Tag Archives: အထ္တုပ္ပတ္တိ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း

Download -အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်း

Advertisements

ခိုင်နီလင်း (ခ) စံရွှေခိုင် ကိုယ်ရေးအထ္တုပ္ပတ္တိအကျဉ်း

ခိုင်နီလင်းကို အဖဦးမြသာအောင် အမိဒေါ်မြလှဦး မှ ကောဇာသက္ကရာဇ် ၁၃၀၈-ခု၊ ခရစ်သက္ကရာဇ် ၁၉၅၀-ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ဘူးသီးတောင်မြို့၊ တပ်ရာရပ် ကွက်တွင် မွေးဖွားခဲ့ သည်။ ၁၉၆၉-ခုနှစ်တွင် အထက်တန်းပညာ အောင်မြင်ခဲ့သည်။ ၁၉၇၀-ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၀-ခုနှစ်မှ ၁၉၇၃-ခုနှစ် နိုဝင်္ဘာလအထိ ရန်ကုန်မြို့ပန်းဆိုး တန်းလမ်းရှိ အကောက်ခွန်ရုံးတွင် အငယ်တန်းစာရေး အဖြစ်လည်း ကောင်း၊ အကြီးတန်း စာရေး အဖြစ်လည်းကောင်း၊ အစိုးရအမှူးထမ်းခဲ့သူဖြစ်သည်။ ၁၉၇၃ ခုနှစ် အကောက် ခွန်ရုံးတွင် အမှုထမ်းဆောင်နေယင်း တက္ကသိုလ်ပညာကို လေ့လာဆည်း ဖူးသင်ယူနေစဉ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ် မတော် (ALA) သို့ ၁၉၇၃-ခု နိုဝင်္ဘလာ ၅-ရက်နေ့တွင် အဖရခိုင်ပြည်ပြန်လည်ရရှိရေး အတွက် အမှု ထမ်းခဲ့သည်။

၁၉၇၄-ခုနှစ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ အရံဗဟိုကော်မတီဝင် အဖြစ် လည်းကောင်း ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် (ALA) တွင် ဗိုလ်ရာထူးဖြင့် လည်းကောင်း၊ ၁၉၇၆-ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း တိုင်းပြည်နန့်လူမျိုးအတွက် အသက်ကို ပဓါန မထားဘဲ ကျရာနေရမှ စွမ်းစွမ်းတမံ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်ခဲ့သူဖြစ်သည်။ ၁၉၇၄-ခုနှစ်မှ ၁၉၇၆-ခုနှစ် ဇွန်လအထိ ကရင်ပြည် တပ်မဟာ ၇- တပ်မဟာ ၃-နယ်မြေများတွင် ကရင်ပြည် လွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော် များနှင့်အတူ လက်တွဲပြီး ရန်သူများအား ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင် တပ်မှူးတစ်ဦးဖြစ်ပေသည်။ ခိုင်နီလင်းသည် တော်လှန်ရေးအဖွဲ့အစည်းများမှ ထုတ်ဝေ သောဂျာနယ်၊ မဂ္ဂဇင်းများအချို့တွင် မိမိ၏နာမည်အရင်းဖြစ်သော စံရွှေခိုင်ဟူသည့် ကလောင်နာမည်ဖြင့်လည်းကောင်း၊ အခြားသော ကလောင်နာမည်များဖြင့်လည်းကောင်း ဆောင်းပါး၊ ကဗျာ စသည်များကို ရေးသားခဲ့သူတစ်ယောက်ဖြစ်သည်။
ခိုင်နီလင်းသည် ၁၉၇၆-ခု၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကရင်ပြည်မှ ရခိုင်ပြည်သို့ မိုင် ၂၀၀၀-ဝေးကွားသော ခရီးကြမ်းကို ခြေလျင်ခရီးဖြင့် ချီတက်ရာတွင် ဥက္ကဌကြီး ခိုင်မိုး လင်း၏ အကြံပေးအဖြစ် ပါဝင်ချီတက်ခဲ့သည်။ ထိုသို့ချီတက်ရာတွင် ကရင်ပြည်၊ ကရင်နီ ပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နယ် နာဂ တောင်တန်းများကိုဖြတ်ကျော်ကာ ၁၉၇၇-ခု ဖေဖေါ်ဝါရီလတွင် ချင်းပြည်နယ်သို့ ရောက် ရှိခဲ့သည်၊ ချင်းပြည်နယ် သို့ရောက်ရှိသော်အခါ မဆလ၏ အင်အား ၆၀၀၀-ကျော်ဖြင့် ဥက္ကဌကြီးခိုင်မိုးလင်းဦးဆောင်သော အင်အား ၁၂၀-ရှိသော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနှင့် တပ်မတော် (ALP/ALA) ကို ၁၉၇၇-ခု ဖေဖေါ်ဝါရီလမှ ဇွန်လအထိ ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီး ၂၉-ကြိမ်၊ တိုက်ပွဲငယ် ၄၉-ကြိမ် ဖြစ်ပွားကာ၊ ဥက္ကဌကြီးခိုင်မိုးလင်းနှင့် ခေါင်းဆောင်ရဲဘော်အချို့ကျဆုံးခဲ့ရသည်။ တိုက်ပွဲရည် ရှည်လာ သည့်အတွက်ကြောင့် ကျည်ကုန်၊ လူပန်း၊ ရိက္ခာများ ပြတ်တောက်ပြီး ခိုင်နီလင်း အပါ အဝင် ခေါင်းဆောင်ရဲဘော် ၅၀-ဖမ်းဆီးထောင်သွင်းအကျဉ်းကျခဲ့ရသည်။ ခိုင်နီလင်းနှင့် ခေါင်းဆောင်အချို့မှာ နိုင်ငံတော်ပုန်ကန်မှုဖြင့် မဆလအစိုး၏ ထောင်ဒဏ်တသက် တကျွန်းနှင့် သေဒဏ်ပေးခြင်း ကိုခံခဲ့ကြရသည်။
၁၉၈၁-ခုနှစ်တွင် မဆလအစိုးရ၏ သံဃာဂိုဏ်းပေါင်းစုံဖွဲ့စည်းခြင်းအောင်မြင်မှု အထိမ်း အမှတ်အဖြစ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးရာတွင် ခိုင်နီလင်းအပါအဝင် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) ခေါင်းဆောင်တစ်ချို့နှင့်အတူ ရဲဘော်အချို့လွတ်မြောက်လာ ခဲ့ကြသည်။ ခိုင်နီလင်းသည် မန္တလေးထောင်မှ လွတ်မြောက်လာပြီးနောက် ၁၉၈၃-ခုနှစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တတိယအကြိမ် ကြိုးပမ်းမှုတွင် ပါဝင်ပြီး၊ ၁၉၈၃-ခုနှစ်မှ ယခု ၂၀၁၁-ခုနှစ်အထိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ဗဟိုကော် မတီဝင်အဖြစ်လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဒု-ဥက္ကဌအဖြစ် လည်းကောင်း၊ ဂုဏ်ထူးဆောင်ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း အဆင့် ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့သည့် မျိုးချစ်စိတ်ပြည့်ဝသော ခေါင်းဆောင်တစ်ဦး ဖြစ်ပေ သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် ၁၉၉၉-ခုနှစ်တွင် ပန်းသန္တာအမည်ရှိ ရခိုင်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုက သားကြီး မောင်ဦးသျှင် (အသက် ၁၂-နှစ်) သမီငယ်စိုးစန္ဒာဖြိုး (အသက် ၉-နှစ်) တို့ကျန်ရစ် ခဲ့ကြသည်။ ၂၀၀၉-ခုနှစ် သြဂုတ်လ ၆-ရက်နေ့တွင် UNHCR ၏အစီအစဉ်ဖြင့် ဇနီး ပန်းသန္တာနှင့် သားသမီးများသည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသွားသည်။ ခိုင်နီလင်းသည် တိုင်းပြည်နှင့်လူမျိုးကို မိသားစုထက်ပိုချစ်သောကြောင့် မိမိဘာသာမိမိ တယောက်တည်းတော်လှန်ရေးထဲတွင် စွန့်လွှတ်အနစ်နာခံကာ ကျန်ရစ်ပြီး သူ့မိသား စုအား သွားခွင့်ပေးလိုက်သည်။ ခိုင်နီလင်း၏ ဇနီးဖြစ်ခဲ့သော ပန်းသန္တာကိုလည်း ဆန္ဒ အလျောက် ဘဝရှေ့ရေးအတွက် ဆုံးဖြတ်နိုင်ကြောင်းကိုပါ ခိုင်နီလင်းမှ တရားဝင်ကွာ ရှင်းပေးလိုက်သည်။ ယခုအခါ ဒေါ်ပန်းသန္တာတို့မိသားစုသည် အမေရိကန်ပြည်ထောင်စု နယူယောက်ပြည်နယ် ဘာဖလိုမြို့တွင် နေထိုင်လျှက် ရှိပါသည်။ သားကြီးမောင်ဦး သျှင် နှင့် သမီးစိုးစန္ဒဖြိုးတို့သည် အမေရိကန်ပြည်ထောင်စု အစိုးရကျောင်းတွင် ၆-တန်း (သားကြီး)နှင့် ၃-တန်း (သမီး) ပညာများဆည်းဖူးလျှက်ရှိပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

ရခိုင်ပြည်