Tag Archives: ဆောင်းပါး

ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ခေါ်သည့်အသုံးလော

https://i2.wp.com/arakantimes.net/burmese/images/isaland-Mya%20Aye2.jpgယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေး ငြင်းခုံနေကြသည်ကို ဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ “ရိုဟင်ညာ”ဟု သမုတ်ထားသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝါကာ အူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဖြစ်ပါသည်၊ မြန်မာများက အိန္ဒိယ တိုက်ငယ်ဒေသမှ လာသောသူများကို “ငမဲ”ဟု ရှုံ့ချခေါ်ကြပါသည်ဟု ကမ္ဘာပတ်ပြီး လျှောက်အော်နေပါ၏။ ဝါကာအူဒင်သည် မြန်မာစကားနှင့်စာကို ကောင်းစွာတတ်သူမဟုတ်ကြောင်း ထိုသူ၏ ရေဒီယို အင်တာဗျူးများကို နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မည်။

အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်စပ်လျဉ်း၍ စာရေးသူသည် မြန်မာစာပေပါအသုံးများ၊ ထင်ရှားသည့် မြန်မာပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားသော ပုဂ္ဂိုလ်များ၏သုံးစွဲပုံများနှင့် ပညာရှင်မဟုတ်သော သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားထားသည်များ၏ ခြားနားချက်များကို “ကွက်ကွက် ကွင်းကွင်း မုန့်တီဟင်းကဲ့သို့”ဆိုသော ဦးပုည၏ စကားအတိုင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြပါမည်။

မြန်မာပညာရှင်များ၏အယူအဆ

ယူဆချက် (၁)။ ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း အယူအဆတစ်ရပ်ရှိပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ ကုလပုတ္တ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား၊ အမျိုးကောင်းသား ဟုဆိုလိုသည်။ ရှေးဦးမြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ဤအခေါ်အဝေါ်အားဖြင့် ခြီးခြောက်ကြသည်။ အဘယ် ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော်တိုင်ပင် အိန္ဒိယတိုင်းသား တစ်ဦးဖြစ်သောကြောင့်ပေတည်း။

အထောက်အထားများ –

၁။ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၉၁၊ စာမျက်နှာ ၉

ကုလား /kla;/ n 1. အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2. သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ။ 3. စက္ကူဖဲတွင် ဂျက်၊ ကွင်း၊ ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှ လာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ]

၂။ ဦးဝန်၊ တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁)၊ ရန်ကုန်၊ ၁၉၅၂၊ စာမျက်နှာ ၂၂။

ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ—-နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ ဂလာ။ ပါ၊ ကုလ]

၃။ ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။

ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။

ယူဆချက်(၂)။ ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မွန်စကားဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ် သော အိမ်တွင်နေသူများ)မှ ဆင်းသက်လာကြောင်း သိရှိရသည်။

အထောက်အထား – မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ(၁၄)ရာစု၊ ပဲခူး။

ယူဆချက်(၃)။ တတိယအယူအဆအနေဖြင့် ကုလားဟူသောစကားလုံးသည် ကိုလား(Cola/Chola)ဟူသော ဝေါဟာရများမှ ပြောင်းလဲဖြစ်ပေါ်လာသည်။

အထောက်အထား – Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, “A History of the Myanmar Alphabet, p.iv.

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက် ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ(Kadamba), ကလုကျ(Calukya), ရပ်စတြကုတ (Rashtrakuta)နှင့် ကိုလား(Cola)ကဲ့သို့သော မင်းဆက်များ ဆက်လက်ပေါ် ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi)ထွန်းကားလာခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi)အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အရေးအသား၊ တောင်ပိုင်း တွင် တယ်လဂူ(Telugu), ကနာတီ(Kanati), ကဝိသုံးဂရန္တ (academic Grantha)နှင့် ကဒမ္ဗ(Kadamba), ကလုကျ (Calukya) , ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေးအသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှ ဆင်းသက်လာသော ၎င်းစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသား တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခဲ့သည်။

အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှုတို့ကို တစ်ပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား ကိုလား(Cola/Chola) လူမျိုးများဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ ထို့ကြောင့် ၎င်းအခေါ်အဝေါ်သည် မွန်တို့၏မူလ အသုံးအနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ ကူလားနှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား စသည့် အသုံးအနှုန်းများနှင့်ဆက်သွယ်မှု ရှိနိုင်ပါသည်။

စာရေးသူထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစကား ကုလမှ ဆင်းသက်လာခြင်း(သို့)အိန္ဒိယတောင်ပိုင်းရှိ ကိုလား(Cola/Chola)မင်းဆက် ဟူသောစကားနှင့် ဆက်စပ်မှုရှိခြင်း(သို့)နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာဟုမွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက် ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ အယူအဆအားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ်သက်ရောက်မှုမျိုး(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ ထို့ကြောင့် ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာပြောဆို ရေးသားသုံးနှုန်းနိုင်သည်သာမက ၎င်းအသုံးအနှုန်းသည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်ပါသည်။

ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကား အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ ပုဂံခေတ်ကျောက်စာများ (အေဒီ-၁၂ရာစု၊ အေဒီ-၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလားပသာ သည် စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။

အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ်(သို့)အရာဝထ္ထုအား ဂုဏ်သရေ ညှိုးနွမ်းစေခဲ့လျှင်(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တစ်နိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။

ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်းဟု ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင်(၀ါ) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် ထိုခေတ်အခါက သက်ဦးဆံပိုင်ဘုရင်အား မည်သူတစ်ဦးကမျှ ထိုကဲ့သို့သောအမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။ (နှိုင်းယှဉ်ရန်-ပုဂံခေတ် နရ သီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟု ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဘုရင်သည် အေဒီ(၁၂၈၇)ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသောကြောင့် ဖြစ်သည်။)

မြန်မာရာဇ၀င်ဆရာများထဲတွင် အထင်ရှားဆုံး ရာဇ၀င်ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယ အင်းဝ မင်းဆက်)အတွင်း ရေးသားပြုစုခဲ့သူ၏အမည်မှာ ဦးကုလားဖြစ်သည်။ အကယ်၍ ကုလားဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခု ဖြစ်နေခဲ့ပါလျှင်(သို့)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် ထိုရာဇ၀င်ဆရာသည် ၎င်း၏အမည်အား ပြောင်းလဲ ပစ်မည်မှာ သေချာသည်။

ရှေးခေတ်အခါက ရခိုင်၊ ဗမာ၊ မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင် မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။ အထက်ပါအချက်အရ ထိုဘုရင် များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါ အချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက်၍ နှိမ့်ချဆက်ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များ မြန်မာများ၌လည်းကောင်း၊ အခြားတိုင်းရင်းသားများတွင်လည်းကောင်း မရှိခဲ့ကြောင်း သိနိုင်ပါသည်။

မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ပေါင်းစပ်၍ အမည်သစ်ဖန်တီးကာ ထိုအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း(သို့) နိုင်ငံခြားမှ ၀င်ရောက် လာကြောင်း(သို့) မြန်မာပြည်၏ အနောက်ဖက်ရှိ တိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။

ဥပမာများ။

(၁) ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။

ကုလားစပါး(ဂျုံ)၊ ကုလားတည်(သရက်သီးကုလားတည်၊ မရမ်းသီးကုလားတည်)၊ ကုလားထိုင်၊ ကုလားပဲ၊ ကုလားဖြူ၊ ကုလားနံနံ။

(၂) နောက်တွင် ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။

ဆိတ်ကုလား(သိုး)၊ (မှတ်ချက်၊ ဆိတ်ကို ဆိတ်မြန်မာ၊ သိုးကို ဆိတ်ကုလားဟုခေါ်ကြောင်း ဆရာတော် ဦးဩဘာသ၏ မဟာဇနက္က ဇာတ်တော်ကြီးတွင် တွေ့နိုင်သည်။)၊ ဒုံးကုလား (ယာဉ်ထောက်ဂျက်)၊ ငှက်ကုလား၊ ဗွတ်ကုလား၊ ကျေးကုလား။

ခိုင်မာသည့်စာပေများတွင် ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ။

(1) ယောအတွင်းဝန် ဦးဖိုးလှိုင်-ဥတုဘောဇနသင်္ဂဟကျမ်း၊ စာမျက်နှာ-၈၉

[အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]

(2) ပုဂံဝန်ထောက်မင်းဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို…….]

(3) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ……]

(4) မန်လည်ဆရာတော်-မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ခုနှစ်)၊ စာမျက်နှာ ၃၇

[ကုလားပသီ ဘရင်ဂျီက………..]

(5) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ခုနှစ်၊ စာမျက်နှာ ၂၉

[သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို…]

(6) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့အလည်အပတ် လာရောက်စဉ် ရေးစပ်ခဲ့သည်။

[အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့်………]

ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။

(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ လုပ်ကြံခြင်း မခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ ဖြုန်းတီးမှုများကို ထောက်ပြ သွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပမှတင်သွင်းကုန် အရေအတွက်ကို လျှော့ချ သင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။

“ဆီကို ကုလားပြည်က ၀ယ်ရတယ်”

အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ် သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ချေ။

(2) ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု

Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုခဲ့သည့် ၀န်ကြီးချုပ်ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ(၁၇)တွင်-

” ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”

စာမျက်နှာ ၂၀၅ တွင်-

” အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee)ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည်ချောင်း၍ အသတ်ခံရမည်လောဟူ၍)တိုင်ပင်ဖူး၏။”

(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးသိန်းဖေမြင့်။

သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ(၁၇၀)တွင်-

” ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တစ်ခါတစ်ခါ ဗမာများနှင့် ဆိုးတူကောင်းဖက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊ တညင်စသော ရေနံမြေသပိတ်တို့၌လည်းကောင်း၊ အခြားသပိတ်တို့၌လည်းကောင်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တစ်ပူးတစ်ပေါင်းတည်းရှိသည်မှာ ထင်ရှား၏။ ”

အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။

(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊ သြဂုတ်လ(၇)ရက်။

” ကရင်၊ ရှမ်း၊ ပလောင်၊ တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုတ်ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး အခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။ ”

(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ(၂၇)ရက်။ အခဏ်း(၆)၊ အပိုဒ်(၄)။

“ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”

“ မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (သို့) စာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏အသုံးအရ “စောက်ရမ်း ဘာသာပြန်ခြင်း ”

(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု၊

ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသောကြောင့် အဆိုပါ အစွန်းရောက် အမျိုးသားရေးဝါဒီတို့က ကုလားဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလားဟူသော ဝေါဟာရသည် “ကူး”(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် “လာ”(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။

၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစ်စုံတစ်ရာ မပါရှိဘဲ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်း စာပေဗဟုသုတ မကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြုမူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျှက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်းအဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။

အကယ်၍ “ကူးလာ” မှ “ကုလား” ဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကိုကပ္ပလီဟု မြန်မာဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်းအတင်း မြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်)ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် “အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလာမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ”မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။

ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ”မှ ဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။

(ခ) မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများ ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ် ဖွင့်ဆိုပြီးနာကြည်းကြခြင်း။

ကုလားဟူသော အခေါ်အဝေါ်သည် တစ်ဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ(သို့)အသားမဲဟုအဓိပ္ပါယ်ရသော “ကာလာ” ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခွဲခြားဆက်ဆံခဲ့ ကြခြင်းကြောင့်လည်း နာကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။

သို့သော် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါ အဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်း မရှိခဲ့ချေ။ အတိအကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ ဗမာ၊ ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။

အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတွင်းနေထိုင်ကြသည့် အိန္ဒိယနွယ်ဖွား လူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကိုသေချာစွာ မလေ့လာသည့်အပြင် ကိုယ်လိုရာဆွဲပြီး “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” လုပ်နေချက် သက်သက်သာဖြစ်သည်ဟု သုံးသပ်မိသည်။

မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရထဲတွင် “ဖာမ” သို့မဟုတ် “ဖားမ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေသည်။ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်း မရှိခဲ့ချေ။

အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံ ကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူဘဲ) ရေးသားတင်ပြမှုများ။

(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.

“Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean “the caste people”. Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos .”

မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို “ကုလား”ဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသောစကားသည် တိုင်းပြည်တွင်းသို့ ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။

အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတစ်ခုမှာ သက္ကတဘာသာစကားအရ ကုလား၏အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊ သီးသန့်ခွဲခြားထားသော လူတစ်စုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲ တတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ်ခဲ့ဟန်တူသည်။

အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတစ်ခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသားကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား)ဟု ခေါ်ဝေါ်လေ့ရှိသည်။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တစ်ဖက်သားအား ရှုံ့ချစော်ကားစရာစကားတစ်ခု အမှန်ဖြစ်လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များ သိမ်းပိုက် ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒိုဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။

အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်းအချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏ တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။

အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။

(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ(၅)ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။

“နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”

(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ(၈)ရက်၊ ၁၉၄၂၊ တနင်္ဂနွေနေ့။

“တရုတ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆံ့နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”

(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ(၂၉)ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။

“ဗမာပိုင်၊ ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။”

(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။

“ကုလား ဒုက္ခသည်များ………”

အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေး သားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တစ်ခြားနည်းလမ်း မရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင်ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40:

ကုလား

vulg Inder m; Mann m aus dem Westen

Dr. Esche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှ လူ(သို့)အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။

အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့်စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုး များအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။

တကယ်စင်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊ နေရှုး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များအပေါ်အထူး လေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဖက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။

နိဂုံး။

စာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ ကိုလိုနီခေတ် ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတစ်ချို့က “ကူးလာ” မှ ကုလားဖြစ်လာသည်ဟု ထွင်ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ(ဝါ) ငမဲ (သို့)အသားမဲဟု အဓိပ္ပါယ်ရသော “ကာလာ” ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီး နာကြည်းကြခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူ ရေရွတ်ပြီး ပြောဆိုလေ့ရှိကြ ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတစ်ဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။

စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂ န္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများ အတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။

နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်းရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေ နယ်ပယ်အတွင်း လေ့လာလိုက်စားသူများအားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူဘဲ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာလိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလာဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များကို လက်သင့်မခံလိုဘဲ မှားယွင်းသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုသာ စွဲမြဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။

ဇော်ထွေးမောင်

ဝန်ခံချက်။

1. Khin Maung Saw, (Mis)Interpretations of Burmese Words. In the case of Kala (Kula) ကို အကျဉ်းချုံ့ပြီး ဆီလျော်အောင် ဘာသာပြန်ပါသည်။

2. ကဝိလက္ခဏာ သတ်ပုံကျမ်းနှင့် ကဝိမျက်မှန်သတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းကိုသုံးပါသည်။

credit to arakantimes.net

မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့

https://i2.wp.com/arakantimes.net/burmese/images/Islamstatetocountry.jpg

ရခိုင်ပြည် ပြဿနာရဲ့ရင်းမြစ်

ဇွန်လနဲ့ အောက်တိုဘာလ ရခိုင်ပြည်အရေးအခင်းဟာ ပညာမတတ်မှု၊ ဥပဒေပညာ နားမလည်မှုတွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာတယ်။ ဒီသုံးသပ်ချက်တွေဟာ အပေါ်ယံအားဖြင့် ကြည့်လျှင် ဖြစ်နိုင်မယ် ထင်ရပေမယ့် သေချာရဲ့လားလို့ ထပ်မေးရင် ခိုင်မာတဲ့ အချက်အလက် အထောက် အထားတွေနဲ့ ချပြနိုင်မယ်မထင်ပါဘူး။ ဆိုတော့ ရခိုင်ပြည်အရေးအခင်းဟာ ပညာမဲ့ခြင်း၊ ဥပဒေကို နားမလည်ခြင်းကြောင့် မဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါဆိုရင် ဘာကြောင့်လဲဆိုတဲ့ အမေးရဲ့ အဖြေကို ပြောလိုတယ်။

ရခိုင်ပြည်ရဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ မွတ်ဆလင်များ ရပ်တည်ချက်

မြန်မာနိုင်ငံမှာ ယခုဖွဲ့ စည်းထားတဲ့အတိုင်းပြောရရင် ပြည်နယ်(၇)ခုနဲ့ တိုင်း(၇)ခ ရှိပါတယ်။ စုစုပေါင်း(၁၄)ခုပေါ့ ။ အဲဒီ(၁၄)ခုထဲမှာ ရခိုင်ပြည်ကလွဲရင် ကျန်တဲ့ ပြည်နယ်(၆)ခုနဲ့ တိုင်း(၇)တိုင်းမှာလည်း အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူတွေ ရှိပါတယ်။ အဲဒီ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့လူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲတွေမှာ ဆင်နွှဲခဲ့တယ်။ လွတ်လပ် ရေးရပြီးနောက်ပိုင်းမှာလည်း မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ကိစ္စကို စိုးစဉ်းမျှ မပြောဆိုခဲ့ပါဘူး။ ထို့အတူ ဦးနေ၀င်း အာဏာသိမ်းကာလနဲ့ မဆလခေတ် တစ်လျောက်လုံးမှာဘဲဖြစ်ဖြစ် ၁၉၈၈ လူထုအရေးတော်ပုံ ကာလတွေကနေ ဒီနေ့ အချိန်ထိဘဲဖြစ်ဖြစ် မြန်မာတိုင်းရင်းသားတွေ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးစတဲ့ မူတွေအပေါ်မှာဘဲ ရပ်ပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံနှင့်အတူ တိုင်းပြည် ကောင်းစားရေးကို ရှေ့ရှုခဲ့တယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိပြခဲ့တယ်။ ဒါတွေကို ငြင်း၍ မရနိုင်သလို သမိုင်းအဖြစ်နဲ့လည်း ကျန်ရစ်ခဲ့တယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကလည်း အသိအမှတ်ပြုခဲ့ကြတယ်။ ဒီအထောက်အထားတွေဟာ ရခိုင်ပြည်ကလွဲပြီး ကျန်တဲ့ ပြည်နယ်(၆)ခနဲ့ တိုင်း(၇)ခုထဲက မွတ်ဆလင်တွေရဲ့ ရပ်တည်မှုတွေဖြစ်တယ်။

ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်

ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ကတော့ အခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ ကွဲပြားပါတယ်။ သူတို့ရဲ့အိပ်မက်ဟာ မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မှတစ်ဆင့် သီးခြားမွတ်ဆလငနိုင်ငံ တည်ထောင်ရေးဖြစ်တယ်။ ဒီအိပ်မက်မျိုးကို အခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ မွတ်ဆလင်တွေ မက်ခဲ့တဲ့ အိပ်မက်(လှုပ်ရှားမှုသမိုင်း)ကို မတွေ့သေးပါဘူး။ ရခိုင်ပြည်မှာရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရေးခင်ကပင် ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်

ဒုတိယကမ္ဘာစစ်မဖြစ်ခင် အန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြားမွတ်ဆလင်နိုင်ငံတည်ထောင်ရေး လှုပ်ရှားမှုဟာ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် ပုံဖော်စရာ အိပ်မက်တစ်ခုရရှိခဲ့ တယ်လို့ ပြောရမှာ ဖြစ်တယ်။ သူတို့ အိပ်မက်က အိန္ဒိယနိုင်ငံက ခွဲထွက်ပြီး ပါကစ္စတန်နိုင်ငံသစ် ထူထောင်ရေးကြိုးပမ်းနေတဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ရန်ဖြစ်တယ်။ ဆိုလိုတာက ပါကစ္စတန်နိုင်ငံသစ်ဖြစ်ပေါ်လာရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ ကို ထည့်ပြီး နိုင်ငံသစ်တည်ဆောက်ရေး ဖြစ်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ်၊ ကရာချီမြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ပါကစ္စတန်နဲ့ ပေါင်းစည်းရေးအဆိုကို တင်သွင်းခဲ့ဖူးတယ်။ ဆိုတော့ ဖြစ်နိုင်ချေရှိရဲ့လားလို့ မေးရင် ရှိတယ်ဖြေရပါလိမ့်မယ်။ အကြောင်းကတော့ ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဦးပုကလေးရေးထားသော ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ တတိယတွဲမှာပါတဲ အောက်ပါရေးသားချက်က ခိုင်မာတဲ့အထောက် အထားလို့ ပြောရပါလိမ့်မယ်။

စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေး လှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့်တွေ့ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိအောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင် ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင မောင်တောဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်း ပြောကြားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည် မောင်တောနှင့် ဘူးသီးတောင်နယ်များကို ဘင်္ဂလားပြည် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်း မူဆလင်အချို့က တောင်းဆိုချက်နှင့်ပတ်သက်၍ ဤသို့လုံးဝမဖြစ်စေရပါဟုပြောရင်း ဗမာပြည်သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း ၊ ထိုကဲ့သို့ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တစ်ဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက် ဆိုသည်မှာလည်း ဘာမှ ဂရုစိုက်စရာမလိုကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ “ဒီနေရာမှာ စကားချပ်အနေနဲ့ ပြောချင်တာက ၂၀၁၁ က ကျနော်ရေးသားခဲ့တဲ့ ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ ဆောင်းပါးမှာ ဂျင်းနားက ဘူးသီးတောင်၊ မောင်တောကို တောင်းဆိုခဲ့တယ်လို့  အမှတ်မှားစွာ ဖော်ပြခဲ့ဖူးပါတယ်။ အမှန်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက တောင်းဆိုခဲ့တာလို့  အမှန်ကို ပြင်ပါတယ်။ ဆိုတော့ ဂျင်းနားရဲ့ ငြင်းပယ်မှုကြောင့် ဘင်္ဂလီတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ပြီး ၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ မူဂျာဟစ်ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ Jami- a – tul Ulema-e Islam အဖွဲ့နဲ့ချိတ်ဆက်ခဲ့ကာ ငွေကြေးကို ဒီအဖွဲ့က နည်းမျိုးစုံနဲ့ရှာပေးပြီး မူဂျာဟစ်ပါတီကို ပံ့ပိုးပေးခဲ့ပါ တယ်။ အဲဒီအဖွဲ့ကဘဲ ဘော်တွန်မလေထံ စာရေးပြီး သူတို့ဟာ Indo-Burma Frontier မှာ ရှိတဲ့အတွက် ပင်လုံညီလာခံမှာ Frontier ရပိုင်ခွင့်ကို တင်ပြ တောင်းဆိုလိုကြောင်း အကြောင်းကြားခဲ့ပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေ ပင်လုံဆီမလှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့  အခြားပြည်နယ်တွေထဲမှာ နေထိုင်တဲ့ ဦးဖေခင်ကတော့ ပင်လုံကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှုနဲ့ တိုင်းပြည်ကို ဖဲ့ထုတ်ရေးရဲ့ ကွာဟမှုဘဲဖြစ်ပါတယ်။

ကနေ့ရိုဟင်ဂျာလို့အမည်ခံထားတဲ့ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လွတ်လပ်ရေးအကြိုကာလကပင် မက်ခဲ့တဲ့ အိပ်မက်မျိုးနဲ့ အခြားပြည်နယ်ခြောက်ပြည်နယ်နဲ့ တိုင်းခုနှစ်တိုင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒ သဘောထားဟာ ကွာခြားပါတယ်။ ရခိုင်ပြည်ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒသဘောထားဟာ ဒေသ ခံရခိုင်တွေနဲ့ရော ပြည်ထောင်စုကို လိုလားတဲ့ တိုင်းရင်းသားပေါင်းစုံကိုပါ ခြောက်ခြားစေပါတယ်။ ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေအားလုံးဟာ ဒီလိုဘဲလားလို့မေးရင် မဟုတ်ဘူးလို့  ဖြေရပါလိမ့်မယ်။ ၁၉၃၁ ၀န်းကျင်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးထွန်းစိန်ဟာ ရခိုင်ပြည်ထဲက မွတ်ဆလင်တစ်ယောက်ပါ။ တိုင်းပြည်ဖဲ့ထုတ်ရေးကို မကြိုးပမ်းခဲ့ပါဘူး။ အဲဒီလို မျိုးဆက်တွေရှိပါတယ်။ ဒါပေမယ့်လို့  ကနေ့အချိန်မှာ အကြမ်းဖက် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်ခြင်း၊ တိုင်းပြည်ဖဲ့ထုတ်လိုခြင်းတွေကြောင့် အပြစ်မဲ့ ရခိုင်ပြည်ထဲက မွတ်ဆလင်တွေပါ အရောင်တွေ စွန်းထင်းခံခဲ့ရသလို အရောင်တွေချယ်သခြင်းကို ခံလိုက်ရပါတယ်။ ထို့အတူ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ မွတ်ဆလင်ထုကိုပါ ထင်ယောင်ထင်မှား မယုံသင်္ကာစိတ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖဲ့ထုတ်လိုတဲ့ အကြမ်းဖက် ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေကို ဆန့်ကျင်ကြောင်း မြန်မာပြည်ထဲမှာရှိတဲ မွတ်ဆလင်တွေ ပြသဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဘင်္ဂလီတွေရဲ့ရပ်တည်ချက်

ဆက်ပြောရရင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့ စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့ ဟာ ၁၉၄၈ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းပြီး အဲဒီအဖွဲ့က

(က) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ဖက်ကမ်းကြားဒေသကို မွတ်ဆလင်တွေရဲ့ National Home အဖြစ် သတ်မှတ်ပေးရန်။

(ခ) ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန် စသည်ဖြင့် တောင်းဆိုခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေကို ခွဲခြမ်းကြည့်ရင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာရော ရပြီးနှစ်မှာပါ တိုင်းပြည်ဖဲ့ထုတ်ရေး ကြိုးပမ်းခဲ့ခြင်းကို တွေ့ရပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံလွတ်လပ်ကာစမှာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းထားခြင်းမရှိဘူးဆိုတာ ထင်ရှားစေသလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးဘူးဆိုတာလည်း ထင်ရှားစေပါတယ်။

၁၉၅၁ ခု ဇွန်လမှာ နယ်ပယ်အသီးသီးက ပါဝင်တဲ့ မွတ်ဆလင်ညီလာခံကို ရခိုင်ပြည် မောင်တောမြို့နယ် အလယ်သံကျော်ရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အလယ်သံကျော် ညီလာခံက ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး အစိုးရသို့ အိပ်ဖွင့်ပေးစာအဖြစ် တင်ပြခဲ့တယ်။ ညီလာခံရဲ့ဆုံးဖြတ်ချက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကတော့

(က) ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊

(ခ) စစ်တွေမြို့ကို ရခိုင်ပြည်နယ် တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့်ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့် မွတ်ဆလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊

(ဂ)လက်နက်ကိုင်တပ် ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင်(၅၀)ရာခိုင်နှုန်းပါဝင်ရန် ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊

(ဃ)တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွတ်ခွင့်ရရန်၊

(င)မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။

ဒီညီလာခံကို ပါလီမန်အမတ်များဖြစ်တဲ့ စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်ဆလင်)၊ ဒေါ်မြညွန့်(မွတ်ဆလင်)တို့ပါ တက်ရောက်ခဲ့ပါတယ်။ ဒီပါလီမန်အမတ်များဟာ ဘာသာရေးလမ်းညွန်ချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကနေ့ လွှတ်တော်ကို ရောက်ရှိနေတဲ့ ဘင်္ဂလီအမတ်တွေကို သတိကြီးစွာ ထားရမယ်ဆိုတာ ထင်ရှားစေပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်နေတဲ့ မူဂျာဟစ်ပါတီကလည်း ၀န်ကြီးချုပ် ဦးနုထံသို့ တင်သွင်းခဲ့သည့် စာတမ်းထဲမှာ ပါဝင်တဲ့ တောင်းဆိုချက်များအနက် အရေးကြီးသည့် တောင်းဆိုချက်တွေကတော့

(က) ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ ရခိုင် မွတ်ဆလင်များအဖြစ် လက်ခံရန်၊

(ခ) မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင် သေနတ်ကိုင်တပ်အဖြစ် သီးခြားထားပေးရန် စတဲ့ အချက်များပါဝင်ပါတယ်။

သုံးသပ်ချက်

အထက်က တင်ပြခဲ့တဲ့ တောင်းဆိုချက် နှစ်ရပ်စလုံးမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲကာလမှာလည်း ရိုဟင်ဂျာပါတီအဖြစ် မှတ်ပုံတင်ခဲ့ပေမယ့် ဒီစကားလုံးကို သုံးစွဲရင် မှတ်ပုံတင်ခွင့် မပြုခဲ့တဲ့အတွက် အခြားနာမည်ကို ရွေးခဲ့ရတဲ့ သာဓကတွေရှိတယ်။ ရွေးကောက်ပွဲကော်မရှင်က အဲဒီစကားလုံးကို ပယ်ထားခဲ့ပေမယ့် ဘင်္ဂလီတွေဟာ နိုင်ငံတကာကို ခြေဆန့်ပြီး ရိုဟင်ဂျာဆိုတဲ့စကားလုံးကို နိုင်ငံတကာက သိအောင် ငွေတွေခင်းပြီး ပြုလုပ်လာခဲ့တယ်။ တစ်ဖက်မှာလည်း မီဒီယာအချို့ကို အသုံးချခဲ့တယ်။ နောက်ဆုံး ပြဿာနာတွေ ဖန်တီးပြီး ဘာသာရေးအရ ဖိနှိပ်ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ် နေပါတယ်လို့  အော်ဟစ်ခဲ့တယ်။ OIC လို အဖွဲ့ကိုတောင် မြန်မာပြည်ထဲ ၀င်အောင်နိုင်အောင်ထိ ထိုးဖောက်လှုပ်ရှားနိုင်တယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်သလို ပြည်တွင်း ပြည်ပ ဟန်ချက်ညီညီလှုပ်ရှားမှုဟာ လွှတ်တော်ထဲထိ ရောက်အောင် လှုပ်ရှားပြခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကာလတွေက မြန်မာနိုင်ငံ တနံတလျားမှာ ရှိနေတဲ့ မြန်မာမွတ်ဆလင်တွေကို မစည်းရုံးနိုင်ခဲ့ပေမယ့် ကနေ့ အချိန်မှာ တစ်သားထဲဖြစ်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ပြောမယ်ဆို ပြောနိုင်တယ်။ အထက်က တင်ပြခဲ့တဲ့ ရခိုင်ပြည်ထဲက ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ဟာ လွတ်လပ်ရေးမရခင်ကပင် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံ တိုင်းရင်းရင်းသားဖြစ်ရေး လှုပ်ရှားမှုရဲ့နောက်ကွယ်မှာ မွတ်ဆလင်ပြည်နယ်မှသည် မွတ်ဆလင်နိုင်ငံ ထူထောင်ရေးဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အာဏာမဲ့နေတဲ့ ရခိုင်လူထုက ခေတ်အဆက်ဆက် ထိတွေ့ခံစားလာရခြင်းဖြစ်တယ်။ ဒါကြောင့် ရခိုင်လူထုရဲ့ တုန့်ပြန်မှုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ရပ်ပြီးတုန့်ပြန်ခဲ့တာဖြစ်တယ်။ ပညာမတတ်မှု၊ ဥပဒေကို နားမလည်မှု၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်ဖြစ်ရပါတယ်ဆိုတဲ့အဖြေဟာ ခိုင်မာတဲ့အထောက် အထားမရှိတဲ့ ယိုင်နဲနဲ အထောက်အထားတွေသာဖြစ်တယ်ဆိုတာကို အထက်က အထောက်အထားတွေနဲ့ ချပြခဲ့တာဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အလယ်သံကျော် ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီနေ့အချိန်ထိ သက်ဝင်လှုပ်ရှားနေပြီး ဟန်ချက်ညီညီ လှုပ်ရှားနေဆဲဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ ပါလီမန်ခေတ်ကလည်း လွှတ်တော်ထဲထိ တင်သွင်းဆွေးနွေးခဲ့ဖူးသလို ကနေ့အချိန်မှာလည်း လွှတ်တော်ထဲထိ သယ်ဆောင်လာကာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကိုင်လှုပ်ခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်မြန်မာနိုင်ငံအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ။

ခိုင်လင်း(မေဃ၀တီ)

နိုင်ဝင်ဘာ(၁၁)၂၀၁၂ ညနေ – ၄း၅၀

credit to http://www.arakantimes.net

ရိုဟင်ဂျာ၏ ဇာစ်မြစ်(မောင်မောင်ဝင်း)


ရိုဟင်ဂျာ ဟူသော အသုံးအနှုံးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် နှင့် စစ်တွေ တို့တွင် ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်သော ဘင်္ဂလီများကို အကူအညီပေးနေသော နိုင်ငံတကာ အဖွဲ့ အစည်း များကြောင့် ဖြစ်ရ —–

လွန်ခဲ့ တဲ့ ဇွန်လ လောက် က ဘူးသီးတောင်၊ မောင်တောက စလို့ စစ်တွေ တောင်ကုတ်မြို့ အထိ ပြဿနာတက်ခဲ့ တာ အားလုံးအသိပါ။ အဲဒီတော့မှ မြန်မာ ပြည်သူ အများစု သတိထားမိ ကြတာ တစ်ခု ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မိုးပေါ်က ကျလာတာလား၊ ငရဲပြည်က တက်လာတာလား၊ တောထဲက ထွက်လာတာလား မသိတဲ့ အရှင်လတ်လတ် လူမျိုးတစ်ခု ရောက်နေပြီဆိုပဲ။ အတန်းကျောင်း တွေမှာတောင် မသိခဲ့ ရတဲ့ လူမျိုး တစ်စု က မြန်မာ ဆိုပြီး တစ်ကမ္ဘာ လုံးက တောင် သိနေကြပြီတဲ့။ မသိတာက တော့ မြန်မာပြည်သူတွေပါ။ ပုံစံက ကိုယ်နေတဲ့ အိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အိမ်ရှင်တွေ အိပ်ရာက နိုးလာချိန်မှာ “ငါက ဒီအိမ်က လေ မင်းတို့ မသိဘူးလား” လို့ မေးလိုက်သလိုပေါ့။

သူတို့ နာမယ်က ရိုဟင်ဂျာတဲ့၊ ဒါနဲ့ မြန်မာပြည်သူတွေလဲ ခေါင်းရှုပ်သွား တယ်လေ။ ၈၈ အရေး အခင်း တုန်းက တောင် မကြားဘူးခဲ့တာ ၊ အခုကြမှ ဘယ်လိုလုပ်ပြီး ဒီနာမည်တွေက ထွက်နေတာလဲ လို့။ ကမ္ဘာက ရိုဟင်ဂျာလို့ သိပါတယ် တဲ့ ။ ထူးဆန်းတယ်၊ သူတို့ တွေ က ဘယ်ကနေ ဘယ်လို သိနေကြရတာပါလိမ့်၊ သေခြာတာ ကတော့ သူတို့ ကို အဲဒီ လို လုပ်ကြံ စကား ပြောနိုင်တဲ့ ၊ သူတို့ ကိုနားဝင်အောင် ၊ ကမ္ဘာကို (ဆိုလိုတာက နောက်နိုင်ငံကြီးများနဲ့၊ တစ်ချို့သော နိုင်ငံများကို) ပြောနိုင်တဲ့ (ဒါမှမဟုတ်) စကားပေါက်တဲ့သူတွေ ရှိလို့ ပေါ့။ ကဲ … ဒါဆို ဘယ်သူတွေများလဲ …

တွေ့ပါပြီ ၊ မြန်မာ နိုင်ငံမှာ အကူအညီလို့ ဗန်းပြထားတဲ့ အဖွဲ့တွေ။ တစ်ခြားသူတွေ ဟုတ်ရိုးလား၊ ရခိုင်ဒေသမှာ ဘင်္ဂလီ တွေကို ကူညီနေတဲ့ အဖွဲ့ တွေ ပေါ့။ အင်း ပြောရမယ်ဆိုရင် ခေါင်းဆောင်ကြီး UNHCR, နောက်ထပ် UNDP, WFP, UNFPA စသဖြင့် ကု လ သမဂ္ဂ လက်အောက်ခံ လျှို့ဝှက် ပဉ္စမံ တပ်ဖွဲ့တွေနဲ့ အမျိုးသား သစ္စာ ဖောက် လောက်ကောင် တွေပြည့်နှက်နေတဲ့ AZG, ACF, Malteser International, Care International စသဖြင့် မြန်မာနိုင်ငံ ရဲ့ အမျိုးသားလုံခြုံ ရေးအတွက်အန္တရယ် အရှိဆုံး အဖွဲ့ အစည်းတွေပဲဖြစ်ပါတယ်။

အရင်းစစ်လိုက်တော့ သူတို့ကို တွေ့တယ်။ သူတို့ က အင်္ဂလိပ်စကားပေါက်တယ်။ အနောက်နိုင်ငံတွေ အနောက်က မီဒီယာ တွေကို စကားပေါက်တယ်လေ၊ ကုလ သမဂ္ဂ ကိုလည်း ပြောနိုင်တာ သူတို့ပဲရှိတယ်လေ။ ဇာတ်လမ်းကို ပြန်လိုက် ကြည့်လိုက်တော့ တွေပါပြီး၊ ၁၉၉၀ ကျော် ခုနှစ်လောက် ကတည်းက UNHCR က ရခိုင်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တောကို စပြီးဝင်တယ်။ သူတို့က ဘင်္ဂလားမှာအနေရကြပ်နေတဲ့ ဘင်္ဂလီတွေကို လက်ခံတယ်။ တိုးတိုးတစ်မျိုး ပေါ်တင် တစ်မျိုးပေါ့။ ပြီးတော့ ဒီဘက်မှာ စောင့်ရှောက်ထားတယ်။ ဘင်္ဂလီ တွေကို ဒုက္ခသယ်လို့ ပြောရရင် ဘင်္ဂလားဒေ့ရှ် ကို ပြန်ပို့ရမယ် ၊ ဘင်္ဂလားဒေ့ရှ် က လူဦးရေသိပ်များနေတော့ လက်ခံ နိုင်ဘူးလို့ပြောတယ်။ ဒီတော့ အဲဒီ အဖွဲ့အစည်း တွေ ဝင်ရောက်လာပြီး ကူညီမယ်လို့ လုပ်ကြတယ်။

ဘယ်လိုကူညီ ခဲ့ သလဲဆိုတော့ သူတို့ အရှေ့အလယ်ပိုင်း တွေက လာတဲ့ ရံပုံငွေ တွေကို ယူတယ်၊ ပြီးတော့ အဖွဲ့အစည်း တွေမှာ ဘင်္ဂလီတွေကို ခန့်တယ်။လက်အောက်ခံ လူ တွေမွေးတော့တယ်။ ဒါပေမဲ့လည်း မြန်မာ အစိုးရက သိမှာ စိုးလို့ တိုးတိုးတိတ်တိတ်ပဲလုပ်ကြတယ်။ လူဦးရေ တွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတော့ အဲဒီအဖွဲ့အစည်းတွေက ဒီလူဦးရေ ကိုမြန်မာနိုင်ငံ ထဲကို သွတ်သွင်းဖို့ကြံကြတယ်။ နောက်ဆုံးတော့ အဲဒီ လောက်ကောင်တွေက အကြံ တစ်ခုရသွားတယ်။ ရခိုင်လို ရွင့်ဂျာ လို့ ခေါ်တဲ့ အခေါ် အဝေါ်ပဲ။ ရွင့်ဂျာ ဆိုတာက အခြေအနေ မရှိဘဲ တစ်ခြားနိုင်ငံက လာနေတဲ့သူတွေကို ပြောတာ။ ဒီတော့ အဲဒီ အဖွဲ့အစည်းတွေက ဘင်္ဂလီ လို ရိုဟင်ဂျာလို့ နာမည်ပြောင်းလိုက်ကြတယ်လေ။ ဒါကိုတော့ မြန်မာနိုင်ငံကို ချက်ချင်း အသိမပေးပဲ၊ သူတို့ရဲ့ အဖေတွေရှိတဲ့ အနောက်အုပ်စု မီဒီယာတွေ၊ အနောက်ကမ္ဘာက မြန်မာနိုင်ငံကို တောင် မကြားဘူးတဲ့သူတွေကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု တစ်ခုရှိကြောင်း သူတို့ က အရမ်း ဆင်းရဲကြောင်း နဲ့ ဆယ်စုနှစ်ပေါင်းများစွာ အဖိအနိပ် ခံ နေရကြောင်းကိုပါပြောခဲ့တယ်လေ။ ၁၉၉၀ ကျော်လောက်ကတည်း က အခု အချိန် ထိ ပြောခဲ့ကြတော့ အနောက်ကမ္ဘာက လူတွေက မြန်မာကို မသိတော့ပဲ ရိုဟင်ဂျာကို ပဲ သိသွားတော့ တယ်။ ရိုးသားလှတဲ့ မြန်မာပြည်သူတွေကို ယုတ်မာစွာနဲ့ လုပ်ခဲ့ ကြတဲ့ ၊ ကြာကူလီ ဇာတ်ခင်းခဲ့ကြတာ ကတော့ လူ့အခွင့်အရေး ကိုဗန်းပြထားကြတဲ့ ၊ရခိုင်ပြည်နယ် မှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာ က အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

သူတို့မှာ က အဖွဲ့အစည်း ရဲ့ မူဝါဒတွေရှိတယ်၊ ဒါပေမဲ့ ဘယ်လို လူ့အခွင့်အရေးကို ပဲဗန်းပြ ထားထား၊ သူတို့ ကြောက် ကြတာက တော့ အလှူရှင်တွေပဲဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းကို လှူတဲ့ အလှူရှင်တွေက မွတ်စလင်တွေကို တောက်လျှောက် ထောက်ပံ့ နေတဲ့ အရှေ့ အလယ်ပိုင်း က လေ။ သူတို့ က ဥရောပ သမဂ္ဂ နဲ့ ကုလသမဂ္ဂ ကနေ တဆင့် မြန်မာနိုင် ငံ သို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ လှူတယ်လေ၊ လှူလိုက်တဲ့ ငွေတွေကိုတော့ ခုနက ပြောခဲ့တဲ့ သစ္စာဖောက်လောက်ကောင် တွေရှိတဲ့ အဖွဲ့ တွေက ဘင်္ဂလီတွေအတွက်ပဲ သုံးတယ်။ ဒါမှ အ လှူရှင်တွေက ကြည်ဖြူမှာကိုး။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကို အကြပ်ရိုက်စေတဲ့ အမျိုးသား ရေးအတွက် အန္တရယ် လှတဲ့ ရိုဟင်ဂျာ ပြဿနာ ဖြစ်သွားတော့ တာပါပဲ။

အဲဒီတော့ သူများမျက်နှာ (အလှူရှင့်မျက်နှာ) ကိုကြည့်ရတော့တဲ့ အဲဒီ အဖွဲ့အစည်းတွေဟာ သူများရိုဟင်ဂျာ ရင် ကိုယ်လည်း ဂျာ ရတော့ တာပါပဲ။ မဟုတ်ရင် ပိုက်ဆံမရတော့ပဲ ခွက်ဆွဲ ရတော့မယ်လေ။ (အခုလည်း လူကြီးလူကောင်း ဆန်ဆန် ခွက်စွဲ တောင်း စား နေရတာပါပဲ။) ပြောရမယ်ဆိုရင်တော့ ရခိုင် မြောက်ပိုင်း မှာ ခိုးဝင်နေတဲ့ ဘင်္ဂလီတွေဟာ သူတို့ အတွက်တော့ မျောက် အကြီးစားကြီးပါ ပဲ။ ဒါမှ ဆန်ကောင်းကောင်းများများ တောင်းလို့ရမယ်လေ။ ဥပမာ အခုနှစ် UNFPA အတွက် ချထားပေးတဲ့ အကူအညီပေးရေး ဒေါ်လာ ခုနှစ်သန်း မြန်မာနိုင်ငံကို ပေးခဲ့ ရာမှာ ရခိုင် မြောက် ပိုင်း က ဘင်္ဂလီတွေ အတွက် က ၄ သန်းတဲ့ လေ။ ကဲဒီလောက်ဆိုရင် မြန်မာကို ဒုက္ခ ပေးနေတဲ့ အကြံတွေကို သိလောက် ရောပေါ့။

မောင်မောင်ဝင်း

ဒီပြဿနာ ဘယ်လိုရှင်းကြမလဲ (ဦးအောင်ကိုကို)

ရခိုင်ပြည်နယ်အတွင်းမှာ ဒီသီတင်းပတ်တွေအတွင်း တွေ့မြင်ကြားသိနေရတဲ့ အရေးအခင်းကတော့ တကယ်ဘဲ ရင်နာစရာကောင်းလွန်းလှပါတယ်။ ကမ္ဘာပေါ်မှာဖြစ်ပွါးခဲ့ရတဲ့ အရေးအခင်းတိုင်းမှာ ဖြစ်ပေါ်ရခြင်းအကြောင်းရင်းရှိပါတယ်။ လတ်တလောအကြောင်းရင်းနဲ့ ကာလကြာမြင့်စွာကပင် တစိမ့်စိမ့်ဖြစ်ပေါ်နေတဲ့အကြောင်းရင်းလို့ ခွဲခြားသုံးသပ်ကြပါတယ်။ အခုဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေရဲ့အကြောင်းရင်းကို သတင်းမီဒီယာတွေကတော့ ကျောက်နီမော် ပြဿနာကြောင့်လို့ ဖော်ပြ၊ ထုတ်လွှင့်ပြသနေခဲ့ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ တကယ့်ပြဿနာမဟုတ်ဘူးဆိုတာပါပဲ။

ကျွန်တော်ကတော့ ကျောက်နီမော်ပြဿနာဆိုတာ လတ်တလောအကြောင်းရင်းလို့ပဲ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောက်နီမော်ပြဿနာ မဖြစ်ခဲ့ရင်လည်း ဒီအရေးအခင်းက ဖြစ်လာမှာပဲလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အကြောင်းရင်းခံတွေက ရှိနေပြီးသားဖြစ်နေလို့ပါ။ မီးစာ (လောင်စာ)လည်းရှိနေတယ်၊ လောင်စာဆီလည်း ရှိနေတယ်၊ မီးတောက်ဖို့အတွက် မီးစတစ်စပဲ လိုတော့တာပါ။ ကျောက်နီမော်ပြဿနာဆိုတာ မီးစလေးတစ်စပါပဲ။ တောင်ကုတ်ပြဿနာဆိုတာလည်း မီးထတောက်ဖို့ စတင်နေခဲ့တဲ့ အခြေအနေပါ။ အဲဒီမီးစကို လေပင့်ပေးလိုက်တာက (ကုလား – မူစလင်)ဆိုတဲ့ ဝေါဟာရ ပြဿနာပါ။

ပထမဆုံးတင်ပြချင်တဲ့ အကြောင်းရင်းကတော့ နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှုဆိုတဲ့ ပြဿနာပါပဲ။ ပညာရှင်တွေရဲ့တင်ပြချက်တွေ ရှိနေပြီးဖြစ်တော့ ဒီနေရာမှာ သမိုင်းကြောင်းကို မတင်ပြလိုတော့ပါဘူး။ နိုင်ငံသားမဖြစ်သင့်တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံသားမဖြစ်ကြောင်း၊ ဘာကြောင့်မဖြစ်ထိုက်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေကရော နိုင်ငံတော်အစိုးရ အဆက်ဆက်ကပါ ပြတ်ပြတ်သားသား ဖေါ်ထုတ်ခြင်းမလုပ်ခဲ့ကြလို့ပါပဲ။ နိုင်ငံသားအရည်အချင်းမရှိတဲ့သူတွေကို နိုင်ငံသားအခွင့်အရေးပေးထားခဲ့ကြလို့ပါပဲ။ ဒီနေရာမှာ လူ့အခွင့်အရေးနဲ့နိုင်ငံသားအခွင့်အရေး မတူဘူးဆိုတာကို သတိပြုကြရပါမယ်။ အစဉ်အဆက် နိုင်ငံရေးပါတီတွေက မဲရလိုမှုတစ်ခုတည်းနဲ့ မပေးသင့်တဲ့အခွင့်အရေးကို ပေးခဲ့တာ၊ ကိုယ်ကျိုးရှာအကျင့်ပျက် ၀န်ထမ်းတွေ (ကျွန်တော်ကတော့ အကျင့်ယုတ်ဝန်ထမ်းတွေလို့ ပြောချင်ပါတယ်) ရဲ့ ငွေကြေး၊ ဥစ္စာပစ္စည်းရလိုမှုတစ်ခုတည်းနဲ့ မလုပ်သင့်တာတွေကို လုပ်ခဲ့ကြ၊ လုပ်နေကြတာတွေဟာလည်း အကြောင်းရင်းတစ်ခုပါပဲ။ အဲဒါတွေကြောင့်ပဲ နောက်ဆုံး အခုအချိန်မှာ လွှတ်တော်ထဲအထိဝင်ပြီး မတန်မရာတွေတောင်းဆိုရဲကြတာပါ။ ဒီပြဿနာကို အခုအချိန်မှာ ကျေလည်အောင်ရှင်းလင်းဖို့အချိန်ကျပြီလို့ တင်ပြချင်ပါတယ်။

သိပ်မကြာသေးတဲ့ကာလ (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ)ထဲမှာ ဘင်္ဂလီတွေ အဲဒီခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်တော ဒေသမှာ အဓိကလှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ကြပါသေးတယ်။ ဒါကတော့ ရှင်းရှင်းလေးပါ။ ဒီနေရာ၊ ဒီဒေသကို သူတို့အပိုင်သိမ်းထားနိုင်ပြီလို့ ကြေငြာလိုက်တာပါပဲ။ ဒီလှုပ်ရှားမှုကို လူတွေသိပ်မသိလိုက်ပေမယ့် သိပ်မကြာခင် သူတို့တွေဒီထက်ပိုပြီး လှုပ်ရှားလာတော့မယ်ဆိုတာ ခန့်မှန်းနိုင်ခဲ့မိပါတယ်။ သိပ်မကြာခင်မှာပဲ ARAKAN အမည်ကို သူတို့ကအလွဲသုံးစားလုပ်၊ နိုင်ငံတကာမှာသမိုင်းလိမ်တွေကိုဖေါ်ထုတ်လာကြတဲ့ လှုပ်ရှားမှုတွေပါ။ အခုရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက အရေးအခင်းကို ရခိုင်တိုင်းရင်းသားများနှင့် ကျွန်တော်တို့ မူစလင်တိုင်းရင်းသားများလို့ ဗွီအိုအေအင်တာဗျူးတစ်ခုမှာ တင်ပြသွားခဲ့ပါသေးတယ်။

ဒီကိစ္စကို ဗမာအပါအ၀င် တိုင်းရင်းသားအားလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ရပါမယ်။ ကုလားဆိုတဲ့ ဝေါဟာရတစ်ခုကို သူတို့တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်သလို ကျွန်တော်တို့ကလည်း ခေါ်တောတွေက ဒီလိုမူဆလင်တိုင်းရင်းသားလို့ပြောတာကို ကန့်ကွက်ရပါမယ်။ လွှတ်တော်ထဲမှာအထိ အရေးဆိုကြဖို့ ကိုယ်စားလှယ်များကို တောင်းဆိုတင်ပြလိုပါတယ်။ ဒီ ခေါ်တောတွေဟာ တိုင်းရင်းသားမဟုတ်ကြောင်း၊ နိုင်ငံသားမဟုတ်ကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကြေငြာပေးဖို့ အားလုံးက ၀ိုင်းဝန်အရေးဆိုကြဖို့ကိုပါ တင်ပြတောင်းဆိုပါတယ်။ နောက်တစ်ခုက ရိုဟင်ဂျာပြဿနာပါ။ နိုင်ငံသားပြဿနာနဲ့ ဒီရိုဟင်ဂျာပြဿနာဟာ ဆက်စပ်နေပါတယ်။ သမိုင်းကြောင်းအချက်အလက်တွေကိုတော့ မတင်ပြလိုတော့ပါဘူး။ ဒီပြဿနာကိုဖြေရှင်းတဲ့အခါ ထည့်သွင်းစဉ်းစားဖို့လိုတဲ့အကြောင်းခြင်းအရာများကို တင်ပြလိုပါတယ်။

မောင်းတောမြို့အရေးအခင်းမှာ တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ တိုင်းရင်းသားတွေအသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အမှန်တကယ် ဒုက္ခတွေ့ကြုံခံစားရတာက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ မောင်းတောမြို့မှာ ခေါ်တောတွေရဲ့ အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့တာမရှိခဲ့ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ဒုက္ခသည်အမည်ခံတွေကတော့ ခေါ်တောတွေပါပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံနိုင်လို့ ပြန်နှင်လွှတ်ကြောင်းသတင်းဗွီဒီယိုတွေ ထွက်ပေါ်လာပြန်ပါတယ်။ ဒါနဲ့တစ်ဆက်တည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီရက်ပိုင်းအတွင်း နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ သူ့နိုင်ငံကဒုက္ခသည်စခန်းမှာ ဒုက္ခသည်အမည်ခံ ပုဂ္ဂိုလ်တွေက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လှုပ်ရှားနေကြတယ်၊ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ လက်မခံနိုင်ပါလို့ ထုတ်ပြန်တာကို ကြားသိရပါတယ်။

ဒီအချိန်မှာပဲ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးက တစ်ညီတည်း၊ တစ်သံတည်း ထွက်လာတာကတော့ ရိုဟင်ဂျာဆိုတာ ဒီနိုင်ငံမှာမရှိဘူး ဆိုတဲ့အသံပါ။ လောလောဆယ် ဒီရိုဟင်ဂျာလှုပ်ရှားမှုတွေ၊ RSO လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ အကာအကွယ်ပေး၊ ကူညီပေးနေတာက UNHCR နှင့် လက်အောက်ခံ INGO တစ်ချို့ပါပဲ။ UN အဖွဲ့အစည်းတွေ၊ INGO တွေ ဒီလိုပတ်သက်နေတယ်ဆိုတဲ့သတင်းတွေက ကျွန်တော်တို့လူထုထဲကို သိုးသိုးသန့်သန့်ထွက်ပေါ်လာပါတယ်။ အဲဒီအဖွဲ့အစည်းတွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသားဝန်ထမ်းတွေဆီကပါ။ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်းအချင်းချင်း ရိပ်မိသိရှိပြီး နီးစပ်ရာ၊ နီးစပ်ရာ ပေါက်ကြားလာတာမျိုးပါ။

ဒါတွေက လက်ဆုပ်လက်ကိုင်နှင့် သက်သေထုတ်ပြတိုင်ကြားဖို့ခက်ခဲတဲ့ အခြေအနေမျိုးပါပဲ။ သတင်းတွေဟာ မဖြစ်နိုင်ပါဘူးလို့လဲ မငြင်းနိုင်တဲ့ အခြေအနေပါ။ ၂၀၁၀ ခုနှစ်အတွင်း မောင်းတောမြို့ ခမောင်းဆိပ်မှာ ဖမ်းဆီးအရေးယူခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှု အမှုတစ်ခုမှာ မောင်းတော UNHCR ၀န်ထမ်းတချို့ ပါဝင်ပတ်သက်နေပါတယ်။ အခုလတ်တလောစစ်ဆေးအရေးယူမှုတွေမှာလည်း UNHCR ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေ၊ မိတ်ဖက် INGO တွေက ၀န်ထမ်းတွေ ပါဝင်နေတယ် ဆိုတာလည်း ကြားသိနေရပါတယ်။

(၈-၆-၂၀၁၂)ရက်နေ့၊ မောင်းတောမြို့အရေးအခင်းပြီးတာနဲ့ တစ်ဆက်တည်း ဖြစ်ပေါ်လာတာက စစ်တွေအရေးအခင်းပါ။ မောင်းတောမြို့မှာ တိုင်းရင်းသားတွေ ဒုက္ခတွေ့ကြုံနေတဲ့အချိန်မှာ UNHCR ရုံးက ဘာမှအရေးယူဆောင်ရွက်လာတာကို မတွေ့ရတဲ့အပြင် ယာယီခိုလှုံဖို့တောင်းခံတဲ့ တိုင်းရင်းသားတွေကိုလည်း လောက်လောက်လဲလဲ နေရာပေးကူညီတာ မရှိခဲ့ပါဘူး။ သို့သော် တခြား ခေါ်တော တွေကိုတော့ သီးသန့်နေရာပေးထားခဲ့တာကို တွေ့ရပါတယ်။ (သူတို့သီးသန့်နေရာပေးထားခဲ့တဲ့ ခေါ်တောတွေဟာ မူစလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ်လို့ သံသယရှိလို့ ယခုလောလောဆယ် စစ်ဆေးခံနေရတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေပါတယ်) စစ်တွေမြို့အရေးအခင်းမှာကျတော့ သူတို့ခေါ်တောတွေ ခံနေရတယ်လို့ သတင်းတွေထွက်လာတာနဲ့ UN အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့ကို အပြေးအလွှား ရောက်ရှိလာပါတော့တယ်။ ဒါဟာစဉ်းစားစရာကောင်းတဲ့ အချက်ပါပဲ။ နိုင်ငံတော်ကမည်သူဖိတ်ခေါ်တယ်လို့ သတင်းထုတ်ပြန်ပါစေ (သံတမန်ရေးရာလုပ်ထုံးလုပ်နည်းများအရ ထုတ်ပြန်ချက်လည်းဖြစ်နိုင်ပါတယ်) အလွန်စဉ်းစားစရာ ကောင်းလှပါတယ်။

ဒီနေရာမှာ မောင်းတောမြို့ UNHCR ရုံးရဲ့ လုပ်ငန်းတစ်ချို့နဲ့ပတ်သက်ပြီးတော့ တင်ပြချင်ပါတယ်။ ဒုက္ခသည်အမည်ခံ ခေါ်တောတွေကို စားဝတ်နေရေး အကူအညီပေးနေတာပါ။ UNHCR ရဲ့လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့အတွက် INGO တွေကို Partner အဖြစ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေအပြင် UNHCR ရဲ့ လုပ်ငန်းတွေထဲမှာ နိုင်ငံရေးနဲ့ဆိုင်တာတွေလည်း ရှိပါသေးတယ်။ နောက်တစ်ခုက Imigration နဲ့ဆိုင်တဲ့ လုပ်ငန်းတွေပါ။ အဲဒီအထဲက သိသာထင်ရှားတဲ့တစ်ခုကို ဖေါ်ပြချင်ပါတယ်။ တရားမ၀င်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု (လ၀က မှု/၁၃(၁) လို့ သိကြပါတယ်) တွေကို ဖမ်းမိအရေးယူတဲ့အခါမျိုးမှာ တရားခံကိုရုံးတင်စစ်ဆေးတဲ့ခါ တရားခံဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။ ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှုကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါသလား၊ ဆက်လက်ကျူးလွန်ကြဖို့ အားပေးနေတဲ့သဘောလား၊ စဉ်းစားစရာအလွန် ကောင်းပါတယ်။ ကျွန်တော်နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ တရားဝင် MOU (နားလည်မှုသဘောတူညီချက်) ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော့ ဆောင်ရွက်ဖို့ သဘောတူထားလိမ့်မယ် မထင်မိပါဘူး။ ဒီ MOU တွေကို ပြန်လည်သုံးသပ်ဖို့လည်း တောင်းဆိုပါတယ်။

UNHCR ရဲ့လုပ်ငန်းတွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရှိနေပါတယ်။ ဒီလုပ်ငန်းတွေဟာ ဆက်စပ်နေတော့ UNHCR ရဲ့ Speed Boat တွေက နတ်မြတ်တလျောက် အစုန်အဆန်သွားလာနေကြပါတယ်။ အဲဒီလိုပဲ လုပ်ငန်းဆောင်ရွက်ကြတဲ့ ၀န်ထမ်းတွေကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်ကို စစ်ဆေးမေးမြန်းခြင်းမရှိ ကူးသန်းနိုင်နေကြပါတယ်။ ဒီ့အပြင်ကူးသန်းနေကြတဲ့ UN ၀န်ထမ်းတွေဟာ ခေါ်တောတွေဖြစ်နေပါသေးတယ်။ ဒါတွေကိုထောက်ချင့်ခြင်းအားဖြင့် တဖက်က အယ်လ်ကိုင်ဒါ၊ တာလီဘန်၊ အာရ်အက်စ်အို၊ ဂျမားလ်အစ္စလာမီယာ စတဲ့ ကမ္ဘာကျော်အကြမ်းဖက်အဖွဲ့အစည်းကြီးတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလမ်းအင်မတန် များပါတယ်။ နောက်ပြီး ဘူးသီးတောင်၊ မောင်းတောလို ဒေသမျိုးမှာ Internet ဆက်သွယ်ရေးဆိုတာ နေရာတိုင်းမှာ မရှိပါ။ UNHCR တစ်ခုတည်းမှာပဲ (၂၄) နာရီ အကန့်အသတ်မရှိ သုံးစွဲခွင့်ရရှိထားပါတယ်။ ဒီတော့ ဒီဝန်ထမ်းတွေအတွက် တစ်ကမ္ဘာလုံးနဲ့ အချိန်မရွေးဆက်သွယ်ခွင့် ရရှိသွားပါတော့တယ်။ သူတို့အနေနဲ့ သတင်းတစ်ခုကိုထုတ်ပြန်ဖို့ အလွန်လွယ်ကူနေသလို ပြင်ပကလည်း သတင်းတစ်ခုကိုလက်ခံဖို့ အလွန်လွယ်ကူနေပါတော့တယ်။ ဒီခေါ်တောတွေအတွက် ရရှိထားတဲ့အခြေအနေတွေက အကြမ်းဖက်ကွန်ယက်ထဲမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်း ရရှိထားတာပါပဲ။ ဒီခေါ်တောတွေအတွက်လည်း ဒီလိုအခွင့်အလမ်းကို အမိအရ ရယူဖို့ကြိုးစားကြတာပါပဲ။ ဒီတော့ ဒုက္ခသည်အမည်ခံတွေဆီကို လုပ်ငန်းအကြောင်းပြချက်အမျိုးမျိုးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသွားအပြန်လုပ်နေကြတဲ့ UNHCR ၀န်ထမ်းတွေပါဝင်ပတ်သက်နေတယ်ဆိုတာ ဖြစ်နိုင်ခြေများသွားပါတယ်။

၂၀၀၇ ခုနှစ်၊ နောက်ပိုင်းကတည်းက UNHCR ရုံးအပါအ၀င်၊ INGO ရုံးဌာနတွေမှာ ၀န်ထမ်းခန့်ထားမှုတွေကို လေ့လာကြည့်တဲ့အခါ ခေါ်တောကုလားလူမျိုးတွေကိုသာ ပိုမိုဦးစားပေးခန့်ထားပြီး ဒေသခံတိုင်းရင်းသားဝန်ထမ်းတွေ တဖြည်းဖြည်း အင်အားလျော့ချလာတာကို တွေ့ရပါတယ်။ တိုင်းရင်းသားတွေကိုခန့်ထားတယ်ဆိုတာလည်း များသောအားဖြင့် Technical လိုအပ်တဲ့ရာထူးမျိုးတွေမှာပါ။ နောက်ဆုံး တိုင်းရင်းသားတစ်ယောက်ကို မခန့်လျင်မဖြစ်တဲ့ အခြေအနေမျိုးမှသာလျင် ခန့်ထားခြင်းဖြစ်ပါတယ်။ ခေါ်တောဝန်ထမ်းတွေကို ဘာဖြစ်လို့တိုးခန့််လာတာလဲ။ တိုင်းရင်းသားဝန်ထမ်းတွေ ဘာဖြစ်လို့လျော့ချလာတာလဲဆိုဒါတွေကိုစဉ်းစားဖို့ အချိန်ကျနေပါပြီ။ ခေါ်တောတွေက UN နှင့် INGO တွေကို အကာအကွယ်ယူဖို့အသုံးချနေပြီး UN နှင့် INGO တွေမှာ တာဝန်ခံဆိုတဲ့ ပုဂ္ဂိုလ်နိုင်ငံခြားသားတွေ မသိလို့အလိမ်ခံနေကြတာလား၊ သိသိနဲ့ ကိုယ်တိုင်ပါဝင်သတ်သက်နေတာလား အဖြေရှာဖို့လိုပါပြီ။

နောက်ပြီးသူတို့အခေါ် Vulnerable People, Beneficiary စသည်ဖြင့် ခေါ်ဝေါ်နေကြတဲ့ အကျိုးခံစားခွင့် ရရှိထားသူတွေဟာလည်း ခေါ်တောတွေချည်းပါပဲ။ တိုင်းရင်းသားထဲက ဘယ်လောက်ပင် ဆင်းရဲနေပလေ့စေ၊ ဘယ်လောက်ပင် ကျန်းမာရေး၊ ပညာရေး အခက်အခဲအမျိုးမျိုးတွေ့နေရပါစေ အကြောင်းတစ်ခုမဟုတ် တစ်ခုနှင့် ပယ်ပစ်ခဲ့တာပါပဲ။ မျက်မြင်အထောက်အထားအဖြစ်နဲ့ ဘူးသီးတောင်၊ မောင်းတောဒေသက စာသင်ကျောင်းအဆောက်အအုံတွေ၊ အဲဒီစာသင်ကျောင်းတွေမှာ ရရှိထားတဲ့ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂ အသုံးအဆောင်တွေ ဘယ်လိုရရှိထားတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသဖို့အတွက် ထောက်အပံ့ရနေတာ ဘယ်သူတွေပါလဲ။ အာဟာရချို့တဲ့မှုအတွက် အထောက်အပံ့ရရှိနေတာ ဘယ်သူတွေပါလဲ။ နောက်တစ်ခုက ဘူးသီးတောင်၊ မောင်းတောဒေသမှာ အနီးစပ်ဆုံး (၁၅-၆-၂၀၁၂)နေ့မှာ ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ရေကြီးမှုကိုအကြောင်းပြပြီး ဒီနေ့အထိအကျိုးခံစားခွင့်ရရှိနေတာတွေပါပဲ။ သဘာဝဘေးဆိုတာ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာခွဲခြားမှုမရှိပဲ ထိခိုက်ခံစားခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံတကာအကူအညီရရှိခဲ့တဲ့နေရာမှာတော့ ခေါ်တောတွေရဲ့ရွာတွေမှာပဲ ရရှိခဲ့ပါတယ်။ စားနပ်ရိက္ခာ၊ သောက်ရေ၊ သုံးရေနှင့် သန့်ရှင်းရေးအစီအစဉ်တွေမှာ ရေတွင်း၊ ရေကန်၊ အိမ်သာ စတာတွေ အထောက်အပံ့ကို အခုအချိန်ထိ ခေါ်တောရွာတွေပဲ ရရှိခံစားနေတာပါပဲ။ စီမံချက်ဧရိယာတစ်ခုအတွင်းမှာ တိုင်းရင်းသားရွာတစ်ရွာ ပါဝင်နေရင်တောင်မှ အိမ်ခြေ(၅၀)မပြည့်လို့ ခံစားခွင့်မပေးနိုင်ပါ ဆိုတဲ့အကြောင်းပြချက်နဲ့ ချန်ထားခဲ့တာပါပဲ။ (လူနည်းစုဖြစ်လို့၊ လူများစုဖြစ်လို့ဆိုပြီး ပြောတဲ့ဆရာမကြီး ကျပ်ကျပ်သတိထားသင့်ပါတယ်) ရင်နာစရာအကောင်းဆုံးက အကြီးဆုံးနိုင်ငံရေးပါတီကြီးက ရေကြီးမှုအတွက် အကူအညီအဖြစ် ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှာတောင် ခေါ်တောရွာ၊ ခေါ်တောရပ်ကွက်တွေကိုပဲ ထောက်ပံ့ပေးခဲ့တာပါဗျာ။ (မဲရဖို့ လိုနေတယ်မဟုတ်လား) အဲဒီတော့ ခွဲခြားဆက်ဆံမှု (discrimination) ပြုနေတာ ဘယ်သူတွေပါလဲ။ နောက်ထပ်သူတို့ ကျယ်ကျယ်လောင်လောင်ပြောနေတဲ့ လူ့အခွင့်အရေး (Human Right) ကိုချိုးဖေါက်နေကြတာ ဘယ်သူတွေပါလဲ။ ဘာသာရေးလွတ်လပ်ခွင့်ကို တမင်သတ်သတ်ချိုးဖောက်နေတာ ဘယ်သူတွေပါလဲ။ ဒါတွေဟာ တင်ပြဖို့တောင်မလိုတော့အောင် ထင်ရှားနေပြီးသားပါ။ မဖြစ်ပါနိုင်ဘူးလို့ ထင်တဲ့သူ၊ မယုံတဲ့သူတွေ ကျွန်တော်တို့ ဘူးသီးတောင်၊ မောင်းတောဒေသကို လာခဲ့ကြပါ။ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှ သုံးသပ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကိုယ်တိုင် စရိတ်ငြိမ်း အစအဆုံးအားလုံးကို တာဝန်ယူပြီး လိုက်ပြချင်ပါတယ်။ ဒီဒေသကို မလာနိုင်ရင်လဲ ခင်ဗျားတို့ နီးစပ်ရာဒေသကို ကြည့်ပါ။ ၂၀၀၈ ခုနှစ် က နာဂစ်မုန်တိုင်းကို အမှတ်ရနေကြအုံးမှာပါ။ နောက်ပြီး ၂၀၁၀ ဂီရိမုန်တိုင်း၊ အခု အဲဒီဒေသက ပြည်သူတွေကို ထောက်ပံ့ကူညီပေးနေတဲ့ UN အဖွဲ့အစည်း အရေအတွက် ဘယ်နှစ်ခုရှိပါသေးသလဲ။ အရေအတွက်တူညီခဲ့ရင်တောင် (Budget) ရံပုံငွေပမာဏနဲ့ လူဦးရေအချိုး ဘယ်လောက်ရှိပါသေးသလဲ။ ရှင်းရှင်းလေးပါပဲ – ဒါတောင် သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ဘူးသီးတောင်၊ မောင်းတောဒေသမှာ UN အဖွဲ့အစည်းတွေ၊ INGO တွေ ၀င်ရောက်လှုပ်ရှားနေတာ နှစ်ပေါင်း (၂၀)တောင် ပြည့်ပါတော့မယ် ခင်ဗျား။ ဘူးသီးတောင် – မောင်းတော ဒေသဟာ နာဂစ်လည်း မဖြစ်ဖူးဘူး၊ ဂီရိလည်း မ၀င်းဖူးဘူး၊ ဆူနာမီဆို ယောင်လို့တောင် မျက်စောင်းမထိုးတဲ့နေရာဒေသတစ်ခုပါ။

အခုလည်း ဒီအရေးအခင်းအတွက် ကူညီထောက်ပံ့ပေးကြဖို့ အစိုးရကဖိတ်ခေါ်ထားတာကို ကြားသိလိုက်ရပါတယ်။ ကျွန်တော်ပြောရဲပါတယ် – တကယ်တမ်း UN နဲ့ INGO တွေက အကူအညီပေးလာခဲ့ မယ်ဆိုရင်လည်း နစ်နာဆုံးရှုံးခဲ့ရတဲ့ တိုင်းရင်းသားတွေအတွက်ကို အစီရင်ခံစာမှာဖေါ်ပြနိုင်အောင် ပေးတယ်ဆိုရုံလေး မစို့မပို့ရာခိုင်နှုန်းလောက်သာပေးပြီး ခေါ်တောတွေကိုတော့ နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကျော်မက ထပ်ပေးနေဦးမှာပါ။ ဒါက UN, INGO စတာတွေမှာ ခေါ်တောတွေချည်းကြီးစိုးနေပြီး တိုင်းရင်းသားတွေ ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေကို ကြုံကြိုက်တုန်း တင်ပြခဲ့တာတွေပါ။

အခုအရေးအခင်းမှာ ခေါ်တောတွေဆီက လက်နက်တွေရရှိထားတယ်ဆိုတာနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ကြေငြာတာ မတွေ့ရသေးပေမယ့် ယနေ့အထိ သိရှိထားရသမျှတွေအရတော့ အမှန်ပဲဖြစ်ပါတယ်။ ခေါ်တောတွေ ဘင်္ဂလား – မြန်မာ နယ်စပ်မှာ UN ကိုအကြောင်းပြပြီး လှုပ်ရှားနေကြတယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြနေပါတယ်။ UNHCR ၀င်းထဲမှာ တစ်ညနေခဲ့ကြတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကလည်း သံသယဖြစ်စရာလှုပ်ရှားမှုတွေ တွေ့မြင်ကြားသိခဲ့ကြရတဲ့အကြောင်း ပြန်ပြောပြတာတွေရှိပါတယ်။ လူပုဂ္ဂိုလ်နာမည်တွေကအစ တိတိကျကျဖေါ်ထုတ်ပြောလာခဲ့တာပါ။ (ဒေသခံတိုင်းရင်းသားတွေဟာ ခေါ်တောစကားကို အထိုက်အလျှောက် နားလည်တတ်ကျွမ်းကြပါတယ်) နောက်ဆုံးဖမ်းဆီးအရေးယူမှုခံရသူတွေထဲမှာ မောင်းတောမြို့ UNHCR ရုံးဝင်းထဲမှာ ၀န်ထမ်းမဟုတ်ဘဲ ၀င်ရောက်ခိုလှုံနေသူတွေကိုပါ ဖမ်းမိခဲ့ပါတယ်။ ဒေသခံတွေပြောတဲ့နာမည်နဲ့ ခေါ်တောတွေ အမှန်တကယ်ပဲ ဖမ်းဆီးတဲ့အထဲ ပါဝင်နေပါတယ်။ ဒါကြောင့် UN ရဲ့ တာဝန်ခံအကြီးအကဲတောင် ဒီကစ္စမှာပါဝင်ပတ်သက်နေသလားလို့တောင် သံသယဖြစ်စရာကောင်းနေတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိထိမိမိ စုံစမ်းစစ်ဆေးသင့်ပါတယ်။

တစ်ခါ UN အထူးကိုယ်စားလှယ်ကြီးရဲ့ထုတ်ပြန်ချက်တွေမှာ ကျွန်တော်တို့ရခိုင်ဒေသက ထွက်ပြေးခိုလှုံလာတဲ့ Rohingya (ရိုဟင်ဂျာ) တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံပေးဖို့ထုတ်ပြန်ခဲ့ပြီး Rohingya (ရိုဟင်ဂျာ)ဆိုတဲ့အသုံးအနှုန်းသစ်ဝေါဟာရ ကိုတမင်သုံးနှုန်းထုတ်ပြန်သွားတာတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတာကို မရှိပါဘူး၊ လက်မခံနိုင်ပါဘူးလို့ တရားဝင်ထုတ်ပြန်၊ တင်ပြထားကြပါလျက် အခုလိုထုတ်ပြန်ကြေငြာချက်တွေမှာ ရိုဟင်ဂျာလို့ သုံးနှုန်းသွားခဲ့တော့ UNHCR ဆိုတာ ဒုက္ခသည်အမည်ခံအကြမ်းဖက်သမားတွေကို အကာအကွယ်ပေးနေတဲ့ အဖွဲ့အစည်းလို့ဘဲ သုံးသပ်ရပါလိမ့်မယ်။ High Commissioner for Refugees မဟုတ်တော့ပါ။ High Commissioner for RSO (Rohingya) သို့မဟုတ် High Commissioner for Rebels လို့ပဲ ပြောရတော့မှာပါ။

အခုဖြစ်ပေါ်ခဲ့တဲ့အရေးအခင်းကို အသေအချာသုံးသပ်ကြည့်မယ်ဆိုလိုရှိရင် အားလုံးဟာ သေသေချာချာ အကွက်ချစီမံထားတဲ့ အခင်းအကျင်းတစ်ခု၊ အရေးအခင်းကို တနည်းနည်းနဲ့ မဖြစ်ဖြစ်အောင်ဖန်တီးကြိုးစားလာခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ အစောပိုင်းကကျွန်တော်တင်ပြခဲ့သလို ကျောက်နီမော်ပြဿနာ၊ တောင်ကုတ်ပြဿနာဆိုတာတွေဟာ လတ်တလောအကြောင်းရင်းပါပဲ။ တကယ့်အကြောင်းရင်းကတော့ ရခိုင်ဒေသကို ခေါ်တောတွေက သူတို့နယ်မြေအဖြစ်အပိုင်ကျူးကျော်သိမ်းပစ်နိုင်ဖို့ စစ်ဆင်လာတာဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါဟာ ရခိုင်ဒေသတစ်ခုတည်းနဲ့ဆိုင်တဲ့ပြဿနာ ဟုတ်ပါသလား ခင်ဗျား။ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အဆင့်ဆင့်က ဒီပြဿနာကိုဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲ။ နည်းလမ်းရှာဖို့လိုပါပြီ။ လတ်တလောမီိးငြိမ်းသွားရင်တောင် နောက်ထပ်မီးတောက် မလောင်ရအောင် လောင်စာကို သေချာရှင်းလင်းဖို့လိုပါပြီ။ မီးရှို့မယ့် လက်တွေကို ဖြတ်ပစ်လိုက်ဖို့ လိုနေပါပြီ။ ကျွန်တော်တို့သာမန်ပြည်သူတွေရဲ့သဘောထားကတော့ ခေါ်တောတွေဆိုတာ ကျွန်တော်တို့နိုင်ငံသားမဟုတ်ပါဘူး။ တိုင်းရင်းသားတွေမဟုတ်မှန်း လ.၀.က ၀န်ကြီးကလည်း ခေါ်တောလား၊ တိုင်းရင်းသားလားဆိုတာ ခွဲခြားမရဘူးဆိုရင် ရခိုင်တွေသာသိတယ်၊ ရခိုင်တွေကိုမေးပါလို့ ဆိုထားပါတယ်။ ကျူးကျော်လာတဲ့ခေါ်တောတွေဟာ တိုင်းရင်းသား (လုံးဝ) မဟုတ်၊ နိုင်ငံသားဖြစ်ပိုင်ခွင့် (လုံးဝ)မရှိသည့် မတရားခိုးဝင်လာကြသူများသက်သက်သာဖြစ်ပါသည်။

ခေါ်တောတွေဟာ နိုင်ငံမဲ့ဒုက္ခသည်တစ်ဖြစ်လဲ အကြမ်းဖက်သမားတွေပါပဲ။ သူတို့တွေနဲ့ နေထိုင်ပုံစရိုက်၊ အသွင်သဏ္ဍန်၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေတူတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတောင် ဧည့်သည်အဖြစ်နဲ့မှ လက်မခံတာကြီးကို ကျွန်တော်တို့ မြန်မာပြည်ကြီးက နိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးပြီး၊ တိုင်းရင်းသားအဖြစ် လွှတ်တော်ထဲ အ၀င်ခံကြမလို့လား။ နိုင်ငံတကာလှည့်လည်ပြီး ဧည့်သည်ဟာအိမ်ရှင်တွေကို အနှောင့်အယှက်မပေးရလို့ သြ၀ါဒပေးနေတဲ့ ဆရာမကြီးကိုလည်း တစ်ခုလောက်တင်ပြချင်ပါတယ်။ အခု ကျွန်တော်တို့က ဧည့်သည်အဖြစ်တောင်လက်မခံပါဘဲ အိမ်ရှင်ကိုပြန်ပြီးစော်ကားနေတဲ့ ခေါ်တောတွေကို ဘယ်လိုသြ၀ါဒပေးဦးမှာလဲ ဆိုတာပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ဒီခေါ်တောတွေကို သနားလှပါတယ်၊ သူတို့လူ့အခွင့်အရေးဆုံးရှုံးနေကြရပါတယ်ဆိုပြီး ရင်ထုမနာဖြစ်နေကြရင် အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းတစ်ခုရှိနေပါတယ်။ UNHCR တို့၊ INGO တို့ကနေ ဆယ်စုနှစ်ပေါင်းများစွာ လှူဒါန်းမယ့်ရံပုံငွေတွေအစား မိတ်ဆွေတို့နိုင်ငံမှာ ခေါ်တောတွေကို နေရာပေးပြီး ထားပေးလိုက်ကြပါ။ အလှူရှင်နိုင်ငံတွေအနေနဲ့ ခေါ်တောပြဿနာကို အဲဒီလို အချိုးကျ ခေါ်ယူဖြေရှင်းလိုက်ကြရင် အဆင်ပြေသွားပါလိမ့်မယ်။ မိတ်ဆွေတို့လည်း ရံပုံငွေတွေစုဆောင်းပေးပို့နေစရာမလိုအပ်တော့ပါဘူး။ သူတို့အတွက်လည်း နိုင်ငံမဲ့ဘ၀က အဆုံးသတ်သွားပါလိမ့်မယ်။ အဲဒါအကောင်းဆုံးပါပဲ။

ရခိုင် အမျိုးသားတို့ ကြုံတွေ့နေရသော နှိုင်းရဆုံးရှုံးမှု

credit to arakantimes.net

မောင်စိုင်းစား

ရိုဟင်ဂျာဟု အမည်တပ်ထားသော နိုင်ငံမဲ့ ဒုက္ခသည်များ၏ ပုံရိပ်များ နိုင်ငံတကာသတင်းဌာနများတွင် ပလူပျံလာခြင်းသည် ရခိုင်တို့၏ စိုးရိပ်ပူပန်မှုများကို အဆုံးစွန်ဆုံးသို့ ရောက်အောင်တွန်းပို့လိုက်လေသည်။ ရခိုင်သားတို့ မြင်မိသည်က နိုင်ငံမဲ့နေသောလူတစ်စုဟူသော အဖြစ်ထက်၊ ၄င်းတို့၏ ဘလော့များ၊ အင်တာနက်စာမျက်နှာများတွင် ဖြစ်ပျက်နေသော သမိုင်းကြောင်းဆိုင်ရာနှင့် နိုင်ငံသားဖြစ်ခွင့် သဘောတရားရေးရာများ ဖြစ်သည်။ ထိုအဖြစ်အပျက်များကြောင့် သနားရမည်ဟူသောအဖြစ်ထက် မိမိအရေးကို စိုးရိမ်ပူပန်ရမည့်အနေအထားကို ရောက်ရှိသွားသည်။ ရခိုင်လူမျိုးများမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ပြီး၊ သနားဂရုဏာတရားကို ရှေ့တန်းတင်သူများဖြစ်သော်ငြားလည်း မည်သည့်အတွက်ကြောင့် ရိုဟင်ဂျာ ဆိုသည်နှင့် ဆန့်ကျင်ချင်သော စိတ်ဆန္ဒများကြီးစိုးနေရပါသနည်း။ အထက်ပါမေးခွန်းကို ကျွန်ုပ်သိသော အနောက်နိုင်ငံသားတစ်ဦးမှ မေးမြန်းခဲ့ပေသည်။

ဤမေးခွန်းကို ဖြေရန်အတွက် ရခိုင်လူမျိုးတို့၏ ခံစားချက်များကို ယထာဘူတကျကျ ရှုမြင်ကြည့်ရန် လိုအပ်လာပေသည်။ ကောက်ချက်တစ်ခုမှာ ရခိုင်လူမျိုးများသည် နှိုင်းရဆုံးရှုံးခြင်း ဟူသော သဘောတရားကို ခံစားနေရသည် ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံအနောက်ဘက်၊ ရခိုင်ရိုးမ၏ ထိုမှာဘက်တွင်နေထိုင်သော ဤလူမျိုးများသည် အတိတ်၏ ကြီးကျယ်ခမ်းနားခြင်းတွင် ဂုဏ်ယူတတ်သူများ ဖြစ်သည်။ ယင်းကဲ့သို့သော ကြီးကျယ်ခန်းနားမှုများကိုလည်း ဒီဂျီအီးဟော၊ မောရိစ်ကောလိစ်ကဲ့သို့သော အနောက်တိုင်း ပညာရှင်များ၊ စာရေးဆရာများပင်လျှင် နှစ်ပေါင်းအတန်ကြာကပင် စာတမ်းများပြုစုဖူးဖြင်း၊ မြောက်ဦး၊ ဓည၀တီ၊ ဝေသာလီစသော မြို့ဟောင်းများ၏ အကြွင်းအကျန်များက သဇင်ပန်းခိုင်တမြိုင်မြိုင် ဆိုသကဲ့သို့ အထင်အရှားပြသနေခြင်းတို့က သူတို့၏ ဂုဏ်ယူတတ်ခြင်း အတွင်းသဘောကို ဖြည့်ဆည်းပေးသည်နှင့် တူနေပေသည်။ ရခိုင်လူမျိုးများသည် လက်ရှိအုပ်ချုပ်သူ တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာများနှင့် မိမိတို့သည် တန်းတူသော လူမျိုးတစ်မျိုးဖြစ်သည် ဟူသော ခံယူချက်ကို ကိုင်စွဲထားပေသည်။ တစ်ချို့ရခိုင်များမှာ ထို့ထက်ပို၍ မိမိတို့သည် ဗမာများထက်ပင် ရှေးကျသောသမိုင်းကို ပိုင်ဆိုင်ထားခြင်းနှင့် မြောက်ဦးခေတ်သည် ဗမာဘုရင့်နိုင်ငံဖြစ်သည့် အင်းဝ၊ အမရပူရထက်ပင် တိုးတက်ခဲ့ကြောင်းကို ဒင်္ဂါးပြားဥပမာများ၊ စာဆိုက၀ိတို့၏ ရခိုင်မင်းသမီးဧချင်းအစရှိသော ဥပမာများဖြင့် တဖွဲ့တနွဲ့ ထောက်ပြကြပေသည်။

သို့ရာတွင် ၁၇၈၄ ခုတွင် ရခိုင်ဘုရင့်ပြည်သည် ပျက်သုန်းဆိတ်ငြိမ်းခဲ့ပြီး၊ ရခိုင်အထက်တန်းလွှာများသည် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ၄င်းတို့သည် နယ်ချင်းစပ်ရာ၊ တစ်ချိန်က ၄င်းတို့ ရာစုနှစ်ပေါင်းနှစ်ရာကျော်ကြာ အုပ်စိုးခဲ့ရာ စစ်တကောင်းမြို့ရပ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြသည်။ ရခိုင်ဘုရင်နှင့် မောင်းမမိသံများမှာမူ စစ်နိုင်သူတို့၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။

ထိုအချိန်ထိုအခါက စစ်တကောင်းရပ်ဝန်းဒေသသည် ယခုကဲ့သို့ လူဦးရေ ထူထပ်ခြင်းမရှိသေးပေ။ စစ်၏အနိဌာရုဏ်များကို ရှောင်ခွာလာခဲ့သော ရခိုင်များကို အင်္ဂလိပ်များက ယာယီနေရာများချပေးခဲ့ယင်း၊ နတ်မြစ်၏ တစ်ဖက်ကမ်း (ယခုဘင်္ဂလားနယ်မြေ)တွင် ဖလောင်းချိတ်၊ ကယုချောင်း၊ မြစ်နားရွာ၊ အပေါက်ဝ အစရှိသော ဒေသများသည် ရခိုင်တို့အတွက် စိုက်ပျိုးစားရာ နယ်မြေများ ဖြစ်ခဲ့သည်။ လူဦးရေနည်းပါးခြင်း၊ စိုက်ပျိုးမြေပေါများခြင်းများကြောင့် ရခိုင်တို့၏ စီးပွားရေး ပြေလည်ခဲ့သည်။ ရခိုင်ပြည်မူရင်းနယ်မြေဖြစ်သော မြောက်ဦး၊ ကျောက်တော်၊ ရမ်းဗြဲ အစရှိသော နယ်မြေများတွင်မူ စစ်၏ဒဏ်ကြောင့်လည်းကောင်း၊ အခွန်အကောက်ကြီးမြင့်ခြင်းကြောင့်လည်းကောင်း ရခိုင်တို့သည် ဆင်းရဲကျပ်တည်းခဲ့သည်။

အင်္ဂလိပ်များ ရခိုင်ကို သိမ်းပြီးနောက်တွင် ရခိုင်တို့၏ ပညာရေး အဆင့်အတန်းသည် အလွန်ကောင်းမွန်ခဲ့သည်။ ရခိုင်ပြည်မှ ပညာတတ် အများအပြားမွေးထုတ်နိုင်ခဲ့ပြီး အင်္ဂလိပ်တို့၏ ဗျူရိုကရတ် အုပ်ချုပ်ရေးတွင် ထိပ်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြသည်။ အင်္ဂလိပ်အုပ်ချုပ်ရေးတွင် ဦးမေအောင်၊ ဆာပေါ်ထွန်း အစရှိသော ထင်ရှားသူများမှာ ရခိုင်အမျိုးသားများ ဖြစ်ကြသည်။ အိန္ဒိယ ပြည်သူ့အုပ်ချုပ်ရေး စာမေးပွဲဖြစ်သော ICS ကိုလည်း ရခိုင်သားများ ထူးချွန်စွာ အောင်မြင်ခဲ့သည်။ မြန်မာပြည်၏ ICS စာမေးပွဲ အောင်မြင်သူများစာရင်းတွင် ရခိုင်အမျိုးသားများ ကြီးစိုးနေခဲ့သည်။ ရှေ့နေရှေ့ရပ်များတွင်လည်း ရခိုင်သားများ ထင်ပေါ်ခဲ့သည်။ ခက်ခဲနက်နဲလှသော ပိဋ္ဋကတ်သုံးပုံကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သော ပုဂ္ဂိုလ်မှာလည်း ရခိုင်ပင် ဖြစ်သည်။

အခြားတစ်ဖက်ဖြစ်သော စီးပွားရေးတွင်လည်း ဘင်္ဂလာနှင့် ကုန်သွယ်နိုင်သဖြင့် ဦးရဲကျော်သူ ကဲ့သို့သော သူကြွယ်များ ပေါ်ထွန်းခဲ့သည်။ အရှင်ဦးဥတ္တမကဲ့သို့သော မြန်မာနိုင်ငံရေးကို လှုပ်နိုးခဲ့သူမှာလည်း ရခိုင်အမျိုးသားပင် ဖြစ်သည်။

ယခုကဲ့သို့သော အတိတ်က ကြီးကျယ်မှုများသည် ရခိုင်အမျိုးသားတို့အတွက် လက်မ ထောင်စရာ ဖြစ်ခဲ့သည်။ အရှင်ဦးဥတ္တမ၏ ဒုတိယကို မလို၊ ပထမကိုမှ လိုချင်သော စိတ်ဓာတ်မျိုးသည် ရခိုင်သားတို့၏ အတွင်းသဘောကို လွှမ်းမိုးနေခဲ့သည်။ သို့ရာတွင် ကံကြမ္မာသည် ရက်စက်တတ်သော သဘောကို ဆောင်သည် ထင်ပါသည်။

မကြာသေးခင်အချိန်က UNDP ၏ အစီရင်ခံစာတစ်ခုအရ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးလျှင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်ကြောင်း သိလာရပေသည်။ ဂီရိမုန်တိုင်းတိုက်ပြီးနောက်တွင် ရခိုင်ပြည်နယ်သို့ အကူအညီပေးရန် ရောက်ရှိခဲ့ကြသော NGO များသည်လည်း ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ဆင်းရဲမွဲတေမှုမှာ အဆုံးစွန်စိုးရိမ်ရသော အခြေအနေကို ရောက်နေကြောင်း ထောက်ပြလာပေသည်။ ရခိုင်အမျိုးသားများမှာ မိမိ၏ မွေးရပ်မြေကို စွန့်ခွာ၍ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် နေကြရပေသည်။ မကြာခင်က ရခိုင်ပြည်နယ်သို့ ခရီးသွားခဲ့သော မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် မိန်းမများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိပြီး အားကောင်းမောင်းသန်လူငယ်လူရွယ်ဟူ၍ မြို့ရွာများတွင် ရှာဖွေရ ခက်ခဲသွားပြီ ဖြစ်ကြောင်း ဆိုပေသည်။

ယခုကဲ့သို့သော အခြေအနေဆိုးများကို ခံစားနေကြရကြောင်းကို ရခိုင်သူ၊ ရခိုင်သားများ နားလည်သဘောပေါက်မှု ရှိကြသဖြင့်သာလျှင်၊ အတိတ်နှင့် ပစ္စုပ္ပန်၏ ဆီနှင့်ရေပမာကွာခြားချက်များကို နားလည်၍နေကြသဖြင့်သာလျှင် အထက်ဖော်ပြပါ နှိုင်းရဆုံးရှုံးခြင်းကို ခံစားနေကြရခြင်း ဖြစ်သည်။

၎င်းကဲ့သို့ ဆုံးရှုံးမှု ခံစားနေရချိန်တွင် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်ကြကုန်သော ဘင်္ဂလီများ၏ သမိုင်းဆိုင်ရာ ပြောင်းပြန်လှန်ရေးသားထားသော ဇာတ်လမ်းများ ပလူပျံလာခြင်းက ရခိုင်တို့၏ နှလုံးသားကို ဓားထက်ထက်ဖြင့် ထိုးမွနေသည်နှင့် တူပေသည်။ ၄င်းကဲ့သို့ သမိုင်းပြန်လှန်ကွက်များထွက်လာသည်မှာ အတိတ်က လူမျိုးရေးအဓိကရုဏ်းများတွင် ရခိုင်တို့ သတ်ဖြတ်ခံခဲ့ရသော ပုံရိပ်များကို သတိရလာကြသည်။ လူမျိုးရေးအဓိကရုဏ်းတို့၏ သဘောမှာ နှစ်ဦးနှစ်ဘက် နစ်နာကြရသော သဘောရှိပေသည်။ ၁၉၄၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိကရုဏ်းတွင် ရခိုင်လူမျိုးများသော နေရာတွင် ဘင်္ဂလီများ အသတ်ခံခဲ့ရပြီး၊ ဘင်္ဂလီလူမျိုးများသော နေရာများတွင် ရခိုင်လူမျိုးတို့ အသတ်ခံခဲ့ရသည်။ သို့ရာတွင် လူတို့၏ သဘောမှာ ခံရခြင်းကိုသာ အသိစွဲမှတ်တတ်ခြင်းကား သဘာဝသာ ဖြစ်ပေသည်။

အတိတ်သမိုင်းကြောင်းကို ခြေရာခံကောက်ကြည့်သော် မြောက်ဦးခေတ်၊ ရခိုင်ဘုရင်များကြီးစိုးချိန်တွင် မူစလင်များကို နေရာပေးခဲ့သော အချိန်များရှိခဲ့ပြီး ၄င်းမူစလင်များမှာ ရခိုင်ပြည်နယ်တွင် အခြေတကျနေထိုင်ခဲ့၍ ရခိုင်များက ကမန် ဟု အမည်ပေးခဲ့ပေသည်။ ၄င်းကမန်များမှာ အီစလန်ဘာသာကို ကိုးကွယ်ပြီး၊ ဒေသခံ ရခိုင်များကဲ့သို့ပင် ရခိုင်စကားပြောခြင်း၊ ရခိုင်လို ၀တ်စားဆင်ယင်ခြင်းများရှိသည်။ ဘင်္ဂလီများက ကမန်တို့၏ သမိုင်းကြောင်းကို ပြန်ပေးဆွဲပြီး မူစလင်ချင်းတူသဖြင့် အတူတူရောချခြင်း လုပ်နေသည်ဟု ရခိုင်တို့က ယုံကြည်သည်။ သို့ရာတွင် ကမန်များ ခမျာမှာလည်း မြန်မာနိုင်ငံတော် အစိုးရ၏ မျက်နှာသာပေးခြင်းကို မခံရရှာပဲ နိမ့်ချဆက်ဆံခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းများ ခံစားနေရသည်။

ဘင်္ဂလီတို့သည် အင်္ဂလိပ်ခေတ်တွင် လယ်ယာစိုက်ပျိုးရန် ရခိုင်မြေသို့ လာရောက်ခဲ့ကြပြီး အိမ်မပြန်ပဲ ရခိုင်ပြည်တွင် အခြေချနေထိုင်ခဲ့ကြကြောင်းကို အင်္ဂလိပ်တို့၏ လူဦးရေစစ်တမ်းများကို မှီးငြမ်း၍ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ဆိုလေသည်။ သူက ဆက်ဆိုသည်မှာ အင်္ဂလိပ်အုပ်ချုပ်သူများက စစ်တကောင်းသားဘင်္ဂလီများ၏ ရွှေ့ပြောင်းနေထိုင်ခြင်းကို အချိန်မှီ မထိန်းချူပ်နိုင်ခဲ့လျှင် ရခိုင်ပြည်တွင် ရခိုင်များက လူနည်းစုဖြစ်ပြီး ဘင်္ဂလီများက လူဦးရေ အသာစီးရသွားလိမ့်မည် ဖြစ်ကြောင်း၊ အင်္ဂလိပ်အုပ်စိုးသူများကပင် စိုးရိမ်ခဲ့ကြရကြောင်း အထောက်အထားများဖြင့် ဆိုပြသည်။ နောက်ရခိုင်အမျိုးသားတစ်ဦးဖြစ်သော ဦးခင်မောင်စောမှလည်း အထောက်အထားဖြင့် စာတမ်းများရေးသားကာ ဘင်္ဂလီတို့၏ ကူးပြောင်းလာရောက်မှုကို ထောက်ပြသည်။

သို့ရာတွင် နိုင်ငံတကာတွင် ဘင်္ဂလီများ၏ အရေးတော်ပုံ ပေါ်ပေါက်လာသည်မှာ မြန်မာအစိုးရ၏ လူအခွင့်အရေးဖိနှိပ်မှုများကြောင့် ဖြစ်သည်။ ဘင်္ဂလီများက ရခိုင်တို့သည် မြန်မာများနှင့် ပေါင်းပြီး သူတို့ကို ဖိနှိပ်ပါသည်ဟု ပြောကာ ရခိုင်အမျိုးသားများကို ဘီလူးသဘက်အဖြစ် နိုင်ငံတကာက မြင်အောင် လုပ်ပြကြလေသည်။ ရခိုင်အမျိုးသားများကို ၄င်းကဲ့သို့ နိုင်ငံတကာက မြင်အောင်လုပ်ပြရုံသာမက ရခိုင်အမျိုးသားများ၏ အထူးအထွတ်အမြတ်ထားရာ သမိုင်းကြောင်းကို အပြန်အလှန်ကုလားဖန်ထိုး ကောက်ချက်ဆွဲပြလေရာ ရခိုင်များမှာ နဂိုကပင် ဘီလူးရုပ်အသွင်းခံထားရသဖြင့် အသားနီနေသည်နှင့် အလိုက်သင့်ပင် အနာကို ဆားထည့်ခံကြရလေသည်။ ထိုအခါ ရခိုင်တို့၏ နှလုံးသားများ ဆတ်ဆတ်ခါ နာကျင်ကြရသည်။

ဘင်္ဂလီများ အရေးတကြီးလိုအပ်နေသည်မှာ လူ့အခွင့်အရေးများဖြစ်သည်။ သမိုင်းထဲက ဇာတ်လိုက်ဖြစ်ရန်မဟုတ်ပေ။ လူ့အခွင့်အရေး၏ သဘောမှာ အစိုးရ နှင့် ပြည်သူ၏ကြားက နားလည်မှုတစ်ခုသာ ဖြစ်သည်။ လူ့အခွင့်အရေး ဆုံးရှုံးခြင်းသည် အစိုးရက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို မလိုက်နာ၍သာ ဖြစ်သည်။ လူတစ်ဦးချင်းနှင့် အခြားလူတစ်ဦးချင်းအကြားက နားလည်မှု၊ ခိုက်ရန်ဖြစ်မှုများမှာ ရာဇသတ်ပုဒ်များသာ ဖြစ်သည်။ ရခိုင်များမှာလည်း လူ့အခွင့်အရေးဆုံးရှုံးကြရသည်သာ ဖြစ်သည်။ နိုင်ငံတကာလူ့အခွင့်အရေး စာတမ်းနှင့်တကွ၊ တစ်သီးတစ်ခြားသော လူ့အခွင့်အရေးစာချုပ်များတွင် ပြဌာန်းထားသော အခွင့်အရေးများကို မြန်မာနိုင်ငံသားအားလုံး ဆုံးရှုံးကြလေသည်။ ဘင်္ဂလီများမှာ နိုင်ငံခြားသားများ အဖြစ်သတ်မှတ်ခံရသဖြင့် ပို၍နစ်နာခြင်း ဖြစ်သည်။

ရခိုင်လူမျိုးများမှာကား မိမိအရေးအတွက် အလွန်အမင်း ပူပန်နေကြရပေသည်။ အတိတ်ကာလက ရခိုင်တို့သည် သွေးစည်းညီညွတ်မှု ရှိကောင်း ရှိခဲ့မည် ဖြစ်သော်လည်း ယခုအခါမှာမူ ၀ါးအစည်းပြေသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်။ ရခိုင်တို့သည် ဗမာတို့၏ သူရဲကောင်း ကိုးကွယ်သော အလေ့အထကို အလွန်အတုခိုးတတ်ကြကြောင်း ရခိုင်လူငယ်တစ်ချို့က ညည်းညူကြလေသည်။ သူတို့က ပြောသည်မှာ ရခိုင်တို့၏ စိတ်နေစိတ်ထားသည် မဟုတ်မခံစိတ်ရှိပြီး၊ ခေါင်းဆောင်နောက်သို့ မမေးမမြန်းပဲ ကောက်ကောက်ပါအောင်လိုက်တတ်သော သဘောမရှိကြောင်း၊ ရခိုင်များတွင် ခေါင်းဆောင်လုပ်လိုသူများပြီး၊ နောက်လိုက်လုပ်လိုသူနည်းကြောင်းနှင့် ယင်းသဘော၏ အနက်သဘောကို ဆင်ခြင်စဉ်းစားပြီးသကာလ ၄င်းစိတ်နေစိတ်ထားမျိုးနှင့် ကိုက်ညီသော နိုင်ငံရေးအဖွဲ့အစည်းမျိုး၊ လူမှုရေးအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းလုပ်ဆောင်သင့်ကြောင်း ၄င်းလူငယ်များက ဆိုလေသည်။

ထိုကဲ့သို့ စည်းရုံးရေးအတွက် အခက်အခဲ ကြုံနေရစဉ် လူမျိုး၊ ဘာသာရေးပျောက်ကွယ်သွားတော့မည်လား ဟူသော စိုးရိမ်ပူပန်မှုက အစဉ်အမြဲစိုးမိုးနေပေသည်။ ရိုဟင်ဂျာ ဆိုသူများ၏ လှုပ်ရှားမှုများမှာ ရခိုင်တို့၏ နှလုံးသားထဲသို့ စိုးရိမ်မှုများ ဒီဂရီမြင့်အောင် လှုံဆော်ပေးလိုက်သည်နှင့် တူသည်။ နိုင်ငံတကာစာမျက်နှာများတွင် ရိုဟင်ဂျာဟူသည်မှာ သနားစရာ ဒုက္ခသည်များအဖြစ် ပုံပေါ်နေပြီး၊ ရခိုင်တို့၏ နှလုံးသားများတွင်မူ ရိုဟင်ဂျာဟူသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးအားဖြင့် ၀ါးမျိုလာမည့် လူမျိုးတစ်မျိုး ဖြစ်နေပေသည်။ ၄င်းစိုးရိမ်မှုကို ထောက်ပံ့ပေးနေသည်မှာ စီးပွားရေးအားဖြင့် ရခိုင်ပြည်နယ်၏ ရေလုပ်ငန်း အားလုံးနီးပါးကို ဘင်္ဂလီများက စိုးမိုးထားခြင်း၊ နိုင်ငံရေးအားဖြင့် နိုင်ငံတကာအကူအညီအထောက်အပံ့သည် ဘင်္ဂလီများထံတွင်သာ စုပုံနေခြင်း (ဂီရိမုန်တိုင်းမတိုင်မှီအထိ ရခိုင်ပြည်နယ်တွင် ရှိသော UN နှင့် NGO များသည် ဘင်္ဂလီများကိုသာ အကူအညီပေးခြင်းနှင့်၊ NGO အလုပ်အကိုင်အခွင့်အလမ်များသည်လည်း ဘင်္ဂလီများကိုသာ ဦးစားပေးခြင်း၊ မလေးရှားနိုင်ငံရှိ UNHCR သည် ဘင်္ဂလီများကိုသာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး၊ ရခိုင်များကို အသိအမှတ်မပြုခြင်း)၊ ဘာသာရေးအားဖြင့် အီစလန်ဘာသာသည် နိုင်ငံတကာတွင် ဘီလူးရုပ်သွင်းခံနေရသဖြင့်လည်းကောင်း၊ အီစလန်ဆန့်ကျင်ရေးသည် အမေရိကန်နိုင်ငံကဲ့သို့ပင် လီဘရယ်ကျသည်ဟု ကြွေးကြော်သော နိုင်ငံများတွင်ပင် ဝေဖန်ခံနေရခြင်း စသည်များမှာ ပညာတတ်ဖို့အခွင့်အရေးမရရှာသော အောက်ခြေနေရခိုင်လူတန်းစားများနှင့်တကွ၊ အမျိုးသားလုံခြုံရေးကို စိုးရိမ်ပူပန်သော မျိုးချစ်နိုင်ငံရေးသမားများကို အလွန်အမင်း စိုးရိမ်စေပေသည်။

ရိုဟင်ဂျာဆိုသည်မှာ

ယခုတလော ပြည်ပသတင်းမီးဒီယာများးက “ရိုဟင်ဂျာ”ဆို သူတို့သတင်းကို တွင်တွင်ကြီး ထုတ်လွှင့် နေကြသည်။ ၎င်းတို့ကို “လှေစီးဒုက္ခသည်” များအဖြစ် ပုံဖော်ခဲ့သည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူများကလည်း ၎င်းတို့အား ဒုက္ခသည်များအဖြစ် သဘောထားပြီး လိုအပ်သလို ကူညီသွားရန် ပြင်ပမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောခဲ့ကြသည်။ နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့ကလည်း သက်ဆိုင်ရာ အစိုးရတို့အား ၎င်းလှေစီးဒုက္ခသည်တို့ အပေါ် အကာ အကွယ် ကူညီပေးရန် တောင်းဆိုခဲ့ကြသည်။

ဤနေရာတွင် ထိုသတင်းများကို မဝေဖန်လိုသော်လည်း “ရိုဟင်ဂျာ” ဆိုသူတို့အပေါ် ဒေသ ခံရခိုင်အမျိုးသားတို့၏ အမြင်ကိုတင်ပြလိုပါသည်။

“ရိုဟင်ဂျာ” ဆိုသူတို့က မိမိတို့ကိုယ်ကို “မြန်မာတိုင်းရင်းသားများ” ဟုဆိုကြသည်။ အေဒီ (၇) ရာစုကပင် ရခိုင်ပြည်သို့ လာရောက်အခြေစိုက်ကြသော အာရပ်အနွယ်များဖြစ်သည် ဟုဆိုကြသည်။ သို့သော် ရှေးဟောင်းသမိုင်းများ၌ “ရိုဟင်ဂျာလူမျိုး”ဟူ၍ လုံးဝမတွေ့ရှိကြောင်း သမိုင်းပညာရှင် များကပယ်ချခဲ့ကြသည်။ ထိုဝေါဟာရသည် ဗြိတိသျှ ကိုလိုနီခေတ်၌ပင် မပေါ်သေးချေ။ ဗြိတိသျှ အစိုးရထုတ်ဝေခဲ့သော မှတ်တမ်းများ၌ မြန်မာနိုင်ငံသို့ ဗြိတိသျှခေတ်တွင် အိန္ဒိယနိုင်ငံသား (ဟိန္ဒူ၊ မူဆလင်)တစ်သန်းကျော် ဝင်ရောက်ခဲ့ကြသည်ဟု ဆိုထားသည်။ အိန္ဒိယသား မူဆလင်ဘခင်နှင့် မြန်မာဗုဒ္ဓဘာသာမိခင်တို့ပေါင်းသင်း၍ ပေါက်ဖွားလာသူများကို ဇာဗာဒီ(Zerbadee)များ(သို့) မြန်မာ မူဆလင်များဟု အမည်တပ်ခဲ့ကြောင်းတွေ့ရသည်။

ရခိုင်ဘုရင်တို့က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်လာသော မူဆလင်များကို “ကမန်” ဟုတစ်မျိုး၊ ရခိုင်မူဆလင်ဟုတစ်မျိုး၊ ခွဲခြားအမည်တပ်ခဲ့ကြောင်း သန်းခေါင်စာရင်းများ၌ တွေ့ရသည်။ ထို့ပြင် ဗြိတိသျှခေတ်၌ပင် ၁၈၆၉ ခုစူးအက်တူးမြောင်းပွင့်ပြီးနောက် လယ်ယာမြေတိုးချဲ့စဉ်လယ်ယာ လုပ်သားအဖြစ် စစ်တကောင်းခရိုင်မှ တံခါးမရှိဓါးမရှိ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များက စစ်တကောင်းသားကျား (Chittagonian)ဟု အမည်ပေးခဲ့သည်။ ထိုအမည်ကို မစ္စတာစမတ်(R.B Smart,1917)နှင့် ဂျိန်းဘတ်စတာ(Jame Baxter,1939)တို့က ၎င်းတို့၏မှတ်တမ်းများ၌ သုံးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်ထိ “ရိုဟင်ဂျာ” ဟူသော ဝေါဟာရမပေါ်သေးချေ၊

မြန်မာနိုင်ငံလွတ်လပ်ရေးရစ၌ ရောင်စုံသူပုန် ထကြသောအခါ ရခိုင်အနောက်မြောက်ဘက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင်လည်း ဘာသာရေး အစွန်းရောက်သမားများက “မူဂျာဟစ်” (ကုလားသူပုန်) သူပုန်ထခဲ့ကြသည်။ မူဆလင်ပြည်နယ် တောင်းဆိုခဲ့ကြသည်။ ထိုသူပုန်တို့နှင့် အရပ်ရပ်မှလာရောက်ကြသော မူဆလင်ခေါင်းဆောင်များ ပူးပေါင်းပြီး မောင်တောမြို့ နယ်တောင်ပိုင်း အလယ်သံကျော်ကျေးရွာ၌ ၁၉၅၁-ခုနှစ်၊ ဇွန်လတွင် ညီလာခံကျင်းပခဲ့ကြသည်။ ထိုညီလာခံဆုံးဖြတ်ချက်အရ မြန်မာအစိုးရထံ အိတ်ဖွင့်ပေးစာရေးပြီး မူဆလင်ပြည်နယ် ဖွဲ့ပေးရေးအပါအဝင် တောင်းဆိုချက်အများအပြား တင်ပြခဲ့သည်။ ထိုစာ၌လည်း “မူဆလင်လူမျိုး” ဟူ၍သာသုံးနှုန်းခဲ့သည်။ “ရိုဟင်ဂျာလူမျိုး” ဟူ၍မသုံးနှုန်ခဲ့ခြင်းမရှိပါ။ “ရိုဟင်ဂျာလူမျိုး” ဟူ၍ မသုံးနှုန်းချေ။ ၁၉၅၁-ခုသြဂုတ်လ(၂၀)ရက်ထုတ် ဂါဒီယန်အင်္ဂလိပ်သတင်းစာ၌ “ရိုဝန်ညှာ” ဟူသော ဝေါဟာရကို စတင်သုံးစွဲခဲ့သည်။ ဘူးသီးတောင်ပါလီမန်အမတ် မစ္စတာအဗ္ဗဒူဂါဖားက ဆောင်းပါး တစ်စောင်ရေးပြီး မောင်တောနှင့် ဘူသီးတောင်မြို့နယ်များမှ မူဆလင်များမှ ရခိုင်ဝေသာလီခေတ် မဟာတိုင်းစန္ဒြားလက်ထက်ကပင် သင်္ဘာပျက်၍ရောက်လာသော အာရပ်အနွယ်များဖြစ်ကြောင်း၊ သမိုင်းလိမ်ရေး၍ တင်ပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ “ရိုဝန်ညှာ” “ရိုဟင်ဂျာ” ဝေါဟာရပေါ် ပေါက်လာပုံ သမိုင်းအစဖြစ်သည်။ ဤသမိုင်းလိမ်မှုကို ဂါဒီယန်သတင်းစာ၌ပင် ရန်ကုန် တက္ကသိုလ် ကျောင်းသား ဖော်ဇံက ၁၉၅၁-ခု၊ စက်တင်ဘာလ(၆)ရက်၌ တုံ့ပြန်ချေပခဲ့သည်။ ထိုဆောင်းပါးကို ရခိုင်အမျိုးသားခေါင်းဆောင်ဦးဘစံက သမိုင်းလိမ်ဖြစ်ကြောင်း ဝေဖန်းပြီး ၎င်းတို့မှာ စစ်တကောင်သားများဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။

ဗြိတိသျှခေတ်၌ တံခါးမရှိဓါးမရှိ ဝင်ရောက်အခြေစိုက်ကြသော စစ်တကောင်းသား ဘင်္ဂါလီ တို့၏ဒဏ်ကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဒေသခံရခိုင်အများအကြီးအကျယ် ခံခဲ့ရ သည်။ စစ်အတွင်း ၁၉၄၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းဖြစ်၍ ဒေသခံရခိုင်များသေသူသေ၊ ပြေးသူ ပြေးဖြစ်ခဲ့ပြီး ထိုနယ်ကို စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များ ရာနှုန်းပြည့်အုပ်စိုးမိသွားသည်။ လွတ်လပ်ရေးခေတ်ဦး၌ မိမိကျေးရွာသို့ပြန်လာကြသော ရခိုင်တို့အား မူဂျာဟစ်သူပုန်များ မောင်းထုတ်ခဲ့သောကြောင့် ပြေးကြရပြန်သည်။ ရခိုင်ကျေးရွာ (၆၁)ရွာ ပြိုပျက်ခဲ့သည်။ ၁၉၄၂-ခုနှစ်ကာလ ရခိုင်ဒုက္ခသည်များနှင့် မူဂျာဟစ် သူပုန်ထသည့်ကာလ (၁၉၄၂-၅၈) ရခိုင်ဒုက္ခသည်များမှာ သိန်းချီရှိနေသည်။ ထို IDP များအရေးကို လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် လူ့အခွင့်အရေး ဆုံးရှုံးနေသော တိုင်းရင်းသားဒုက္ခသည် အစစ်အမှန်များ ဖြစ်သည်ဟုဆိုရပါမည်။ ထိုရခိုင်ဒေသခံတို့အား ဗြိတိသျှခေတ်၌ စစ်တကောင်းနယ်မှ တံခါးမရှိ ဓါးမရှိ ဝင်လာကြသော ဘင်္ဂါလီနယ်ချဲ့သမားတို့က အကြမ်းဖက် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယခု ဒေသခံရခိုင်များနှင့် အခြားတိုင်းရင်းသားမြို၊ သက်၊ ခမီး၊ ဒိုင်းနက်လူမျိုးစုအားလုံး အရေအတွက်မှာ မောင်တောမြို့နယ်၌ (၁၀%)ပင် မရှိချေ။ ဘူးသီးတောင်မြို့နယ်၌ (၁၅%)ခန့်သာ ကျန်တော့သည်။ ဤအခြေအနေမှာ ရခိုင်ဒေသခံတို့အတွက် ရင်လေးစရာဖြစ်လာသည်။ ဤသမိုင်းဖြစ်ရပ်မှန်များကို ပြင်ပသတင်းမီဒီယာများ လေ့လာတင်ပြသင့်သည်။ လူမသိသူမသိသော အမေ့ခံရခိုင်ရွာပုန်း ရွာရှောင် IDP များ၏ ခံစားချက်များကို မေးမြန်းစုံစမ်း၍ ကမ္ဘာ့မီဒီယာပရိသတ်အား အသိပေးသင့်သည်။ ထိုမီဒီယာ ပရိသတ်၏ ကရုဏာသတ်မူ၊ ကိုယ်ချင်းစာမူ ကိုရခိုင်ရွာပုန်း ရွားရှောင်များ ခံစားထိုက်သည်။ ယခု ပြောင်းပြန်ဖြစ်နေသည်။ ပြည်ပမီဒီယာ သတင်းထုတ်လွှင့် ချက်များ၌ “ရိုဟင်ဂျာ” အမည်ခံသူတို့သာ အဖိနှိပ် ခံဒုက္ခသည်များအဖြစ် ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် မီးမောင်ထိုးပြနေကြသည်။

ဒေသခံ တိုင်းရင်းသားရခိုင်ဗုဒ္ဓဘာသာများ “ရိုဟင်ဂျာ” အမည်ခံသူတိုထံ နှစ်ပေါင်း(၆၀)ခန့်ခြိမ်းခြောက်၊ အနိုင်ကျင့်၊ မောင်းထုတ်ခံခဲ့ရပုံများကိုမူ၊ တလုံးတပါဒမျှ မထုတ်လွင့်ခဲ့ကြဖူးချေ၊ ဤရခိုင်ရွာပုန်းရွာရှောင် ဒုက္ခသည်များကိစ္စ မှန်မမှန်ကို ဒေသခံ သတင်းထောက်များထံမှ တစ်ဆင့် စုံစမ်းသိရှိနိုင်ပါသည်။ ၎င်းဒုက္ခသည်တို့ မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးလာရခြင်း အကြောင်းရင်းကို စုံစမ်းကြည့်ပါက စစ်တကောင်းသား ဘင်္ဂါလီမူဆလင်များကြောင့်ဖြစ်ကြောင်း၊ ထိုစစ်တကောင်းသားတို့မှာ အဖိနှိပ်ခံများမဟုတ်ပဲ လူ့အခွင့်အရေးအရေခြုံထထားသော တိုင်းရင်းသားအယောင်ဆောင် နယ်သစ်ချဲ့ထွင်သူများသာဖြစ်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလာလိမ့်မည်ဟု ယုံကြည်ပါသည်။

“ရိုဟင်ဂျာ” အမည်ခံ သူတို့အား “နယ်သစ်ချဲ့ထွင်သူများ”ဟု သုံးနှုန်းခဲ့ခြင်းမှာ စာရေး ဆရာကြီး မောင်ထင်နောက်သို့လိုက်၍ သုံးနှုန်းခြင်းသာဖြစ်ပါသည်။ ဆရာကြီးမှာလွတ်လပ်ရေးရစ၌ ရခိုင်တိုင်းမင်းကြီးအဖြစ် အမူထမ်းခဲ့ဖူ၍ ရခိုင်ဒေသအခြေအနေကို ကောင်းစွာသိသူဖြစ်သည်။ ဆရာကြီးက “ရခိုင်ပြည်နယ်အစီရင်ခံစာ” ၌”စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ဝါဒသည် နတ်မြစ်တစ်ဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့် ကုလားပန်ဇင်း မြစ်ဝှမ်းဒေသတို့ကို နယ်မြေသစ် အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ဝါဒဖြစ်သည်”ဟု ရေးခဲ့သည်။ (မြဝတီ ၁၉၆၀ ဇူလိုင်) မှန်ပါသည်။ သူတို့နယ်ကြခြင်းသာ ကိုယ့်ရပ်ကိုယ့်ရွာများမှ အသက်လု ထွက်ပြေးလာကြရသည်။ ယခု မောင်တောနှင့်ဘူသီးတောင်မြို့နယ်များကို သူတို့လူဦးရေး လွှမ်းမိုးမူကို လက်နက်သဘွယ် အသုံးပြု၍ မြန်မာအစိုးရ အဆက်ဆက်ထံ “မူဆလင်ပြည်နယ်” ထူထောင်ပေးရန် ၎င်းတို့တောင် ဆိုခဲ့ကြသည်။ မူဂျာဟစ် သူပုန်ထခဲ့ကြသည်။ RIF, RSO အစရှိသော မြေအောက်အဖွဲ့အစည်းများ ထူထောင်၍ မြန်မာအစိုးရကို အမြဲတမ်းအနှောင့်အယှက် ပေးခဲ့ကြသည်။ ၎င်းတို့၏ ခြိမ်းခြောက် မူကြောင့် ဒေသခံတို့မှာ ကျီးလန့်စာစားဖြစ်နေရသည်။ ၁၉၈၈-ခု၊ မေလ(၁၃)ရက်နေ့၌ မောင်တောမြို့ ပေါ်ရှိ ရခိုင်ဗုဒ္ဓဘာသာတို့အား အကြမ်းဖက် သုတ်သင်ပစ်ရန် “ရိုဟင်ဂျာ” အမည်ခံသူ မူဆလင်တို့ အားထုတ်ခဲ့ကြသေးသည်။ လုံထိန်းတပ်က ကာကွယ်ကယ်တင်ခဲ့၍သာ အသက်ဘေးမှသီသီလေး လွတ်မြောက်ခဲ့ကြသည်။ ဤဖြစ်ရပ်ကိုကြည့်”ရိုဟင်ဂျာ”တို၏အန္တရာယ်မည်မျှကြီးကြောင်းမှန်းဆနိုင်သည်။

“ရိုဟင်ဂျာ”အမည်ခံသူတို့၏ အန္တရာယ်မှာ ဒေသခံ (ရခိုင်၊ မြို၊ သက်၊ ခမီး၊ ဒိုင်းနက်) တို့နှင့်သာဆိုင်သည်ဟုမမြင်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား အားလုံးနှင့်ဆိုင်သော”ဘုံပြဿနာ” ဖြစ်သည်ဟု မြင်ဖို့လိုပါသည်။ သို့မဟုတ်ပါက ထိုဒေသမှာ “ရိုဟင်ဂျာ”အမည်ခံတိုင်းရင်းသားအယောင်ဆောင် ဘင်္ဂါလီမူဆလင်တို့၏ လူဦးရေဆူနာမီလှိုင်းတံပိုး များအောက်၌
စုံးစုံးမြုပ်သွားမည်မှာသေချာသည်။ ထိုအန္တရာယ်ကြီးကို ညီအစ်ကို တိုင်းရင်းသားအပေါင်း လက်တွဲဟန်ံတားနိုင်ပါမှ ၎င်းတို့၏ နယ်သစ်ချဲ့ထွင်မူကို ကာကွယ်နိုင်မည်ကြောင်း တင်ပြရပါသည်။

ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်းမှကူးယူဖော်ပြသည်

ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူ/သားတွေအတွက် အရေးအကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါ

ဒေါက်တာလွဏ်းဆွေ

ဒီကနေ့မှာ NLD အမတ်တွေကို လွှတ်တော်ထဲ သွတ်သွင်းပြီးသွားတဲ့အတွက် ကြံ့ဖွတ်စစ်အုပ်စုရဲ့ မဟာစီမံကိန်း ပထမအဆင့် အောင်မြင်သွားပြီလို့ ပြောရပါမယ်။

ဒုတိယအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ကချင်ကို မီးစတဘက် ရေမှုတ်တဘက်ဗျူဟာနဲ့ ခပ်သွက်သွက်ကလေး ဗျင်းပါတော့မယ်။

ကချင်ကို ဗျင်းပြီးတာနဲ့ တတိယအဆင့်အဖြစ် ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို ၂၀၁၃ မှာ အပြီးသတ် သွယ်တန်းနိုင်အောင် တက်သုတ်ရိုက်ဆောင်ရွက်ပါတော့မယ်။ ပြီးတာနဲ့ ပိုက်လိုင်းကြီးကို အာဏာရှင်တရုတ်နဲ့ ပူးပေါင်းကာ လုံခြုံရေး အပြည့်အ၀ ယူပါတော့မယ် (တရုတ်အာဏာရှင်အစိုးရက အခုအချိန်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ခြေလှမ်းသွက်နေကြတာကို ငြိမ်ကြည့်နေတာ အလကားမဟုတ်ပါ။ ဤစီမံကိန်းကြီး မပြီးသေးလို့ သည်းခံနေခြင်းမျှသာ …)။

ပြီးရင် နောက်ဆုံးအဆင့်အနေနဲ့ ကြံ့ဖွတ်စစ်အုပ်စုက ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကို တရစ်ချင်း ပြန်တင်းပြီး သဘာဝဓာတ်ငွေ့ကရတဲ့ စာရင်းမရှိအင်းမရှိ နှစ်ရှည်ဝင်ငွေတွေ (ရွှေဂက်စ်က ရရှိမယ့် အကျိုးရလဒ်များ) နဲ့ မြန်မာနိုင်ငံတော်ကြီးကို ပါတီစုံရွေးကောက်ပွဲလည်းရှိ၊ အထက်လွှတ်တော် အောက်လွှတ်တော်တွေလည်းရှိတဲ့ ဘီလာရပ်စ် (Belarus) နိုင်ငံတော်ကြီးလို ပါလီမန်ဒီမိုကရေစီ အာဏာရှင်စနစ်အောက် ရောက်သွားအောင် ယဉ်ယဉ်လေး သွတ်သွင်းပါတော့မယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ

အဲဒီလို ပါလီမန်ဒီမိုကရေစီအာဏာရှင်စနစ်ဆိုတဲ့ အာဏာရှင်စနစ်ပုံစံသစ်တမျိုးအောက် ထပ်မံ မကျရောက်စေဖို့အတွက် ကချင်ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားအောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုသလို တိုက်ပွဲဝင် ကချင်အင်အားစုတွေ တောင့်ခံနိုင်အောင် ပြည်တွင်းပြည်ပအင်အားစုအားလုံးက နည်းလမ်းမျိုးစုံနဲ့ ပုံအောကူညီဖို့ လိုအပ်ပါတယ်။

စစ်ရပ်စဲရေး ဆောင်ရွက်တာနဲ့ တပြိုင်နက်တည်းမှာ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းသွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့လည်း လိုပါမယ်။

အဲဒီလို တိုက်ပွဲမျိုးဆိုတာ ပါလီမန်တွင်းက တိုက်လို့ရမယ့် အနေအထားမျိုး မဟုတ်ပါဘူး (အဲဒါကြောင့်မို့ အန်အယ်လ်ဒီ လွှတ်တော်တက်တာကို စောင့်နေဖို့ လိုကိုမလိုတာပါ)။ ပါလီမန်ပြင်ပကနေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့သလိုမျိုး ပြည်တွင်းပြည်ပ လူထုအင်အားနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်မှ ရနိုင်ပါမယ် (လိုအပ်ရင် တတိုင်းတပြည်လုံး လမ်းပေါ်ထွက်သင့် ထွက်ကြရပါမယ်)။

အဲဒါကြောင့်မို့ ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဟာ NLD လွှတ်တော်တက်တာ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်မျှော်နေဖို့ မဟုတ်ပါဘူး။ ကချင်ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ရခိုင်-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်း အမြန်ဆုံး ရပ်ဆိုင်းရေးတို့ကို တက်ညီလက်ညီ စတင်လုပ်ဆောင်ကြဖို့သာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးဆုံး လုပ်ငန်းတာဝန်ဖြစ်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါခင်ဗျာ။

မှတ်ချက် ။ ။

ကြံ့ဖွတ်စစ်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သူတို့ရဲ့မဟာစီမံကိန်းကြီးကို အပြီးသတ်သွားနိုင်တဲ့ အနေအထား တွေ့နေရလို့ မြင်မိတာလေးကို အလန်း(မ်) ပေးလိုက်ရခြင်းဖြစ်ပါတယ်။ “မဖြစ်နိုင်ပါဘူးကွာ” ဆိုလည်း သဘောအတိုင်းပါပဲခင်ဗျား။

အားလုံးသို့ လေးစားစွာဖြင့် …

ဒေါက်တာလွဏ်းဆွေ

ရိုဟင်ဂျာဆိုသည်မှာ (ဦးစံရွှေမေင်)

မိမိကိုယ်မိမိ ရခိုင်တိုင်းရင်းသားဟု ဆိုပါလျက် ရခိုင်/မြန်မာစကား တစ်ခွန်းမျ မပြောတက်ရုံမက နားပင်မလည်သော စစ်တကောင်းကောလိပ်မှ ၀ိဇ္ဇာဘွဲ့ ယူခဲ့သော ရိုဟင်ဂျာဆိုသူများ၏ ဖန်ဆင်းရှင်၊ ဖုံညိုလိပ်ရွာနေ အဒူဂါဖါရ်မှသည် မိမိကိုယ် မိမိ ခေတ်သစ် သမိုင်းပညာရှင်ဟု ခံယူထားသော ဇော်ဝင်းထွဋ်ဆိုသူ အထိ ခေတ်အဆက်ဆက် လန်ကြုတ် ဖန်တီးခဲ့သည့် ဖြတ်-ညှပ်-ကပ် ရိုဟင်ဂျာ သမိုင်းလိမ်များကို ပြည်တွင်းပြည်ပ(နိုင်ငံခြားသား အပါအ၀င်) သမိုင်း ပညာရှင်များက ဝေဖန်ချေပ ခဲ့ကြပြီး ဖြစ်ပါသည်။ အဒူဂါဖါရ် ၏ သမိုင်းလိမ်သည် ဆရာ ဦးဖော်ဇံ၏ ချေပမှုအောက်တွင် အရည်ပျော်ကျခဲ့ပြီး၊ ဇော်ဝင်းထွဋ်၏ သမိုင်းလိမ်သည် ဂျပန်နိုင်ငံရောက် ရခိုင်သားများ၏ ထိုးနှက်မှုအောက်တွင် ပျက်စီးခဲ့ရပြီးဖြစ်ပါသည်။

ထို့အပြင် ဂျပန်နိုင်ငံတရားရုံးမှ ရိုဟင်ဂျာဆိုသူများကို လူဝင်မှုဥပဒေအရ ရုံးတင်စစ်ဆေးသည့်အခါကလည်း သူတို့သည် ဘင်္ဂလီလူမျိုးသာဖြစ်ကြောင်း ၊ ရိုဟင်ဂျာ ဆိုသည့် လူမျိုးမှာ မရှိကြောင်း ၊မိမိကိုယ်မိမိ ခံယူထားခြင်း သာ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြစ်ခဲ့ပါသည်။ သို့ပါလျှက် အနောက်သတင်းသမားများသည် အမှန်တရားကို မသိ၍လား၊ သိလျက်နှင့် အရွဲ့တိုက်ချင်၍လား ဆက်တိုက် ထုတ်လွင့်နေကြသည်ကို မကြာခဏ ကြားနေရသည်။ ရိုဟင်ဂျာ ဆိုသူများအကြောင်းကို မြိန်ရေယှက်ရေ တင်ပြနေကြသည်ကို တွေ့ရပါသည်။ သမိုင်းဖြစ်ရပ်အမှန်ကို ကွယ်ဝှက်ပြီး အစိုးရဆန့်ကျင်ရေး သတင်းရေစီးကြောင်းအတိုင်း မျောလိုက်နေကြပါသည်။ ဤရေစီးကြောင်းအတိုင်း မျောလိုက်ရန် ကြိုးပမ်းနေသော ပြင်သစ်နေ လှအောင်ဆိုသူသည် ရိုဟင်ဂျာသမိုင်းလိမ် အခန်းဆက်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့ရာတွင် ဘီဘီစီ၏ အင်တာဗျူးတွင် ဒေါက်တာအေးချမ်း၏ ပိတ်ဆို့မူကို မကျော်နိုင်သော လှအောင် သည် “ဘယ်လူမျိုးဘဲဖြစ်ဖြစ် ကျွန်တော်တို့ မူဆလင်တွေ လူ့အခွင့်အရေးခံစားရရင်တော်ပါပြီ” ဟူသော စကားဖြင့် သူတို့၏အခန်းကို လျှော့ချပစ်ခဲ့ပါသည်။

သို့သော် အင်္ဂလန်နေ ထွန်းခင်ဆိုသူတစ်ဦးက သူတို့၏အကြမ်းဖက်ဗီဇ ရုပ်ကလေးကို လှစ်ပြခဲ့ပြန်ပါသည်။ ဒေါက်တာအေးချမ်းနှင့် သမိုင်းပညာရှင် အချို့က လန်ဒန်မြို့(SOAS)တက္ကသိုလ်တွင် သမိုင်းစာတမ်းဖတ်ပွဲကို ထွန်းခင်နှင့် အကြမ်းဖက်သမားတစ်စုက ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုကြောင့် (၃)နေရာအထိ ပြောင်းရွှေ့ပြီးမှ ပြုလုပ်နိုင်ခဲ့ပါသည်။ ထွန်းခင်နှင့် အကြမ်းဖက်သမားများက လိုက်လံ နှောင့်ယှက်မှုကြောင့် ကြန့်ကြာနေခဲ့ရာ နိုင်ငံတကာ သမိုင်းပညာရှင်များ ကူညီမူကြောင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ သူတို့သည် ထိုမျှနှင့် မရပ်တန့်နိုင်သေးဘဲ အတ္တလန်တိတ် သမုဒ္ဒရာကို ခုန်ကျော်၍ အမေရိကန်နိုင်ငံ NEW JERSEY ပြည်နယ် ရီပတ်ပလီကန်အမတ် SMITH ကိုချဉ်းကပ်ပြီး၊ ရိုဟင်ဂျာဆိုသူများအတွက် ဥပဒေတစ်ရပ် တင်သွင်းရန် ကြိုးပမ်းမှုမှာ အဆိုတစ်ရပ်အဖြစ်သာ အဆုံးသတ်ခဲ့ပါသည်။

ဂါဖါရ် မှသည် ဇော်ဝင်းထွဋ် အထိ ဖြတ်-ညှပ်-ကပ် သမိုင်းတစ်ရပ်ကို ဖန်တီးခဲ့ပြီး ရိုဟင်ဂျာ ဆိုသော စကားလုံးတွင်ကျယ်မှုအတွက် ဒေါင့်မျိုးစုံမှ ကြိုးပမ်းခဲ့သည်။ BANKOK POST မှသိန်း(၄၀) တန် ရိုဟင်ဂျာ ဆောင်းပါး (နဂါးမင်းစစ်ဆင်ရေးကာလ) သည်လည်းကောင်း ၊ မြန်မာ့ တပ်မတော်၏ ဖြတ်လေးဖြတ် စစ်ဆင်ရေးအပြီး ရိုဟင်ဂျာ ပေါင်းစုံ ပြွတ်သိပ်နေခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘီစီတြာ (BECETRA) ဂျာနယ်မှ ဓာတ်ပုံဆောင်းပါးများသည် လည်းကောင်း၊ ဘင်္ဂလီဘာသာဖြင့် ထုတ်ဝေသော့ အီတေဖတ်(ITAFAO) ဂျာနယ်ပါ ရိုဟင်ဂျာဆောင်းပါးများသည်လည်းကောင်း၊ ရေနံဒေါ်လာ (PETRO-DOLLER)မည်မျှ လမ်းခင်းခဲ့ရသည်ကို ကာယကံရှင်များ အသိဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်လည်း အခက်အခဲ မည်မျှ ရင်ဆိုင်ခဲ့ရသည်ကို ခေတ်ပြိုင်မီလိုက်သူများ သိပြီး ဖြစ်ပါသည်။ ရိုဟင်ဂျာ ဆိုသော စကားလုံးတွင်ကျယ်အောင် ၊ ထင်ပေါ်အောင် ၊ နားစွဲအောင် သူတို့ဘာကြောင့် ကြိုးပမ်း ကြပါသလဲ။သူတို့၏ မဟာဗျူဟာ ရည်မှန်းချက်အတွက် ဖြစ်ပါသည်။

ဘင်္ဂလီဆိုသည်မှာ ဘင်္ဂလားဒေသခံ၊ အနွယ်ဝင်များဖြစ်သည်ကို အားလုံး သိကြပါသည်။ ဂါဖါရ်တို့၏ ဖြတ်-ညှပ်-ကပ် သမိုင်းဇာတ်ခန်းလာ အနွယ်ဝင်များသည် စစ်တကောင်းသား ဘင်္ဂလီများဖြစ်ကြောင်း မည်သူမျှ မငြင်းကွယ်နိုင်သလို ၀န်ခံခြင်းလည်း မပြုနိုင်ကြပါ။ ခပ်မဆိတ်နေကြပါသည်။ အဆိုးဆုံးကား အနောက်မီဒီယာ များဖြစ်ပါသည်။ အနောက်မီဒီယာများသည် သတင်းတစ်ပုဒ် ကိုထုတ်လုပ်ရာ၌ လက်တွေ့ဖြစ်ရပ်နှင့် သဘာ ၀ယုတ္တိကိုပေါင်းစပ် သင့်ပါသည်။ သို့ရာတွင် သူတို့သည် လက်တွေ့ဖြစ်ရပ်နှင့် ဆန္ဒစွဲကိုသာ ပေါင်းစပ်လိုက်သည့်အခါ လွဲမှားသော သတင်းမှားနှင့် ဘက်လိုက်သော သတင်းမှားသာ ဖြစ်ပေါ်လာပါသည်။ အကြမ်းဖက်သမားကို သနားဖွယ်ရာလူများအဖြစ် ဖန်တီးမိကြပါသည်။ ဒုတိယကမ္ဘာ စစ်အကြို နှင့် စစ်ပြီးခေတ်မှသည် ယနေ့အထိ အကြမ်းဖက်သမား ကုလားဆိုးများရန်ကြောင့် အိုးပစ်အိမ်ပစ်၍ မိမိဇာတိဒေသကိုပါ စွန့်ခွာသွားခဲ့ရသော ဘူးသီးတောင်၊ မောင်တောဒေသခံများ၏(IDP)ဖြစ်နေရသော ဘ၀များကို အနောက်မီဒီယာများ မေ့နေကြဟန်ရှိသည်။ ဝေးလံဒေသရှိ ရခိုင် တိုင်းရင်းသားများအပေါ် ရိုဟင်ဂျာအကြမ်းဖက်သမားများ၏ လူမဆန်စွာ အဓမ္မကျင့်မှု၊ ရက်စက်စွာ သတ်ဖြတ်ခံရမှု များကိုကား ၊အဆိုပါ အနောက်မီဒီယာများက ဖော်ထုတ်ရန် လက်တွန့်နေကြပါသည်။

မကြာခဏဆိုသလို အနောက်မီဒီယာအသီးသီးမှ ထုတ်လွှင့်နေသော့ လှေစီး ဒုက္ခသည်များကို ကြည့်လျှင် အသက်(၂၀) နှင့် (၄၀)ပတ်ဝန်းကျင်ရှိ ကျန်းမာ သန်စွမ်းသော သူများဖြစ်ကြောင်း တွေ့ရပါသည်။ သူတို့အထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူရွယ်များကို ရိုဟင်ဂျာ အမည်ခံ များအဖြစ် တွေ့နေရပါသည်။ ခေတ်သစ် လှေစီးခရီးသည်များတွင် ကျူးဘားဒုက္ခသည်နှင့် ဗီယက်နမ် ဒုက္ခသည်များကို ကြည့်ပါက မိသားစုအစုံအလင်၊ သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ပါလာသည်ကို တွေ့ရသော်လည်း၊ ရိုဟင်ဂျာလှေစီး ဒုက္ခသည်များထဲတွင်မူ အမြဲတမ်းလိုလို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူရွယ်များကို တွေ့နေရပါသည်။

ဒေသအုပ်စိုးရေးနှင့် ပတ်သက်၍ လူများစုဖြစ်သော မူဆလင်များနေထိုင်ရာ ဘူးသီးတောင် ၊မောင်တော ဒေသသည် မူဆလင်များ၏ ဒေသဖြစ်ရမည်ဟူ၍ အလယ်သံကျော်ညီလာခံ မှစကာ အစဉ်တစိုက်တောင်း ဆိုလာကြသည်။

ဒေသအုပ်စိုးရေးဆိုသည်မှာ လူများစု၊ လူနည်းစုနှင့် မဆိုင် ၊ဒေသခံဟုတ်/မဟုတ် ၊တိုင်းရင်းသား ဟုတ်/မဟုတ် နှင့်သာ ဆိုင်သည်။ လူ့အနွယ်စုတစ်ရပ်သည် ထိုဒေသနှင့် ဆက်နွယ်သင့်/မသင့်(နိုင်ငံသား ဖြစ်ထိုက်/မဖြစ်ထိုက်) ဆိုသည်မှာ မျိုးဆက်ပေါင်းများစွာ ရှိသည်နှင့်လည်းမဆိုင်၊ ဒေသခံတိုင်းရင်းသား ဟုတ်/မဟုတ် ဆိုသည်နှင့်လည်းကောင်း၊ ကမ္ဘာစံနှုန်း ၊ စံညွန်းများ နှင့်လည်းကောင်း ၊ ချိန်ဆရမည်ဖြစ်ပါသည်။ မျိုးဆက်ပေါင်း မည်မျှပင်ရှိသည် ဖြစ်စေ၊ ထိုဒေသနှင့် ဒေသခံများအပေါ် သစ္စာရှိမှု ၊ အေးအတူ ပူအမျှ ယှဉ်တွဲ နေထိုင်လိုမူ ရှိ/မရှိ အပေါ်တွင်သာ မူတည်ပိုင်းဖြတ်ရမည် ဖြစ်ပါသည်။

ဒုတိယကမ္ဘာ စစ်ကြိုကာလ မေယုဒေသ၌ သွေးလွှမ်းခဲ့ရသော အဖြစ်အပျက်များ၊
စစ်ပြီးခေတ် မူဂျာဟစ် သောင်းကျန်းသူများ၏ အကြမ်းဖက်မူများသည် ဒေသအပေါ် သစ္စာရှိမူ ၊ဒေသခံများနှင့် အေးအတူ ပူအမျှ ယှဉ်တွဲ နေထိုင်လိုမှု ရှိ/ မရှိ ဖော်ပြနေပေရာ သူတို့အား ဒေသနှင့် ဆက်နွယ်မှု ပေးသင့်/ မသင့် ဆိုသည့် အဖြေက ရှင်းပါသည်။

ကျွန်တော်တို့က သူတို့အား ဒေသနှင့် ဆက်နွယ်မှု ပေးသင့်/ မပေးသင့် (နိုင်ငံသား ဖြစ်ထိုက်/မဖြစ်ထိုက်) စဉ်းစား နေကြသော်လည်း သူတို့သည် နိုင်ငံသား ဖြစ်ထိုက်/ မဖြစ်ထိုက်ကို လုံးဝမစဉ်းစား ကြပါ။ သူတို့သည် တစ်ဦးစ တစ်ယောက်စမှလွဲ၍ နိုင်ငံသား ဖြစ်လိုမှု လျှောက်ထားခြင်းမရှိကြပါ။ ကျွန်တော်တို့ နိုင်ငံထဲ့သို့ နည်းမျိုးစုံဖြင့် ရောက်လာခဲ့ကြသော ဘင်္ဂလီအဟောင်း အသစ်များသည် ဤနိုင်ငံသို့ ရောက်လာသည်နှင့် ဤနိုင်ငံသားဟု သူတို့ကိုယ်သူတို့ ခံယူထားပြီးဖြစ်နေပါသည်။ ထို့ကြောင့် သူတို့အား နိုင်ငံသား လက်မှတ်ထုတ်ပေးဖို့ အခွင့်အခါသင့်တိုင်း တောင်းဆိုနေကြ ခြင်းဖြစ်ပါသည်။

အကြမ်းဖက်ထွန်းခင်နှင့် အပေါင်းပါတို့က အမေရိကန်လွတ်တော်အမတ် (SMITH)ကို အသုံးချလျက် ရိုဟင်ဂျာဆိုသူများက မြန်မာနိုင်ငံရှိ အခြားနိုင်ငံသားများ နည်းတူ အခွင့်အရေးအပြည့်အ၀ပေးရန် တူညီသော နိုင်ငံသား (AS FULL AND EQUAL) အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေကြသည့်နည်းတူ မြန်မာနိုင်ငံတွင်း၌ အဖြူရောင် ကတ်ပြား၊(ယာယီမှတ်ပုံတင်)အား အနီရောင် ကတ်ပြား(နိုင်ငံသားကတ်ပြား) အဖြစ် ဘယ်တော့ လဲပေးမှာလဲ ဟု မေးမြန်းခံနေရပြီ ဖြစ်ပါသည်။

သူတို့သည် ကျွန်တော်တို့ နိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးမထားဖြင်း ဖြစ်ပါသည်။ ၀င်လိုသည့် အချိန်တွင် ၀င်ရောက်လာပြီး ၊ သူတို့အလိုမကျသည့်အချိန် တွင် စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ အတွက်အဆမဲ့စွာ အစုလိုက်အပုံလိုက် ထွက်ခွာရန် နည်းနည်းမှ ၀န်မလေးသူများဖြစ်ကြောင်း နဂါးမင်းစစ်ဆင်ရေးကာလ အဖြစ်အပျက်များက သက်သေ ပြပြီဖြစ်သည်။

မျိုးဆက်ပေါင်း များစွာရှိခဲ့ပါပြီဟုအော် နေကြသော ဘင်္ဂလီ များကို ကျွန်တော်တို့ မည်သည့် စံနှုန်းဖြင့် ရွေးချယ် ပါမည်နည်း။ ယနေ့တိုင် ကျွန်တော်တို့သည် ပထမမျိုးဆက် ကလေးများနှင့် လူသစ်များကို တွေ့နေရဆဲဖြစ်ပါသည်။

ရိုဟင်ဂျာဆိုသော စကားလုံးကို မည်သည့် အဓိပ္ပါယ်ဖြင့် ဖွင့်ဆိုပါစေ၊ သကြားအုပ် ဆေးခါးကြီးသာဖြစ်ပါသည်။ သူတို့၏ ဘင်္ဂလီနောက်ကြောင်းပြန် ဇာတ်လမ်းကို ကောက်ကြောင်းမဆွဲလိုသဖြင့် ဘင်္ဂလီ အမည်ကို ဖုံးကွယ်ပြီး အယောင်ဆောင် အမည်သစ်ဖြင့် ဖြင့် မြန်မာ့မြေကို အကြမ်းဖက် လုယက်ရေး လုပ်ရပ်သာဖြစ်ပါသည်။

ရိုဟင်ဂျာဆိုသည်မှာ မည်သည့် လူ့အခွင့်အရေးမှ ထူးခြားစွာဆုံးရှံးမခံရဘဲ၊ သူတို့သာလျှင် လူ့အခွင့်အရေးကို အရင့်သီးဆုံးချိုးဖောက်နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ရိုဟင်ဂျာဆိုသည်မှာ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမား များကိုင်စွဲသည့် နောက်ဆုံး ပေါ်လက်နက်တစ်ရပ်သာဖြစ်ပါသည်။

သို့သော် ယဉ်ကျေးသောလူအဖွဲ့အစည်းများ စတင်ချိန်မှစ၍ ရေကြည်ရာ မြက်နုရာ တဖြည်းဖြည်း ရွှေ့လျားလာကြသော လူ့အဖွဲ့ အစည်းများရှိရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ အရှေ့ဘင်္ဂလားမှ အစားကျပ်တည်း၊ အနေကျပ်တည်းသော ဘင်္ဂလီများသည် နည်းမျိုးစုံဖြင့် တလိမ့်လိမ့် ၀င်ရောက်လာသည်မှ ရိုဟင်ဂျာအကြမ်းဖက် သမားများသည် လောဘဇောကပ်ပြီး နယ်မြေလုယက်ရေး လုပ်ရပ်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများ ရှိသလို၊ မိမိတို့၏ မိသားစုဘ၀ အေးချမ်းသာယာရေး ၊ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်ရေး၊ တည်ငြိမ်အေးချမ်းသော အခြေအနေအောက်တွင် နေထိုင်လိုကြသော မူဆလင် ဘာသာဝင် ပေါင်းများစွာ ရှိသည်ကို ကျွန်တော်ဝန်ခံပါသည်။ အကြမ်းဖက် သမားများနှင့် ရောထွေးလာသောအခါ ကျွန်တော်တို့အဖို့ ခွဲခြားရ ခက်လှပါသည်။ မူဆလင်ဝါဒသည် တခြားဘာသာဝင်များပင် အတုယူစရာဖြစ်သည်ကို ကျွန်တော် တွေ့ဖူးပါသည်။

သို့သော် ….. လက်ရှိ မူဆလင် အကြမ်းဖက်သမားတို့၏ လုပ်ရပ်ကား ကြောက်ခမန်းလိလိ ရင်တုန်စရာ ကောင်းလှပါသည်။ ငြိမ်းချမ်းရေး သမား မူဆလင်များသည် အကြမ်းဖက် သမားမူဆလင်များ၏ ခြိမ်းခြောက်အကျပ်ကိုင် မှုနှင့် မူဆလင်ဘာသာဝင် မဟုတ်သူများ၏ အထင်အမြင်လွဲမှား မှုကြားတွင် ညှပ်ပိတ် နေကြရပါသည်။ ထိုသူများသည် မိမိတို့မှာ အကြမ်းဖက်သမားများ မဟုတ်သောကြောင်း၊ ဘာသာရေးကို ငြိမ်းချမ်းရိုးသားစွာ ကိုးကွယ်လိုသူများသာ ဖြစ်ကြောင်း ရဲဝံစွာ ပြသရန်လို အပ်နေပါသည်။

မူဆလင်ဘာသာဝင်များ မဟုတ်သူများအနေဖြင့်လည်း ဘာသာမတူသူများနှင့် ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်မှုကိုလက်ခံ ရန်ဖြစ်ပါသည်။ ထိုသူများ၏ စစ်မှန်သော လူ့အခွင့်အရေးတောင်းဆိုမှုကို လက်ခံရမည် ဖြစ်ပါသည်။ တပြိုင်တည်း ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများအား ယှဉ်တွဲ တိုက်ခိုက်ရင်း ငြိမ်းချမ်းသော မေယုဒေသကို တည်ဆောက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။

စံရွှေမောင်(ပစ္ဆီမရပ်ဝန်း မဂ္ဂဇင်း)

PDF အဖြစ်လိုချင်ကေ အောက်ကနီ အဂလား ဒေါင်းကတ်ပါ ..:P

ရိုဟင်ဂျာဆိုသည်မှာ pdf

အမှုအမှတ် ၁၆ သို့မဟုတ် တရားခံဖြစ်သွားသော နိုင်ငံတော်

၁၆ ရာစုနှစ်တုန်းက စစ်တကောင်းနဲ့ ဒက္ကားမြို့တွေကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာဘုရင်လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကစလို့ ရခိုင်ပင်လယ်ပြင်ဟာ ကမ္ဘာ့နယ်ချဲ့ခေတ်၊ ဒုတိယကမ္ဘာစစ်ခေတ်တို့မှာ ဗြိတိသျှအချုပ်အခြာအာဏာအောက်၊ ဖဆပလလွတ်လပ်ရေးခေတ်၊ မဆလ-နဝတ-နအဖ စစ်အာဏာရှင်ခေတ်တွေ တလျှောက်လုံးမှာတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအောက် ရောက်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာတော့ မနည်းလှတဲ့ အစိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာအောက်ကို တရားဝင် ကျရောက်သွားပါတော့တယ်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ဒီပင်လယ်ပြင်ပိုင်နက်ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ မြန်မာရေတပ် ရန်စောင်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဒီမိုကရေစီအတိုက်အခံတွေ၊ လက်နက်အင်အားနည်းတဲ့ တိုင်းရင်းသားတပ်တွေအပေါ် လက်နက်အားကိုး ဗိုလ်ကျမင်းမူနေခဲ့တဲ့ နအဖစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဒီဇယ်ဆီ မတတ်နိုင်လို့ ပင်လယ်ထဲ ကျောက်ချနေရင်နေ၊ ကျောက်မချရင် စက်ပိတ်မျှောနေရချိန်မှာ ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောတွေက မီးခိုးတလူလူနဲ့ ပတ်မောင်းပြီး စစ်ဟန်ရေးပြနေတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရပါတယ်။

နှစ်နိုင်ငံစလုံးရဲ့သခင်ကြီး တရုတ်က ကြားဝင်ဟန့်တားခဲ့လို့ စစ်ရေးပိုင်းမှာ ဒါလောက်နဲ့ ပြီးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီပင်လယ်ပိုင်နက်ကိစ္စကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တရားဝင် အမှုစွဲခဲ့ပါတယ်။ ဒီစွဲဆိုချက်ကို ခုံရုံးက အမှုအမှတ် ၁၆ အဖြစ် အဲဒီနေ့မှာပဲ လက်ခံစာရင်းသွင်းခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ခုံရုံးမော်ကွန်းထိန်းက မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့သလို ဒီဇင်ဘာ ၁၇ ရက်မှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ အကြောင်းကြားခဲ့ပါတယ်။

မြန်မာနအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၀၉ ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်မှာတော့ နအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းကြားခဲ့ပြန်ပါတယ်။ ဒါပေမယ့် အရေးပေါ် ဆွဲခန့်တရားသူကြီးနာမည် အဆိုပြုတင်သွင်းပြီး ရှေ့နေအဖွဲ့ နာမည်စာရင်းတွေ ပေးပို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခုံရုံးကို တင်ပြချင်တဲ့ အချက်အလက် ကိန်းဂဏန်း မြေပုံ ရေပုံတွေကို ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၀ ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ဒီလို အချက်အလက် ကိန်းဂဏန်းတွေ ပေးပို့ခဲ့ပါတယ်။

ခုံရုံးရှေ့ နှစ်ဘက်လျှောက်လှဲချက်တွေကို ၂၀၁၁ ခု စက်တင်ဘာလမှာ လုပ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၈၊ ၉၊ ၁၂၊ ၁၃၊ ၂၁၊ ၂၂ ရက်တွေမှာ လျှောက်လဲပြီး မြန်မာက စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀၊ ၂၄ ရက်တွေမှာ လျှောက်လဲခဲ့ကြပါတယ်။

နအဖအစိုးရဘက်က လျှောက်လဲချက်ထဲမှာ ၁၉၇၄ ခုတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်ကိစ္စ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ချစ်လှိုင်ကို မြန်မာနိုင်ငံကိုယ်စား သဘောတူ လက်မှတ်ထိုးခွင့်အာဏာမရှိသူအဖြစ် ငြင်းပယ်ပြီး ၁၉၇၄ နဲ့ ၂၀၀၈ ခုတုန်းက ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာတွေကို တရားမဝင်တဲ့သဘော အရူးကွက်နင်းခဲ့ပါတယ်။ (ဗမာစစ်အစိုးရရဲ့ ကတိတွေ စာချုပ်တွေ ဘယ်လောက်ယုံရတယ် ခိုင်မာတယ်ဆိုတာ ပြနေပါတယ်။)

နအဖအစိုးရဟာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဂွမြို့တောင်ဘက်နားအထိသာ သတ်မှတ်ထားပေမယ့် ခုံရုံးမှာတော့ မော်တင်စွန်းအထိ ကမ်းခြေအရှည် ၅၈၇ ကီလိုမီတာ ပြခဲ့ပါတယ်။ ခုံရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်စားပြုသူက နိုင်ငံခြားရေးဝန်ကြီး (အမျိုးသမီး) ဒီပုမိုနီ၊ လက်ထောက်အဖြစ် နိုင်ငံခြားရေး အထူးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်ချုပ် ခါရ်ရှစ်ဒ်အလမ်၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ၁၊ ဂျာမဏီဆိုင်ရာ သံအမတ်ကြီး ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၃၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၃၊ အကြံပေးတွေအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၄၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ရေကြောင်းပထဝီပညာရှင် ၃၊ တသီးပုဂ္ဂလ ကျွမ်းကျင်သူတွေအဖြစ် အမေရိကန်နိုင်ငံက အဏ္ဏဝါဘူမိဗေဒပညာရှင် ၁၊ ဂျာမဏီနိုင်ငံက ဘူမိဗေဒပညာရှင် ၁၊ အငယ်တန်း ဥပဒေအတိုင်ပင်ခံအဖြစ် ဂျာမဏီနိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း အမေရိကန် ၉၊ ဗြိတိသျှ ၆၊ ဂျာမန် ၂၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး ဖြစ်ပါတယ်။ အမေရိကန် ဥပဒေပညာရှင်တွေမှာ နာမည်ကြီး Foley Hoag ရှေ့နေကုမ္ပဏီက ရှေ့နေ ၂ ယောက်ပါဝင် ပါတယ်။

မြန်မာနိုင်ငံကို ကိုယ်စားပြုသူကတော့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင်၊ လက်ထောက်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လှမျိုးနွယ်နဲ့ ရှေ့နေချုပ်ရုံးက ဦးကျော်ဆန်း၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၄၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အကြံပေးတွေအဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁၊ မြန်မာရေတပ်ဗိုလ်မှူးကြီး ၁၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ၁၊ မြန်မာသံရုံးဝန်ထမ်း ၃၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်း ၂၊ ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၃၊ ရိုမေးနီးယားနိုင်ငံက ရေကြောင်းပညာရှင် ၁၊ အမေရိကန်နိုင်ငံက ပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း ပြင်သစ် ၇၊ အမေရိကန် ၄၊ ဗြိတိသျှ ၁၊ ရိုမေးနီးယား ၁၊ မြန်မာ ၁၁ ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်သစ်တွေကို အဓိကထား ငှားရမ်းခဲ့တာ ထူးခြားနေပါတယ်။ တိုတယ်လ်ကုမ္ပဏီနဲ့ လက်ဝါးရိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အိမ်ရှင်ဂျာမဏီကိုတော့ လျစ်လျူရှုထားပါတယ်။ ဒီနိုင်ငံခြားသားပညာရှင်ဆိုသူတွေကို ၂၀၀၉ ဒီဇင်ဘာကနေ ၂၀၁၂ မတ်လအထိ ငွေ ဘယ်လောက်ပေး ငှားခဲ့ရသလဲ မသိပါ။

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ၁၉၈၂ ခု ဧပြီ ၃၀ ရက်မှာ ချမှတ်ခဲ့ပြီးနောက် အတည်ပြုလက်မှတ်ထိုးတဲ့ နိုင်ငံအရေအတွက် ၆၀ သတ်မှတ်ချက် ပြည့်မီသွားလို့ တနှစ်အကြာ ၁၉၉၄ ခု နိုဝင်ဘာ ၁၆ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

စာချုပ်အသက်ဝင်လာပြီးနောက် ၁၉၉၆ ခုမှာ လွတ်လပ်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ကို တည်ထောင်ခဲ့ပါတယ်။ ခုံရုံးတည်နေရာက ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ်ဆိပ်ကမ်းမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းကို အခု ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံ နဲ့ ဥရောပအသိုင်းအဝိုင်း EC အဖွဲ့တို့က လက်မှတ်ထိုးထားကြပါတယ်။ မြန်မာနိုင်ငံ မဆလအစိုးရက ၁၉၈၂ ခု ဒီဇင်ဘာ ၁၀ ရက်မှာ သဘောတူ လက်မှတ်ထိုးခဲ့ပြီး နဝတအစိုးရက ၁၉၉၆ ခု မေလ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကျမှ အတည်ပြုခဲ့ပါတယ်။ ဒီလို သဘောတူ အတည်ပြုထားတဲ့အတွက် ပင်လယ်ပြင်ဥပဒေခုံရုံး ဆုံးဖြတ်ချက်တွေကို မလိုက်နာလို့ မရတော့ပါဘူး။

လွတ်လပ်တဲ့ တရားရုံးဖြစ်တဲ့အတွက် ခုံရုံးဟာ ကုလသမဂ္ဂလက်အောက်ခံ မဟုတ်ပေမယ့် ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုရှိပါတယ်။ ကုလအထွေထွေညီလာခံမှာ ဒီပင်လယ်ပြင်ခုံရုံးက လေ့လာသူအဆင့်အတန်းနဲ့ တက်ရောက်ခွင့် ရထားသလို ခုံရုံးဝန်ထမ်းတွေဟာလည်း ကုလသမဂ္ဂဝန်ထမ်းတွေလို လစာနဲ့ ခံစားခွင့်တွေ တန်းတူရကြပါတယ်။

ခုံရုံးတရားသူကြီး ၂၁ ဦးကို စာချုပ်ဝင်နိုင်ငံနဲ့ အဖွဲ့တွေက ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးတွေ သက်တမ်းက ၉ နှစ်ဖြစ်ပြီး သုံးနှစ်တကြိမ် တရားသူကြီး သုံးပုံတပုံကို နယူးယောက်မြို့မှာ ရွေးကောက်ပါတယ်။ တရားသူကြီး အရွေးခံရဖို့အတွက် အစည်းအဝေးတက်သူအားလုံးရဲ့ မဲသုံးပုံနှစ်ပုံရဖို့ လိုပါတယ်။ တရားသူကြီး ၂၁ ယောက်ထဲက ခုံရုံးဥက္ကဌနဲ့ ဒု-ဥက္ကဌကို လျှို့ဝှက်မဲနဲ့ သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ပါတယ်။ အမှုတခု တင်လာရင်တော့ တရားပြိုင်နိုင်ငံတွေဟာ တရားသူကြီး ၂၁ ယောက်ထဲ ကိုယ့်နိုင်ငံက မပါရင် ad hoc အရေးပေါ် ဆွဲခန့်တရားသူကြီးတယောက်စီ အဆိုပြုတင်သွင်းခွင့်ရှိပါတယ်။ ဒီတရားသူကြီးဟာ မူလတရားသူကြီး ၂၁ ယောက်နဲ့ တန်းတူ ဆောင်ရွက်ခွင့်ရှိပါတယ်။ ၁၉၉၆ ခုကနေ ကနေ့ထိ ပင်လယ်ပြင်ခုံရုံးဟာ အမှုပေါင်း ၁၉ မှုကို လက်ခံရရှိခဲ့၊ ၁၇ မှုကို စစ်ဆေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုက အမှုအမှတ် ၁၆ ဖြစ်ပါတယ်။

ပင်လယ်ပြင်ဥပဒေအငြင်းပွားမှုတွေကို ဒီပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးအပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကလည်း ကိုင်တွယ်ပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်ခုံရုံးက စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး မလိုက်နာမနေရ ဖြစ်ပါတယ်။ အယူခံခွင့်မရှိပါ။

လက်ရှိတရားသူကြီး ၂၁ ဦးကတော့ …

  • အာရှတိုက်က ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုးရီးယား၊ လက်ဘနွန်

  • အာဖရိကတိုက်က တောင်အာဖရိက၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ ကိပ်ဗာ့ဒ်၊ အယ်လ်ဂျီးရီးယား

  • အနောက်ဥရောပနဲ့မြောက်အမေရိကတိုက်က ဂျာမဏီ၊ ပြင်သစ်၊ သြစတြီးယား၊ မောလ်တာ

  • အရှေ့ဥရောပက ပိုလန်၊ ရုရှား၊ ယူကရိန်း

  • တောင်နဲ့အလယ်အမေရိကတိုက်က ဘရာဇီး၊ ဂရီနေဒါ၊ ထရီနီးဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနား တို့ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုမှာ အရေးပေါ်ဆွဲခန့် တရားသူကြီးတွေအဖြစ် မြန်မာနိုင်ငံက အမေရိကန် တရားသူကြီး မစ္စတာဘားနာ့ဒ်အော့က်စ်မင်း၊ ဘင်္ဂလားဒေ့ရှ်က ဂါနာတရားသူကြီး မစ္စတာသောမတ်စ် မင်ဆာကို တင်သွင်းခဲ့လို့ အားလုံးပေါင်း တရားသူကြီး ၂၃ ယောက် ဖြစ်သွားပါတယ်။

  • ဒီဆွဲခန့်တရားသူကြီးတွေကို တရားပြိုင်နိုင်ငံတွေက လစာပေးရသလား မပေးရလား မသိပါ။ ၂၀၁၂-၂၀၁၅ အတွက် ဂျပန်တရားသူကြီးက ခုံရုံးဥက္ကဌဖြစ်ပြီး တောင်အာဖရိကတရားသူကြီးက ဒု-ဥက္ကဌ ဖြစ်ပါတယ်။ ၂၀၀၈-၂၀၁၁ အတွက် ခုံရုံးဥက္ကဌက ကိပ်ဗာ့ဒ်၊ ဒု-ဥက္ကဌက သြစတြီးယားက ဖြစ်ပါတယ်။ တရားသူကြီးအားလုံးဟာ ဥပဒေဘွဲ့ ၂ ခု ၃ ခု ရထားတဲ့ ထိပ်တန်းဥပဒေပညာရှင် professional တွေ ဖြစ်ကြပါတယ်။

    ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာ စီရင်ချက်ချခဲ့ပါတော့တယ်။ ခုံရုံးဟာ အချက် ၆ ချက်ကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ပထမသုံးချက်က ခုံရုံးရဲ့စီရင်ပိုင်ခွင့်တွေကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။

    စတုတ္ထအချက်က စိန့်မာတင်ကျွန်းတဝိုက်က ရေပြင်နယ်နိမိတ်သတ်မှတ်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားသူကြီး ၂၁ ယောက်၊ မြန်မာဘက်က တရားသူကြီး ၁ ယောက် (ထရီနီးဒက်နှင့် တိုဘာဂိုနိုင်ငံ) မဲပေးပါတယ်။ စိန့်မာတင် ကျွန်းရေပြင်ကို တဝက်ခွဲယူဖို့ မြန်မာ့ကြိုးပမ်းချက် ပယ်ချခံရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိကအပြင် မြန်မာကတင်ထားတဲ့ ဆွဲခန့် အမေရိကန်တရားသူကြီးကပါ ဘင်္ဂလားဒေ့ရှ်ဘက်က မဲပေးခဲ့ပါတယ်။

    ပဉ္စမအချက်က စိန့်မာတင်ကျွန်းအလွန်ကနေ မိုင် ၂၀၀ အထိ သီးသန့်စီးပွားရေးဇုန် ပင်လယ်ပြင်ပိုင်နက်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၂၁ မဲ၊ မြန်မာဘက်က ၁ မဲ (ထရီနီးဒက်နှင့်တိုဘာဂို) ရပါတယ်။
    ဆဋ္ဌမအချက်ကတော့ သီးသန့်စီးပွားရေးဇုန် မိုင် ၂၀၀ အလွန်နယ်နိမိတ် သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၉ မဲ၊ မြန်မာဘက်က ၃ မဲ (ဆီနီဂဲလ်၊ ထရီနီးဒက်နှင့်တိုဘာဂို၊ တရုတ်) ရပါတယ်။ ဒါဟာ ပင်လယ်ပြင်ဥပဒေသမိုင်းမှာ ပထမဆုံးစီရင်ချက်ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ သူတို့ဟာ ရေပိုင်နက် ၁၀၇,၀၀၀ စတုရန်းကီလိုမီတာ တောင်းတာကို ခုံရုံးက ၁၁၁,၀၀၀ စတုရန်းကီလိုမီတာ ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးသန့်စီးပွားရေးဇုန် မိုင် ၁၃၀ အစား မိုင် ၂၀၀ အပြည့်ရသွားပါတယ်။ မိုင် ၂၀၀ အလွန် ကမ်းဦးရေတိမ်ပိုင်းကိုလည်း လုပ်စားခွင့်ရသွားပါတယ်။

    စီရင်ချက် စတုတ္ထပိုဒ်ပါ နေရာဟာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတုန်းက နှစ်ဘက်ရေတပ်တွေ အဓိက စားခွက်လု ရန်စောင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အခုစီရင်ချက် စတုတ္ထပိုဒ်အရ အဲဒီနှစ်နိုင်ငံရေပိုင်နက်ကိစ္စရန်ပွဲမှာ မြန်မာနိုင်ငံဟာ တရားခံအဖြစ် အပြစ်ပေးခံရတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။ နာဂစ်မုန်တိုင်းလို ဆိုးဝါးတဲ့ ဘင်္ဂလားပင်လယ်အော်က ထိုးနှက်ချက် ဖြစ်သွားပါတယ်။

    ရခိုင်ပင်လယ်ပြင် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနောက်ဘက်ပင်လယ်ပြင်ကို အဲသလို အမဲဖျက်ခဲ့ကြပါတယ်။

    ဂါမဏိ
    ရည်ညွှန်း – http://www.itlos.org/index.php?id=2&L=0