကျော် (၇)ရက် စနေနေ့ အေဒီ(၁၇၈၄) ဒိဇင်ဘာလတွင် ရခိုင်တပြည်လုံးဗမာနယ်ချဲ့ လက်အောက်သို့ ကျေရောက်ခဲ့ရသည်။ ရခိုင်ပြည်ကို ကျုးကျော်အောင်နိုင်သော ဗမာပဒေသရာဇ် လက်ဝေခံများသည် ရခိုင်လူမျိုးတို့ကို မြေလှန်စနစ်ကျင့်သုံးပြီး သတ်ဖြတ်နည်းမျိုးစုံနှင့် သတ်ဖြတ်၊ ညှင်းပန်း နှိက်စက်ကြသည်။ နောင်တချိန်တွင် ပြန်လည် မတုန့် ပြန်နိုင်အောင် ဖော်ပြပါလုပ်ဆောင်ချက်များကို လုပ်ဆောင်ကြသည်။

၁။ မဟာသမ္မတမင်းနှင့် မိဖုရား ၊သားတော် သမီးတော်များ ၊
၂၊ မူးတော်မတ်တော် ပုရောဟိတ်ပညာရှိများ
၃။ ရဟန်းပညာရှိ လူပညာရှိများ
၎။ လက်မှုပညာသည်များ(ပန်းထိန်၊ ပန်းရံ၊လက်သမား)
၅။ မဟာမုနီရုပ်ပွားတော်နှင့် အခြားရုပ်ထုများ
၆။ ဘုရင့်ဘဏ္ဍာတိုက်မှ အဖိုးမဖြတ်နိုင်သော ပတ္တမြားနှင့် နန်းစဉ်ရတနာများ
၇။ ဗေဒင်ကျမ်း ဆေးကျမ်း နက္ခကျမ်း စသည့် ပရပိုက်များ
၈။ ရခိုင်သမိုးစဉ်ကို ပြုစုထားသည် ပုရပိုက်များ
၉။ သံဃာရနာတင် ပိဋကတ်သုံးပုံ ပုရပိုက်များ
၁၀။ ရခိုင်နန်းတောင်မှ ကြေးပြားအမိုးများ
၁၁။ အလျားအတောင်(၂၀) လုံးပတ်(၆)တောင်ရှိ အမြောက်ကြီးများနှင့် အမြောက်(၂၀၀၀) စိန်ပြောင်းအလက်(၁၀၀၀၀)စသော သက်ရှိသက်မဲ့မြောက်များစွာတို့ ကိုဗမာပြည်သို့ ယူဆောင်သွားကြသည်။

ရခိုင်စာပေ နှင့် ယဉ်ကျေးမူလက်ရာများ ကိုမြန်မာမှုပြုလုပ်ကြသည်။
မြောက်ဥမြို့တော်ရှိ ရခိုင်နန်းတော်ကို ရခိုင်လူမျိုးများတွေ့မြင့်နေရလျှင် ဇာတိသွေး ဇာတိမာန်တက်လာမည်ကို စိုးရိမ်၍ နန်းတော်တစ်ခုလုံးကို အစအနရှာမရအောင် မီးရှီ့ ဖျက်ဆီးပစ်လိုက်ကြသည်။ အခြားမိဖုရား အိမ်ရှေ့မင်း၊ မင်းသမီးများ၊ အိမ်တော် ၊ဘုန်းကြီးကျောင်းများ၊ စေတိပုထိုးများ ၄င်းတို့ မသယ်ဆောင်နိုင်သော သက်ရှိသက်မဲ့ပစ္စည်း ဟူသမျှကို မီးရှီ့ ဖျက်ဆီးပစ်ခဲ့ကြသည်။

မှတ်ချက်

။ဗမာဘုရင်သီပေါ့မင်း၏ မန္တလေးနန်းတော်ကို အင်္ဂလိပ်က ရှေးလက်ရာမပျက် ထားရှိခဲ့သည်ကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ သီပေါဘုရင်နှင့် မိဖုရားကိုလည်း ကွယ်လွန်သည် အထိကောင်းမွန်စွာ ထားရှိခဲ့သည်။ ထီးသုံးနန်းသုံး ပစ္စည်းအချို့ကိုလည်း လွတ်လပ်ရေး ရသည့် အခါပြန်လည်ပေးအပ်ခဲ့သည်။ ရခိုင်များအဖို့ တွင်ကား ရှေးလက်ရာ ထီးသုံးနန်းသုံးများကို အစအန ရှာမရခြင်း၊ မြန်မာမှုပြုလိုက်ခြင်းသည် ရခိုင်လူမျိုးများ၏ ခံစားချက်ကိုမည်သို့ ဖြေဖျောက်ပေးနိုင်ကြပါမည်နည်း။
မဟာမုနီ ရုပ်ရှင်တော်ကို ဗုဒ္ဓဘုရားသက်ရှိထင်ရှား ရှိစဉ်ကပင် ရခိုင်ဘုရင် မဟာစန္ဒသူရီယမင်း၏ တောင်းပန်လျောက်ထားချက်အရ ဘုရားရှင်ကိုယ်တိုင် ရှေ့မှောက်တွင်သွန်းလောင်းပြီး ရခိုင်ဘုရင် အဆက်ဆက် ကမ္ဘာဗုဒ္ဓဘာသာဝင်များနှင့် ရခိုင်ပြည်သူများ အထွဍ်အမြတ်ထား ကိုးကွယ်ခဲ့သော ဘုရားကို ရခိုင်သမိုင်းသုတေသီများက ဗမာများယူဆောင်၍ မရကြောင်း အခြားတစ်နေရာမှ သဏ္ဍန်တူဘုရားတပါးကို ပင့်ဆောင်သွားကြကြောင်း မှတ်တမ်းတင်ကြသည်ကို တွေ့ရပါသည်။ ရှပ်ရှင်တော်မဟာမုနီသည် သာသနာ(၅၀၀၀) ကာလပတ်လုံး ဓည၀တီ ရခိုင်ပြည်၌ ကိန်းဝပ်တော် မူလိမ့် မည်ဟူသော ရှင်တော် ဗုဒ္ဓ၏ ဗျာဒိတ်ခတ် မိန့်မွတ်တော် မူခဲ့သည်ကိုထောက်ထား၍ ရခိုင်သမိုင်းသုတေသီများ၏ အဆိုအမိန့် သည်သာပို၍ မှန်ကန်လိမ့်မည်သာဖြစ်သည်။ (သို့သော် လက်ရှိ မန္တလေးမြို့ မဟာမြတ်မုနီ ဘုရားသည်လည်း ရခိုင်ပြည်မှ အတင်း အဓမ္မခိုးယူ သွားသော ရခိုင်ဘုရားသာဖြစ်သည်)
မဟာမုနီရုပ်ရှင်တော်ကို ဖောင်တော်ဦးတွင်တင်ပြီး ရခိုင်လူမျိုးအားကောင်းမောင်းသန်များကို လှော်ခတ်စေ၍ တောင်ကုတ်သို့ရောက်အောင် သယ်ဆောင်ကြရသည်။ တောင်ကုတ်တွင် ရထားပြုလုပ်ပြီး ရထားပေါ်တင်၍ ရခိုင်လူမျိုးများ ကိုပင် ဆွဲငင်ယူစေသည်။ လမ်းခရီးတွင် ရခိုင်လူမျိုးများ ထွက်ပြေးကြရာ ရခိုင်လူမျိုးများသည် အစဉ်အလာ နားပေါက်ထားရှိကြသဖြင့် နားပေါက်များတွင် ကြိမ်လုံးငယ်သွင်းပြီး ဆွဲယူစေသည်။ တောင်ကုတ်တောင်ကြားလမ်းမှ ဆွဲယူကြပြီး ဧရာဝတီမြစ်အတွင်းရှိ ဖောင်ပေါ်တွင်တင်၍ စစ်ကိုင်းဆိုက်ကမ်းထိအောင် ရခိုင်သုံ့ပန်းများ လှော်ခတ်ဆွဲငင်ကြရသည်။ စစ်ကိုင်း ဆိုက်ကမ်းသို့ ရခိုင်သက္ကရာဇ် (၁၁၄၇)ခု တပို့တွဲ့ လဆုတ်(၁၂)ရက်နေ့ ရောက်ရှိသည်။ ဆိုက်ကမ်းမှ ယခုမဟာမုနီကိန်းဝပ်တော်မူရာသို့ ရောက်အောင် ရခိုင်များ ဆွဲယူကြရသည်။
ပါလာသော ရခိုင်သုံ့ပန်းများ အချို့ကိုလည်း မဟာမုနီဘုရားတွင် ဘုရားကျွန်အဖြစ် လှူဒါန်းခြင်းကို ခံကြရလေသည်။ ရခိုင်လူမျိုးများကို တိရိစ္ဆာန် ပမာ ပြုမှုခြင်းသည် ရခိုင်တိုင်းရင်းသားများ ယနေ့တိုင်ခံစားကြရပေသည်။
ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ပြီး မင်းကြီးမင်းခေါင်ကျော်ဆိုသူအား နောက်လိုက် နောက်ပါရဲမတ် (၁၀၀၀၀)နှင့် ရခိုင်ပြည်သူများကို ဖိနှိပ် ကျွန်ပြုရန် တာဝန်ပေးထားခဲ့သည်။ မင်းခေါင် ကျော်စွာသည် နာဇီဟစ်တလာထက်စောပြီး ဖက်ဆစ်စနစ်ကို ကျင့်သုံးခဲ့သည်။ ဂျူးလူမျိုးများ ကဲ့သို့ ရခိုင်လူမျိုးများကို ကျူပင်ခုတ်ကျုငုတ်ကျန် သတ်ဖြတ်နည်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့ကြသည်။ ကလေးငယ်များကို အပေါ်သို့မြောက်ပြီး ဓါးကစားသည်။ ဆုံတွင်ထည့်၍ ထုထောင်းသည်။ ကိုယ်ဝန်ဆောင်မိန်းမများအား ၀မ်းကို ဓါးနှင့်ထိုးခွဲသည် မြောက်မြားစွာသော ရခိုင်လူထုကို ကစ္ဆပနဒိ (ကုလားတန်)မြစ်ကမ်းတွင် ခြံစည်းရိုးခတ်စေပြီး ခြံထည့်တွင်လှောင်ထားသည်။ ဒိရေတက်လာလျှင် ခြံထည့်မှ ထွက်လာသူများကို ဓါးနှင့် လှံနှင့် ထိုးခုတ်ကြသည်။ မထွက်ရဲသူများရေနစ်သေဆုံးကြသည် ။ ရေနစ်မွန်းသောအခါလက်များသည် အပေါ်သို့ ထောင်ပြီးအော်ဟစ်ကြသည်။ ယနေ့ အထိ ၄င်းနေရာကို လက်ဖန်ပြ (လက်ပန်ပြား)ဟုခေါ်တွင်နေကြသည်။
ရခိုင်ဘုရင်နန်းတော်မှ ယူဆောင်ခဲ့သည် အမိုးကြေးဝါပြား မြောက်များစွာကို ကမ္ဘာတွင် တတိယအကြီးဆုံးခေါင်းလောင်းဟု ၀င့်ကြွားနေသည့် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့သည်။ ကြေးချိန် (၅၅၅၅၅၅) ပိသာရှိသည်။ ၄င်းခေါင်းလောင်းကို သွန်းလုပ်ရာတွင် ရခိုင်သူပန်းပညာရှိများကို ခိုင်းစေခဲ့သည်။ မင်းကွန်း စေတိတည်ရာတွင်လည်း ရခိုင်သုံ့ပန်း(၃၀၀၀) ကိုခိုင်းစေခဲ့သည်။ မိထ္ထိလာကန်ကို ဆည်ဖို့ တူးဖော်ရာတွင်လည်း ရခိုင်သုံ့ပန်းများစွာကို ခိုင်းစေခဲ့သည် ။ မသေရုံ အစားအစာကျွေးသဖြင့် ရေဂါဝင်ပြီး အများအပြားသေဆုံးကုန်ကြသည်။ သေဆုံးသော ရခိုင်အလောင်း များကို မိထ္ထိလာကန်ဘောင်ရိုးတွင် မြုပ်နှံခဲ့သည်။ ရှည်လျားသော မိထ္ထလာကန်ဘောင်ရိုးမှာ ရခိုင်တိုင်းရင်းသားများ၏ အရိုးစုများနှင့် ပြည့်နှက်နေခဲ့သည်။ ယိုးဒယားသို့ ကျုးကျော်ချီတက်ရာတွင်လည်း ရခိုင်သုံးပန်း (၆၀၀၀) အသုံးပြုခဲ့သည်။
ဗမာဘုရင်မောင်ဝိုင်းသည် (၁၇၉၀-၁၇၉၇) အတွင်း မင်းကွန်းစေတီတည်စဉ်က ချွေးတပ်သား ရရှိရေးအတွက် ရခိုင် သစ္စာဖောက် ငသံဒေတို့က ဆောက်ရွက်ပေးခဲ့သည်။ မင်းကွန်းစေတီကြီးသာ တည်ဆောက် ပြီးစီးခဲ့ပါလျင် အမြင့်ပေ(၅၀၀) ကျော်ရှိပါလိမ့်မည်။ အပြီးတည်ပါက တိုင်းပြည်ပျက်မည်ဟု ထွက်ရှိသဖြင့် မပြီးမစီး တပိုင်းတစထားရှိခဲ့ရသော မင်းကွန်းစေတီသည် မန္တလေးမြို့ နှင့် အလှမ်းမကွာသော စစ်ကိုင်း မြို့နယ်တွင် တွေ့ မြင်နိုင်ပါသည် ။ထိုစေတီ၏ ပတ်ဝန်းကျင်တွင် လွန်ခဲ့သော အနှစ်(၂၀၀) ကျော်က အတင်းအကျပ် အလုပ်ခိုင်းစေခြင်းခံရသော ရခိုင်တိုင်းရင်းသား များ၏ အရိုးများ သည် ယခုတိုင်ပြည်နှက်နေမည် ဖြစ်သည်။
ဗမာပဒေရာဇ် နယ်ချဲ့ တို့ ၏ ရက်စက်မှု အစွမ်းကုန်ပြုကျင့် ကြသည်မှာ မြောက်ဥ မြို့တော်အနီးရှိ အရီုးပုံတောင်ကြီးတွင် ရခိုင်သားတို့ ၏ အရိုးစု အရိုးဆွေးများကို ယနေတိုင် တွေ့ မြင်နေရသည်။ ထို့ကြောင့် အရိုးပုံတောင်ဟု ယခုတိုင်ခေါ်တွင်နေသည်။ ပုဏ္ဏား ကျွန်းမြို့နယ် ယိုးချောင်းရှိ သားပုံ ကျေးရွာမှာလည်း ရခိုင်တိုင်းရင်းသား များကို အစုလိုက်အပုံလိုက် သတ်ခဲ့ကြသဖြင့် သားပုံ ဟုခေါ်တွင်သည်။ ကာလ ရှည်လျားလာသဖြင့် သပုံ ဟု ခေါ်တွင်လေသည်။

ကျွန်ပြုခံ ရခိုင်နိုင်ငံ

ရခိုင်-ဗမာ စစ်ပွဲတွင် ပြည်သူ (၂၀၀၀၀) ခန့် နှင့် ရဲမတ် (၃၀၀၀၀) ခန့် သေဆုံးခဲ့ကြရပြီး ၊ပြည် သူနှစ်သောင်းနှင့် ရဲမတ်(၂၀၀၀၀) ခန့် မသန်မစွမ်း ဒုက္ခိတ ဖြစ်ခဲ့ရသည်။ ခိုင်ပြည်သူ တသိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း ပြည်သူလူထု တသိန်းကျော်မှာ အဖရခိုင်နိုင်ငံတော်ကို စွန့် ခွာပြီး ယခု ဘင်္ဂလားဒေခ်ျ့ ထဲ့သို့ ပြေးဝင်ခိုလှုံ ခဲ့ရကြောင်း သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြထားသည်။
ဗမာနယ်ချဲ့ ပေးသရာဇ် ကျူးကျော်ရေးသမားတို့၏ ရက်စက်ယုတ်မာ ခဲ့သည်ကို ရခိုင်သမိုင်း မှတ်တမ်းလင်္ကာကျမ်း တွင် ဤသို့ ဖော် ပြထားသည် ။
“ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ ရှစ်သောင်းအစွန်း တသိန်းမှန်၏။ မယွန်းထိုခါ သေကုန်ပါ၏ ။ ဒွာရာသံတွဲ မြို့ ရမ်းဗြဲနှင် မြစ်ထဲ့ ၀မျှောင် ၊ ကျွန်းမာန်အောင်၌ ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား ၏။ သတ်ထား အကောင်ဖူးဖူးရောင်သား ၊ဖုတ်ဟောင်နံစော်၊ ရုပ်ခန္တာကိုယ် ၊ ကာကလင်းတ၊ သိန်းစွန်မှသည်၊ ခွေးကစလျှက် ၊ ကျားသစ် ၀က်များ၊ စားကြဖန်ဖန် ၊ ကိုက်ကြဟန်ကို အကျန်လူများ မြင်လေငြားမူ ဘုရားတရား၊ သံဃာအားကို ၀ပ်တွားကော်ရော်၊ ပူဇော်ရေ ရွတ် ၊ နဖူးခတ်သည်၊ ရင်ဘက်လက်တင် ၊ ခတ်တီး…..တည်း” ။
ဤကဗျာလင်္ကာ အရ ဗမာ မျိုးယုတ်များသည် မြောက်ဥမြို့တော် တမြို့တည်းမှာ ပင် ရဟန်းရှင်လူ တသိန်းကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုခေတ် မြောက်ဥ မြို့တော် ၏ လူနေ အိမ်ခြေ စာရင်းကို “ပန်းမဉ္ဖူကြူကြူမွှိး အိမ်ခြိ စာရင်း ပီး” ဟုရခိုင်သမိုင်းသုတေသိတစ်ဦး ၏ မှတ်တမ်းအရ ပိဋကတ်သင်္ချာနည်းဖြင့် ပြောင်းပြန်ရေးချသော် (၅၁၁၈၅၅) အိမ်ခြေစာရင်းဖြစ်သည်။ တအိမ်လျှင် ပျမ်းမျှ လူဦးရေ ၅ ယောက် နုန်းသတ်မှတ်လျှင် မြောက်ဥ မြို့တော် လူဦးရေသည် (၂၅၅၉၂၇၅) ရှိပေသည်။ မြောက်ဥမြို့တော်တွင် ထင်ရှားသော ဘုန်းတောကြီးကျော်း(၃၀)နှင့် ကျောင်းငယ်(၃၇၀၀) ကျော်ရှိကြောင်းကို လည်းဤမှတ်တမ်းတွင် ပြဆိုထားသည်။ ထို့ကြောင့် မြောက်ဥ မြို့တော် တမြို့တည်းမှာ ပင် ရဟန်းရှင်လူ တသိန်းကျော် အသတ်ခံ ခဲ့ရကြောင်း မှတ်တမ်း တွင် ဖော်ပြထားပါသည်။တဖန်ထိုလင်္ကာ တွင် ဒွာရာသံတွဲ မြို့ ရမ်းဗြဲနှင့် မြစ်ထဲ့ ၀မျှောင် ၊ ကျွန်းမာန်အောင်၌ ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား ၏။ သတ်ထား အကောင်ဖူးဖူးရောင်သား ” ဟု ဆိုထားပြန်ရာ ဒွာရာဝတိသံတွဲ ၊ ရမ္မာသတိ ရမ်းဗြဲ ကျွန်း ၊မြစ်ထဲ့ ၀မျှောင်နှင့် မေဃ၀တိ မာန်အောင် ကျွန်းတို့ မှ လူအမြောက်အမြားကို ဖမ်းယူသွားကြောင်း ၊ ယင်းဒေသမှ လူအမြောက်အမြားကို လည်း သတ်ဖြတ်ခဲ့ကြောင်း ထိုကဗျာ လင်္ကာ အရ သိသာနိုင်ပါသည်။ ထို့ ကြောင့် ရခိုင်သက္ကရာဇ် (၁၁၄၆) အေဒီ (၁၇၈၄)ခုနှစ်တွင် ဗမာ ကျူးကျော် သူတို့ က ရခိုင်နိုင်ငံ သားများကို အစုလိုက် အပုံလိုက် မြောက်မြားစွာ သတ်ဖြတ်မှု ကြီး ဖြစ်သည်ဟု ရခိုင် သုတေ သိများက မှတ်တမ်းတင်ထားကြသည်။

ဗမာ ပဒေသရာဇ် ဘုရင်မောင်ဝိုင်း ၏ ယုတ်မာမူ

ဗမာ ပေးသရာဇ် ဘရင် မောင်ဝိုင်းသည် သုံပန်း အဖြစ် ဖမ်းဆိးခေါ်ဆောင်သွားသည့် ရခိုင်ဘုရင် မဟာသမ္မတမင်းကို ၄င်း၏ညီ ပခန်းမင်း၏ အိမ်၌ထားရှိလေသည်။ တနေ့ သောအခါ ရခိုင်ဘုရင်အား “ရခိုင်ပြည် တွင် ပိဋကတ်၊ဗေဒင် သိမြင်လိမ္မာ သောသူများ မရှိလေသလောဟု ” ဗမာ ဘုရင်မောင်ဝိုင်းက မေးရာ ရခိုင်ဘုရင် မဟာသမ္မတမင်း က “အမရပူရ မင်းမှာ ပိဋကတ်၊ဗေဒင် သိမြင်လိမ္မာ သောသူများမရှိလေသောကြောင့် သူတပါးနိုင်ငံ ကိုကျူးကျော် နယ်ချဲ့ တိုက်ဖျက်လေသလောဟု ပြန်၍မေးတောမူ၏ ဗမာဘုရင်မောင်ဝိုင်း နုတ်ဆိတ်နေသည်ဟု ရခိုင်သမိုင်းဆရာများ မှတ်တမ်းတင်ထားသည်ကို တွေ့ ရှိရသည်။ နောင်လာနောင်လား ရိုင်သားများကို နိုးဆော်ခဲ့သည့် အသံပင်ဖြစ်သည်။
ရခိုင်ဘုရင်မဟာသမ္မတမင်း၏ မိဖုရားမြသန္တာသည် ရုပ်ရည်လှပတင့်တယ်သော့ ကြောင့် ဗမာဘုရင်မောင်ဝိုင်းသည် ငွေတစ်ထောင် တရားစရိတ်ပေးပြီး ကွာရှင်းစေပြီး သိမ်းပိုက်လေသည်။ မိဖုရား မြသန္တာသည်လည်း ဗမာမောင်ဝိုင်း၏ မိဖုရားအဖြစ်ကို မခံယူပဲ မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ဖော်ပြကြသည်။ မိဖုရား မြသန္တာသည် ရခိုင်အမျိုးဂုဏ်သိက္ခာအား နောက်ဆုံးအချိန်ထိ စောင့် ထိန်းသွား သည်ကို ရခိုင်ပြည်သားများ အဖို့ စံထားရမည့် အချက်ဖြစ်ပေသည်။ အကျဉ်စံ သုံပန်း မဟာ သမ္မတမင်းသည်လည်း စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ခြင်းကြီးစွာ ဖြင့် အမရပူရရောက်ပြီး (၂)နှစ်တွင်နတ်ရွာ စံလေသည်။ မဟာသမ္မတမင်းနတ်ရွာစံသည်နှင့် ရခိုင်ပြည်တွင် ရခိုင်မင်းဆက် နိဂုံးချုပ်လေတော့သည်။
အမျိုးသားသစ္စာဖေါက် သံဒေ ဆိုသူနှင့် အပေါင်းပါ တစ်စုကြောင့် ရခိုင်နိုင်ငံ နှင့် ရခိုင်တိုင်းရင်းသား လူမျိုးများသည် လူမျိုးခြား ဗမာနယ်ချဲ့ တို့ လက်အောက်ကျရောက်ခဲ့ ရသည်။ တဖန် အင်္ဂလိပ်၊ ဖဆပလ၊မဆလ၊န၀တ တို့လက်အောက် ကျရောက်ခဲ့ရာ အနှစ်(၂၂၇) နှစ် နီးပါးကျွန်သက် ရှည်လာပြီဖြစ်သည်။ နောင်ကို မည်သည့် အတိုင်းအတာ ကာလထိ ကျွန်သက် ဆိုး ရှည်ကြာနေမည်ကို မသိနိုင်သေးပေ။ အဆုံးအဖြတ် ပေးနိုင် ရန်မှာ ရခိုင် လူမျိုးများ စုစည်းညီညွတ်မှု အား အပေါ်တွင် သာအဆုံးအဖြတ်ပေးမည်သာ ဖြစ်သည်။

ကိုးကားချက်-

(၁) ရခိုင်နိုင်ငံ သမိုင်းသစ် ပိုးလှအောင်
(၂) ရခိုင်ရာဇ၀င်သစ်ကျမ်း ရမ်းဗြဲတောင်ကျောင်း ဆရာတော်
(၃) ဓည၀တီ ရာဇ၀င်သစ်ကျမ်း ပဲခူးမင်းကျောင်း ဆရာတော်
(၄) ဂစ္ဆပနဒိ နှင့် သူ့ကျွန်မခံ သမိုင်းပေးတာဝန် တက္ကသိုလ်ကျော်လင်းခိုင် (လက်နှိပ်စက်မူ)
(၅) ဗုဒ္ဓဂေါတမ နှင့် စန္ဒသူရီယ ဘုရင် ဦးလှထွန်းဖြူ

PDF လိုချင်ရေ လူတိ အောက်ကနီဒေါင်း ကတ်ပါ

ကျွန်ပြုခံ ရခိုင်နိုင်ငံ

ဆရာတော် ဦးစိန္တာ ၏ တော်လှန်ရေး သမိုင်း(အကျဉ်း)

ဆရာတော် ဦးစိန္တာ

(၂၉-၇-၁၉၀၂) (၁၄-၁၂-၁၉၆၄)

ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့ ၏တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ ခဲ့ရာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ေ ရာက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။
၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။
ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင် မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များ၌ တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာတွိ့မြင်ရလာခြင်းကြောင်း ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်သျှင်နှင့် မြီသျှင်ကြီးတိ၏ သွီးစုပ်မှုပင်ဟု တထစ်ချသိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွယ်လိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား အလုပ်သမားတိ၏ ဘဝကို မြှင့်တင်လိုသောကြောင်း စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိသော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန့်လ၌ စတင်ဖွဲ့စည်းခသည်။
ယင်းအချိန်မှစ၍ ဦးစိန္တာသည် ဦးပညာသီဟနှင့် တွိ့ဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားတိအား အခြီခံကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်နွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန့်လတွင်၊ မင်းမြားမြို့နယ် ကန်နီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခပါသည်။
ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက် တော်လှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။ စည်းရုံးညီညွတ်လာခကတ်၏။
ထို့ကဲ့သို့ တစ်တိုင်းလုံးအုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံရို့ ရွီးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခ၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌
အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရေးအင်အားကို တည်ထောင်ခကတ်သည်။
ယင်းသို့ စုပေါင်းညီညွတ်သော တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်တေ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပခပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်ခလီသည်။ “ မြီသျှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ရခိုင်ပြည်နယ်အပါအ၀င် မြန်မာတပြည်လုံး လုံးဝ လွတ်လပ်ရေးချက်ချင်းပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်ပါသည်။ ညီလာခံအပြီး နံယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနန့် ၁၈ လထောင်ဒဏ် အပြစ်ပီးခံခရလီသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ရို့အား တော်လှန်ခပါသည်။ ဆရာတော်၏ တပ်များသည် မြေပုံမြို့ကိုလည်းကောင်း၊ ကျောက်ဖြူမြို့ကိုလည်းကောင်း၊ နယ်ချဲ့လက်က သိမ်းယူထိန်းသိမ်းထားနိုင်ခလီသည်။ ထိုစဉ်အခါက ရခိုင်မျိုးချစ်တပ်များသည် နယ်ချဲ့အား တော်လှန်ခရရုံသာမက
တစ်ဖက် ၌လည်း တောင်သူလယ်သမားဆင်းရဲသားရို့အား ခေတ်အပျက်တွင် ညှဉ်းပမ်းနှိပ်စက်လာသော တောကြောင်များကိုလည်း နှိမ်နင်းခကတ်ရလီသည်။ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာရေအခါ သစ္စာဖောက်တောကြောင်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသတ်ခံရဖို့နီးပါးဖြစ်ခရသီးရေ။
၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်လီသည်။
ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်နိန့်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီသည်။ ဖက်ဆစ်ဂျပန်များသည်
ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေဒ ဂေါင်းဆောင်များနှင့် အစီအစဉ်များကို မိန်းမြန်းခရာ ဖက်ဆစ်ရို့၏ ညှဉ်းပန်းချက်ကို မခံနိုင်၍ ဖွင့်ပြောလျှင် တစ်ပြည်လုံးဖက်ဆစ်တော်လှန်ရေး ပျက်စီးကျဆုံးဖို့ကို မြင်သောကြောင့် ဆရာတော်သည် မိမိတပါးတည်း မချိမဆုံကြိတ်ခံပြီး တော်လှန်ရေးအား သစ္စာစောင့်ထိန်းခပါသည်။ ဝါဆိုလဆန်း ၆ ရက်နိန့်တွင် ဂျပန်တိက လက်လျှော့ပြီး ရွှတ်ပီးခသော်လည်း ထိုအချိန်မှစ၍ ဆရာတော်၏ ကျန်းမာရေး အခြီအနီမှာ ဖက်ဆစ်ဂျပန်တိ၏ ညှဉ်းပန်းနှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခပါယာ။ သို့သော် ဆရာတော်သည် ဖက်ဆစ်တိုက်ဖျက်ရေးတွင် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်ခရလီသည်။ ၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ နယ်ချဲ့ကိုလည်း ဆက်လက်တော်လှန်မည်ဟူသော တော်လှန်ရေးတပ်ဦးသစ္စာကို မဖောက်လို၍ နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်ခလီသည်။
ယင်းအချိန်တွင် ရခိုင်တောင်စဉ်ကမ်းခြီတလျှောက်ဟိ လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့တိ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းရို့ကို ခံကတ်ရသော်လည်း တိုင်းပြည်လွတ်မြောက်ရေး၊
အမျိုးသားလွတ်းလပ်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကို ဇွဲသတ္တိနှင့် ချီတက်တိုက်ခိုက်လျှက်ပင် ဟိကတ်ပါသည်။ ၁၃၀၈ ခု၊ တန်းဆောင်မုန့်လ၌ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်များရို့သည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာကတ်ပြီးလျှင် ဦးစိန္တာနှင့်တွိ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တော်ခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခလီသည်။
၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ဂေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရို့တက်ရောက် ခကတ်ပါသည်။ သို့သော်လည်း အချိန်အခါနှင့် အခြေအနီ မညီညွတ်ကြောင့် ညီလာခံ၌ နိုင်ငံရေးဂေါင်းဆောင်များ စိတ်ငြိုငြင်ခြင်း ဖြစ်ခကတ်ရသည်။
၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အလား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ယင်းကဆုန်လကွယ်နိန့်ပင် စစ်တွေမှ လီယာဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလီဆိပ်သို့ ယူဆောင်လျှက်
သာယာဝတီထောင်သို့ အပို့ခံခရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်နိန့်တွင် သာယာဝတီထောင်ကို သူပုန်းတပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှရွတ်ခရလီသည်။ ၁၃၁၁ ခု၊ နံယုန်လဆုတ် ၅ ရက်နိန့်တွင် ဒါးလက်ချောင်းနှင့် ၈ ရက်နိန့်တွင် ကြာအင်းတောင်သို့ရောက်လာပြီး တောလှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းရို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေယှင်းကတ်တေ အခြေအနီသို့ပင် ဆိုက်ရောက်လာခကြောင်း ဆရာတော်မှာ ကြေကွဲဝမ်းနည်းစွာ တွိ့ရပြန်၏။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးသားခရပါသည်။ သို့သော်လည်း မှန်းခြီပေါက်အောင် ခရီးမရောက်ခပါ။ ယင်းသို့ကြိုးစားနီစဉ်များပင် ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ရေး အခြေအနီအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်ယာဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပီးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နိန့်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်ဦးစိန္တာသည် တပည့်တပန်းများနှင့် ဥဒပဒေတွင်းသို့ ဝင်ရောက်ခပါသည်။
ဆရာတော်ဦးစိန္တာအား အရင်းသျှင်နယ်ချဲ့ဖက်ဆစ်ရို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်သည် ဖိစီးလာခြင်းကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနိန့် နိန့်ခြင်းဖက် ၂ နာရီ အချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါးကုသနီစဉ်မှာပင် ဘုရားရဟန္တာအသျှင်မြတ်ရို့သော်မှ မလွန်ဆန်နိုင်သော သီဘေးတရားအရ ပျံလွန်တော်မူလီသည်။