Arakan Division ဆိုတာ

ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)

တလောက ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ လူငယ်ညီလာခံမှာ ANPပါတီဥက္ကဌ ဒေါက်တာအေးမောင်က ရခိုင်ပြည်ရဲ့ရှေးက တည်ရှိခဲ့တဲ့ နယ်နိမိတ်ကို ပြောဆိုခဲ့တာတွေ့ရပါတယ်။ သူက1853 ခုနှစ် က အင်္ဂလိပ်လက်အောက်မှာ ရခိုင်နယ်နိမိတ် အဖြစ်တည်ရှိခဲ့တဲ့ ကျောက်ချွန်းချောင်းက မော်တင်စွန်းထိ။တောင်ခွင်ခရိုင်နဲ့ ဟိုင်းကြီးကျွန်းတို့ကို ပုသိမ်ခရိုင်မှာ ပေါင်းထည့်လိုက်တယ်( ရန္တပိုစာချုပ် တတိယ အပိုဒ်မှာ ရခိုင်နယ်နမိတ်ဟာ ရိုးမဖိုးခေါင်တောင်တန်း ဟိုင်းကြီးကျွန်းအထိ ဆိုတာ အတိအကျပါပါတယ်။ စကားချပ်)ဆိုတာနဲ့ Northern Arakan District or Arakan Hill Tract ယခုခေတ်အခေါ် ပလက်ဝနယ်ကို ၁၉၅၂ခုနှစ် ဖဆပလအစိုးရလက်ထက်မှာ ချင်းဝိသေသတိုင်းမှာ ပေါင်းထည့်လိုက်တယ်လို့ ထည့်သွင်းပြောခဲ့တာ တွေ့ရပါတယ်။

ဒေါက်တာအေးမောင်ရဲ့ပြောစကားကို ချင်းပါတီတစ်ခုက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်တယ်။ သူတို့က ပလက်ဝ နယ်ဟာ ဘာသာစကားအရလည်းကောင်း။ ပထဝီနယ်နိမိတ်အရလည်းကောင်း မည့်သည့်အခါကမျှ ရခိုင်ပြည်ထဲမှာ ပါဝင်ခြင်းမရှိဘူးလို့တောင် ကြီးကြီးကျယ်
ကျယ် ပြောဆိုတာ တွေ့ရပါတယ်။

ကျွန်တော် ရခိုင်သမိုင်းကို လေ့လာသုတေသနု လုပ်လာတာ နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ။ ဒါကြောင့် မနေသာလို့ဝင်ပြောပါတယ်။သမိုင်းအကြောင်း ပြောရင် အထောက်ထား နဲ့စကားပြောရမယ်။ ဒီခေတ်ဟာ Internet ခေတ်ဖြစ်လို့ အထောက်အထား ရှာရတာ လွယ်ပါတယ်။ Google မှာအမည်ကို ရိုက်ပြီး Search လုပ်လိုက်တာနဲ့ ကိုယ်လိုချင်တာ အလွယ်တကူရတယ်။

ဗြိတိသျှလက်အောက်မှာ Imperal gazetteer of India
ဆိုတာရှိတယ်။ အဲဒီစာအုပ်မှာ Arakan Divison ဆိုပြီး သီး
ခြားဖေါ်ပြထားတယ်။ရခိုင်ပြည်နယ်နိမိတ် Arakan Division မှာ Northern Arakan District or Arakan Hill Tract ပါဝင်တယ်။

နောက်အထောက်အထားတစ်ခု ပြောမယ်။ The Census of British Burma, taken in August 1872 မှာ Arakan Division ခေါင်းစဉ်အောက်မှာ Akyab District, Northern Arakan District, Ramree, Sandoway ဆိုပြီး အတိအကျဖေါ်ပြထားတယ်။ ပလက်ဝနယ်ဟာ ရခိုင်နယ်နိမိတ်မှာ ပါတယ်ဆိုတာပါ။

၂၀ရာစု ပင်လုံစာချုပ်ကို လက်မှတ်ထိုးစဉ်က ချင်းပြည်နယ်ကို 1896 Chin Hills Regulation အရလည်းကောင်း။
ကချင်ပြည်နယ်ကို 1895 Kachin Hills Regulation အရ လည်းကောင်း ။ရှမ်းပြည်နယ်ကို Federated Shan States အရ လည်းကောင်း။ Province of Burma (proper Burma) ကို Burma Act ,1935 အရ လည်းကောင်း ပိုင်းခြားအုပ်ချုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။

ရခိုင်။ကရင်။မွန်တို့ဟာ Proper Burma ထဲမှာအကျုံး
ဝင်တယ်။ Province of Burma after 1885 မှာ အောက်ပါအတိုင်း အုပ်ချုပ်တယ် ဆိုပြီးခွဲခြားဖေါ်ပြထားရာ Ministerial Burma (proper Burma ) အမှတ်စဉ် ၂ မှာ Arakan Division ( Akyab , Northern Arakan or Hill tract, Kyaukpyu and Sandoway Districts) ဆိုပြီး အတိအကျ ဖေါ်ပြထားတယ်။

ဒါကြောင့် 1896 Chin Hills Regulation မှာပါတဲ့
All Chin Hills ဆိုတဲ့စကားရပ်မှာ Northern Arakan
or Hill tract မပါဝင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ဆိုလိုတာက ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နိမိတ်ထဲမှာ ပါရှိခဲ့တယ်ဆိုတာ ငြင်းမရတဲ့ အထောက်အထားတွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။

ကျွန်တော်ပြောတဲ့ အထောက်အထားတွေ မှန်မမှန် ချင်းမိတ်ဆွေတွေ ကိုယ်တိုင် Google မှာ အမည်တွေရိုက်ထည့်ပြီးရှာဖွေလိုက်ပါ။ လေ့လာသုတေသန ပြုပါ။

ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲနေမှု ထိပ်ဆုံးမှာ
ရှိကြတဲ့ ပြည်နယ်တွေပါ။ချင်းနဲ့ရခိုင်ဟာ ရခိုင်ပြည်နယ်
မှာဖြစ်စေ။ချင်းပြည်နယ်မှာဖြစ်စေ အတူယှဉ်တွဲနေထိုင်လာ
ခဲ့သူတွေ။အတူယှဉ်တွဲ နေထိုင်လျက်ရှိသူတွေဆိုတာ မမေ့အပ်ပါ။

နိုင်ငံအရေးအရ အသုံးချဖို့ရည်ရွယ်ချက်နဲ့ သမိုင်းကို မမှန်
မကန်လုပ်ကြံဖန်တီးရင် သမိုင်းတန်ဖိုးကျတတ်ပါတယ်။
The so- called Rohingya bengali ဆိုတဲ့ စကားမျိုးထက် အဆင့်မပိုတာ မိတ်ဆွေတို့ သိမှာပါ။

အားလုံးကို လေးစားလျက်
ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)

တပ်မ ၂၂ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားငါးဦးအလောင်းအား ဂျီနိုဆိုက် အဖြစ် သတ်ဖြတ်ခံထားရမှု ရှာဖွေတွေ့ရှိ

၁၉-၂-၂၀၁၉ နေ့က ရက္ခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့ကြား ဖြစ်ပွါးခဲ့သော စစ်ပွဲတွင် ရွာသားငါးဦးကို မြန်မာ့တပ်မတော်(တပ်မ- ၂၂)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

အဆိုပါရွာသားငါးဦးသည် (၃) ရက်ခန့်ကြာမြှင့်ခဲ့သော်လည်း ရွာသို့ပြန်မရောက်ပဲ ပျောက်ဆုံးနေသောကြောင့် ရွာသားများက လိုက်လံရှာဖွေခဲ့ကြရာ ယနေ့(၂၁-၂-၂၀၁၉) တွင် အလောင်းငါးလောင်းကို စုပုံပြီး မီးရှို့ထားသည့် နေရာကို တောစပ်တနေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြသည်။
လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသောရွာသားများမှာ—
(၁) ဦးထွန်းလှရွှေ၊အသက်(၆၅) နှစ်၊ရန်အောင်ပြင်ကျေးရွာ
(၂)ဦးအေးသိန်း၊အသက်(၃၄) နှစ်၊ကျားနင်းကန်ကျေးရွာ
(၃)မောင်မျိုးမင်းဇော်၊အသက်(၂၃) နှစ်၊ကျားနင်းကန်ကျေးရွာ
(၄)ဦးမောင်စိန်ဝင်း၊အသက်(၃၂)နှစ်၊ကျားနင်းကန်ကျေးရွာ
(၅)မောင်ရွှေစိုး၊အသက်(၂၉)နှစ်၊ သာစည်ကျေးရွာ တို့ဖြစ်ကြပါသည်။

မြန်မာ့တပ်မတော်
(တပ်မ-၂၂) က ဤကဲ့သို့ လူမဆန်စွာ စစ်ရာဇဝတ် ကျူးလွန်ခြင်းအား တကမ္ဘာလုံးက သိရှိနိုင်ကြရန် ဟု တောင်းဆိုသွားမယ်လို့ အရပ်ဖက် အဖွဲ့စည်းများက ဆိုနေပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်မှ နေအိမ်များသို့ချိန်ရွယ် ပစ်ခတ်သောကြောင့် မနီနီစိုးမှာ ဦးခေါင်းကျည်ဆံထိမှန် သေဆုံးရခြင်းဖြစ်

20.2.19 နေ့ ရသေ့တောင်မြို့နယ် မင်းဖူးရွာတွင် စစ်တiပ်မှပစ်ခတ်သောကြောင့် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရသည်။ ဖြစ်စဉ်မှာ AA နှင့် အပြန်အလှန် ပစ်ခတ်မှုမရှိပဲ စစ်တပ်မှ ရွာသားများအား နေအိမ်မှအပြင်ထွက်လာကြရန် အသိပေးကြေငြာပြီးနောက် နေအိမ်များသို့သေနက်များဖြင့်ချိန်ရွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အသက်၁၉ နှစ်အရွယ် မနီနီစိုးမှာ နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် စစ်တပ်မှပစ်ခတ်သောကြောင့် ဦးခေါင်းဖေါက်ထွက် ကျည်ဆံမှန်ခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

လူလိမ်လူကောက် စစ်စုံထောက်၊ ဒု-ဗိုလ်မှူးကြီး Grewal (ခ) ဦးမျိုးမြင့်

13 February 2019

လွန်ခဲ့သည့် (၂၁)နှစ် ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် အိန္ဒိယပိုင်နက် အက်ဒမန်ကျွန်းစုအတွင်းရှိ Landfall ကျွန်းတွင် ဗိုလ်ရာဇာအပါအ၀င် ရခိုင်နှင့်ကရင် ခေါင်းဆောင် ခြောက်ဦး အသတ်ခံရကာ တော်လှန်ရေးရဲဘော် (၃၄)ဦးအဖမ်းခံရပြီး တော်လှန်ရေးလက်နက် များစွာ ဆုံရှုံးခဲ့ရသည့် ဖြစ်စဉ်တွင် အဓိကလှုပ်ရှားဆောင်ရွက်ခဲ့သူ အိန္ဒိယထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး ဂရက်ဝယ် (Biswajit Singh Grewal) ခေါ် နေ၀င်း မှာ မြန်မာပြည်ထဲတွင် ရှိနေသလော အိန္ဒိယထဲတွင်ရှိနေသလော အသက်ရှင်လျက် ရှိ/မရှိ တို့ကို အသေအချာ မသိရပေ။ နောင်တွင် ဇာတ်မြုပ်နေထိုင်သည် ဟု သာ ရိုးတိုးရိပ်တိတ် သိရလေသည်။
ကနဦးသတင်းများအရ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား အဆိုပါ စစ်ဆင်ရေးအပြီးတွင် အိန္ဒိယစစ်တပ်မှ ထွက်ခွင့်ပေးခဲ့ပြီး၊ ၄င်း၏မိသားစုများကို အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် မိုဟာလီမြို့ (Mohali)တွင် နဂိုအတိုင်းနေရစ်စေပြီး ၄င်းကိုယ်တိုင်မှာမူ မြန်မာအစိုးရက ၄င်းအားထောက်ပံ့သော ဒေါ်လာတစ်သန်းခွဲဖြင့် ရန်ကုန်အနီးတွင် စက်ဘီးအစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံတည်ထောင်ကာ မြန်မာ ထောက်လှမ်းရေး ၏ ကျေးဇူးပြုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သည် ဟု ကနဦးသတင်းများက ဆိုသည်။
သို့ရာတွင် ၂၀၁၁-ခုနှစ် သြဂုတ်လ နရဉ္စရာသတင်းတစ်ရပ်အရမူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် အား မြန်မာအစိုးရက အရက်ချက် စက်ရုံတစ်ရုံ နှင့် မွေးမြူရေးခြံ တစ်ခြံ ချီးမြှင့်ပေးထားပြီး မန္တလေးတိုင်း မေမြို့တွင် ၄င်း၏ မိသားစု နှင့်အတူ နေထိုင်လျက်ရှိသည် ဟု ဆိုသည်။ ထိုအကြောင်းကို သရက်ထောင်တွင် ထောင်ကျနေသော မြန်မာ စစ်ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးကြီးစန်းပွင့် က အကျဉ်းကျဖက်တစ်ဦးအား ပြောကြားသည် ဟု ထိုသတင်းက ကိုးကားထားသည်။
အမေရိကန်ထောက်လှမ်းရေးဘက် သတင်းရင်းမြစ်တစ်ခု အရ ဗမာစကားကို လယ်လယ်ဝယ်ဝယ် ပြောတတ်သူ ဒု ဗိုလ်မှူးကြီး ဂရက်ဝယ် မှာ မန္တလေးတိုင်း ရွှေဘိုမြို့တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၄င်း၏ မြန်မာအမည်မှာ ခင်မောင်မြင့် ဖြစ်သည်ဟု ဆိုသည်။ (တချို့ကလည်း ၄င်း၏ အမည်ရင်းမှာ မျိုးမြင့်ဖြစ်သည် ဟု ဆိုသည်။) ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီဘွဲ့ရခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် သက်ရှိထင်ရှားရှိမည်ဆိုလျှင် အသက် (၆၂) နှစ်ခန့်ရှိမည် ဟု ဆိုသည်။ ၁၉၉၈-ခုနှစ်က ရခိုင် နှင့် ကရင် တော်လှန်ရေးသမားများ အပေါ် သစ္စာ မဖောက်မီကလည်း ဂရက်ဝယ်သည် ၁၉၉၆-၉၇ ခန့်တွင် မြန်မာတပ်ပြေး လေးဦးကို မြန်မာစစ်အစိုးရထံ ကျုံးသွင်းပေးပို့ ပေးခဲ့ဖူးသည်။ ၄င်းအပြင် ၁၉၉၆-ခုနှစ်တွင်လည်း ကျောင်းသားလှုပ်ရှားသူ တစ်ဦးကို သစ္စာဖောက်ကာ စစ်အစိုးရထံ လွဲပြောင်းပေးခဲ့ဖူးသည်။
ထိုကြမ္မငင်သော နေ့ရက်တွင် အိန္ဒိယစစ်ဘက်ဆိုင်ရာတို့က လီဆယ်ပြောသကဲ့သို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ခဲ့ခြင်း မဟုတ်ဘဲ၊ အယုံသွင်းကာ သွေးအေးအေးဖြင့် အသတ်ခံခဲ့ရခြင်း အဖမ်းခံခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ ထိုနေ့ဖြစ်စဉ်တွင် အသတ်မခံရသော်လည်း အိန္ဒိယအစိုးရ၏ အထိန်းသိမ်းခံ ဘ၀ဖြင့် (၁၃) နှစ်ကျော် နေခဲ့ရသော တော်လှန်ရေး ရဲဘော်များ၏ ထွက်ချက်များက ဆိုသည်။
=====================
ရခိုင်ပြည်တပ်မတော် (AA) နှင့် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) မှ တော်လှန်ရေးစစ်သည် (၃၄)ဦးတို့ ထိုင်းရေပြင်ပိုင်နက်ထဲမှ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ထွက်ခွာပြီး ၄င်းတို့အား အခြေစိုက်စခန်းဖွင့်ခွင့်ပေးမည်ဟု ဂရက်ဝယ် က ကတိပေးထားသော အက်ဒမန်ကျွန်းစု အတွင်းရှိ Landfall ကျွန်းကို ဦးတည်မောင်းနှင်လာခဲ့ကြသည်။
ရောက်လာမည့်တော်လှန်ရေး အင်အားစုများကို ကြိုဆိုဧည့်ခံနိုင်ရန် ရခိုင်ပြည်တပ်မတော်ဘက်မှ ဗိုလ်မှူးစောထွန်းမှာ ဂရက်ဝယ် နှင့်တကွသော အခြား အိန္ဒိယ အရာရှိများ နှင့်အတူ Landfall ကျွန်းမှာ ရောက်နှင့်နေသည်။
ဖေဖော်ဝါရီလ ဆယ်ရက်နေ့ ညနေပိုင်းတွင် ခိုင်ရာဇာ ဦးဆောင်သော တော်လှန်ရေးတပ်သားများ Landfall ကျွန်းသို့ ဆိုက်ရောက်ကြသည်။ ဂရက်ဝယ် အပါအ၀င် ကြိုရောက်နှင့်နေသူများက ရောက်လာသူများကို အားပါးတရ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ လက်ဆွဲနှုတ်ဆက်ကြသည်။ ညပိုင်းတွင် မီးပုံပွဲဖြင့် အတူအောင်ပွဲခံကြသည်။ ဂရက်ဝယ်က မေတ္တာရပ်ခံသည့်အတိုင်း မိမိတို့ပါလာသော လက်နက်များကို ကမ်းခြေတွင် ချခင်းပြသထားသည်။ သည်လက်နက်များကို မကြာမီရက်များအတွင်း ရခိုင်ပြည်အတွင်းရှိ မိမိတို့၏ ရဲဘော်များထံပေးပို့မည်ဖြစ်သည်။

နာက်တစ်နေ့ ဖေဖော်ဝါရီလ မနက်ရှစ်နာရီလောက်တွင် အိန္ဒိယ ရေတပ်သင်္ဘောတစ်စီး ကျွန်းအနားတွင် လာကပ်ထားသည်။ သင်္ဘောပေါ်မှ ရေတပ်သားများကို တစ်သုတ်ချင်းတစ်သုတ်ချင်း ကျွန်းပေါ်သို့ ပြောင်းတင် သည်။ အိန္ဒိယထိပ်တန်းလူကြီးများက ရဟတ်ယာဉ်ဖြင့် လာတော့မည် ဟု ဂရက်ဝယ်ကပြောထားသည်။ သူတို့ ရောက်သည် နှင့် နေ့လယ်စာ အတူတကွ စားကြမည် ဟု ပြောထားသည်။ ရဟတ်ယဉ်သံကြားသည်နှင့် ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင် နှင့် ဗိုလ်လင်းခိုင်ဇံတို့သည် ဂရက်ဝယ်နှင့်အတူ လူကြီးများကို ကြိုရန် အခြားသော အိန္ဒိယ သေနတ်ကိုင်စစ်သားများတကွ ရဟတ်ယဉ်ဆင်းမည့်နေရာသို့ သွားကြသည်။
ထိုသူများ မျက်ကွယ်သို့ရောက်သည် နှင့် ကမ်းခြေပေါ်တွင် ကျန်ခဲ့သော အိန္ဒိယစစ်သားများက တော်လှန်ရေးရဲဘော်များကို သေနတ် နှင့် ချိန်ကာ အလွယ်တကူ ဖမ်းဆီးသည်။ မျက်လုံးများကို အ၀တ်စည်းသည်။ နောက်ပြန်ကြိုးတုတ်သည်။
ရဟတ်ယဉ်ကွင်းဘက်မှ သေနတ်သံ အချက်နှစ်ဆယ်ခန့်ကြားရသည်။ (ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင် နှင့် ဗိုလ်လင်းခိုင်ဇံ တို့ ကျဆုံးသည် ဟု ယူဆရသည်။)
နောက်ထပ် သေနတ်သံ နှစ်ချက်ကြားရသည်။ (ကမ်းခြေပေါ် ကျန်နေခဲ့သည့် ဗိုလ်မြင့်ဆွေ ကျဆုံးသွားသည် ဟု ယူဆရသည်။)
အဖမ်းဆီးခံတော်လှန်ရေးရဲဘော်များက ဂရက်ဝယ်၏ မျက်နှာကို နောက်တစ်ခေါက်တွေ့ခွင့်ရသည့်အချိန်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမူးလွယ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းခိုင်ဇံ နှင့် ဗိုလ်မြင့်ဆွေ တို့မှာ ဂရက်ဝယ်နှင့်အတူ မရှိတော့ပေ။ ၄င်းတို့ကို မတွေ့မြင်ရတော့ပေ။ နောင်လည်း မည်သည့်အခါမှ မတွေ့ရတော့ပေ။

ဓါတ်ပုံ ရည်ညွှန်းစာသားများ။ ၀ဲပုံ – ဗိုလ်ချုပ်ခိုင်ရာဇာ အလယ်ပုံ – ဂရက်ဝယ်လ် အား ဘေးတစ်ဖက်တစ်ချက်တွင် ဗိုလ်ချုပ်ခိုင်ရာဇာ နှင့် ဗိုလ်မှူးစောထွန်း တို့ နှင့်တွေ့ရစဉ်။ ယာပုံ – ဗိုလ်မှူးစောထွန်း

(

Rogue Agent စာအုပ်ရေးသားသူ Nandita Haksar

ဒေါက်တာတင့်ဆွေနောက် ထိုင်နေသူ အမျိုးသမီးမှာ Rogue Agent စာအုပ်ရေးသားသူ Nandita Haksar ဖြစ်ပါသည်

Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)
========================

https://www.facebook.com/1016901958404582/posts/2116786285082805?sfns=mo
(ဦး) ကျော်ဇောဦး Facebook မှကူးယူဖော်ပြပါသည်။

ကိုလိုနီဆိုးမွေခံရခိုင်ပြည်နှင့် စစ်တကောင်းသား ဘင်္ဂလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု-ဆရာခိုင်မျိုးစောင့်

ဆရာခိုင်မျိုးစောင့် ၏ (ကိုလိုနီဆိုးမွေခံရခိုင်ပြည်နှင့် စစ်တကောင်းသား ဘင်္ဂလီမူဆလင်တို့၏ နယ်သစ်ချဲ့ရေးထကြွမှု)စာအုပ်ကို တင်ပီးလိုက်ပါရေ။
စာအုပ် Download Link – Link 1

image

ဆရာခိုင်မျိုးစောင့်

image

မောင်တောနယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးဟောင်းကို အရေးယူရန် အကျယ်ချုပ်ချ

နိရဉ္စရာ၊ နိုဝင်ဘာ ၎

မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်အား စစ်ဆေးမေးမြန်း အရေးယူရန် အကျယ်ချုပ် ချထားလိုက်ပြီဟု သတင်းရရှိသည်။

မောင်တောမြို့နယ်မှ နယ်ခြားစောင့် စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးဆိုင်ရာ သုတေသန စစ်တမ်း ပြုလုပ် ခဲ့ပြီးနောက် ယခုလို အရေးယူရန် အကျယ်ချုပ်ချထားလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက သတင်း ကြေညာသည်။

ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်သည် အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရချိန်က မင်းပြားမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယခုအခါ ၎င်း၏ နေရာတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး အဖြစ် ရဲမှူးချုပ် သူရစန်းလွှင်ကို အစားထိုး ခန့်အပ်ထားလိုက်ပြီ ဖြစ်သည်။

မောင်တော မြို့နယ်၊ ဝါးပိတ် ကျေးရွာ၏ ခြံဝင်းတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းများ တူးဖော်ရရှိ

နေပြည်တော် နိုဝင်ဘာ ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ဝါးပိတ်ကျေးရွာ၏ အနောက်ဘက် လူမနေသည့်ခြံဝင်းတစ်ခု အတွင်းရှိ စိုက်ခင်းဟောင်း နေရာ၌ မြေသားများ ပွနေသည်ကို မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် တူးဖော် ခဲ့ရာ ဘီအေ ၉၄ သေနတ်လေးလက် နှင့် ၎င်းကျည်အိမ်သုံးခု၊ အမ်အေ ၁၁ တစ်လက်နှင့်၎င်းကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂ဝ တောင့်တို့ကို တူးဖော် တွေ့ရှိခဲ့သည်။

image

အဆိုပါ လက်နက်၊ ခဲယမ်းများသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ကင်းစခန်းများအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ စီးနင်း တိုက်ခိုက်စဉ် ပါရှိသွားသော လက်နက်၊ ခဲယမ်းများဖြစ်ပြီး အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ် ကြောင်းမှ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြဝတီ

မောင်တောတောင်ပိုင်း နူရ်ရူလာရဲကင်းတိုက်ခိုက်ခံရမှု ရဲတစ်ဦးကျ တစ်ဦးဒဏ်ရာရ

ကောင်းမြတ်နိုင်(မောင်တော)
မောင်တော|နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်း နရူလာရဲကင်းအား ယနေ့ညနေ ၆ နာရီခန့်က
အကြမ်းဖက်သမားများ လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာ ရရှိနေကြောင်း မောင်တောမြို့မရဲစခန်းမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေကာ စစ်တပ်မှ စစ်ကူလိုက်သွားကြောင်း သိရသည်။
မောင်တောတောင်ပိုင်းသို့ ယနေ့လာရောက်ခဲ့သည့် နိုင်ငံတကာသံတမန်များရှေ့တွင် ဘင်္ဂလီများက ပိုစတာများကိုင်ဆောင် ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

သံတမန်များနှင့် တွေ့ဆုံသည့် လူအုပ်ထဲမှ အကြမ်းဖက်သမား သုံးဦးအား ဖမ်းမိခဲ့သော်လည်း သံတမန်များလိုလားဟန်မရှိ၍ ချက်ချင်း ပြန်လွတ်ပေးခဲ့ရ

နိရဉ္စရာ

နိုဝင်ဘာ ၂ ရက် နေ့က သံတမန်များအား တွေ့ဆုံသည့် ဘင်္ဂလီကျေးရွာသားများအထဲတွင် အကြမ်းဖက်သမား ၃ ဦးပါဝင်သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း သံတမန်များရှေ့တွင်ပင်  ဖမ်းဆီးပြီးမှ ချက်ချင်း ပြန်လွတ်ပေးခဲ့ရသည်ဟု သိရသည်။ 

image

ယနေ့ထုတ် Daily Eleven သတင်းစာတွင်လည်း သံတမန်များအား လာရောက်တွေ့ဆုံသည့် ဘင်္ဂလီလူအုပ်ထဲတွင် အကြမ်းဖက် သမား သုံးဦးပါဝင်သဖြင့် ဖမ်းဆီးခဲ့သော်လည်း ယင်းသံတမန် များရှေ့မှာပင် ပြန်လွတ်ပေးခဲ့ကြောင်း  “ သံတမန် ၁၀ ဦး မောင်တောသို့ ကွင်းဆင်းလေ့လာ သတင်း” တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယင်းနေရာတွင် သတင်းရယူရန် ရောက်ရှိနေခဲ့သူ သတင်းထောက် တစ်ဦးကို နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းမှာ ဟုတ်မှန်ကြောင်းနှင့် ယင်းသို့ ဖမ်းဆီးစဉ် သံတမန်များ မျက်နာပျက်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် သံတမန်အချို့ စကားတီးတိုး ပြောဆိုခဲ့ကြပြီး နောက်ပိုင်းတွင် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က ပြန်လွတ်ရန် အမိန့် ပေးလိုက်ကြောင်းဖြင့် ပြောကြားသည်။

“ ကျီးကန်းပြင် (မြောက်) ရွာ မှာ ဖြစ်တာပါ။ သူတို့က သံတမန်တွေနဲ့ တွေ့မယ့် ဘင်္ဂလီ လူအုပ်နဲ့ ရောပြီးပါလာတယ်။ ဒါကို နယ်ခြားစောင့်က ဖမ်းတယ်။ သံတမန်တွေက မျက်နာ ပျက်နေတယ်။ သိပ်လိုလားဟန် မရှိဘူး။ နောက်တော့ သူတို့စကားတီးတိုး ပြောဆိုကြတာကို တွေ့ရတယ်။ နောက်ပိုင်းတော့ ပြည်ထောင်စု ၀န်ကြီးက ပြန်လွတ်ပေးဖို့ ခိုင်းလိုက်တယ်” ဟု သူက ပြောကြားသည်။

ယခုကဲ့သို့ မောင်တောမြို့ နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်အား စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ အကြမ်းဖက်သမားများကို ဖမ်းဆီမိသော်လည်း ပြန်လွတ်ပေးလိုက်ရခြင်း အပေါ် နယ်ခြားစောင့် တပ် တာဝန်ရှိသူများကို မေးမြန်း၍ မရသဖြင့် အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းသတင်းထောက်ကမူ  နိုင်ငံခြား သံတမန်များက လိုလားဟန် မရှိသည့် အပြင် မြန်မာ တာဝန်ရှိသူများကို တစ်စုံတစ်ရာ ပြောဆိုဖိအားပေးခဲ့ပုံရှိခဲ့ကြောင်း သုံးသပ်ပြောဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံ ဥပဒေအထက်တွက် မည်သူမျှ မရှိရဟု ဆိုသော်လည်း ယခုလုပ်ရပ်က  မြန်မာနိုင်ငံ၏ ဥပဒေအထက်တွင် နိုင်ငံခြားတိုင်းပြည်များ ရှိနေသည်ကို ပြသနေခြင်းပင် ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများအနေဖြင့် ယခု ဖြစ်ရပ်အပေါ် လွန်စွာ စိတ်ပျက်မိကြောင်း သူက ဝေဖန် ပြောကြားသည်။

နိုင်ငံခြား သံတမန်များ ရောက်ရှိလာသည့် နိုဝင်ဘာလ ၂ ရက်နေ့က မောင်တောမြို့တွင် အကြမ်းဖက်အားပေး ယူအင်၊ အိုင်အန်ဂျီအို အဖွဲ့အလိုမရှိ ထွက်သွား၊ Terrorist Help Group UN, INGO, Get Out ဟု ရေးသားထားသော စာရွက်များကို ကပ်ပြီး လူပ်ရှားမူတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းကမ်ပိန်း လူပ်ရှားမှုကို လူမှုကွန်ရက် (မောင်တော)မှ ဦးဆောင်ပြုလုပ်ခဲ့သည်။

(ဓာတ်ပုံ- ရခိုင်ဂေဇက်)

မောင်တောတွင် အလုံပိတ်ထားသည့် ခြံစည်းရိုးများကို လုံခြုံရေးအရ ဖယ်ရှား

ကျီးကန်းပြင်ဌာနချုပ်အနီးရှိ ဝက်ပစ်ရွာကို နယ်မြေရှင်းလင်းပြီးနောက် ဖြို့ဖျက်ထားသည့် ခြံစည်းရိုးများအား တွေ့ရစဉ်(ဓာတ်ပုံ−စိုင်းဇော်)

image

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ်ဒေသတွင် အလုံပိတ်ထား သည့် ခြံစည်းရိုးများကို လုံခြုံရေး အခြေအနေအရ ရှင်းလင်းဖယ် ရှားခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ အလုံပိတ်ခြံစည်း ရိုးများကို ရှင်းလင်းပြီး လူမြင်နိုင် သည့် ခြံစည်းရိုး (မျက်ကွင်းထရံ) များဖြင့် အစားထိုးကာရံခွင့် ပြု ထားကြောင်း အမှတ်(၁) နယ် ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရဆန်း လွင်က ပြောသည်။

‘‘အကြမ်းဖက်မှု ဖြစ်စဉ်မှာ သူတို့ ဘင်္ဂါလီတွေရဲ့ အလေ့အ ထအရ ခြံစည်းရိုးတွေကို အလုံ ပိတ်ဆောင်ရွက်ထားတဲ့အတွက် ကျွန်တော်တို့ အပြင်ကကြည့်ရင် ဘာမှမမြင်ရပါဘူး။ လုံခြုံရေး အန္တရာယ်ရှိတဲ့အတွက် ကျွန်တော် တို့တပ်ဖွဲ့ဝင်တွေရဲ့တာဝန်ထမ်း ဆောင်တဲ့နေရာမှာ တပ်ဖွဲ့ဝင် တွေကို အန္တရာယ်မပြုနိုင်ဖို့ ရွာ တွေမှာ ခြံစည်းရိုးအလုံပိတ် ကာ ထားတာတွေကို ကျွန်တော်တို့ ရှင်းလင်းဖယ်ရှား၊ တချို့ ပြီးပါပြီ။ တချို့ဆောင်ရွက်ဆဲ ဖြစ်ပါတယ်’’ ဟု ရဲမှူးချုပ်က ပြောသည်။

  ယင်းသို့အလုံပိတ်ထား သည့် ခြံစည်းရိုးများကို ရှင်းလင်း ဖယ်ရှားရန် ဆောင်ရွက်နေသော်လည်း အုတ်တံတိုင်းကာရံထားသည့် နေအိမ်များနှင့် သံဖြူများကာရံထားသည့် နေအိမ်များက ရှင်းလင်းဖယ်ရှားမှု မရှိသေးသည်ကြောင်းမြို့ခံတစ်ဦးက ပြောသည်။

‘‘အလုံပိတ်ခြံစည်းရိုး ကာရံ တာတွေကို ရှင်းလင်းခြင်းနဲ့အတူ ကားတွေမှာ စတစ်ကာအမည်းကပ်ထားတာတွေကိုလည်း ပြန်ခွာပေးဖို့ ပြောချင်ပါတယ်။ လုံခြုံရေး အရ လုံးဝမဖြစ်သင့်ပါဘူး’’ဟု အထက်ပါမြို့ခံက ပြောသည်။

အောက်တိုဘာ ၉ ရက် မောင်တောအကြမ်းဖက်တိုက် ခိုက်မှု ဖြစ်ပွားပြီးနောက် ပြောင် ပစ်ကျေးရွာတွင် နယ်မြေရှင်းလင်း သည့် တပ်မတော်သားများကို အ လုံပိတ်ထားသည့် နေရာများက တိုက်ခိုက်သဖြင့် တပ်မတော်သား ငါးဦး ကျဆုံးခဲ့ရသည်။

7 Day Daily